လူ ၂၀,၀၀၀ ကျော်သေဆုံးထားသည့် ဂါဇာကမ်းမြောင်၏အတွင်းပိုင်းတွင် အစ္စရေး စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသောကြောင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် နောက်ထပ်လပေါင်းများစွာ ကြာသွားလိမ့်မည်ဟု အစ္စရေး စစ်တပ်အကြီးအကဲက သတိပေးခဲ့သည်။ အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တရိပ်ရိပ်မြင့်တက်လာခြင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများက…

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများ ကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ ပြီး အိမ်ထောင်စုပေါင်းသောင်းချီရေဘေးသင့်ခဲ့ရသည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်က စတင်ခဲ့သောရေ ကြီးမှုများသည် စထွန်း၊ ဆောင်ခလာ၊ပတ်တနီ၊ ရာလာနှင့် နာရာသီဝက်ပြည်နယ်တစ်ဝန်းရှိ နေအိမ်…

မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် တရားမဝင်ဆိုက်ဘာ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက မြောက်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီအကြီးအကဲကို ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြား ခဲ့သည်။ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်…

အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြ ဆောက်ဂိတ်က လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်အသင်းနှင့် လမ်းခွဲ၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဆောက်ဂိတ်(၅၃ နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်မှာ ယူရို -၂၀၂၄ ပြိုင်ပွဲအပြီးတွင်…

အာဆင်နယ်အသင်းသည် Boxing Day မတိုင်မီ ခရစ္စမတ်နေ့တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးရပ်တည်နိုင်သည့် ယခင် သုံးကြိမ်စလုံး ဗိုလ်စွဲနိုင်ခြင်းမရှိကြောင်း မှတ်တမ်းများက ဖော်ပြခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဖြစ် ပြောင်းလဲပြီးနောက် အမှတ်ပေးချန်ပီယံဖလားကို ၁၉၉၇-၉၈၊ ၂၀၀၁-၀၂၊ ၂၀၀၃-…

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် လက်တွဲမည့် တိုက်ခိုက်ရေးအဖွဲ့အစည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ One Championship အဖွဲ့အစည်းအပြင် အခြားအဖွဲ့အစည်း နှစ်ခုနှင့်လည်း ဆွေးနွေးနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ အောင်လအန်ဆန်သည် ကာလရှည်လက်တွဲခဲ့သည့် One Championship နှင့် စာချုပ်သက်တမ်းတိုးရန်…

အော်စကာဆုရတောင်ကိုရီးယားရုပ် ရှင်ဇာတ်ကား Parasite တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ်ရှိ မင်းသား လီဆန်းဂျွန် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ လီဆန်းဂျွန်၏အေဂျင်စီ Hondu & U Entertainment က…

ရန်ဘီကပူးနှင့်အလီယာဘတ်တို့ ဇနီးမောင်နှံက သမီးဖြစ်သူရာဟာကပူးကို မွေးကတည်းက ကလေးမျက်နှာကို မီဒီယာသို့ချပြခဲ့ခြင်းမရှိဘဲ ယခုခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅ ရက်)တွင်မူ ကပူးမိသားစုနေ့လည်စာစားပွဲသို့ ကလေးကိုခေါ်လာကာ မီဒီယာနှင့်မိတ်ဆက်ပေးခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ပရိသတ်များက ရာဟာသည် ဆုံးပါးသွားပြီဖြစ်သည့်အဘိုးရီရှီ ကပူးနှင့်တူလွန်းသည်ဟု မှတ်ချက်ပေးကြသည်။အလီယာသည် ငယ်ချစ်သရုပ်ဆောင် ရန်ဘီကပူးနှင့်…

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလကုန်ထိ ၁၁ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၅၉၀ ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်ထိ ကုန်သတ္တာတင်သင်္ဘော ၄၅ စင်းဝင်ရောက်ထားကြောင်း…

၃၃ ရက်ကြာ ပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပလျက်ရှိပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက…