Author: admin

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် MARK II မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်းနှင့် ၆၅ လမ်းထောင့်တွင် ဟိန်းထက်အောင် မောင်းနှင်လာသည့် MARK II မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြသည်။ အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ရန်အောင်မင်္ဂလာလမ်းထောင့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မရှမ်းမ(ခ)မနန်းရွှေလူ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ယူ ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အိုက်စ်(မက်သ်အဖက်တမင်း) များ သိမ်းဆည်းရမိခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိ​ကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Read More

အားလပ်ရက် လူစုလူဝေးပြုလုပ်မှုများ မြင့်တက်လာခြင်းနှင့် အလွယ်တကူပိုမိုကူးစက်နိုင်ဖွယ်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပုံစံအသစ်တစ်မျိုးနှင့်အတူ လာမည့်သီတင်းပတ်အတွင်း တုပ်ကွေးနှင့် COVID-19 ကူးစက်မှု များ မြင့်တက်လာနိုင်သည်ဟု အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က ပြည်နယ် ၁၇ ခုတွင် တုပ်ကွေးကဲ့သို့ ဖျားနာမှုအဆင့် မြင့်တက်နေပြီး ယင်းမတိုင်မီ သီတင်းပတ်က ပြည်နယ် ၁၄ ခုအထိ ထိုကဲ့သို့ဖြစ်ပွားနေသည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး စင် တာက ဒီဇင်ဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။ “ဒီရာသီမှာ လူအများစုက ခရီးသွားလာကြပါတယ်။သူတို့တွေက မိသားစုတွေနဲ့တွေ့ ဆုံလိုကြပါတယ်။ဒီအကြောင်းအရင်းတွေ အားလုံးကြောင့် ဗိုင်းရပ်စ်ကူးစက်မှုပိုမိုမြင့် တက်လာပါတယ်”ဟု CDC ၏ ဒေါက်တာမာ နစ်ရှာပါတဲလ်က ပြောကြားခဲ့သည်။ ကျန်းမာရေးအရာရှိများသည် JN.1 ဟု လူသိများသည့် အမြဲတစေပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်၏ ပုံစံတစ်ရပ်ကိုဆက်လက် စောင့်ကြည့်နေကြသည်။အမေရိကန်တွင် ယင်းအိုမီခရွန်မျိုးကွဲကို စက်တင်ဘာလက ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကူး စက်မှုဖြစ်စဉ်များ၏ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းသည် ယင်းမျိုးကွဲကြောင့်ဖြစ်သည်။ CDC ကျွမ်းကျင်သူများက လာမည့်သီတင်းပတ်နှစ်ပတ်တွင် ကူးစက်မှုများ၏ ၅၀ ရာခိုင်နှုန်းသည် ယင်းမျိုးကွဲကြောင့်ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပါတဲလ်ကဆိုသည်။ ယင်းမျိုးကွဲသည် လူသားများ၏ ကိုယ်ခံအားစနစ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုတွင် ပိုမိုလွယ်ကူခြင်း သို့မဟုတ် ပိုမိုကောင်းမွန်စွာ ပျံ့နှံ့နိုင်ဖွယ်ရှိသော်လည်း ၎င်းသည် အခြားလတ်တလောမျိုးကွဲများ ထက်ရောဂါပိုမိုပြင်းထန်နိုင်သည့် သက်သေအထောက်အထားမရှိသေးကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ လက်ရှိအထောက်အထားအရ ကာကွယ်ဆေးများနှင့် ဗိုင်းရပ်စ်သတ်ဆေးများသည် ယင်းမျိုးကွဲကို ဆန့်ကျင်ရာတွင်အသုံးဝင်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ တုပ်ကွေးရောဂါအတွက်မူ လက်ရှိကာကွယ်ဆေးများသည် အလွန်အမင်းဖျားနာမှုကိုဖြစ်စေသော မျိုးကွဲအတွက် အလွန်ကိုက်ညီမှုရှိကာ ယင်းမျိုးကွဲသည် အခြားမျိုးကွဲအချို့ကဲ့သို့ လူသေဆုံးမှုများနှင့်ဆေးရုံတက်ရောက်ရသည့်အခြေအနေမျိုး…

Read More

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်သုံးပတ်သာလိုတော့စဉ် တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ကာ ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို လေယာဉ်များ ဖြတ်ကျော်မှုအပါအဝင် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို တွေ့ရှိရကြောင်း ထိုင်ဝမ်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေသည့် ထိုင်ဝမ်က ၎င်းတို့အနီးတွင် တရုတ်စစ်တပ်က ကင်းလှည့်လည်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခဲ့သည့်အပေါ် ကန့်ကွက်ခဲ့သည်မှာ လေးနှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောကြားထားသည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ ယင်းကို တရုတ်နှင့် အမေရိကန်၏ မူဝါဒရေးဆွဲသူများက စောင့်ကြည့်လျက်ရှိပြီး ၎င်းရွေး ကောက်ပွဲသည် ထိုင်ဝမ်-တရုတ်ဆက်ဆံရေးကို အဆုံးအဖြတ်ပေးဖွယ်ရှိသည်။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်နေပြီဖြစ်ကာ ထိုင်ဝမ်-တရုတ်ဆက်ဆံရေးသည် အဓိက ကိစ္စရပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲမှစတင်၍ ထိုင်ဝမ်ကျွန်း၏ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဝေဟင်ပိုင်နက်အနီးတွင် J-10၊ J-11၊ J-16 ဂျက်တိုက်လေယာဉ်များနှင့် ကြိုတင်သတိပေးအချက်ပြလေယာဉ်များ ပျံသန်းလှုပ်ရှားနေပုံကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တိုက်လေယာဉ် ၁၀ စင်းသည် ၎င်းတို့၏ စစ်သင်္ဘောများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် ရန်အတွက် အသင့်ရှိစေရန် ကင်းလှည့်လည်မှုများ လုပ်ဆောင်ရန်အတွက် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်း သို့မဟုတ် အနီးဝန်းကျင်ဧရိယာများကို ဖြတ်ကျော်ခဲ့သည်ဟု ထိုင်ဝမ်က ဆိုသည်။…

Read More

ရန်ကုန်နှင့် မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်မှာ ဆီရှိလျက် မရောင်းခြင်း၊ ခွင့်ပြုချက်မရဘဲ အခြားနေရာသို့ ဆီသယ်ခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးထက် ပိုရောင်းခြင်းများကြောင့် အရေးယူထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်သည် စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်း၊ ခွင့်ပြုချက်မရဘဲ ဆီသယ်ယာဉ် (Bowser) ဖြင့် အခြားနေရာများသို့ သယ်ယူပို့ဆောင်ခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက စိစစ်တွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေး နည်းလမ်းအရ သတ်မှတ်ဒဏ်ကြေးတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းပြီး စက်သုံးဆီအရောင်းဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ တိုင်းဒေသကြီး/ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချမှုများ ပပျောက်စေရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် တရားမဝင် စက်သုံးဆီ သိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ သတင်းရရှိပါက အဆိုပါအဖွဲ့များသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းကလည်း စက်သုံးဆီရှိလျက်နှင့် ရောင်းချပေးခြင်းမရှိသည့် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်ကို အရေးယူခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

