Author: admin

ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာသည့် အခြေအနေ အတွက် အရေးပေါ်အစီအစဉ်များကို ပြုလုပ်နေသည်ဟု ဖိလစ်ပိုင်ထိပ်သီးစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုအစီအစဉ်တွင် တောင်တရုတ်ပင်လယ်အတွင်း စိတ်မှန်းဖြစ်နိုင်ခြေတစ်ရပ်အနေနှင့် တရုတ်တပ်ဖွဲ့များက ဖိလစ်ပိုင်သင်္ဘောများအပေါ်တက်ရန် ကြိုးပမ်းမှုကို ဖိလစ်ပိုင်သင်္ဘောအမှုထမ်းများက တွန်းလှန်သည့် လေ့ကျင့်မှုများလည်း ပါဝင်ခဲ့သည်။ တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်များတွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ ထိပ်တိုက်တွေ့ခြင်းနှင့် သင်္ဘောချင်းတိုက်မိမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေသည် ယခုနှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့သည်။ ထိုကဲ့သို့ ရန်လိုပြီး အန္တရာယ်များသည့် ဖြစ်စဉ်များအတွက် ဖိလစ်ပိုင်က တရုတ်ကို စွပ်စွဲပြစ်တင်ခဲ့သည်။ ဖိလစ်ပိုင်သည် ယခုနှစ်အတွင်း တရုတ်နှင့် ခပ်တန်းတန်းဆက်ဆံခဲ့ပြီး အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို တိုးမြှင့်ကာ အခြားအင်အားကြီး အနောက်နိုင်ငံများနှင့်လည်း လုံခြုံရေးထိတွေ့ ဆက်ဆံမှုများကို မြှင့်တင်ခဲ့သည်။ “ တရုတ်ရဲ့နိုင်ထက်စီးနင်း လုပ်ဆောင်မှုတွေ ပိုမိုမြင့်တက်လာလိမ့်မယ်လို့ ယူဆရပါတယ်”ဟု ဖိလစ်ပိုင်၏ အနောက်ပိုင်းစစ်ဌာနချုပ်အကြီးအကဲ အဲလ်ဘာတိုကားလို့စ်က ဒီဇင်ဘာ ၁၃ ရက်တွင် CNN Philippines ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။ “ရေအမြောက်တွေနဲ့ တိုက်ခိုက်ပြီးရင် နောက်တစ်ကြိမ်မှာ သူတို့ဟာ ကျွန်တော်တို့ သင်္ဘောတွေပေါ်ကို တက်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့က ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ကားလို့စ်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိခဲ့မှုအပါအဝင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောက ရေအမြောက်ကို အသုံးပြုပြီး ဖိလစ်ပိုင်သင်္ဘောကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်က တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက် ကြောင်း ပြောကြားခဲ့သည်။…

Read More

မန်ယူအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အက်သလက်တီကို၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဥရောပတွင် မိမိကစားသည့် နောက်ဆုံးကလပ်အသင်း ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။ ထို့ ကြောင့် ၎င်းကို ခေါ်ယူရန် မန်ယူအပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ သို့သော် ဂရီးဇ်မန်းက မိမိအနေဖြင့် အက်သလက်တီကိုအသင်းတွင် ပျော်ရွှင်နေပြီး အက်သလက်တီကိုအသင်းသည် ဥရောပတွင် မိမိကစားသည့် နောက်ဆုံးကလပ်အသင်း ဖြစ်လိုသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဂရီးဇ်မန်းက “အက်သလက်တီကိုအသင်းက ဥရောပမှာ ကျွန်တော် ကစားတဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်စေချင်ပါတယ်။ ပြီးတော့ တခြားတစ်နေရာတစ်ခုခုမှာ ကျွန်တော် ကစားချင်ပါတယ်။ အက်သလက်တီကိုမှာ ကျွန်တော် ဆက်ကစားချင်ပြီး အသင်းကလည်း ကျွန်တော်ကို လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ထိပ်တန်းခြေစွမ်းကို ထိန်းထားနိုင်ရင် အသင်းမှာဆက်ကစားရမှာပါ။ ဘာတွေ ဖြစ်မလာလဲ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။ ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ၎င်း၏ အသက်မှာ ၃၅ နှစ်ရှိမည်ဖြစ်သည်။ ဂရီးဇ်မန်းက ၎င်းအနေဖြင့် ကစားသမားဘဝကို အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲတွင် အဆုံးသတ်လိုကြောင်း ဝန်ခံပြောကြားထားသည်။

