Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: World
အစ္စရေးသည် ၎င်း၏အိမ်နီးချင်းများနှင့် ဆက်ဆံရေးများ ပုံမှန်လုပ်ဆောင်ရန် ခက်ခဲသောရွေးချယ်မှုများ လုပ်ဆောင်ရေးအတွက် ဇန်နဝါရီ ၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က တိုက်တွန်းလိုက်ပြီး ပါလက်စတိုင်း နိုင်ငံထူထောင်ရန် လမ်းကြောင်းချောမွေ့စေရေးအတွက် မေတ္တာရပ်ခံမှုအသစ်ကို လုပ်ဆောင်လိုက်သည်။ အစ္စရေးသည် အစ္စရေးပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ…
1MDB အရှုပ်တော်ပုံဟုခေါ်သည့် နိုင်ငံတော်ရန်ပုံငွေ အလွဲသုံးစားလုပ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထောင်ဒဏ် ၁၂ နှစ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံထားရာ၊ ထိုကိစ္စအပေါ် မလေးရှားဘုရင်ဦးဆောင်သည့် Pardons Board အဖွဲ့က မကြာမီ ပြုလုပ်မည့်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။ ၂၀၂၃…
အရှေ့အလယ်ပိုင်းဒေသမငြိမ်သက်မှုတွင် အနောက်အုပ်စုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု အီရန်ကစွပ်စွဲထားသည်။သို့သော် IS အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု အခိုင်အမာပြောဆိုထားသော ဗုံးပေါက်ကွဲမှုနှစ်ကြိမ်သည် အီရန်၏ ကိုယ်ပိုင်ပြည်တွင်းရေးအားနည်းချက်ကို အ ထူးသတိပေးမှုတစ်ရပ်ဖြစ်နေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ ဇန်နဝါရီ ၃ ရက်က အီရန်တော်လှန်ရေး…
အီကွေဒေါနိုင်ငံ၊ ဂွါယာကီမြို့တွင် ဇန်နဝါရီ ၉ ရက်က နိုင်ငံပိုင်ရုပ်သံ TC ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေသည့် စတူဒီယိုခန်းထဲသို့ သေနတ်သမားများဝင်ရောက်စီးနင်း ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။သေနတ်သမားများက ခေါင်းစွပ်မျက်နှာဖုံးဝတ်လာကြပြီး သေနတ်သမားတစ်ဦးက ဓားစာခံတစ်ဦး၏ခေါင်းကို သေနတ်ဖြင့် ချိန်ထားခဲ့သည်။ AFP သတင်းတွင်…
ကမ္ဘာကျော်ကေပေါ့ပ်အဖွဲ့ BTS ၏ ဖျော်ဖြေပွဲကိုကြည့်ခွင့်ရရေး တောင်ကိုရီးယားသို့သွားရန် အစီအစဉ်ဆွဲထားသည့် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်နေ ဆယ်ကျော်သက်ကျောင်းသူသုံးဦး ပြီးခဲ့သည့် ရက်ပိုင်းက နေအိမ်မှပျောက်ဆုံးသွားခဲ့သည်။ ကျောင်းသူသုံးဦးက အစိုးရကျောင်း တစ်ကျောင်းတွင်တက်နေသူများဖြစ်ပြီး BTS ရှိုးပွဲကို ကိုရီးယားအထိသွားကြည့်မည်ဆိုသည့်အကြံဖြင့် နေအိမ်များမှ ထွက်ပြေးသွားခြင်းဖြစ်ကာ၊နောက်ဆုံးတွင်…
ထိုင်ဝမ်တွင် အရေးပါသော သမ္မတရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် တရုတ်က ဂြိုဟ်တုတစ်စင်း လွှတ်တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်က ထိုင်ဝမ်တစ်ဝန်း အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ အကြိုကာလတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ထိုင်ဝမ်၏…
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ အုပ်ချုပ်မှုသက်တမ်းကို ထပ်မံဆွဲဆန့်ပေးခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုနှင့် လွတ်လပ်မျှတမှုမရှိကြောင်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် နိုင်ငံတို့က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက်ဆံမှုများရှိနေသည့် ၎င်းနှစ်နိုင်ငံစလုံးက ဇန်နဝါရီ ၇ ရက်…
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ၎င်းဆေးရုံတက်ရသည့် အကြောင်းကို အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့ကို အသိပေးရန် ရက်များစွာစောင့်ဆိုင်းခဲ့သည့်အတွက် ဝေဖန်မှုတိုးလာသည့် အ ရေးနှင့်ရင်ဆိုင်နေရပြီး ကြီးကြီးမားမား အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ၎င်း၏အခြေအနေနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူများကိုအသိမပေးခဲ့ပေ။ ကြိုတင်ကုသမှုလုပ်ဆောင်ရင်း ရောဂါသစ်တိုးလာသည့်အတွက် အော်စတင်သည် ဇန်နဝါရီ ၁…
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီ ကာဝါသည် ဇန်နဝါရီ ၇ ရက်တွင် ကိယက်ဗ်ကို မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ပြီး ဂျပန်က ယူကရိန်းကို ဆက်လက်ကူညီသွားရန် ပိုင်းဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။ ယခုနှစ်တွင် ကိယက်ဗ်ကိုသွားသည့် ပထမဆုံးထိပ်တန်းအဆင့်ရှိ ပြည်ပတာဝန်ရှိသူဖြစ်သော ကာမီကာဝါက ယူကရိန်းထံ…
ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၈ ရက်တွင် ၁၆၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးသူဦးရေမှာလည်း သုံးဆမြင့်တက်ကာ ၃၂၃ ဦး ရှိလာပြီ ဖြစ်ကြောင်း ဒေသန္တရ…