ထူးထူးခြားခြား ယခုနှစ်တွင် မြောက်ကိုရီးယားသည် မကြာသေးမီက ပြုလုပ်ခဲ့သော ဒေသဆိုင်ရာရွေးကောက်ပွဲများအတွက် မဲစာရင်းတွင် ကိုယ်စားလှယ်လောင်းတစ်ဦးမက ခွင့်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စတင်အသုံးပြုခဲ့သော ဥပဒေသစ်အရ မဲဆန္ဒရှင်များကို မြောက်ကိုရီးယား၏ဒေသ န္တရလွှတ်တော်များနှင့် ဒေသဆိုင်ရာလွှတ် တော်များအတွက် ကိုယ်စားလှယ်နှစ်ဦးကို ယခုအခါ ရွေးခိုင်းထားသည်။
ထို့နောက် ဒုတိယအကြိမ်မဲပေးရာတွင် မဲဆန္ဒရှင်များသည် အစိမ်းရောင်မဲပုံး (သဘောတူ) သို့မဟုတ် အနီရောင် မဲပုံး (ကန့်ကွက်)ထဲတွင် ၎င်းင်းတို့၏ မဲလက်မှတ် များကိုထည့်ခြင်းဖြင့် အနိုင်ရကိုယ်စားလှယ် ကိုသဘောတူသို့မဟုတ်ကန့်ကွက်ဟု ရွေး ကြရသည်။
ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာန ကပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယား ၏အပြောင်းအလဲများကို ပယ်ချထားသည်။ မြောက်ကိုရီးယားပြည်သူများ စီးပွားရေး အခက်အခဲများကြုံနေရချိန်တွင ်ဒီမိုကရေစီ သရုပ်သကန်ကို ပုံဖော်ရန် ကြိုးပမ်းမှုဟုဆို သည်။ ထို့အပြင် နိုင်ငံတကာစင်မြင့်ထက် တွင် နိုင်င့ံဂုဏ်သိက္ခာကို မြှင့်တင်ရန် ကြိုး ပမ်းမှုဟု ဆိုသည်။
ကိုယ်စားလှယ်အားလုံးကို နိုင်ငံတော် ကရွေးချယ်ပေးရုံသာမက မဲပုံးအားလုံးကို လည်းအနီးကပ်စောင့်ကြည့်နေခြင်းတို့ ကြောင့် ပြုပြုင်ပြောင်းလဲရေးမဟုတ်ဟု ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ဌာန၏ပြောရေးဆိုခွင့်ရှိသူကပြောကြား သည်။ ထို့ကြောင့် ဤပြုပြင်ပြောင်းလဲမှု၏ အတိုင်းအတာနှင့်စပ်လျဉ်း၍ သံသယဖြစ် စရာ အများအပြား ရှိနေသည်။
ရလဒ်များသည် ခန့်မှန်းနိုင်ဆဲဖြစ်သည် ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA ၏ထုတ်ပြန်ချက်အရ သိရသည်။ မဲဆန္ဒရှင်ပြည်သူ ၉၉ ရာခိုင်နှုန်းခန့်က အတည်ပြုထားသော ကိုယ်စားလှယ် လောင်းများကို မဲပေးနေဆဲဖြစ်သည်ဟု ဆို သည်။ ဒီမိုကရေစီဆန်သော အပြောင်းအလဲ မှန်သမျှသည် မြောက်ကိုရီးယား၏အစဉ် အဆက်အုပ်ချုပ်လာသော အာဏာတည် ဆောက်ပုံကို ပြောင်းလဲပေးလိမ့်မည်မဟုတ် ဟု ယူဆရသည်။ ကင်ဂျုံအွန်သည် နောက် လာမည့် “ချစ်လှစွာသော ခေါင်းဆောင်” အလောင်းအလျာကို လက်သပ်မွေးနေသည် ဟု ထင်ရသည်။ ကင်ဂျုံအွန်မွေးနေသော ခေါင်းဆောင်သစ်မှာ သားလေးမဟုတ်ဘဲ သမီးလေးဖြစ်နေပါသည်။
ကင်ဂျုံအွန်၏သားသမီးများအ ကြောင်းကို အပြင်လူများ နည်းနည်းသာ သိ ကြသည်။ ကင်ဂျုံအွန်တွင် သားသမီးသုံးဦး ရှိသည်ဟု ဆိုသည်။ မိန်းကလေးနှစ်ဦးနှင့် ယောကျ်ာလေးတစ်ဦးတို့ဖြစ်သည်ဟု ဆို သည်။ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်း နှင့်ရင်းနှီးသော အမေရိကန်ဘက်စကတ် ဘောကစားသမား ဒင်းနစ်ရော့မန်းက ကင်တွင် မွေးကင်းစသမီးလေး ချူးအေရှိသည်ဟု ၂၀၁၃ ခုနှစ်တုန်းက ပြောခဲ့ဖူးသည်။ ယခု အခါ ချူးအေသည် အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ် အရွယ်ရှိနေပါလိမ့်မည်။
