Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, May 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

ဆာလာ၏ဒဏ်ရာမှာ မူလမျှော်မှန်းထားသည်ထက် ပိုမိုဆိုးရွားကြောင်း လီဗာပူးလ်အသင်း ထုတ်ပြန်

January 24, 20241 Min Read
Share
Facebook Twitter

လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ၏ ဒဏ်ရာသည့် မူလမျှော်မှန်းထားသည့်အခြေအနေထက် ပိုမိုဆိုးရွားနေကြောင်း အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ ဆာလာ၏အေးဂျင့်ဖြစ်သူကလည်း ရာမီအဘားစ်ကလည်း လူမှုကွန်ရက် X တွင် မိုဟာမက်၏ ဒဏ်ရာသည် ပထမဆုံးယူဆထားသည်ထက် ပိုမိုပြင်းထန်နေကြောင်းနှင့် ရက်ပေါင်း ၂၁ ရက်မှ ၂၈ ရက်အကြား အနားယူရနိုင်ကြောင်း ရေးသားခဲ့သည်။

အစောပိုင်းသတင်းများတွင် ဆာလာ၏ဒဏ်ရာကို တံကောက်ကြောဒဏ်ရာအဖြစ်သာ ဖော်ပြခဲ့သော်လည်း လီဗာပူးလ်အသင်းက နောက်ဆုံးထုတ်ပြန်ချက်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားခဲ့သည်။ ဆာလာသည် ဇန်နဝါရီ ၁၈ ရက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဂါနာအသင်းနှင့် (၂-၂) ဂိုးစီသရေကျသည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ပထမပိုင်းမပြီးခင်မှာပင် လူစားလဲခဲ့ရပြီး ၎င်းအနေဖြင့် ဝဲဘက်ခြေထောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဆာလာအနေဖြင့် ဇန်နဝါရီ ၂၂ ရက်က ကစားခဲ့သော ကိတ်ဗာဒီအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် (၂-၂)ဂိုးစီ သရေကျခဲ့ပြီး အုပ်စုသုံးပွဲကစား သုံးပွဲစလုံးသရေဖြင့် အုပ်စု ဒုတိယနေရာရကာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ ၎င်းသည် ယင်းပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးမှ လီဗာပူးလ်အသင်းတွင် ကုသမှုခံယူရန် ပြန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ အသင်း၏လေ့ကျင့်ရေးစင်တာ AXA သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ဆာလာအား မိခင်ကလပ်တွင် ဆေးကုသမှု ပြန်လည်ခံယူရန် အီဂျစ်ဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီမှု ရယူခဲ့ပြီး လီဗာပူးလ်အသင်းဆေးအဖွဲ့နှင့်အတူ အရေးပေါ်ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ချက်ချင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းဆေးအဖွဲ့သည် ဆာလာအား ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် အမြန်ဆုံးပြန်လည်ကစားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အထူးသဖြင့် ကျင်းပလျက်ရှိသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

ဆာလာသည် အီဂျစ်အသင်း ဆီမီးဖိုင်နယ်တက်ရောက်ခဲ့လျှင် အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်ရန် မျှော်လင့်ထားကြောင်း အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အေးဂျင့် အဘားစ်၏ ပြောကြားချက်အရ အနည်းဆုံး ၂၁ ရက် အနားယူရမည်ဆိုလျှင်ပင် ယင်းမှာ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမတိုင်မီ သုံးရက်အလိုတွင် ဖြစ်သောကြောင့် ပြိုင်ပွဲတွင် ပြန်လည်ကစားခွင့်ရရန် အခွင့်အရေးနည်းနေကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleတရုတ်-ကာဂျစ္စတန်နယ်စပ်တွင် ပြင်းအား ၇ မဂ္ဂနီကျုရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သဖြင့် လူ ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိ
Next Article အင်ဒိုနီးရှားမာစတာ ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲမအောင်မြင်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.