Read More

ရန်ကုန်တွင် ဒီဇယ်တစ်လီတာ ကျပ်နှစ်ရာကျော်နှင့် ဓာတ်ဆီတစ်လီတာလျှင် ကျပ်တစ်ရာကျော် မြင့်တက်လာ‌ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး‌ကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၅၆၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၆၆၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၆၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၁၀ ဖြစ်‌ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၁ ရက်တွင် ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၅၄၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၄၀၊ ရိုးရိုးဒီဇယ် တစ်လီတာ လျှင် ကျပ် ၂၁၈၅ ဖြစ်‌ကြောင်း သိရသည်။ ယင်း‌ကြောင့် ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၁၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂ဝနှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၂၅ ကျပ်မြင့်တက်လာခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့က သီလဝါတွင် ဆီဘောက်ဆာမှ စက်သုံးဆီထုတ်ယူနေသဖြင့် ခေတ္တအရောင်းပိတ်ထား‌ကြောင်း အသိပေးစာတန်းများ ချိတ်ဆွဲထားပြီး ရောင်းချလျက်ရှိသည့် ဆီဆိုင်များတွင်လည်း တန်းစီဝယ်ယူနေသည့် မော်တော်ယာဉ်အချို့ကို တွေ့ရသည်။ ဒီဇင်ဘာ ၂၁ ရက်တွင် ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းရောင်းချသူများကို ဒေါ်လာ ၁၂ သန်းကျော် ရောင်းချပေးထား‌ကြောင်း ထုတ်ပြန်ထားသည်။

Read More

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့ နယ်၊ သူဌေးကုန်းကျေးရွာတွင်Drop Bomb ဖြင့် တိုက်ခိုက်ခံရမှုကြောင့် နှစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း နစကမှ ထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံ ခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF များက ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ ဒရုန်းအသုံးပြုပြီးDrop Bombများ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့ရာ အဆိုပါကျေးရွာနေ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အသက် (၂) နှစ်အရွယ် က လေးငယ်တစ်ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း နစကမှ ထုတ်ပြန်သည်။ အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ သည့် ကလေးငယ်အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Read More

မန်စီးတီးအသင်း၏ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက AS သတင်းစာမှ ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ စပိန်အားကစားသတင်းစာ AS သည် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကစားသမားဆုကို ရွေးချယ်ရာတွင် ရိုဒရီက နာမည်ကျော်များကို ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ “AS က ချီးမြှင့်တဲ့ဆုကို လက်ခံရရှိတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော် ပြည်ပမှာ သွားကစားနေတာတောင် ကျွန်တော့်နိုင်ငံကလူတွေ ကျွန်တော့်ကို သတိရနေတဲ့အတွက်လည်း အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကလပ်အသင်းအတွက် ရော လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံးလုပ်ဆောင်ပေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ရိုဒရီက ဆိုခဲ့သည်။ ရိုဒရီသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့ပြီး အသင်းအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြခဲ့သူဖြစ်သည်။

Read More

နယူးကာဆယ်အသင်းသည် ဆယ်ကျော်သက်ကွင်းလယ်ကစားသမား လူးဝစ်မိုင်လေ(၁၇ နှစ်)ကို ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန် စီစဉ်နေကြောင်း သိရသည်။ ၎င်း၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်မြောက်ပြီးမှသာ ကာလရှည် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နယူးကာဆယ်အသင်းက လာမည့်နွေရာသီတွင် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ လူးဝစ်မိုင်လေသည် ပရီးမီးယားလိဂ်၏ အသက်အငယ်ဆုံးဂိုးသွင်းသူများထဲတွင် ပါဝင်လာသူဖြစ်သည်။ အသက် (၁၇) နှစ်အရွယ်ရှိ လူးဝစ်မိုင်လေသည် ယခုရာသီတွင် နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁) ပွဲ ပါဝင်ကစားထားပြီး (၁) ဂိုး သွင်းထားသည်။

