Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရာဖာမြို့ရှိ တဲအိမ်ငယ်လေးတစ်ခုတွင် အသက် ၁၅ နှစ်အရွယ် နက်ဟမ်အယ်ရာဇီဂျီနှင့် ၎င်း၏မောင်ဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိုဟာမက်တို့သည် အိမ်မှုကိစ္စများကို အကောင်းဆုံး စီမံခန့်ခွဲနေရသည့်အပြင် ၎င်းတို့၏ မွေးချင်းခုနစ်ဦးကို စောင့်ရှောက်ပေးလျက်ရှိကာ အ ငယ်ဆုံးညီမဖြစ်သူသည် အသက် ခြောက်လအရွယ်ဖြစ်သည်။ ယင်းကလေးများသည် လွန်ခဲ့သည့် လေးလကျော်က မိဘများကို ဆုံးရှုံးခဲ့ပြီး ညီငယ်၊ညီမငယ်များကို နိုင်ငံတောင်ပိုင်းသို့ ခေါ်ဆောင်လာခဲ့ကာ တဲအိမ်တစ်အိမ်ကို ကိုယ်ပိုင်တည်ဆောက်ပြီး နေ့စဉ်နှင့်အမျှအ တတ်နိုင်ဆုံး ရုန်းကန်နေထိုင်လျက် ရှိသည်။ တိုလန်အမည်ရှိ ညီမအငယ်ဆုံးဖြစ်သူကို ပွေ့ချီလျက်မိုဟာမက်က ဂါဇာတွင် အစ္စရေးစစ်ပွဲ၏ ပထမ ဆုံးသီတင်းပတ်အတွက် ၎င်းတို့၏ မိခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ရှော့အယ်ရာဇီဂျီကို ဆုံးရှုံးခဲ့ရသည့် အကြောင်းပြန်ပြောင်း ပြောပြခဲ့သည်။ “အဲဒီနေ့မှာ အမေက အနီးအနားမှာရှိတဲ့ အဘိုးအိမ်ကို သွားလည်မှာ ဖြစ်တဲ့အတွက် အဲဒီတုန်းကသုံး လသားပဲရှိသေးတဲ့ တိုလန်ကိုစောင့်ရှောက်ပေးဖို့ ကျွန်တော့်ကိုမှာခဲ့ပါတယ်”ဟု မိုဟာမက်က ဆိုသည်။ ရှော့သည် ၎င်း၏မိဘအိမ်သို့ သွားရောက်ချိန်တွင် ဘေးအိမ်သည် ဗုံးထိမှန်သောကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များတွင် နေထိုင်သူများ အားလုံးသေဆုံးခဲ့သည်။၎င်း၏ ခင်ပွန်းဖြစ်သူနှင့်ကလေးများသည် ထို သတင်းကို ညနေခင်း၌ ကြားသိခဲ့ရသည်။ “ကျွန်တော်တို့ရဲ့အမေကို ထပ်မတွေ့ရတော့ဘူးဆိုတာကို သိလိုက်တဲ့အချိန် အတော်လေးဝမ်းနည်းပူ ဆွေးခဲ့ရတယ်”ဟု မိုဟာမက်က ပြန်လည်ပြောပြခဲ့သည်။ ရှော့သေဆုံးခဲ့ပြီးနောက် ၎င်းတို့မိသားစုသည် လုံခြုံရေးအတွက် ပိုမိုစိုးရိမ်လာသည့်အပြင် ရှော့မရှိဘဲ အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ကြရသည်။ ဘေးကင်းသည့်နေရာကို ရှာဖွေရန်အတွက် ၎င်းတို့၏ဖခင်သည် ကလေးများကို အယ်ရှီဖာဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။သို့သော် ဆေးရုံတွင် လူများပြည့်ကြပ်နေခြင်းနှင့် သန့်ရှင်းမှုမရှိသည့်အပြင်…
လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံကို တင်သွင်းသည့် အဓိကကုန်ပစ္စည်း ၁၁ မျိုးအနက် ဓာတ်မြေသြဇာတန်ချိန် ၁ ဒသမ ၁၈၈ သန်းကျော် တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅၂ ရာခိုင်နှုန်းကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဓာတ်မြေသြဇာတန် ချိန်(၁၁၈၈၈၀၆) တင်သွင်းမှုမှ ဒေါ်လာ ၄၆၅ ဒသမ ၈၅ သန်း၊ ယခင်နှစ်ကာလတူက ဓာတ် မြေသြဇာ(၇၈၂၃၃၀)တန် တင်သွင်းမှတန် ဖိုးဒေါ်လာ ၄၃၉ ဒသမ ၈၄ သန်းရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာနှစ် ၈ လအတွင်းမှာ ယခင်နှစ်ကာလတူထက် ဓာတ်မြေသြဇာတန်ချိန်အားဖြင့် ၅၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့် အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် လယ်ယာကဏ္ဍသွင်းကုန်ဆိုင်ရာကုန် ပစ္စည်းများ၏ တင်သွင်းမှုအခြေအနေမှာ စားအုန်းဆီတန်ချိန် ၄၀၀၆၁၆ တင်သွင်းမှ တန်ဖိုးဒေါ်လာ ၃၉၃ ဒသမ ၀၆ သန်း၊ ဂျုံစေ့တန်ချိန် ၂၇၁၉၈၇ တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၁၀၇ ဒသမ ၅၆ သန်းနှင့် ဂျုံမှုန့်တန်ချိန် ၁၂၉၂ တင်သွင်းမှု တန်ဖိုးဒေါ်လာ ၀ ဒသမ ၈၁ သန်း ပါဝင်သည်။ အခြားတင်သွင်းကုန်များဖြစ်သည့်…
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန် ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ရည်ညွှန်းစျေးဖြင့် လဲလှယ်ရ မည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နေ့စဉ် Online ငွေလဲလှယ်နှုန်းဖြင့် လဲလှယ်အသုံးပြု ခွင့်ပေးထားသည့် သတ်မှတ်ချက်အတိုင်း လက်ရှိတွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုပေးနေ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သတင်းမီဒီယာတစ်ခုတွင် ‘ဗဟိုဘဏ် က ပို့ကုန်ရငွေနဲ့ ပတ်သက်ပြီး ပြန်လည်တင်း ကြပ်မှုအဖြစ် ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ ရောင်းချရမှာဖြစ် ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်စျေးအ တိုင်း ရောင်းချခွင့်ရှိတော့မှာ’ ဆိုသည့်သတင်း ကြောင့် ပြည်တွင်းပဲစျေးနှုန်းများ ကျဆင်းသွား သည်ဆိုသည့်သတင်းအမှားတစ်ခုကို လွှင့် တင်ထားခြင်းကို တွေ့ရသည်။ နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်းရှင် များ လုပ်သာကိုင်သာရှိစေရေးတွက် အလေး ထားဆောင်ရွက်လျက်ရှိရာ ပြည်ပသို့ တင်ပို့ ခြင်းမှရရှိသည့် ပို့ကုန်ရငွေအသုံးပြုခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၆-၁၂-၂၀၂၃ ရက်တွင် အမိန့်ကြော်ငြာစာအ မှတ် ၂၆/၂၀၂၃ နှင့် ထုတ်ပြန်ထားသည်။ အ ဆိုပါ အမိန့်ကြော်ငြာစာတွင် ]ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာ စာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန် ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း} ထုတ်ပြန်ထား ခြင်းဖြစ်သည်။ အဆိုပါ အမိန့်ကြော်ငြာစာအရ ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ…
မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း (အဆင်းလမ်း)တွင် Express ခရီးသည်တင်မော်တော်ယာဉ် မီးလောင်မှု ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၃၄ မိနစ်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါသည်။ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၊ စက်သုံးဆီဆိုင်ရှေ့ မန္တလေး-ပြင်ဦးလွင်ကားလမ်း (အဆင်းလမ်း)တွင် ပြင်ဦးလွင်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင်မော်တော်ယာဉ်သည် နောက်ညာဘက် ဘရိတ်ရှူးကပ်၍ အပူ လွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ရာမှတဆင့် ယာဉ်ပေါ်ရှိ ကုန်ပစ္စည်းများသို့ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ယာဉ်အပေါ်ပိုင်း၊ ဖင်ထိုင်ခုံများနှင့် နောက်ဘီး တာယာများ တန်ဖိုး ၃၄ဝဝဝဝဝဝ၊ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများနှင့် ခရီးသည်များ၏ပစ္စည်းများတန်ဖိုး၁ဝဝဝဝဝဝ ၊ စုစုပေါင်း ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ၃၅,၀၀၀,ဝဝဝ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးလောင်ရာသို့ သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ် သန္ဓေတပ်ဖွဲ့ဝင် (၆)ဦး မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မန္တလေးခရိုင် မီးသတ်စခန်းမှ သန္ဓေ(၆)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၆)ဦး မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ သန္ဓေ(၇)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ အရန်(၅)ဦး မီးငြိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောကျေးရွာစေတနာမွန်လူမှုညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၅၄ မိနစ် အချိန်တွင် မီးထိန်းပြီး၊ ည ၇ နာရီ ၄ မိနစ် အချိန်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း၊ DCP မီးသတ်ဆေးဘူး (၅၀)kg (၂)ဘူး၊ (၅)kg (၂)ဘူး၊ (၃)kg…
တောင်ကိုရီးယားလက်ရွေးစင်အသင်းနည်းပြ ယာဂန်ကလင်းစမန်းသည် အာရှဖလားပြိုင်ပွဲ၌ အောင်မြင်မှုမရသဖြင့် တစ်နှစ်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။ အသက် ၅၉ နှစ်အရွယ် ဂျာမနီနိုင်ငံသား နည်းပြ ကလင်းစမန်း၏စာချုပ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိဖြစ်သော်လည်း အာရှဖလားပြိုင်ပွဲ၌ အောင်မြင်မှုရယူပေးနိုင်ခြင်း မရှိသဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ တောင်ကိုရီးယားအသင်းသည် ကလင်းစမန်းလက်ထက် တစ်နှစ်တာကာလအတွင်း ခြေစွမ်းနှင့် ရလဒ်ပိုင်း တည်ငြိမ်မှုမရှိဘဲ ပြိုင်ပွဲစုံ ၁၈ ပွဲကစားရာ ရှစ်ပွဲသာ အနိုင်ရပြီး ခုနစ်ပွဲ သရေ၊ သုံးပွဲရှုံးနိမ့်ကာ အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၌ ဂျော်ဒန်အသင်းအား ဂိုးပေါက် တည့်သည့်သွင်းယူမှု တစ်ကြိမ်ပင်မရှိဘဲ (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) ၏ အကြံပေး ကော်မတီက ကလင်းစမန်းအား ထုတ်ပယ်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အကြောင်းအမျိုးမျိုးကြောင့် နည်းပြ ကလင်းစမန်းအနေနဲ့ နိုင်ငံအသင်းရဲ့နည်းပြအဖြစ် ဆက်လက်ဦးဆောင်မှုမလုပ်နိုင်တော့ဘဲ အစားထိုးမှုလုပ်ဖို့ လိုအပ်ကြောင်း သုံးသပ်ချက်ရရှိခဲ့ပါတယ်” ဟု KFA ၏ နည်းစနစ်ဒါရိုက်တာ ဟွမ်ဘိုကွမ်က