Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, May 21
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံကို တင်သွင်းသည့် အဓိကကုန်ပစ္စည်း ၁၁ မျိုးအနက် ဓာတ်မြေသြဇာတန်ချိန် ၁ ဒသမ ၁၈၈ သန်းကျော် တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်းကျော် ပိုမိုတင်သွင်း

February 18, 20242 Mins Read
Share
Facebook Twitter

လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံကို တင်သွင်းသည့် အဓိကကုန်ပစ္စည်း ၁၁ မျိုးအနက် ဓာတ်မြေသြဇာတန်ချိန် ၁ ဒသမ ၁၈၈ သန်းကျော် တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅၂ ရာခိုင်နှုန်းကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဓာတ်မြေသြဇာတန် ချိန်(၁၁၈၈၈၀၆) တင်သွင်းမှုမှ ဒေါ်လာ ၄၆၅ ဒသမ ၈၅ သန်း၊ ယခင်နှစ်ကာလတူက ဓာတ် မြေသြဇာ(၇၈၂၃၃၀)တန် တင်သွင်းမှတန် ဖိုးဒေါ်လာ ၄၃၉ ဒသမ ၈၄ သန်းရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာနှစ် ၈ လအတွင်းမှာ ယခင်နှစ်ကာလတူထက် ဓာတ်မြေသြဇာတန်ချိန်အားဖြင့် ၅၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့် အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် လယ်ယာကဏ္ဍသွင်းကုန်ဆိုင်ရာကုန် ပစ္စည်းများ၏ တင်သွင်းမှုအခြေအနေမှာ စားအုန်းဆီတန်ချိန် ၄၀၀၆၁၆ တင်သွင်းမှ တန်ဖိုးဒေါ်လာ ၃၉၃ ဒသမ ၀၆ သန်း၊ ဂျုံစေ့တန်ချိန် ၂၇၁၉၈၇ တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၁၀၇ ဒသမ ၅၆ သန်းနှင့် ဂျုံမှုန့်တန်ချိန် ၁၂၉၂ တင်သွင်းမှု တန်ဖိုးဒေါ်လာ ၀ ဒသမ ၈၁ သန်း ပါဝင်သည်။

အခြားတင်သွင်းကုန်များဖြစ်သည့် နို့ဆီမှာတန်ချိန် ၁၁၂၇၇ တင်သွင်းမှုမှတန်ဖိုး ဒေါ်လာ ၁၅ ဒသမ ၈၇ သန်း၊ နို့စိမ်းတန်ချိန် ၁၂၀၀၄ တင်သွင်းမှတန်ဖိုးဒေါ်လာ ၁၇ ဒသ မ ၇၅ သန်းနှင့်နို့မှုန့်တန်ချိန် ၇၀၈၁ တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၂၀ ဒသမ ၀၃ သန်းပါဝင်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြေသြဇာစုစုပေါင်း ၁၁၃၆၄၇၁ တန်တင်သွင်းခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန် သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံ ရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသ မ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှာ ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလျံအထိ ပိုမို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ် ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရည်ညွှန်းစျေးဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းအား နေ့စဉ် Online ငွေလဲလှယ်နှုန်းဖြင့် လဲလှယ်အသုံးပြုခွင့်ပေးထားသည့် သတ်မှတ်ချက်အတိုင်း လက်ရှိတွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုပေးနေကြောင်း စီးပွား/ကူးသန်း ထုတ်ပြန်
Next Article ဂါဇာဒေသမှ မိဘမဲ့ကလေးများ၏ ဒုက္ခ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.