တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အကြား သဘောတူညီချက်များကို အ ကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဝမ်းဝင်ပင်းက ပြောကြားသည်။
ဒီဇင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပုံမှန်ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲ၌ NHK သတင်းထောက်က မြန်မာ နိုင်ငံ၌ ယာယီအပစ်အခတ်ရပ်စဲထားသည်ဆို သော်လည်း တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွား နေသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆို ခွင့်ရသူ ဝမ်းဝင်ပင်းက အထက်ပါအတိုင်း ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၄ ရက်တွင် တရုတ်၏ပံ့ပိုးမှုဖြင့် မြန်မာတပ်မတော်နှင့် သက်ဆိုင်ရာအဖွဲ့များ ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ဝမ်းဝင်ပင်းက ပြောကြားခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံ ၌ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ကုလသမ ဂ္ဂအေဂျင်စီများက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ NHK သတင်း ထောက်က မေးမြန်းခဲ့သည်ကို ဝမ်းဝင်ပင်းက ပြန်လည်ဖြေကြားရာတွင် “တရုတ်ဟာ မြန်မာ နိုင်ငံမြောက်ပိုင်းရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီနေပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင် ရာအဖွဲ့အစည်းတွေ စေ့စပ်ဆွေးနွေးတာ၊ အ ဆက်အသွယ်လုပ်တာတို့အတွက် အကူအညီ ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရပ် တည်ချက်ဟာ အပြောင်းအလဲမရှိပါဘူး။ မြန်မာ နိုင်ငံက သက်ဆိုင်ရာအဖွဲ့တွေဟာ သဘောတူ ထားတဲ့ကိစ္စကို အကောင်အထည်ဖော်ဖို့ ကြိုး ပမ်းအားထုတ်မှုတွေကို မြှင့်တင်ဆောင်ရွက် နိုင်မယ်လို့ တရုတ်က မျှော်လင့်ထားပါတယ်။ အမြင့်ဆုံး သည်းခံကြဖို့နဲ့ မြေပြင်မှာ အခြေအနေ လျော့ပါးရေးကိုလည်း တက်ကြွ စွာ ဆောင်ရွက်ဖို့ တရုတ်က မျှော်လင့်ပါတယ်။ ကြိုကြားကြိုကြား ထိပ်တိုက်တွေ့တာလေးတွေ ကို ချက်ချင်းစီမံဖို့နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေ အဆင် ပြေပြေဖြစ်စေဖို့ အတူတကွ ပြီးမြောက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ဝမ်းဝင်ပင်း က ဖြေကြားခဲ့သည်။
ထို့အတူ ဒီဇင်ဘာ ၁၅ ရက်တွင် ပေ ကျင်းမြို့၌ တရုတ်နိုင်ငံအခြေစိုက် အာဆီ ယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များနှင့်တွေ့ဆုံ ရာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော် မတီ နိုင်ငံရေးဗျူ ရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန် ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံမြောက်ပိုင်း တွင် အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေး နွေးမှု မြှင့်တင်ရေးလုပ်ငန်းများကို တရုတ်နိုင် ငံက ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မစ္စတာဝမ်ယိက မကြာသေးမီက တရုတ်နိုင်ငံ၏ တက်တက် ကြွကြွ ကြားဝင်စေ့စပ်မှုနှင့် အဆက်မပြတ် တွန်း အားပေးမှုဖြင့် မြန်မာနိုင်ငံ သက်ဆိုင် ရာဘက် အသီးသီးသည် ကူမင်းမြို့၌ ငြိမ်း ချမ်းရေး ဆွေးနွေးမှုလုပ်ဆောင်ခဲ့ကာ ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို လက် မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခ တင်းမာမှုလျော့ကျလာ ခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အ ကျိုးစီးပွား နှင့်ကိုက်ညီသည့်အပြင် တရုတ် နိုင်ငံနှင့် အာ ဆီယံစသည့် ဒေသတွင်းနိုင်ငံ အသီးသီး၏ ဘုံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲ၍ ငြိမ်း ချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းများ ကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးက သ ဘောတူညီချက်များကို လက်တွေ့ကျကျ ဖော်ဆောင်ကာ အတတ်နိုင်ဆုံးထိန်းသိမ်း စွာလုပ်ဆောင်၍ လက်ရှိအခြေအနေတင်းမာမှုလျော့ကျစေရေးအတွက် လုပ်ဆောင် ရန် မျှော်လင့်ကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းအရေးကိစ္စ၊ မြန်မာနိုင်ငံအရေးကိစ္စတို့သည် မူရင်း သဘောအရ မြန်မာနိုင်ငံပြည်တွင်းရေးပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စဖြေရှင်း မှုအတွက် အဖြေသည် မြန်မာနိုင်ငံပြည်သူလက်ထဲတွင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံက မြန်မာနိုင်ငံအရေးကိစ္စတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းအား ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ အရေးကိစ္စ ကောင်းမွန်စွာဖြေရှင်းရေးအား တွန်းအားပေးသွားလိုကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။