Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, May 16
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရည်ညွှန်းစျေးဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းအား နေ့စဉ် Online ငွေလဲလှယ်နှုန်းဖြင့် လဲလှယ်အသုံးပြုခွင့်ပေးထားသည့် သတ်မှတ်ချက်အတိုင်း လက်ရှိတွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုပေးနေကြောင်း စီးပွား/ကူးသန်း ထုတ်ပြန်

February 18, 20241 Min Read
Share
Facebook Twitter

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန် ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ရည်ညွှန်းစျေးဖြင့် လဲလှယ်ရ မည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နေ့စဉ် Online ငွေလဲလှယ်နှုန်းဖြင့် လဲလှယ်အသုံးပြု ခွင့်ပေးထားသည့် သတ်မှတ်ချက်အတိုင်း လက်ရှိတွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုပေးနေ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သတင်းမီဒီယာတစ်ခုတွင် ‘ဗဟိုဘဏ် က ပို့ကုန်ရငွေနဲ့ ပတ်သက်ပြီး ပြန်လည်တင်း ကြပ်မှုအဖြစ် ပို့ကုန်ရ‌ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ ရောင်းချရမှာဖြစ် ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်စျေးအ တိုင်း ရောင်းချခွင့်ရှိတော့မှာ’ ဆိုသည့်သတင်း ကြောင့် ပြည်တွင်းပဲစျေးနှုန်းများ ကျဆင်းသွား သည်ဆိုသည့်သတင်းအမှားတစ်ခုကို လွှင့် တင်ထားခြင်းကို တွေ့ရသည်။

နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်းရှင် များ လုပ်သာကိုင်သာရှိစေရေးတွက် အလေး ထားဆောင်ရွက်လျက်ရှိရာ ပြည်ပသို့ တင်ပို့ ခြင်းမှရရှိသည့် ပို့ကုန်ရငွေအသုံးပြုခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၆-၁၂-၂၀၂၃ ရက်တွင် အမိန့်ကြော်ငြာစာအ မှတ် ၂၆/၂၀၂၃ နှင့် ထုတ်ပြန်ထားသည်။ အ ဆိုပါ အမိန့်ကြော်ငြာစာတွင် ]ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာ စာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန် ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန်ဖြစ်ကြောင်း} ထုတ်ပြန်ထား ခြင်းဖြစ်သည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းစျေးဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နေ့စဉ် Online ငွေလဲလှယ် နှုန်းဖြင့် လဲလှယ်အသုံးပြုခွင့် ပေးထားခြင်းဖြစ် သည်။ အဆိုပါသတ်မှတ်ချက်အတိုင်း လက်ရှိ တွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုဆောင်ရွက်ပေး နေခြင်းဖြစ်သည်။

အဆိုပါ သတင်းဒီမီယာတွင် ဖော်ပြချက် သည် လက်ရှိကျင့်သုံးနေသည့် မူဝါဒကို ပြောင်း ပြန်လှန်ပြီး မဟုတ်မမှန်ပြောကြားနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပဲမျိုးစုံ၊ နှမ်းအစရှိသည့် လယ် ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည် နှင့် ပြည်ပတင်ပို့သည့်လုပ်ငန်းရှင်များအပါ အဝင် ပို့ကုန်လုပ်ငန်းစဉ်တွင် ပါဝင်သူများအ နေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၆-၁၂-၂၀၂၃ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာ ၂၆/၂၀၂၃ အတိုင်းသာ ဆောင် ရွက်နေပါကြောင်း သတင်းအမှန်ကိုသိရှိပြီး ပို့ကုန်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ် ပြန်ထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမန္တလေး-ပြင်ဦးလွင ်ကားလမ်း (အဆင်းလမ်း)တွင် Express ခရီးသည်တင် မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွား
Next Article လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံကို တင်သွင်းသည့် အဓိကကုန်ပစ္စည်း ၁၁ မျိုးအနက် ဓာတ်မြေသြဇာတန်ချိန် ၁ ဒသမ ၁၈၈ သန်းကျော် တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်းကျော် ပိုမိုတင်သွင်း
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.