Read More

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီများအနက် ခြောက်ထည်ကို ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ဂျာစီခြောက်ထည်ကို ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Sotheby’s အနုပညာကုမ္ပဏီ ရုံးချုပ်၌ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ လေလံတင်ရောင်းချခဲ့သည့် ဂျာစီများမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲ၊ ၁၆ သင်း အဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များ၏ ပထမပိုင်းတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ဂျာစီများဖြစ်သည်။ အဆိုပါ ဂျာစီခြောက်ထည်ကို စုစုပေါင်း ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင်ရောင်းချခဲ့ရပြီး ယခုနှစ်အတွင်းရောင်းချသည့် အားကစားအမှတ်တရပစ္စည်းများနှင့် မက်ဆီ၏ အမှတ်တရပစ္စည်းများအနက် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့သော် ယခုရောင်းချမှုမှာ ၂၀၂၂ ခုနှစ် မေလတွင် ဘောလုံးလောက၏ တန်ဖိုးအမြင့်ဆုံး လေလံတင်ရောင်းချမှုအဖြစ် ဒေါ်လာ ၉ ဒသမ ၂၈ သန်းဖြင့် စံချိန်တင်ခဲ့သည့် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏ “Hand of God” ဂိုးသွင်းယူစဉ် ဝတ်ဆင်ခဲ့သည့် ဂျာစီတန်ဖိုးထက် နည်းပါးခဲ့ကြောင်း သိရသည်။ အားကစားလောကသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံး ပွဲအတွင်းဝတ်ဆင်သည့် ဂျာစီ စံချိန်တင်ရောင်းချရမှုမှာ ၁၉၉၈ NBA Finals ပွဲစဉ် (၁) တွင် အမေရိကန်ဂန္ထဝင် ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့သည့်ဂျာစီကို ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဒေါ်လာ ၁၀…

Read More

မန်ယူဝါရင့်နောက်ခံကစားသမား အီဗန်စ်က အသင်းကစားသမားများအနေဖြင့် နည်းပြ တန်ဟက်ဂ်အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ဇယားအောက်ဆုံးနေရာဖြင့် ထွက်ခွာခဲ့ရပြီးနောက် အသင်းနည်းပြ တန်ဟက်ဂ်၏ရာထူးမှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။ အီဗန်စ်က “တန်ဟက်ဂ်က အရမ်းတော်တဲ့နည်းပြပါ။ သူ့အပေါ် ကျွန်တော်တို့ သံသယ မရှိပါဘူူး။ ချန်ပီယံလိဂ်က ထွက်လိုက်ရလို့ သူ စဉ်းစားချိန် ပိုရပါလိမ့်မယ်။ ဒါက သူ့အတွက် ပိုကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။ အီဗန်စ်က ကစားသမားများအနေဖြင့် တန်ဟက်ဂ်ကို ယုံကြည်ကြောင်းပြောကြားခဲ့သော်လည်း မန်ယူအသင်းသည် တန်ဟက်ဂ်နေရာအစားထိုးရန် စဉ်းစားနေပြီဖြစ်ပြီး ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာနှင့် ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲမှ အုပ်စုနောက်ဆုံးနေရာဖြင့် ထွက်ခဲ့ရသလို၊ လိဂ်ဖလားပြိုင်ပွဲတွင်လည်း နယူးကာဆယ်အသင်းကို ရှုံးနိမ့်ကာထွက်ခွာခဲ့ရသည်။

Read More

အင်္ဂလိပ်ဝေါဟာရအားဖြင့် Artificial Intelligence၊ အတိုကောက်အားဖြင့် အေအိုင်(AI) ဟုခေါ်နေသည့် လူသားတစ်ဦး၏ဦးနှောက်ကဲ့သို့ (လူသားဦးနှောက်နှင့်သာလွန်သည်ဟုဆိုသည့် အခြေအနေရောက်ရှိလာပြီဟု သုံးသပ်ကောက်ချက်ချနေကြသည်။) အရည်အသွေးရှိသော ဉာဏ်ရည်တုသည် ယနေ့လူပြောများ၊ အသုံးများ၊ ခေတ်စားလာသည့် အဆင့်မြင့်ကွန်ပျူတာနည်းပညာရပ်ဟု နားလည်သဘောပေါက်ကြသည်။ လူသားများကဲ့သို့ စဉ်းစားတွေးခေါ်နိုင်မှု၊ သင်ယူနိုင်မှုပြုလုပ်နိုင်သည့် ကွန်ပျူတာဦးနှောက် အေအိုင်သည် လူသားတို့အခြေအနေများကို အလိုအလျောက်သင်ယူနိုင်သည်ဟုဆိုသည်။ အချို့သောကိစ္စရပ်များကို (ဥပမာစစ်တုရင်ထိုးခြင်း၊ ဂိမ်းကစားခြင်းစသည့် အရာများ) လေ့ကျင့်ပေးရန်လိုသည်။ သို့သော် လေ့ကျင်၍ ကျွမ်းကျင်စွာတတ်မြောက်သွားပါက လူသားများပြုလုပ်နိုင်သည်ထက် သာလွန်သော စွမ်းရည်ဖြင့်ပြုလုပ်နိုင်သည်ဟုလည်းဆိုသည်။ လောကသဘာဝအရ အကောင်းအဆိုးရှိစမြဲဖြစ်ရာ လူသားတို့ထက်သာလွန်စွာ စွမ်းဆောင်နိုင်သော၊ လူသားတို့ကို များစွာအထောက်အကူပြုနိုင်သော အေအိုင်နည်းပညာအပေါ် စိုးရိမ်ရမည့်အခြေအနေများနှင့်ပတ်သက်၍လည်း စိုးရိမ်မှုနှင့်အတူ စဉ်းစားလာကြသည်။ ယခုအချိန်တွင် အေအိုင်နှင့်ပတ်သက်၍ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်လျက်ရှိနေကြသည်။ ဆွေးနွေးမှုအများစုကိုလေ့လာကြည့်လျှင် အေအိုင်သည် စွမ်းဆောင်ရည်မြင့်မားလွန်းသော်လည်း လူသားတို့အတွက် ယုံကြည်စိတ်ချရသော (Trustworthy) အခြေအနေရှိ၊ မရှိ ဆိုသည့်အချက်ကို အဓိကစူးစိုက်အာရုံထားနေကြသည်ကိုတွေ့ရသည်။ အေအိုင်နည်းစနစ်သည် အချက်အလက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာလုံခြုံမှု (Data Privacy) အခြေအနေသေချာမှုရှိစေ ရေးလုပ်ဆောင်နေစဉ် တစ်ဖက်စောင်းနင်းအခြေအနေများမှကင်းလွတ် (Free of Bias ) ၍ အမှန်တကယ်အသုံးဝင်သော (Really Useful) ၊ ယုံကြည်စိတ်ချရသောရလဒ်များ (Reliable Results) ကို ထုတ်ပေးနိုင်ပါသလားဟူသော မေးခွန်းထွက်လာသည်။ အေအိုင်နှင့်ပတ်သက်၍ အထူးပြုလေ့လာနေသော Frontiers in Artificial Intelligence ဂျာနယ်ပါ စာတမ်းသစ်တစ်စောင်တွင် ယခင်နှင့်မတူသော မေးခွန်းတစ်ခု ထွက်လာပြန်သည်။ “အေအိုင်သည်စွမ်းဆောင်ရည် အလွန်အမင်းမြင့်မားနေလျှင် မည်သို့လုပ်ကြမည်နည်း” ဟူ၍ ကယ်လီဖိုးနီးယားတက္ကသိုလ် (ဒေးဗတ်စ်) ရှိ…

Read More

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်သားများ၏ မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေးဓားစာခံ သုံးဦးသေဆုံးခဲ့သည့်ဖြစ်စဉ်အတွက် အစ္စရေးစစ်တပ်က ဝမ်းနည်းကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် ယိုတမ်ဟာအင်၊ အလွန်ရှမ်ရစ်ဇ်နှင့် ဆာမာအယ်တာလယ်ကာ အမည်ရှိ လူငယ်သုံးဦးသည် ဂါဇာစီးတီးမြို့အနီးဝန်းကျင်တွင် ပြုလုပ်သည့် စစ်ဆင်ရေးများအတွင်း မှားယွင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့ပြီး တဲလ်အဗစ်မြို့တွင် ထိုဖြစ်စဉ်ကိုဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့်သတ်ဖြတ်ခဲ့ကာ လူပေါင်း ၂၄၀ ခန့်ကို ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ပြီး ယခုသေဆုံးခဲ့သူသုံးဦးသည် အဆိုပါ ဓားစာခံများထဲတွင် ပါဝင်သူများဖြစ်သည်။ “ရှီဂျိုင်ယာရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အစ္စရေးဓားစာခံသုံးဦးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှားယွင်းယူဆခဲ့ပြီး ပစ်ခတ်မိခဲ့တာကြောင့် ဓားစာခံတွေ သေဆုံးခဲ့ပါတယ်။ IDF အနေနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း၊ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူပူဆွေးမိပါတယ်”ဟု IDF ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက ပြေကြားခဲ့သည်။ သေဆုံးခဲ့သည့် ဓားစာခံများ၏ အလောင်းများကို အစ္စရေးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး သေဆုံးသူများသည် ဟာအင်မ် (၂၈ နှစ်အရွယ် ဒရမ်တီးခတ်သူ) ၊ အယ်တာလယ်ကာ (၂၅ နှစ်အရွယ် ဘီဒူအင်အမျိုးသား)နှင့် ရှမ်ရစ်ဇ် (၂၆ နှစ်အရွယ် အမျိုးသား)တို့ ဖြစ်ကြောင်း စစ်ဆေးမှုများအရ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့၏ သေဆုံးမှုသည် ဖြေမဆည်နိုင်လောက်သည့် ဝမ်းနည်းမှုဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖော်ပြခဲ့သည်။…

Read More

ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များသည် ပင်လယ်ရေကြောင်းသွားလာမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ခဲ့သည့် ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ထုတ်ပြန်ကြေညာချက်မူကြမ်းကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ ကြီးထွားလာစဉ် ယင်းထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။ အမေရိကန်၏ နီးကပ်သော မဟာမိတ်ဖြစ်သည့် ဂျပန်သည်လည်း နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍တရုတ်နှင့် အငြင်းပွားလျက်ရှိသည်။ ဂျပန်သည် စစ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ခဲ့ပြီး တောင်ကိုရီးယား၊ သြစတြေးလျ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများနှင့်လည်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ထိပ်သီးအစည်းအဝေး အပြီးသတ်ထုတ်ပြန် ကြေညာချက်တွင် ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများသည် ပင်လယ်ရေကြောင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အပါအဝင်လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် ကတိကဝတ်ပြုမည်ဟု ဖော်ပြထားသည်။ မကြာသေးမီက ဖိလစ်ပိုင်နှင့် တရုတ်အကြား ပေါက်ကွဲလုနီးပါး အခြေအနေရှိနေသည့် တောင်တရုတ်ပင်လယ်ရှိ ကျောက်တန်းများအနီးတွင် နှစ်ဖက်သင်္ဘောအချင်းချင်း ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် အန္တရာယ်ရှိသော လုပ်ရပ်များအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဂျပန်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဝင်တိုက်မိခြင်းနှင့် တရုတ်သင်္ဘောများက…

Read More

ထူးထူးခြားခြား ယခုနှစ်တွင် မြောက်ကိုရီးယားသည် မကြာသေးမီက ပြုလုပ်ခဲ့သော ဒေသဆိုင်ရာရွေးကောက်ပွဲများအတွက် မဲစာရင်းတွင် ကိုယ်စားလှယ်လောင်းတစ်ဦးမက ခွင့်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စတင်အသုံးပြုခဲ့သော ဥပဒေသစ်အရ မဲဆန္ဒရှင်များကို မြောက်ကိုရီးယား၏ဒေသ န္တရလွှတ်တော်များနှင့် ဒေသဆိုင်ရာလွှတ် တော်များအတွက် ကိုယ်စားလှယ်နှစ်ဦးကို ယခုအခါ ရွေးခိုင်းထားသည်။ ထို့နောက် ဒုတိယအကြိမ်မဲပေးရာတွင် မဲဆန္ဒရှင်များသည် အစိမ်းရောင်မဲပုံး (သဘောတူ) သို့မဟုတ် အနီရောင် မဲပုံး (ကန့်ကွက်)ထဲတွင် ၎င်းင်းတို့၏ မဲလက်မှတ် များကိုထည့်ခြင်းဖြင့် အနိုင်ရကိုယ်စားလှယ် ကိုသဘောတူသို့မဟုတ်ကန့်ကွက်ဟု ရွေး ကြရသည်။ ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာန ကပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယား ၏အပြောင်းအလဲများကို ပယ်ချထားသည်။ မြောက်ကိုရီးယားပြည်သူများ စီးပွားရေး အခက်အခဲများကြုံနေရချိန်တွင ်ဒီမိုကရေစီ သရုပ်သကန်ကို ပုံဖော်ရန် ကြိုးပမ်းမှုဟုဆို သည်။ ထို့အပြင် နိုင်ငံတကာစင်မြင့်ထက် တွင် နိုင်င့ံဂုဏ်သိက္ခာကို မြှင့်တင်ရန် ကြိုး ပမ်းမှုဟု ဆိုသည်။ ကိုယ်စားလှယ်အားလုံးကို နိုင်ငံတော် ကရွေးချယ်ပေးရုံသာမက မဲပုံးအားလုံးကို လည်းအနီးကပ်စောင့်ကြည့်နေခြင်းတို့ ကြောင့် ပြုပြုင်ပြောင်းလဲရေးမဟုတ်ဟု ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ဌာန၏ပြောရေးဆိုခွင့်ရှိသူကပြောကြား သည်။ ထို့ကြောင့် ဤပြုပြင်ပြောင်းလဲမှု၏ အတိုင်းအတာနှင့်စပ်လျဉ်း၍ သံသယဖြစ် စရာ အများအပြား ရှိနေသည်။ ရလဒ်များသည် ခန့်မှန်းနိုင်ဆဲဖြစ်သည် ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA ၏ထုတ်ပြန်ချက်အရ သိရသည်။ မဲဆန္ဒရှင်ပြည်သူ ၉၉ ရာခိုင်နှုန်းခန့်က အတည်ပြုထားသော ကိုယ်စားလှယ် လောင်းများကို မဲပေးနေဆဲဖြစ်သည်ဟု ဆို သည်။ ဒီမိုကရေစီဆန်သော အပြောင်းအလဲ မှန်သမျှသည် မြောက်ကိုရီးယား၏အစဉ်…

Read More

နိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှု၊ လျှပ်စစ်မီးပြတ်တောက်ချိန်များလာမှု၊ စားသုံးဆီဈေနှုန်း ကြီးမြင့်လာမှု တို့ကြောင့် မန္တလေးမြို့ရှိ အသေးစား၊ အလတ်စား (SME) စက်မှုကုန်ထုတ်လုပ်ငန်းများ အပါအဝင် အိမ်တွင်းလုပ်ငန်းများပါ ရပ်နားလာကြကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ထိုသို့ ရပ်နားရမှုတွင် လမ်းဘေးအကြော်ဆိုင်မှသည် အလတ်စား စက်မှုလုပ်ငန်းများထိ ပါဝင်နေကာ ဆံသ၊ အလှပြင်ဆိုင်၊ အကြော်စုံလုပ်ငန်း၊ ကျောက်သွေး၊ သံဂဟေ၊ ကွန်ပျူတာစာစီစာရိုက်၊ ပုံနှိပ်မိတ္တူကူး၊ ဖုန်းပြုပြင်ရေးလုပ်ငန်း စသည့် တပိုင်တနိုင် အိမ်တွင်းလုပ်ငန်းအားလုံးနီးပါး ရပ်နားထားရကြောင်း သိရသည်။ စက်မှုဇုန်အတွင်းရှိ သံအရည်ကြိုစက်ရုံတခုမှ မန်နေဂျာတဦးက “အဓိက အရေးကြီးဆုံးက လျှပ်စစ်မီးပေါ့။ လက်ရှိ မီးပျက် တာကြာလာတော့ လုပ်ငန်းတွေ ထိခိုက်မှာစိုးလို့ မီးစက်နှိုးမယ်ဆိုတော့ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကတည်းက ဆီက အလွယ်တကူ ဝယ်လို့မရ၊ ဝယ်လို့ရပြန်တော့လည်း ခွဲတမ်းနဲ့။ ပြီးတော့ အဲဒီဆီရဖို့အရေး အချိန်ပေးရတာကြောင့် အလုပ် လုပ်ရမယ့် လူအင်အားလျော့ဆိုတော့ အတော့်ကိုစိတ်ညစ်စရာကြီးပါဗျာ။ ပြီးတော့ ဆီကလည်း လိုသလောက်မရတဲ့အပြင် ဈေးကပါကြီးနေတာမို့ လောလောဆယ် အလုပ်တွေနားထားတယ်” ဟု ရှင်းပြသည်။ လျှပ်စစ်မီး အချိန်ကြာမြင့်စွာပျက်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်တက်ကာ လိုသလောက်ဝယ်ယူ၍မရနိုင်ခြင်း၊ ဒေါ်လာ ဈေး၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ပြီး စက်သုံးဆီ အလွယ်တကူ ဝယ်မရခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက်လုပ် ကိုင်နိုင်ရန် အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များက ဆိုသည်။ မဟာအောင်မြေမြို့နယ်အတွင်းမှ ပုံနှိပ်လုပ်ငန်းရှင်တဦးက “လျှပ်စစ်မီးမမှန်တော့ လုပ်ငန်းတွေ အချိန်မီပြီးဖို့အတွက် မီးစက်မောင်းရတယ်။ အခု ဆီဈေးတွေက တက်တဲ့အပြင် အလွယ်တကူ…

