Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
လူ ၂၀,၀၀၀ ကျော်သေဆုံးထားသည့် ဂါဇာကမ်းမြောင်၏အတွင်းပိုင်းတွင် အစ္စရေး စစ်တပ်က စစ်ရေးအရှိန်မြှင့်နေသောကြောင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် နောက်ထပ်လပေါင်းများစွာ ကြာသွားလိမ့်မည်ဟု အစ္စရေး စစ်တပ်အကြီးအကဲက သတိပေးခဲ့သည်။ အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တရိပ်ရိပ်မြင့်တက်လာခြင်းနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများက တိုက်ပွဲများ ရပ်ရန်တောင်းဆိုမှုများကို မြင့်တက်လာစေခဲ့သည်။ ထို့အပြင် အီရန် ကျောထောက်နောက် ခံပြုထားသာအုပ်စုများကလည်း ဟားမာ့စ် နှင့်အတူရပ်တည်ကြောင်း ပြသသည့်လုပ်ရပ်များက ပိုမိုကျယ်ပြန့်သောဒေသဆိုင်ရာ ပဋိပက္ခနှင့်ပတ်သက်၍ စိုးရိမ်မှုများကို မီးလောင်ရာလေပင့်ဖြစ်စေသည်။ အစ္စရေးခေါင်းဆောင်များကလည်း ဟားမာ့စ်ကို ချေမှုန်းပြီးချိန်အထိ အစ္စရေး ထိုးစစ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြသည်။ ယင်းသို့သော အနေအထားတွင် အစ္စရေးစစ်တပ်အကြီးအကဲ ဟာဇီဟာလီဗီက စစ်ပွဲသည် မြန်မြန်အဆုံး သတ်လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ “ဒီစစ်ပွဲရဲ့ရည်မှန်းချက်တွေဟာ အရေးကြီးပါတယ်။ လွယ်လွယ်နဲ့ အောင်မြင်မှာမဟုတ်ပါဘူး”ဟု ဒီဇင်ဘာ ၂၆ ရက်ညပိုင်းတွင် ဟာလီဗီက ပြောကြားခဲ့သည်။ “ဒါကြောင့် စစ်ပွဲဟာ နောက်ထပ်လ ပေါင်းများစွာ ကြာမြင့်နေပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို အကြီးအကျယ် စီးနင်းတိုက်ခိုက်ခြင်းက ပြင်းထန်သောစစ်ပွဲကိုဖြစ်ပွားစေခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးအစိုးရက ထုတ်ပြန် သောကိန်းဂဏန်းများအရ သိရသည်။ ပြန်ပေးဆွဲခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးက ပြောကြားသည်။ သီတင်းပတ် ၁၁ ပတ်ကျော်ကြာမြင့် လာပြီဖြစ်သော အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ကို…
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများ ကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ ပြီး အိမ်ထောင်စုပေါင်းသောင်းချီရေဘေးသင့်ခဲ့ရသည်ဟု အာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်က စတင်ခဲ့သောရေ ကြီးမှုများသည် စထွန်း၊ ဆောင်ခလာ၊ပတ်တနီ၊ ရာလာနှင့် နာရာသီဝက်ပြည်နယ်တစ်ဝန်းရှိ နေအိမ် ၇၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။ နာရာသီဝက်တွင်အသက် ၈၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး အပါအဝင် လူခြောက်ဦးသေဆုံးခဲ့သည်ဟု ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူး ပရီချာနူအယ်နွိုင်က အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။ အချို့နေရာများတွင် မိုးရေချိန် သုံးမီတာ အမြင့်ထိ ရောက်ရှိခဲ့သော ရေကြီးမှုများကို ဖြစ်စေသည့် ရက်ပေါင်းများစွာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီးနောက် နောက်ထပ်လူတစ်ဦးပျောက်ဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။ ဒေသခံမီဒီယာတွင် ဖော်ပြထားသော ရုပ်သံမှတ်တမ်းများအရ လမ်းများတွင် ရွှံ့ရေများဖြင့် ဖုံးလွှမ်းနေပြီး ဒေသခံများသည်ခေါင်မိုးများပေါ်တွင် ခိုလှုံနေထိုင်နေရကြောင်း တွေ့ရှိခဲ့သည်။ ယာလာနှင့် နာရာသီဝပ်ပြည်နယ်များရှိ ဒါဇင်နှင့်ချီသည့် စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ရပြီး ဗီဒီယိုမှတ်တမ်းများအရ ထိုဒေသရှိ လူနေအိမ်များနှင့် စျေးဆိုင်များအတွင်းသို့ ရွှံ့ရေများဝင်ခဲ့သဖြင့် ဒေသခံ များသည် ရေဘေးလွတ်သည့် အပေါ်ထပ်များသို့ ရွှေ့ပြောင်းနေထိုင်နေရပုံများကို