သတင်းထောက် များအား ပြောကြားခဲ့သည်။ ကလင်းစမန်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင်ကိုရီးယားအသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သို့သော် ၎င်းင်းအနေဖြင့် ကိုရီးယားနိုင်ငံ၌ ခေတ္တသာနေထိုင်၍ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌သာ အနေများသောကြောင့် ဝေဖန်မှုများခံခဲ့ရသလို ကေလိဂ်-၁ ရှိ ကစားသမားများအပေါ်လည်း စိတ်ဝင်စားမှုနည်းပါးကြောင်း စွပ်စွဲမှုများရှိခဲ့သည်။ ဆိုးလ်အခြေစိုက် သတင်းစာတစ်စောင်က ကလင်းစမန်းအနေဖြင့် ပထမဆုံးခြောက်လအတွင်း ကိုရီးယား၌ ၆၇…
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်း ဟော့ဒ်ဆန်သည် ဖေဖော်ဝါရီ ၁၅ ရက်က လေ့ကျင့်ရေးကွင်း၌ နေမကောင်းဖြစ်ခဲ့သောကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။ ဟော့ဒ်ဆန် (၇၆ နှစ်) အနေဖြင့် ပဲလေ့စ် အသင်း၏ ရလဒ်ဆိုးများကြောင့် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေစဉ် လေ့ကျင့်ရေးကွင်း၌ နေမကောင်းဖြစ်သောကြောင့် ဆေးရုံတင်ပို့ခဲ့ရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဟော့ဒ်ဆန်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် အဲဗာတန်အသင်းနှင့်ကစားရမည့် အဝေးကွင်းပွဲစဉ်ကို ကြီးကြပ်နိုင်ခြင်းမရှိဘဲ လွဲချော်မည်ဖြစ်သည်။ “ရွိုင်းဟော့ဒ်ဆန်ဟာ လေ့ကျင့်ရေးအစီအစဉ်မှာ နေမကောင်းဖြစ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် သူ့ရဲ့အခြေအနေက အခုအချိန်မှာ တည်ငြိမ်နေပြီဆိုတာ အတည်ပြုပါတယ်။ အခုလောလောဆယ် ဆေးရုံမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အသင်းမှာရှိသူအားလုံးက ရွိုင်းအမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ဆုတောင်းပေးနေပါတယ်” ဟု ပဲလေ့စ်အသင်းက ထုတ်ပြန်ခဲ့သည်။ ပဲလေ့စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၄ ပွဲကစား၊ ခြောက်ပွဲသာ အနိုင်ရကာ ခြောက်ပွဲသရေ၊ ၁၂ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၁၅ နေရာရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် ငါးမှတ်သာကွာဟလျက်ရှိသည်။ ပဲလေ့စ်အသင်းအနေဖြင့် နိုဝင်ဘာမှ ဖေဖော်ဝါရီအထိ နောက်ဆုံးကစား သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲတွင် နှစ်ပွဲ သာ အနိုင်ရခဲ့သောကြောင့် ဟော့ဒ်ဆန်၏ နေရာတွင် ဖရန့်ဖတ်အသင်းနည်းပြဟောင်း ဂလက်စ်နာဖြင့် အစားထိုးဖွယ်ရှိနေသည်။