သူ့ပုံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် မြောက်ကိုရီးယား အစိုးရသတင်းစာ ရိုဒေါင်ရှင်မွန်းတွင် ပထမဆုံးတွေ့ရသည်။ ဘေးတွင် ကင်လည်း ပါသည်။ သူသည် မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်မှုကိုလာရောက်ကြည့်ရှုသည့် ကင် ဂျုံအွန်နှင့်အတူ ပါလာခြင်းဖြစ်သည်။
ထို့နောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် သူ့ကို မြောက်ကိုရီးယား၏ ကိုရီး ယားစင်ထရယ် ရုပ်မြင်သံကြားတွင် ထပ်မံ တွေ့ရသည်။ ယခုတစ်ကြိမ်တွင် သူသည် ဖခင်နှင့်အတူ နျူကလီးယားထိပ်ဖူးများ ကို လာရောက်ကြည့်ရှုခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် သူသည် မြောက်ကိုရီးယားစစ်တပ် တည် ထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်ပွဲ ကို ကင်နှင့်အတူတက်ရောက်ခဲ့သည်။
အစဉ်အလာအားဖြင့် မြောက်ကိုရီး ယားခေါင်းဆောင်သည် စစ်တပ်၊ ပါတီ၊ ပြည် သူဆိုသည့် သုံးဦးသုံးဖလှယ် ထိန်းကြောင်းမှု ဖြင့် အာဏာကို ကိုင်စွဲထားခြင်းဖြစ်သည်။ ထို့ကြောင့် ချူးအေသည် အဆိုပါလမ်း ကြောင်းပေါ်တွင် ဆက်လက်ရှိ နေမလားဆို သည်ကို အကဲခတ်များက စောင့်ကြည့်နေ ကြပါလိမ့်မည်။
ကင်နန်းဆက်တွင် ပထမဆုံး ခေါင်း ဆောင်ဖြစ်သော ကင်အီဆွန်သည် ၎င်း၏သား ကင်ဂျုံအီ အသက် ၃၀ ကျော်အရွယ် ၁၉၇၀ ပြည့်နယ် အစောပိုင်းကာလများတွင် အာဏာအတွက် သားကို စတင် လက်သပ် မွေးခဲ့သည်။ ကင်ဂျုံအီကို ကိုရီးယားအလုပ်သမားများပါတီ KWP တွင် ဒုတိယခေါင်း ဆောင်အဖြစ် ၁၉၇၃ ခုနှစ် စက်တင်ဘာလ ထဲတွင် ကြေညာခဲ့သည်။ ၁၉၇၄ ခုနှစ် ဖေ ဖော်ဝါရီလတွင် ကင်ဂျုံအီကို ပါတီဗဟိုကော် မတီ၏ နိုင်ငံရေးဌာနသို့ ရွေးကောက်တင် မြှောက်ခဲ့သည်။
ကင်ဂျုံအီသည် နောက်လာမည့် နှစ်အ နည်းငယ်အတွင်း ၎င်းင်း၏အာဏာကို စုစည်း ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလ တွင် ဆဋ္ဌမအကြိမ်မြောက် KWP ပါတီ၏ ကွန်ဂရက်$ ကင်ဂျုံအီကို ၎င်းင်း၏ဖခင်နေရာ တွင် ဆက်ခံသူအဖြစ် တရားဝင်ရွေးချယ်ခဲ့ သည်။
၁၉၉၁ ခုနှစ် စက်တင်ဘာတွင် ကင်ဂျုံအီကို ကိုရီးယားစစ်တပ်၏စစ်သေနာပတိအ ဖြစ်ကြေညာခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကင်အီဆွန်က ၎င်းင်း၏သားသည် ဒီမိုကရက် တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်တွင်းရေးရာ အားလုံးကို တာဝန်ယူမည်ဟု အများသိ အောင်ကြေညာခဲ့သည်။ ကင်ဂျုံအီသည် ၁၉၉၂ ခုနှစ်တွင် ပြည်သူကို ပထမဆုံး မိန့် ခွန်းပြောကြားခဲ့သည်။
