Browsing: Soccer

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီအားရောင်းထုတ်ရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ အန်တိုနီသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို သန်း…

ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နှင့် လမ်းခွဲတော့မည့် ယာဂန်ကလော့ပ်က ၎င်းင်းနေရာအစားထိုးမည့် နည်းပြသစ်ခန့်အပ်ရန် အကြံညဏ်ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ဂျာမနီနိုင်ငံသားနည်းပြ ယာဂန်ကလော့ပ်က ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အံ့အားသင့်ဖွယ် ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။ ကလော့ပ်နှင့်…

၂၀၂၄-၂၀၂၅ ရာသီလိဂ်ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို နှစ်ကျော့ယှဉ် ပြိုင်ရသည့်စနစ်သာ ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း EFL(ပရီးမီးယားလိဂ်မပါဝင်ဘဲ အောက်တန်းလိဂ်များဖြင့် ဖွဲ့စည်းထားသည့် အင်္ဂလိပ်ဘောလုံးလိဂ်) အမှုဆောင်ချုပ် ထရီဗာဘာ့ချ်က အတည်ပြုပြောကြားခဲ့သည်။ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို (၃၆) သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သောကြောင့် ကြားရက်များတွင်…

၂၀၂၂-၂၀၂၃ ရာသီတွင် ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းအဖြစ် ဖလားသုံးလုံးချန်ပီယံ မန်စီးတီးအသင်းကို ကျော်ဖြတ်၍ ရီးယဲလ်မက်ဒရစ်အသင်းက ယူရို (၈၃၁)သန်းဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းစာရင်းကို ကမ္ဘာ့ထိပ်တန်းစာရင်းအင်းကုမ္ပဏီ (၄)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဗြိတိန်အခြေစိုက် Deloitte ကုမ္ပဏီက…

ဂီတာဖေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် မန်ယူတိုက်စစ်ကစားသမား ဂရင်းဝုဒ်သည် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို တောင်းဆိုထားကြောင်း သတင်းထွက်ပေါ်နေသည်။ အသက် (၂၂) နှစ်အရွယ်ရှိ် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ပြန်လည်ကစားခွင့်မရတော့ဘဲ…

မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က လက်ရှိဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်သည် မန်ယူအသင်းကို ကိုင်တွယ်စဉ်က အသင်းကစားသမားများအား ပြိုင်ဘက်အသင်းများအပေါ် ကြောက်စိတ်သွင်းပေးခဲ့သူဖြစ်ကြောင်းဝေဖန်ပြောကြားခဲ့သည်။ အသက် (၄၅) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမားဟောင်း ဖာဒီနန်သည် မန်ယူအသင်းတွင် ၂၀၀၂ ခုနှစ် မှ ၂၀၁၄ ခုနှစ်အထိ…

ဘာစီလိုနာနည်းပြ ဇာဗီက မိမိအနေဖြင့် အသင်းတွင် လူငယ်ကစားသမားများကို ဆက်လက်နေရာပေးသွားမည်ဟု ပြောကြားခဲ့သည်။ ဇာဗီလက်ထက်တွင် လာမဲ၊ ဖာမင်လိုပက်ဇ်၊ ဟတ်တာဖော့၊ ဂူအီတို့ကဲ့သို့ လူငယ်ကစားသမားများကို နေရာပေးခဲ့သည်။ ဇာဗီက ဘာစီလိုနာအကယ်ဒမီမှာ ၎င်းတို့အတွက် အရေးကြီးသည့်အတွက် လူငယ်များကို ဆက်လက်နေရာပေးမည်ဟု…

အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၎င်း၏ ကြွက်သားဒဏ်ရာကြောင့် ခြေစမ်းပွဲများကို ရွှေ့ဆိုင်းခဲ့ရသည့်အတွက် တရုတ်ပရိသတ်များကို တောင်းပန်စကားဆိုခဲ့သည်။ စီရော်နယ်လ်ဒို၏ဒဏ်ရာကြောင့် တရုတ်နိုင်ငံတွင် ဇန်နဝါရီ (၂၄)ရက်ပွဲအပြင် (၂၈)ရက်တွင် ကစားရန်စီစဉ်ထားသည့် ခြေစမ်းပွဲနှစ်ပွဲစလုံးကို အယ်လ်နာဆာအသင်းက ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အယ်လ်နာဆာအသင်း၏ထုတ်ပြန်ချက်တွင် ခြေစမ်းပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း…

ချယ်လ်ဆီးအသင်းသည် အယ်လ်ဘေးနီးယားတိုက်စစ်မှူး အာမန်ဒိုဘရိုဟာကို မူလသတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက် လျှော့ချပေး၍ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ ဘရိုဟာ(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးကို မူလက ပေါင်သန်း(၅၀)ဟု ချယ်လ်ဆီး အသင်းက သတ်မှတ်ထားသော်လည်း ယခုအခါ ပေါင်(၃၅)သန်းဝန်းကျင်ဖြင့်ပင် ရောင်းထုတ်တော့မည်ဖြစ်ကြောင်း…

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက လူမျိုးရေးခွဲခြားမှုပြုလုပ်သည့် ပရိသတ်များ၏အသင်းအား အရှုံးပေးစေသည့်ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် အူဒီးနီးစ် (၂-၃) အေစီမီလန် စီးရီးအေပွဲစဉ်တွင် အေစီမီလန်အသင်း၏ ပြင်သစ်ဂိုးသမား မိုက်မီနွန်နှင့်…