Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 6
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Uncategorized 1 Views

”အေအိုင်နည်းစနစ်နှင့် အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းများ”

December 17, 20232 Mins Read
Share
Facebook Twitter

အင်္ဂလိပ်ဝေါဟာရအားဖြင့် Artificial Intelligence၊ အတိုကောက်အားဖြင့် အေအိုင်(AI) ဟုခေါ်နေသည့် လူသားတစ်ဦး၏ဦးနှောက်ကဲ့သို့ (လူသားဦးနှောက်နှင့်သာလွန်သည်ဟုဆိုသည့် အခြေအနေရောက်ရှိလာပြီဟု သုံးသပ်ကောက်ချက်ချနေကြသည်။) အရည်အသွေးရှိသော ဉာဏ်ရည်တုသည် ယနေ့လူပြောများ၊ အသုံးများ၊ ခေတ်စားလာသည့် အဆင့်မြင့်ကွန်ပျူတာနည်းပညာရပ်ဟု နားလည်သဘောပေါက်ကြသည်။ လူသားများကဲ့သို့ စဉ်းစားတွေးခေါ်နိုင်မှု၊ သင်ယူနိုင်မှုပြုလုပ်နိုင်သည့် ကွန်ပျူတာဦးနှောက် အေအိုင်သည် လူသားတို့အခြေအနေများကို အလိုအလျောက်သင်ယူနိုင်သည်ဟုဆိုသည်။ အချို့သောကိစ္စရပ်များကို (ဥပမာစစ်တုရင်ထိုးခြင်း၊ ဂိမ်းကစားခြင်းစသည့် အရာများ) လေ့ကျင့်ပေးရန်လိုသည်။ သို့သော် လေ့ကျင်၍ ကျွမ်းကျင်စွာတတ်မြောက်သွားပါက လူသားများပြုလုပ်နိုင်သည်ထက် သာလွန်သော စွမ်းရည်ဖြင့်ပြုလုပ်နိုင်သည်ဟုလည်းဆိုသည်။

လောကသဘာဝအရ အကောင်းအဆိုးရှိစမြဲဖြစ်ရာ လူသားတို့ထက်သာလွန်စွာ စွမ်းဆောင်နိုင်သော၊ လူသားတို့ကို များစွာအထောက်အကူပြုနိုင်သော အေအိုင်နည်းပညာအပေါ် စိုးရိမ်ရမည့်အခြေအနေများနှင့်ပတ်သက်၍လည်း စိုးရိမ်မှုနှင့်အတူ စဉ်းစားလာကြသည်။

ယခုအချိန်တွင် အေအိုင်နှင့်ပတ်သက်၍ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်လျက်ရှိနေကြသည်။ ဆွေးနွေးမှုအများစုကိုလေ့လာကြည့်လျှင် အေအိုင်သည် စွမ်းဆောင်ရည်မြင့်မားလွန်းသော်လည်း လူသားတို့အတွက် ယုံကြည်စိတ်ချရသော (Trustworthy) အခြေအနေရှိ၊ မရှိ ဆိုသည့်အချက်ကို အဓိကစူးစိုက်အာရုံထားနေကြသည်ကိုတွေ့ရသည်။ အေအိုင်နည်းစနစ်သည် အချက်အလက်ဆိုင်ရာ ကိုယ်ရေးကိုယ်တာလုံခြုံမှု (Data Privacy) အခြေအနေသေချာမှုရှိစေ ရေးလုပ်ဆောင်နေစဉ် တစ်ဖက်စောင်းနင်းအခြေအနေများမှကင်းလွတ် (Free of Bias ) ၍ အမှန်တကယ်အသုံးဝင်သော (Really Useful) ၊ ယုံကြည်စိတ်ချရသောရလဒ်များ (Reliable Results) ကို ထုတ်ပေးနိုင်ပါသလားဟူသော မေးခွန်းထွက်လာသည်။ အေအိုင်နှင့်ပတ်သက်၍ အထူးပြုလေ့လာနေသော Frontiers in Artificial Intelligence ဂျာနယ်ပါ စာတမ်းသစ်တစ်စောင်တွင် ယခင်နှင့်မတူသော မေးခွန်းတစ်ခု ထွက်လာပြန်သည်။ “အေအိုင်သည်စွမ်းဆောင်ရည် အလွန်အမင်းမြင့်မားနေလျှင် မည်သို့လုပ်ကြမည်နည်း” ဟူ၍ ကယ်လီဖိုးနီးယားတက္ကသိုလ် (ဒေးဗတ်စ်) ရှိ မျိုးဆက်သစ်အစားအသောက်များ လေ့လာမှုနှင့် ပတ်သက်သည့် အေအိုင်အင်စတီကျူ (AI Institute for Next Generation Food Systems) မှ ပါရဂူဘွဲ့လွန် သုတေသနပညာရှင် Carrie Alexander က အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းနှင့် အေအိုင်နည်းပညာဆက်စပ်မှု၊ အသုံးပြုနိုင်မှုတို့နှင့်ပတ်သက်၍ လူအချို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