အသက် ၈၂ နှစ်အရွယ်တွင် ကင်အီဆွန် ကွယ်လွန်သည့် ၁၉၉၄ ခုနှစ်ခန့်တွင် ၎င်း၏သားကို စစ်တပ်၊ ပါတီ၊ ပြည်သူ သုံးဦး သုံးဖလှယ် ထိန်းကြောင်းမှုပုံစံဖြင့် မှန်မှန် ကန်ကန် စနစ်တကျ မွေးခဲ့သည်။
သို့ရာတွင် ခေါင်းဆောင်နေရာကို ဆက်ခံရေးသည် ကင်ဂျုံအွန်အတွက် ချော မွေ့မှုမရှိခဲ့ပါ။ ၎င်း၏ဖခင်သည် ၂၀၁၁ ခုနှစ် တွင် ရုတ်တရက် မမျှော်လင့်ဘဲ ကွယ်လွန်ခဲ့ ခြင်းကြောင့် ဖြစ်သည်။
ကင်ဂျုံအီသည် ခေါင်းဆောင်မှုအ တွက် ၎င်း၏တတိယမြောက်သားကို ၂၀၀၂ ခုနှစ်တွင် စတင် လက်သပ်မွေးခဲ့သည်။ အကြီးဆုံးသားနှစ်ယောက်ကို ကျော်ပြီး တတိ ယမြောက်သားကို ခေါင်းဆောင်နေရာ အ တွက် စတင် လက်သပ်မွေးခြင်းဖြစ်သည်။ အကြီးဆုံးသား ကင်ဂျုံနမ်သည် အရည်အချင်းမမီခဲ့ပေ။ ကင်ဂျုံနမ်၏ မိခင်သည် တောင်ကိုရီးယားမှဖြစ်သည်။ ကင်ဂျုံနမ် မိ ခင်ဘက်က မိသားစုဝင်အချို့သည် ဘက် ပြောင်းသွားသူများဖြစ်သည်။ ဒုတိယ မြောက်သား ကင်ဂျုံချိုလ်ကို မြောက်ကိုရီး ယားခေါင်းဆောင်အဖြစ် ရွေးတော့မည်ဟု ထင်မှတ်ခဲ့ရသည်။ သို့ရာတွင် ကင်ဂျုံချိုလ် သည် ရည်မှန်းချက်မရှိဟုဆိုကာ ရွေးချယ်မ ခံရပေ။
ကင်ဂျုံအွန်နှင့်ပတ်သက်၍ စိုးရိမ်စရာ အချက်များရှိနေသည်။ မြောက်ကိုရီးယား၏ တင်းကျပ်သော ဇာတ်ခွဲခြားမှုစနစ်အရ ကင်ဂျုံအွန်၏မိခင် ကိုယုံယီသည် ဇာတ်နိမ့် ထဲကဖြစ်ပြီး ဂျပန်ရောက် ကိုရီးယားအနွယ် မှ မွေးလာသူဖြစ်သည်။ ကင်ဂျုံအီသည် ကိုယုံယီ၏ မသင့်လျော်သော ဇာစ်မြစ်များ ကို မှေးမှိန်ပစ်ရေးအတွက်တရားဝင်မှတ် တမ်းများကို ဖယ်ရှားရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
ဆွစ်ဇာလန်ရှိ အပြည်ပြည်ဆိုင်ရာ ကျောင်းမှ ဘွဲ့ရလာသောကင်သည် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပြုံယမ်းရှိ အမျိုး သားစစ် ကောလိပ်ကျောင်းကို တက်ရောက် ခဲ့သည်။ ခေါင်းဆောင်မှုအတွက် ကင်ဂျုံအွန် ကိုမွေးနေပြီဆိုသည့်သတင်းများသည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် စ တင်ထွက်ပေါ်လာခဲ့သည်။ ၎င်းင်းကို ကြယ် လေးပွင့်အဆင့်နှင့်ညီသော ဗိုလ်ချုပ်ကြီးရာ ထူးတွင်ခန့်အပ်ခဲ့ပြီး ၎င်းင်း၏ဖခင်နှင့်အတူ KWP ပါတီ၏ ၆၅ ကြိမ်မြောက်နှစ်ပတ် လည်ပွဲကို တက်ရောက်ခဲ့ချိန်တွင် ကင်ကို ခေါင်းဆောင်အဖြစ်မွေးနေသည့်သတင်း များထွက်လာခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲတွင် ကင် ဂျုံအီကွယ်လွန်သည့်အခါ ၎င်းင်း၏သားကို သင်တန်ပေးမှုသည် မပြီးပြတ်ဘဲရှိနေ သည်။ ကင်၏အနေအထားကအားနည်းနေ ရာ စစ်တပ်နှင့်ပါတီတို့ကို လျင်မြန်စွာထိန်း ချုပ်ရန်လုပ်ဆောင်ခဲ့ရသည်။
နှစ်အနည်းငယ်တွင်ကင်သည် ဖြုတ်ထုတ်သတ်ကိစ္စများဆက်တိုက်လုပ်ကာ ၎င်း၏ ရာထူးကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ရာ KWP ပါတီထဲကမကောင်းသူများကို ဖယ်ရှားသည်ဆိုကာ ဦးလေးဖြစ်သူဂျန်ဆောင် သက်ကို လက်မရွံ့တပ်သားများဖြင့် အပြတ် ရှင်းခဲ့သည်။