Read More

လွန်ခဲ့သောလတွင် ကယား (ကရင်နီ) ပြည်နယ် မြို့တော်လွိုင်ကော်ကို သိမ်းပိုက်ရန် တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ထွက်ပြေးသည့် ဒေသခံများ ချန်ထားခဲ့သည့် အိမ်မွေးတိရစ္ဆာန်များသည် အစားအသောက်နှင့် ဆက်လက်ရှင်သန်ရေးအတွက် စေတနာ့ဝန်ထမ်းများကို မှီခိုနေရသည်။ သို့သော် လွိုင်ကော်ရှိ ရပ်ကွက် ၁၃ ခုအနက် အချို့သည် ဝင်ရောက်ရန် အလွန် အန္တရာယ်များသောကြောင့် ၎င်းတို့အနေဖြင့် အကန့်အသတ်ဖြင့်သာ လုပ်နိုင်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း နောက်ဆုံးတွင် ထွက်ပြေးသူများနောက်သို့ လိုက်ရနိုင်ကြောင်း စေတနာ့ ဝန်ထမ်းများက ပြောသည်။ ကိုမြတ်နှင့် သူ၏ဇနီးတို့သည် ၎င်းတို့ အိမ်ရှေ့သို့ ခွေးများ စတင်ရောက်လာသည့် လွန်ခဲ့သောလလယ်မှ စတင်ပြီး လူမနေတော့သည့် အိမ်များမှ ခွေးများ၊ ကြောင်များကို စတင် အစာကျွေးခဲ့သည်။ “ကျနော်တို့အိမ်က ခွေး ငါးကောင်ကို အစာကျွေးဖို့ ပြင်ဆင်တော့ ရပ်ကွက်ထဲက တခြားခွေးတွေ အိမ်ရှေ့ကို ရောက်လာတယ်။ ကျနော်တို့က သူတို့ကို သနားပြီး အခု ကျနော်နဲ့ ကျနော့်ဇနီးက တခြား ရပ်ကွက်က ခွေးတွေ ကြောင်တွေကိုလည်း နေ့တိုင်းအစာကျွေးနေတယ်” ဟု ကိုမြတ်က ရှင်းပြသည်။ ၎င်းတို့၏ ရပ်ကွက်ဖြစ်သော နန့်ပေါ်ဝန် ရပ်ကွက်သည် တိုက်ပွဲဖြစ်သည့်နေရာနှင့် အနည်းငယ်ဝေးပြီး အခြားနေရာများနှင့် ယှဉ်လျှင် ငြိမ်းချမ်းသောကြောင့် သူနှင့် သူ့ဇနီး မသူ တို့သည် အိမ်တွင် ဆက်လက် နေထိုင်နေခြင်း ဖြစ်သည်။ မဟာမိတ် တော်လှန်ရေးတပ်များက ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်သောအခါ လွိုင်ကော်တွင် တိုက်ပွဲများ ဖြစ်ပွားသည်။…

Read More