မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရှိ ကော့နွဲ့တံတား မိုင်းခွဲဖျက်ဆီးခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ဒီဇင်ဘာ ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး မိုင်တိုင်အမှတ် ကီလိုမီတာ ၁၄၁ နှင့် ၁၄၂ ကြားရှိ ကော့နွဲ့ တံတားအား PDF ပူးပေါင်းအဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အရှည် ၂၀၅ ပေ၊ အကျယ် ၃၆ ပေ သံကူကွန်ကရစ်တံတား မှာ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်း သွားလာ၍မရကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်မှ ပျက်စီးသွားသော တံ တားအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ သူများအား အရေးယူနိုင်ရေးနှင့် နယ်မြေဒေ သတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။