လီဗာပူးလ်အသင်းအားပေးသူပရိသတ်များသည် ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည့် နည်းပြ ယာဂန်ကလော့ပ်၏နေရာတွင် ဆက်ခံစေလိုသူအဖြစ် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် လက်ရှိ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုနှင့် အသင်းမှထွက်ခွာသွားမည်ကို အကြောက်ဆုံးကစားသမားအဖြစ် တိုက်စစ်ကစားသမား ဆာလာကို မဲပေးရွေးချယ်ခဲ့ကြောင်း သိရှိရသည်။ အသက် ၅၆ နှစ်အရွယ်ရှိ ဂျာမန်လူမျိုး နည်းပြ ကလော့ပ်သည် ယခုရာသီကုန်တွင် ရှစ်နှစ်ကျော်ကြာ ကိုင်တွယ်လာသည့် လီဗာပူးလ်အသင်းမှထွက်ခွာမည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။ ယင်းကတည်းက ကလော့ပ်၏ လီဗာပူးလ် နည်းပြရာထူးကို ဆက်ခံမည့်သူနှင့်ပတ်သက်ပြီး လောင်းကစားဒိုင်များတွင် ရေပန်းစားသူများကို ကြေးဖွင့်ခဲ့သလို ပရိသတ်များကလည်း ကလော့ပ်၏နေရာအား ဆက်ခံစေလိုသူကို လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြသည်။ ယခုအခါ YouGov က လာမည့်ရာသီတွင် ကလော့ပ်၏ လီဗာပူးလ်နည်းပြရာထူးကို ဆက်ခံစေလိုသူအား လီဗာပူးလ်ပရိသတ်များ မဲပေးရွေးချယ်စေခဲ့ရာ လက်ရှိ ဂျာမန်ကလပ် လေဗာကူဆင်နည်းပြ အလွန်ဆိုက မဲ ၆၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေကြောင်း သိရှိရသည်။ အသက် ၄၂ နှစ်အရွယ်ရှိ အလွန်ဆို သည် လီဗာပူးလ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ယခုရာသီတွင် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။ လီဗာပူးလ်အသင်းပရိသတ်များသည် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးထားသူ အလွန်ဆိုကို ကလော့ပ်၏နေရာကို ဆက်ခံစေလိုသူအဖြစ် မဲအများဆုံးပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် လီဗာပူးလ်ဂန္ထဝင်တစ်ဦး ဖြစ်သည့် လက်ရှိ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းနည်းပြ စတီဗင်ဂျရတ်က ၁၈ ရာခိုင်နှုန်းဖြင့် ရှိနေသည်။ စတီဗင်ဂျရတ် နောက်တွင် ကလော့ပ်၏လက်ထောက်နည်းပြ ပတ်လင်ဒါက ရှစ်ရာခိုင်နှုန်း၊ ဘရိုက်တန်နည်းပြ ဒီဇယ်ဘီက လေးရာခိုင်နှုန်း၊ အမ်မိုရန်(စပို့တင်းလစ္စဘွန်းနည်းပြ)၊ နာဂယ်စ်မန်း (ဂျာမနီလက်ရွေးစင်အသင်းနည်းပြ)နှင့်…
အော်စကာဆန်ခါတင်စာရင်းဝင် Perfect Days ရုပ်ရှင်သည် အိမ်သာများအကြောင်း ရိုက်ကူးပြသ ထားခြင်းမဟုတ်ဟု ဂျာမန်ဒါရိုက် တာဝင်းဝမ်ဒါ့စ်က ပြောကြားခဲ့သည်။ “ဥရောပမှာအိမ်သာတွေက ယဉ်ကျေးမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းကို ဇာတ် အိမ်တည်ရိုက်ကူးထားတဲ့ ဂျပန်မှာတော့ ဒါက အထူးအဆန်းမဟုတ်နေပါဘူး”ဟု ဝမ်ဒါ့စ်က ဆိုသည်။ ရုပ်ရှင်၏ အဓိကဇာတ်ကောင်မှာ နာမည်ကျော် ဗိသုကာပညာရှင်များ ဒီဇိုင်းထွင်ထားသည့် တိုကျိုမြို့ လယ်ခေါင်ရှိ အိမ်သာများကို သန့်ရှင်းရေးလုပ်ရသော အိမ်သာသန့်ရှင်းရေးသမားတစ်ဦး ဖြစ်သည်။ သူသည် ၎င်း၏ အလုပ်နှင့် ၀ါသနာနှစ်ရပ်လုံးကို စေ့စေ့စပ်စပ် လုပ်ကိုင်သူတစ်ဦးဖြစ်သော်လည်း နေ့ရက်များ ကြာလာသည်နှင့်အမျှ ၎င်း၏အခြေအနေ ရှုပ်ထွေးမှုပိုမို ထင်ဟတ်လာကာ မြို့ပြ၏အထီးကျန်မှု၊ အသိုင်းအဝိုင်းနှင့် အသက်ကြီးပြင်းလာမှုတို့ကို ဖော်ပြထားသည်။ ၎င်း၏ဝေဖန်သူများက ထိုရုပ်ရှင်သည် အိမ်သာများအကြောင်း ရိုက်ကူးထားခြင်းမဟုတ်သည်ကို သိ ရှိနားလည်ထားသည်ဟု ဝမ်ဒါ့စ်က ဆိုသည်။ “ဒါပေမဲ့ အိမ်သာတွေက ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။အိမ်သာတွေဟာ ဂျပန်တွေရဲ့ ကြိုဆိုမှု တစ် စိတ်တစ်ပိုင်း ဖြစ်တဲ့အပြင် ကျွန်တော်တို့အားလုံး လူသားတွေရဲ့ လိုအပ်ချက်အတွက် လေးစားသမှု ခံစား ချက်တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ Perfect Days သရုပ်ဆောင် ကိုဂျီယာကူရှိုသည် ၎င်း၏သရုပ်ဆောင် ပီပြင်မှုအတွက် ကိန်းရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပြီးနောက် ယင်းရုပ်ရှင်သည် မတ် ၁၀ ရက်တွင်ပြုလုပ်မည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆုအတွက် ဆန်ခါတင် စာရင်းဝင်ထားသည်။ ဂျပန်အဝတ်အထည်လုပ်ငန်းစု Uniqlo တည်ထောင်သူ ဘီလျံနာသူဌေးကြီး၏သားဖြစ်သူ ကိုဂျီယာနိုင်းက တိုကျိုအိမ်သာ ပရောဂျက်ကို လေ့လာရန်…
ဇင်ဘာဘွေနိုင်ငံတွင် ကာလဝမ်းရောဂါကာကွယ်ဆေးတိုက်ကျွေးမှုကို စတင်ခဲ့သည်မှာ သီတင်းနှစ်ပတ်ကြာမြင့်လာခဲ့ချိန်တွင် သတ်မှတ်ထားသည့်နေရာဒေသများ၌ ကာ ကွယ်ဆေးတိုက်ကျွေးမှုများကို အရှိိန်မြှင့်လုပ်ဆောင်ရန် ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းခဲ့သည်။ ကာကွယ်ဆေးများတိုက်ကျွေးမှုနှင့်အတူ လက်ရှိတွင် ဇင်ဘာဘွေနိုင်ငံအတွင်း ရောဂါကူးစက်မှုများ နှေးကွေးသွားသည့် အစောပိုင်းလက္ခဏာများကို တွေ့မြင်ခဲ့ရပြီး ကာလဝမ်းရောဂါဘေးမှ သက်သာရာရလာ ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ဇင်ဘာဘွေနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့သည့် ကာ လဝမ်းရောဂါကူးစက်ဖြစ်ပွားမှုကြောင့် တစ်နှစ်အတွင်း ရောဂါဖြစ်ပွားသူ ၂၂၀၀၀ ကျော်ရှိကာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။ သန့်ရှင်းသည့် သောက်သုံးရေရရှိရေးအတွက် အဝီဇိတွင်းရေကို သုံးစွဲမှုမှအစလူအုပ်စုလိုက်စုရုံးမှုများကို ကန့်သတ်မှုများအထိ ကျန်းမာရေးစီမံချက်များကြောင့် ကာလဝမ်းရောဂါကူးစက်မှုကို တားဆီးရာတွင် အောင်မြင်မှုအနည်းငယ်ရရှိခဲ့ကာ ကာကွယ်ဆေးမဟာမိတ်အဖွဲ့ဖြစ်သည့် Gavi က ထောက်ပံ့ပေးမည့် ကာလဝမ်းရောဂါကာကွယ်ဆေးများသည်လည်း ဇင်ဘာဘွေပြည်သူများကို ပုံမှန်ဘဝပြန်လည်ရရှိစေရန် မျှော် လင့်ချက်များ မြင့်တက်စေခဲ့သည်။ ဇင်ဘာဘွေ၏ မြို့တော် ဟာရာရီ၏ ဆင်ခြေဖုံးရပ်ကွက် ကူဝက်ဇာနာသည် ကာလဝမ်းရောဂါဖြစ်ပွားသည့် ဗဟိုချက်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်မှ စတင်ကာ ကာကွယ်ဆေးများကို တိုက်ကျွေးခဲ့သည်။ “၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါကူးစက်မှုကို ကျွန်တော်မှတ်မိပါသေးတယ်။ အဲဒီတုန်းက တော်တော်ကို ကြောက်ဖို့ကောင်းပါတယ်”ဟု ကူဝက်ဇာနာ ရပ်ကွက်တွင်နေထိုသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုအချိန်က ဖြစ်ပွားခဲ့သည့် ကာလဝမ်းရောဂါကူးစက်မှုများသည် ဇင်ဘာဘွေနိုင်ငံ၏ လူသေဆုံးမှုအများဆုံး ကာလဝမ်းရောဂါကူးစက်မှုဖြစ်ပြီး လူပေါင်း ၄၃၀၀ နီးပါးသေဆုံးခဲ့သည်။ ဇင်ဘာဘွေနိုင်ငံအပြင် ဗဟိုအာဖရိကနှင့် တောင်အာဖရိက နိုင်ငံများတွင်လည်း မကြာသေးမီလများအတွင်း ကာလဝမ်းရောဂါများ ကူးစက်ဖြစ်ပွားခဲ့သည်။ ဇမ်ဘီယာ၊ မာလာဝီ၊ ဒီအာကွန်ဂို၊ မိုဇမ်ဘစ်နိုင်ငံများတွင်…
