ရန်ဘီကပူးနှင့်အလီယာဘတ်တို့ ဇနီးမောင်နှံက သမီးဖြစ်သူရာဟာကပူးကို မွေးကတည်းက ကလေးမျက်နှာကို မီဒီယာသို့ချပြခဲ့ခြင်းမရှိဘဲ ယခုခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅ ရက်)တွင်မူ ကပူးမိသားစုနေ့လည်စာစားပွဲသို့ ကလေးကိုခေါ်လာကာ မီဒီယာနှင့်မိတ်ဆက်ပေးခဲ့သည်။
ဆိုရှယ်မီဒီယာတွင် ပရိသတ်များက ရာဟာသည် ဆုံးပါးသွားပြီဖြစ်သည့်အဘိုးရီရှီ ကပူးနှင့်တူလွန်းသည်ဟု မှတ်ချက်ပေးကြသည်။အလီယာသည် ငယ်ချစ်သရုပ်ဆောင် ရန်ဘီကပူးနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီတွင်လက်ထပ် ခဲ့ပြီးရာဟာကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် မွေးဖွားခဲ့သည်။သို့သော်ကလေးအ သက်တစ်နှစ်ကျော်လာသည်အထိ ရန်ဘီတိ့ု စုံတွဲက ကလေးဓာတ်ပုံများကို ထုတ်ပြခြင်းမရှိ ၊ ပါပါရာဇီများကိုလည်း ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ပေ။
မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ရန်ဘီက သူ့သမီးကိုသူမည်မျှချစ်ကြောင်း ဖွင့်ဟခဲ့သည်။
“ကျွန်တော်အိမ်ကနေ မထွက်ချင်ဘူး။ဒီမနက် လေယာဉ်မထွက်ခင် သမီးနဲ့ မိနစ် ၂၀ နေလိုက်ရတာ အားကိုရှိသွားတာပဲ။ သမီးကိုလွမ်းလို့ သူ့ဓာတ်ပုံတွေပဲ ကြည့်နေမိတယ်။အိမ်မှာဆို အမြဲသမီးဘေးမှာပဲ။ပြီးခဲ့ တဲ့နှစ်ပတ်က သူစပြုံးလာပြီ” ဟုဆိုသည်။