အားလပ်ရက် လူစုလူဝေးပြုလုပ်မှုများ မြင့်တက်လာခြင်းနှင့် အလွယ်တကူပိုမိုကူးစက်နိုင်ဖွယ်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပုံစံအသစ်တစ်မျိုးနှင့်အတူ လာမည့်သီတင်းပတ်အတွင်း တုပ်ကွေးနှင့် COVID-19 ကူးစက်မှု များ မြင့်တက်လာနိုင်သည်ဟု အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က ပြည်နယ် ၁၇ ခုတွင် တုပ်ကွေးကဲ့သို့ ဖျားနာမှုအဆင့် မြင့်တက်နေပြီး ယင်းမတိုင်မီ သီတင်းပတ်က ပြည်နယ် ၁၄ ခုအထိ ထိုကဲ့သို့ဖြစ်ပွားနေသည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး စင် တာက ဒီဇင်ဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
“ဒီရာသီမှာ လူအများစုက ခရီးသွားလာကြပါတယ်။သူတို့တွေက မိသားစုတွေနဲ့တွေ့ ဆုံလိုကြပါတယ်။ဒီအကြောင်းအရင်းတွေ အားလုံးကြောင့် ဗိုင်းရပ်စ်ကူးစက်မှုပိုမိုမြင့် တက်လာပါတယ်”ဟု CDC ၏ ဒေါက်တာမာ နစ်ရှာပါတဲလ်က ပြောကြားခဲ့သည်။
ကျန်းမာရေးအရာရှိများသည် JN.1 ဟု လူသိများသည့် အမြဲတစေပြောင်းလဲနေသော ကိုရိုနာဗိုင်းရပ်စ်၏ ပုံစံတစ်ရပ်ကိုဆက်လက် စောင့်ကြည့်နေကြသည်။အမေရိကန်တွင် ယင်းအိုမီခရွန်မျိုးကွဲကို စက်တင်ဘာလက ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကူး စက်မှုဖြစ်စဉ်များ၏ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းသည် ယင်းမျိုးကွဲကြောင့်ဖြစ်သည်။ CDC ကျွမ်းကျင်သူများက လာမည့်သီတင်းပတ်နှစ်ပတ်တွင် ကူးစက်မှုများ၏ ၅၀ ရာခိုင်နှုန်းသည် ယင်းမျိုးကွဲကြောင့်ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပါတဲလ်ကဆိုသည်။
ယင်းမျိုးကွဲသည် လူသားများ၏ ကိုယ်ခံအားစနစ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုတွင် ပိုမိုလွယ်ကူခြင်း သို့မဟုတ် ပိုမိုကောင်းမွန်စွာ ပျံ့နှံ့နိုင်ဖွယ်ရှိသော်လည်း ၎င်းသည် အခြားလတ်တလောမျိုးကွဲများ ထက်ရောဂါပိုမိုပြင်းထန်နိုင်သည့် သက်သေအထောက်အထားမရှိသေးကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ လက်ရှိအထောက်အထားအရ ကာကွယ်ဆေးများနှင့် ဗိုင်းရပ်စ်သတ်ဆေးများသည် ယင်းမျိုးကွဲကို ဆန့်ကျင်ရာတွင်အသုံးဝင်မှုရှိကြောင်း တွေ့ရှိခဲ့သည်။
တုပ်ကွေးရောဂါအတွက်မူ လက်ရှိကာကွယ်ဆေးများသည် အလွန်အမင်းဖျားနာမှုကိုဖြစ်စေသော မျိုးကွဲအတွက် အလွန်ကိုက်ညီမှုရှိကာ ယင်းမျိုးကွဲသည် အခြားမျိုးကွဲအချို့ကဲ့သို့ လူသေဆုံးမှုများနှင့်ဆေးရုံတက်ရောက်ရသည့်အခြေအနေမျိုး ဖြစ်ပေါ်စေနိုင်ခြင်းမရှိဟု အစောပိုင်းလက္ခဏာများအရ တွေ့ရှိခဲ့သည်။
သို့သော် သတင်းဆိုးတစ်ရပ်မှာယခုနှစ်အတွင်း ကာကွယ်ဆေးထိုးနှံမှုများ ကျဆင်းသွားခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။
အမေရိကန်တွင် အရွယ်ရောက်ပြီးသူများ၏ ၄၂ ရာခိုင်နှုန်းသည် ဒီဇင်ဘာပထမသီတင်းပတ်အတွင်း တုပ်ကွေးကာကွယ်ဆေးထိုးနှံခဲ့ပြီး ယင်းပမာဏသည် လွန်ခဲ့သည့်နှစ်ကာလတူအချိန်၌ ၄၅ ရာခိုင်နှုန်းရှိသော ကြောင့် ကာကွယ်ဆေးထိုးနှံမှုကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း CDC ကဆိုသည်။
အမေရိကန်နိုင်ငံသားများသည်အခြား ကာကွယ်ဆေးများထိုးနှံမှုတွင်လည်း နှေး ကွေးခဲ့သည်။စက်တင်ဘာလတွင်အမေရိကန်နိုင်ငံသားများ၏ ၁၈ ရာခိုင်နှုန်းခန့်သာ အသစ်ထပ်မံမွမ်းမံထားသော COVID-19 ကာကွယ်ဆေးကို ထိုးနှံခဲ့သည်။ သက်ကြီးရွယ် အိုစောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်သူများ၏ သုံးပုံတစ်ပုံခန့်သာ COVID-19 ကာကွယ်ဆေးများကို ထပ်မံထိုးနှံခဲ့ကြသည်။
အသက် ၆၀ နှင့်အထက်အရွယ်များ၏ ၁၇ ရာခိုင်နှုန်းခန့်သည် နောက်ထပ်အသက် ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ကို ကာကွယ်သည့်ဆေးအသစ်တစ်မျိုးကို ထိုးနှံခဲ့ကြသည်။ CDC သည် အပျော့စားဖျားနာမှုကဲ့သို့ရောဂါ လက္ခဏာများဖြစ်ပေါ်စေခဲ့သော်လည်းမွေး ကင်းစကလေးများနှင့် သက်ကြီးရွယ်အိုများ အတွက်အန္တရာယ်ရှိနိုင်သည်။