၎င်းတွေ့ဆုံမေးမြန်းခဲ့သည်သူများတွင် အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရပ်နှင့်ဥပဒေ ကျွမ်းကျင်သူများလည်းပါဝင်သည်။ တွေ့ဆုံမေးမြန်းဆွေးနွေးမှုများမှ ပေါ်ထွက်လာသည့် သိသာထင်ရှားသော အကြောင်းတစ်ရပ်မှာ “အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းတွင် ကျယ်ပြန့်၊ အဆင့်မြင့်၊ကောင်းမွန်သောနည်းပညာဖြစ်သည့် အေအိုင်ကို အသုံးပြုခြင်းခြင့် လုပ်ငန်းလည်ပတ်မှုများတွင် ဘေးအန္တရာယ်အသစ်များ၊ ထပ်မံဖြစ်ပေါ်လာ နိုင်သည့် အခြား သောကုန်ကျစရိတ်များ၊ သတိမထားမိဘဲ ဖြစ်ပေါ် လာနိုင်ခြင်းရှိ/မရှိ ထည့်သွင်းစဉ်း စားလာကြ ခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ အစားအသောက်လုပ်ငန်းတစ်ခုတွင် အသုံးပြုနေသည့် အေအိုင်စနစ်သည် ရောဂါဖြစ်စေနိုင်သော ပိုးမွှားများနှင့်အတူ ညစ်ညမ်းမှုများ (အဆိပ်အတောက်များ၊ ပိုးမွှားများ) ဖြစ်လာနိုင်ခြင်းဖြစ်သည်။

ထိုအချက်အလက်များသည် အများပြည်သူအတွက် အကျိုးရှိနိုင်သည်။ သို့သော် ဘေးအန္တရာယ်များသည် အလွန်သေးငယ်သည်ဟုဆိုသည့်တိုင် သက်ဆိုင်သည့် လုပ်ငန်းတစ်ခုအတွက် ဥပဒေနှင့်အညီ တာဝန်ယူမှု တာဝန်ခံယူကိစ္စမှာ ကြီးမားသွားနိုင်သည်။ ထို့ကြောင့် အေအိုင်နှင့်အတူ ဥပဒေသစ်ရေးဆွဲမှုများ၊ စီးပွားရေးဆိုင်ရာ ဖွဲ့စည်းမှုများကိုပြင်ဆင်လုပ်ကိုင်ထားမှုမရှိပါက မလွယ်။ ထိုသို့ပြုလုပ်နိုင်ခြင်းမရှိပါက အေအိုင်ကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မှုမှာ နည်းပါးလိမ့်မည်ဟု Carrie Alexander ကထောက်ပြသည်။

Carrie Alexander နှင့် ပူးတွဲလုပ်ဆောင်နေသည့် ကော်နဲလ်တက္ကသိုလ်မှ ပါမောက္ခ Renata Ivanek နှင့် UC Davis Department of Agricultural and Resource Economics မှ ပါမောက္ခ Aaron Smith တို့က အေအိုင်စနစ်ကိုအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းများ ဘေးအန္တရာယ်လျော့ပါးစေရန်နှင့် အကျိုးကျေးဇူးကိုဖော်ထုတ်နိုင်ရေး နည်းလမ်းများကိုရှာဖွေနေစဉ် အခြားတစ်ဖက်၌လည်း အေအိုင်စနစ်ကို စတင်အသုံးပြုမည့်လုပ်ငန်းများအတွက် အေအိုင်စနစ်ကို ချဉ်းကပ်နိုင်မည့် နည်းလမ်းများကိုရှာဖွေနေကြသည်။ လက်ရှိစဉ်းစားနေမှုများသည် တရားရုံးများ၊ ဥပဒေပြုသူများနှင့် အစိုးရအေဂျင်စီများအတွက် အေအိုင်နှင့်ပတ်သက်၍ ပြင်ဆင်ရမည့်ကိစ္စများအပေါ် ပြင်ဆင်လုပ်ဆောင်နိုင်ရန် အချိန်ပေးထားခြင်းလည်းဖြစ်သည်။ တရားဥပဒေနှင့်အညီ၊ နိုင်ငံရေးအခြေ အနေနှင့်အညီ၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပိုမိုအဆင်မြင့်လာမည့် အေအိုင်နည်းစနစ်ကို လူ့့အဖွဲ့အစည်းအတွက် ထိထိရောက်ရောက်၊ အကျိုးဖြစ်ထွန်းမှုများများဖြင့် အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်စရာများစွာရှိနေသည်။

“အေအိုင်နည်းပညာကို စမ်းသပ်သုံးစွဲရန်နှင့် လက်ခံအသုံးပြုနိုင်ရန် စီးပွားရေးလုပ်ငန်းများအတွက်နည်းလမ်းများလိုအပ်နေသည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီငယ်များအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများလိုအပ်ပြီး ထိုသို့ကူညီမှုများပေးကာ အထောက်အကူများစွာဖြစ်နိုင်သည်ဟု သုတေသနပညာရှင် Alexande က သုံးသပ်ထားသည်။ ၎င်းက အေအိုင်နည်းစနစ်အသုံးပြုမှုနဲ့ပတ်သက်တဲ့ သုတေသနတွေ၊ ဆွေးနွေးမှုတွေ အများကြီးကို ကျွန်တော်တို့ တကယ်ကို မျှော်လင့်နေပါတယ်။ ဒီအတွက် ကျွန်တော်အားလုံး ဝိုင်းဝန်းဖြေရှင်းဖို့လိုပါတယ်” ဟု ထပ်လောင်း ပြောထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်သားများ၏ မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေးဓားစာခံ သုံးဦး သေဆုံးခဲ့သည့်ဖြစ်စဉ်အတွက် အစ္စရေးစစ်တပ်က ဝမ်းနည်းကြောင်းထုတ်ပြန်
Next Article အသင်းကစားသမားများအနေဖြင့် နည်းပြ တန်ဟက်ဂ်အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း မန်ယူဝါရင့်နောက်ခံကစားသမား အီဗန်စ်ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.