Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Soccer
မန်ယူနှင့် ဒေါ့မွန်အသင်းတို့သည် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ ဒေါ့မွန်အသင်းသည် ဆန်ချို(၂၃ နှစ်)ကို ရာသီကုန်အထိ အငှားဖြင့် ပြန်လည်ခေါ်ယူရန် မန်ယူအသင်းနှင့်် ဆွေးနွေးနေခြင်းဖြစ်ပြီး သဘောတူညီမှုရရှိရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။…
ဘရာဇီးလ်ကလပ် ဖလူမင်နန်ဆီအသင်းသည် လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး မည့် ၀ါရင့်ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်း သည် သီယာဂိုဆေးလ်ဗား (၃၉ နှစ်)ကို နွေရာသီတွင် သက်တမ်းတိုးတော့မည်မဟုတ်ဘဲ လမ်းခွဲတော့မည်ဖြစ်သည်။ ထို့ကြောင့်…
ကင်မရွန်းလက်ရွေးစင်အသင်းသည် ဂိုးသမားဖြစ်သူ အိုနာနာကို မန်ယူ-စပါးပွဲပြီးသည်အထိ ကစားခွင့်ပြုရန် သဘောတူညီမှုရရှိခဲ့သည်ဟု သိရှိရသည်။ ကင်မရွန်းအသင်းသည် ဇန်နဝါရီ (၁၅) ရက်တွင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဂီနီအသင်းနှင့် ကစားရမည်ဖြစ်သော်လည်း တစ်ရက်အလို ဇန်နဝါရီ (၁၄) ရက်တွင်ကစားမည့် မန်ယူ-စပါးပွဲစဉ်တွင်…
ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က မိမိအနေဖြင့် အသင်းနှင့် ဖလားအားလုံးကို ရယူလိုကြောင်း ပြောကြားခဲ့သည်။ အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ယူရို (၁၃၃.၉)သန်းဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ရီးယဲလ်အသင်းတွင်…
ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းနှင့် ပြင်သစ်လီဂူးထိပ်သီး PSG အသင်းတို့သည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယူရို (၁၃)သန်းဖြင့် ခေါ်ယူနိုင်မည့် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ အသက် (၃၀) အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ၂၀၂၂…
ရိုးမားနောက်ခံကစားသမား ဒီယေဂိုလော်ရန်းတေးက နည်းပြ မော်ရင်ဟိုကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။ နာမည်ကျော်ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရိုးမားအသင်းဘက်က ၎င်းကို စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်းမရှိသေးပေ။ လော်ရန်းတေးက ” မော်ရင်ဟိုက…
၂၀၂၃ ခုနှစ်အတွင်း ဘောလုံးသမား စျေးကွက်တန်ဖိုး အကျဆင်းဆုံးစာရင်းတွင် မန်ယူတောင်ပံတိုက်စစ်ကစားသမား အန်တိုနီက နံပါတ်(၁) နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံး(၅)ဦးစာရင်းတွင် မန်ယူအသင်းမှ (၃)ဦး အထိ ပါဝင်နေကြောင်း သိရသည်။ ဂျာမန်အခြေစိုက် Transfermarkt ဝက်ဘ်ဆိုက်က ပြီးခဲ့သည့်…
PSG အသင်းမှ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန်စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဘာပေသည် လက်ရှိအသင်းကို စွန့်ခွာခဲ့ပါက လာလီဂါထိပ်သီး ရီးယဲလ်အသင်းထံ ပြောင်းရွှေ့လိမ့်မည်ဟု အများစုက ယုံကြည်ထားသော်လည်း ယခုအခါ…
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခု၏ မှတ်တမ်းမှတ်ရာများကို သတင်းဌာနအသီးသီးက ထုတ်ပြန်လျက်ရှိပြီး ရမှတ်အများဆုံးအသင်းအဖြစ် မန်စီးတီး၊ ပွဲကစားချိန်အများဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်တို့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည့် မန်စီးတီးအသင်းက ၂၀၂၃ ခုနှစ်အတွင်း ရမှတ်…
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းနှင့်ပွဲမှ စွမ်းဆောင်ရည်မှာ ယခုရာသီအတွက် အဆိုးရွားဆုံးဖြစ်ပြီး ယင်းပုံစံမျိုးကစားပါက ချန်ပီယံဆုနှင့် နီးစပ်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) အဖြစ် ဒီဇင်ဘာ (၃၁) ရက်က ဖူလ်ဟမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရာ…