ဇမ်ဘီယာနိုင်ငံတွင် ဆယ်စုနှစ်တစ်စုကျော်အတွင်း အဆိုးရွားဆုံး ထောင့်သန်းရောဂါကူးစက်ဖြစ်ပွားမှုအပြင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ ပိုမိုများပြားလာခဲ့သည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဇမ်ဘီယာ၏မြို့တော် လူဆာကာတွင် ကာလဝမ်းရောဂါကြောင့် လူလေးဦး သေဆုံးခဲ့သဖြင့် ယခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆၄ ဦးအထိ ရှိလာခဲ့သည်။
လူဆာကာမြို့တော်တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၄၆ ဦးထက်မနည်းရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ ၁၆၀၀ ကျော်ရှိခဲ့သည်ဟု ဇမ်ဘီယာ အမျိုးသားပြည်သူ့ကျမ်းမာရေးဌာနက ပြောကြားခဲ့သည်။
ကာလဝမ်းရောဂါသည် မသန့်ရှင်းသည့် အစားအစာ သို့မဟုတ် ရေတို့ကို စားသောက်မိရာမှာတစ်ဆင့် ထိုရောဂါကို ဖြစ်ပွားစေသည့် ဘက်တီရီးယားပိုးနှင့် ထိတွေ့မိပြီး ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။
အစိုးရအနေနှင့် ကာလဝမ်းရောဂါကူးစက်မှုများ ဆိုးဆိုးရွားရွားဖြစ်ပွားနေသည့် နေရာဒေသများတွင် သောက်သုံးရေများကို သန့်စင်ရန် ကလိုရင်းများ ထောက်ပံ့ပေးနေကြောင်းနှင့် ပြည်သူများအနေနှင့် တစ်ကိုယ် ရည်သန့်ရှင်းမှုစည်းကမ်းများကို ဂရုစိုက်ပြီး လိုက်နာကျင့်သုံးရန် တိုက်တွန်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗီယာ မာဆယ်ဘိုက ပြောကြားခဲ့သည်။
ဇမ်ဘီယာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ထောင့်သန်းရောဂါကူး စက်မှုများဖြစ်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများ ရှိလာခဲ့ခြင်းဖြစ်သည်။
ဇမ်ဘီယာတွင် ယခုနှစ်အစပိုင်းကတည်း ထောင့်သန်းရောဂါကူးစက်ခံရသည့် သံသယလူနာ ၇၀၀ နီးပါးရှိပြီး သေဆုံးသူ လေးဦးရှိခဲ့သည်ဟု WHO က ပြောကြားခဲ့သည်။
ထောင့်သန်းရောဂါသည် Bacillus anthracis ဘက်တီးရီးယား ပိုးတစ်မျိုးမှ ကူးစက်ခြင်းဖြစ်ပြီး ထိုဘက်တီးရီးယားပိုးသည် မြေကြီးထဲတွင်သာရှိကာ မွေးမြူရေးခြံများတွင် အများဆုံး ကူးစက်ဖြစ်ပွားတတ်သည်။
လူသားများတွင် ကူးစက်ဖြစ်ပွားမှုသည် ဒေါင့်သန်းရောဂါရှိသည့် တိရစ္ဆာန်များနှင့် ထိတွေ့မိခြင်း၊ ပိုးကို ရှူရှိုက်မိခြင်း၊ ပိုးပါသည့် အသားကိုစားမိခြင်း သို့မဟုတ် အရေပြားအနာတစ်ခုမှ ပိုးဝင်ခြင်း အစရှိသည့်နည်း လမ်းများဖြင့် ကူးစက်နိုင်သည်။
ဇမ်ဘီယာတွင် ထောင့်သန်းရောဂါကူး စက်ခံရသူများထဲမှ ၂၆ ဦးသည် သေဆုံးနေသည့် ရေမြင်းသုံးကောင်၏ အသားကို စားသုံးခဲ့ကြသူများဖြစ်သည်ဟု WHO က ပြောကြားခဲ့သည်။
ဇမ်ဘီယာနိုင်ငံအတွင်း ရောဂါကူးစက် ပျံ့နှံ့မှုအခြေအနေကို လေ့လာသုံးသပ်ရန် အန္တရာယ်များပြားကြောင်း အဘယ်ကြောင့် ဆိုသော် ထိုပြည်နယ်များတွင် တိရစ္ဆာန်များ၏ အုပ်စုလိုက် သွားလာကျက်စားမှုများကို ထိန်း ကျောင်းကန့်သတ်ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။
ထို့ပြင် အန်ဂိုလာ၊ ဘော့စ်ဝါနာ၊ ဒီအာရ် ကွန်ဂို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမ်မီဘီယာ၊ တန် ဇန်းနီးယား၊ ယူဂန်ဒါနှင့် ဇင်ဘာဘွေနိုင်ငံတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဇမ်ဘီယာနိုင်ငံတို့အကြား တိရစ္ဆာန်အုပ်များနှင့် လူ သားများအကြား သွားလာလှုပ်ရှားမှုများ မြင့်တက်ခြင်းသည် ဒေသတွင်း ဒေါင့်သန်းရော ဂါကူးစက်မှုအန္တရာယ်ကို မြင့်တက်စေကြောင်းလည်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ကင်ညာ၊ မာလာဝီ၊ ယူ ဂန်ဒါနှင့် ဇင်ဘာဘွေနိုင်ငံတို့တွင် ထောင့်သန်းရောဂါသံသယလူနာ ၁၁၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၆ ဦးရှိခဲ့သည်ဟု WHO က ပြောကြားခဲ့သည်။