Read More

လီဗာပူးလ်အသင်းအနေဖြင့် လိဂ်ဖလားကွာတားဖိုင်နယ်တွင် ဝက်စ်ဟမ်းအသင်းအား ဂိုးပြတ်အနိုင်ရပြီးနောက် စနေနေ့(ယနေ့)တွင်ကစားရမည့် အာဆင်နယ်အသင်းနှင့်ပွဲ၌ အိမ်ကွင်းပရိသတ်များ၏ တစ်ခဲနက်အားပေးမှုလိုအပ်ကြောင်း နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က တိုက်တွန်းပြောကြားခဲ့သည်။ ပွဲကြည့်စင်သစ် ပထမဆုံးဖွင့်လှစ်သည့် မန်ယူအသင်းနှင့်ပွဲအပြင် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင်လည်း ပရိသတ်များ၏အားပေးမှု ငြိမ်သက်နေသဖြင့် ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ “စနေနေ့မှာ ကျွန်တော်တို့ အန်ဖီးလ်ကွင်းကို လိုအပ်ပါတယ်။ အာဆင်နယ်အသင်းက ဒီတစ်ပတ်မှာ ပွဲမကစားထားရပါဘူး။ သူတို့အကြောင်း သိတဲ့သူတိုင်းက သူတို့ဘယ်လိုပြင်ဆင်ထားမလဲဆိုတာ သိကြမှာပါ။ အဲဒါကြောင့် ပထမဆုံးစက္ကန့်ကတည်းက အန်ဖီးလ်ကွင်းကို ကျွန်တော်တို့ လိုအပ်တာပါ။ ဒီဇင်ဘာမှာ ဘောလုံးပွဲတွေ အရမ်းများနေရင်၊ ခင်ဗျားက ပုံမှန်အခြေအနေမဟုတ်ဘူးဆိုရင် အဲဒီလက်မှတ်ကို တစ်ယောက်ယောက်ကို ပေးလိုက်ပါ”ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းသည် ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်တွင် လက်ခံကစားရမည်ဖြစ်သည်။

Read More

ဆူဒန်တွင် ဖြစ်ပွားနေသည့် ကာလဝမ်းရောဂါကူးစက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် ယူရို ၈၀၀၀၀၀ ကူညီထောက်ပံ့ပေးသွားမည်ဟု ဥရောပသမဂ္ဂက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ဆူဒန်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက ကာလဝမ်းရောဂါကူးစက်မှုများကြောင့် သေဆုံးမှုများ ရှိခဲ့သည်။ ဥရောပသမဂ္ဂ၏ အရေးပေါ်ကူညီရေးအစီအစဉ်မှ ထုတ်ပေးမည့် ထိုငွေကြေးအကူအညီသည် ယခုနှစ်အတွင်း ဆူဒန်အတွက် လျာထားခဲ့သည့် ဥရောပသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များထဲတွင် ထပ်မံပါဝင်လာမည်ဖြစ်သည်။ ဆူဒန်တွင် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအများစုသည် ယခုနှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို တုံ့ပြန်ဆောင်ရွက်ရန် ဖြစ်သည်။ ဒီဇင်ဘာ ၁၀ ရက်အထိ ဆူဒန်တွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၇၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၂၀၀ ရှိခဲ့သည်။ လက်ရှိတွင် ကာလဝမ်းရောဂါကူးစက်မှုများသည် ဆူဒန်၏ ပြည်နယ်ကိုးခုတွင် ဖြစ်ပွားနေပြီး ဂီဒါရက်ဖ်၊ အယ်လ်ဂျာဇီးယားနှင့် ပင်လယ်နီပြည်နယ်တို့သည် ကာလဝမ်းရောဂါများ အဆိုးရွားဆုံး ကူးစက်ဖြစ်ပွားလျက်ရှိ သည်။ ဆူဒန်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာဒေသများရှိ ဆေးရုံများ၏ ၇၀ ရာခိုင်နှုန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘဲ ပဋိပက္ခမဖြစ်ပွားသည့် ပြည်နယ်များရှိ ဆေးရုံများတွင်လည်း အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ရသူအများအပြား ဝင်ရောက်လာသဖြင့် ဝန်ပိလျက်ရှိသည်။ ထိုအခြေအနေသည် ၂၀၂၄ ခုနှစ် မေလ အထိ တည်ရှိနေဖွယ်ရှိသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်အတူ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ဆူဒန်၏ ကာလဝမ်းရောဂါဖြစ်ပွားနေသည့် နေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး မြေနိမ့်ပိုင်းဒေသများတွင်လည်း ပုံမှန်မဟုတ်သည့် မိုးလေဝသအခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ဆူဒန်၏ ကာလဝမ်းရောဂါကူးစက်မှုများကို ကြိုတင်သတိထားစောင့်ကြည့်ရန်၊ ကူးစက်လူနာများကို စီမံခန့်ခွဲရန်၊…

Read More