စစ်မက်ဖြစ်ပွားနေသော ပါလက်စတိုင်းနယ်မြေသည် အစ္စရေးတို့၏ မရပ်မနားဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပိုမိုဆိုးရွားနေချိန်တွင် ဂါဇာရှိဓားစာခံများသည် အသက်ရှင်နိုင်ရန် ရုန်းကန်နေကြရသည်ဟု ဟားမာ့စ်တို့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ “ဒဏ်ရာရနေပြီး နာမကျန်းဖြစ်နေတဲ့ ရန်သူအကျဉ်းသားတွေဟာ ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်ကျော်နေရပြီး အသက်ရှင်သန်ဖို့ ရုန်းကန်နေရပါတယ်”ဟု Ezzedinela-Qassam တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူအဘူ အိုဘိုင်ဒါက ပြောကြားခဲ့သည်။ “ဒါက မထူးဆန်းတော့ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့လူတွေက အရာအားလုံးကို ကြုံတွေ့နေရလို့ပါ။ အငတ်ဘေး၊ဆာလောင်မှုနဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေ မရှိတဲ့အခြေအနေတွေကို ကြုံတွေ့နေရတဲ့အ တွက် ရန်သူအကျဉ်းသားတွေကလည်းထပ်တူ ကြုံတွေ့ခံစားနေရပါတယ်”ဟု၎င်းက ပြောကြားခဲ့သည်။ ယခုသီတင်းပတ်တွင် အမေရိကန်၊ကာတာနှင့် အီဂျစ်တို့မှ ဖျန်ဖြေရေးအဖွဲ့များသည် တိုက်ပွဲများကို ရန်တန့်ရန်နှင့် အစ္စရေးတို့ဖမ်းဆီးထားသော ပါလက်စတိုင်းအကျဉ်းသားများကို ကျန်ရှိနေသည့်ဟားမာ့စ်တို့ဖမ်းဆီးထားသော အကျဉ်းသားများနှင့် အပြန်အလှန်လဲလှယ်ရေးတို့အတွက် ကြားဝင်စေ့စပ်ပေးရန် ကိုင်ရိုတွင် စုဝေးရောက်ရှိနေခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က သဘောတူညီချက်တစ်ရပ်ရရှိနိုင်ခြေရှိသည်ဟု ၎င်းအနေဖြင့် ယုံကြည်ထားကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားခဲ့သော်လည်း အောင်မြင်မှုတစ်စုံတစ်ရာ နှင့်ပတ်သက်၍ လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိပေ။ ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုသည် အခြေအနေအတွက် တာဝန်ရှိသူဖြစ်သည်ဟု အဘူအိုဘိုင်ဒါက ပြောကြားခဲ့သည်။ “အချိန်ကမြန်မြန်ဆန်ဆန် ကုန်ဆုံးနေပါတယ်”ဟု ၎င်းကဆိုသည်။ အစ္စရေးကို ဟားမာ့စ်တို့၏ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသသို့ ဓားစာခံ ၂၅၀ ခန့် ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ထဲမှ ပျမ်းမျှ ၁၃၀ ခန့်ကိုဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းတို့ထဲမှ အယောက် ၃၀ ခန့်သေဆုံးသွားသည်ဟု ယူဆထားပြီး ဒီဇင်ဘာ ၁ ရက်တွင် ကုန်ဆုံးခဲ့သော သီတင်းတစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း…