Browsing: Sports

ဂီတာဖေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် မန်ယူတိုက်စစ်ကစားသမား ဂရင်းဝုဒ်သည် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို တောင်းဆိုထားကြောင်း သတင်းထွက်ပေါ်နေသည်။ အသက် (၂၂) နှစ်အရွယ်ရှိ် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ပြန်လည်ကစားခွင့်မရတော့ဘဲ…

မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က လက်ရှိဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်သည် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အသင်းကစားသမားများအား ပြိုင်ဘက်အသင်းများအပေါ် ကြောက်စိတ်သွင်းပေးခဲ့သူဖြစ်ကြောင်းဝေဖန်ပြောကြားခဲ့သည်။ အသက် (၄၅) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမားဟောင်း ဖာဒီနန်သည် မန်ယူအသင်းတွင် ၂၀၀၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ…

ဘာစီလိုနာနည်းပြ ဇာဗီက မိမိအနေဖြင့် အသင်းတွင် လူငယ်ကစားသမားများကို ဆက်လက်နေရာပေးသွားမည်ဟု ပြောကြားခဲ့သည်။ ဇာဗီလက်ထက်တွင် လာမဲ၊ ဖာမင်လိုပက်ဇ်၊ ဟတ်တာဖော့၊ ဂူအီတို့ကဲ့သို့ လူငယ်ကစားသမားများကို နေရာပေးခဲ့သည်။ ဇာဗီက ဘာစီလိုနာအကယ်ဒမီမှာ ၎င်းတို့အတွက် အရေးကြီးသည့်အတွက် လူငယ်များကို ဆက်လက်နေရာပေးမည်ဟု…

အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏ ကြွက်သားဒဏ်ရာကြောင့် ခြေစမ်းပွဲများကို ရွှေ့ဆိုင်းခဲ့ရသည့်အတွက် တရုတ်ပရိသတ်များကို တောင်းပန်စကားဆိုခဲ့သည်။ စီရော်နယ်လ်ဒို၏ဒဏ်ရာကြောင့် တရုတ်နိုင်ငံတွင် ဇန်နဝါရီ (၂၄)ရက်ပွဲအပြင် (၂၈)ရက်တွင် ကစားရန်စီစဉ်ထားသည့် ခြေစမ်းပွဲနှစ်ပွဲစလုံးကို အယ်လ်နာဆာအသင်းက ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အယ်လ်နာဆာအသင်း၏ထုတ်ပြန်ချက်တွင် ခြေစမ်းပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း…

ချယ်လ်ဆီးအသင်းသည် အယ်လ်ဘေးနီးယားတိုက်စစ်မှူး အာမန်ဒိုဘရိုဟာကို မူလသတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက် လျှော့ချပေး၍ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ ဘရိုဟာ(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးကို မူလက ပေါင်သန်း(၅၀)ဟု ချယ်လ်ဆီး အသင်းက သတ်မှတ်ထားသော်လည်း ယခုအခါ ပေါင်(၃၅)သန်းဝန်းကျင်ဖြင့်ပင် ရောင်းထုတ်တော့မည်ဖြစ်ကြောင်း…

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက လူမျိုးရေးခွဲခြားမှုပြုလုပ်သည့် ပရိသတ်များ၏အသင်းအား အရှုံးပေးစေသည့်ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် အူဒီးနီးစ် (၂-၃) အေစီမီလန် စီးရီးအေပွဲစဉ်တွင် အေစီမီလန်အသင်း၏ ပြင်သစ်ဂိုးသမား မိုက်မီနွန်နှင့်…

HSBC BWF World Tour Super ပြိုင်ပွဲဖြစ်သော အင်ဒိုနီးရှားမာစတာ ကြက်တောင်ပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် စတင်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင်…

လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ၏ ဒဏ်ရာသည့် မူလမျှော်မှန်းထားသည့်အခြေအနေထက် ပိုမိုဆိုးရွားနေကြောင်း အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ ဆာလာ၏အေးဂျင့်ဖြစ်သူကလည်း ရာမီအဘားစ်ကလည်း လူမှုကွန်ရက် X တွင် မိုဟာမက်၏ ဒဏ်ရာသည် ပထမဆုံးယူဆထားသည်ထက် ပိုမိုပြင်းထန်နေကြောင်းနှင့် ရက်ပေါင်း ၂၁ ရက်မှ…

မန်ယူအသင်းသည် တိုက်စစ်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် အန်တိုနီတို့ကို တစ်ဦးလျှင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်ဖြင့် ဆော်ဒီကလပ်များထံ ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း The Standard မီဒီယာ၏ ဆောင်းပါးရှင် နီဇာကင်ဆဲလားက သုံးသပ်ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် လက်ရှိအချိန်၌ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို…

နော်တင်ဟမ်အသင်းသည် ဘရန့်ဖို့ဒ်အသင်းအား ရှုံးနိမ့်သည့်ပွဲ၌ အီဗန်တိုနေး၏ အငြင်းပွားဖွယ်သွင်းဂိုးအတွက် ဖြေရှင်းချက်ပေးရန် ပရီးမီးယားလိဂ်ပြိုင်ပွဲနှင့် ဒိုင်အဖွဲ့ထံ စာရေးသားပေးပို့၍ တောင်းဆိုထားကြောင်း သိရသည်။ ဇန်နဝါရီ (၂၀) ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက နော်တင်ဟမ်အသင်းအား အိမ်ကွင်း၌ (၃-၂)…