ဖော်ပြထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက သောက်ရေများနှင့် မုန့်များကို လိုက်လံဝေငှပေးနေပြီး အဆောက်အအုံများတွင် အပျက်အစီးနှင့်လူအသေအပျောက်များကို လိုက်လံစစ်ဆေးနေသည်။ “ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှာ ရေကျသွားပါတယ်”ဟု ထိုင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးသက်သာ စေရေးဌာနကက ပြောကြားခဲ့သည်။ ရထားလမ်းများ ကျွံဝင်မှုကြောင့်ရက်ပေါင်းများစွာ ပိတ်ထားခဲ့ပြီးနောက် မလေးရှားနယ်စပ်အနီးရှိ နာရာသီဝက်ပြည်နယ်တွင် မီးရထားဝန်ဆောင်မှုအချို့ကို ပြန်လည်လုပ်ဆောင်ခဲ့သည်ဟု ပရီချာကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင်ကျယ်ကျယ်ပြန့်ပြန့် ရေကြီးမှုကြောင့်…
မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် တရားမဝင်ဆိုက်ဘာ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက မြောက်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီအကြီးအကဲကို ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြား ခဲ့သည်။ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများချမှတ်ခံထားရပြီး ခေါင်းဆောင်ကင်ဂျုံအွန်လက်ထက်တွင် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စီမံကိန်းသည် တစ်ဟုန်ထိုးတိုးတက်မှုရရှိခဲ့သည်။ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ ဆိုက်ဘာရာဇဝတ်မှု၊ ဒစ်ဂျစ်တယ်ငွေကြေးနှင့် ငွေကြေးခဝါ ချမှု လှုပ်ရှားချက်များကို ဖြေရှင်းရန် သုံးပွင့်ဆိုင် အစီအစဉ်သစ်များကို လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တောင်ကိုရီးယား၏ ကြေညာချက်ထွက်ပေါ် လာခြင်းဖြစ်သည်။ မြောက်ကိုရီးယား၏ အထွေထွေထောက်လှမ်းရေးဗျူရို၏ အကြီးအကဲ ရီချန်ဟိုသည် တရားမဝင်ဆိုက်ဘာလှုပ်ရှားမှုများ နှင့် နည်းပညာ ခိုးယူမှုများမှတစ်ဆင့် နိုင်ငံခြားငွေကြေးများ ရရှိမှုတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ပိတ်ဆို့မှုချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန် ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ၎င်း၏ လှုပ်ရှားမှုများသည် မြောက်ကိုရီးယား အစိုးရနှင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများအတွက် ငွေကြေးများ အထောက်အကူရရှိစေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရီ ဦးဆောင်သည့် ထောက်လှမ်းရေး အေဂျင်စီသည် မြောက်ကိုရီးယား ဟက်ကာ အဖွဲ့များဖြစ်သည့် Kimsuky ၊ Lazarus နှင့် Andariel အဖွဲ့များကို ချုပ်ကိုင်သည့် ပင်မအဖွဲ့အစည်းဖြစ်သည်ဟု ယူဆခံထားရသည်။ တောင်ကိုရီးယားသည် ရီအပြင် တရုတ်နိုင်ငံအခြေစိုက် သံတမန်ဟောင်း ယွန်ချောလ်အပါအဝင် အခြားမြောက်ကိုရီးယား နိုင်ငံသားခုနစ်ဦးကိုလည်း ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားသည့် နျူကလီးယားနှင့် ဆက်နွှယ်သည့် သတ္တုတစ်မျိုးဖြစ်သည့် lithium-6…
အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြ ဆောက်ဂိတ်က လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်အသင်းနှင့် လမ်းခွဲ၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဆောက်ဂိတ်(၅၃ နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်မှာ ယူရို -၂၀၂၄ ပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည် ဖြစ်သည်။ ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို မကိုင်တွယ်မီက ပရီးမီးယားလိဂ်အသင်းငယ်တစ်သင်းဖြစ်သည့် မစ်ဒယ်ဘရော့အသင်းကိုသာ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လိဂ်ချန်ပီယံရှစ်သို့လည်း တန်းဆင်းခဲ့ရသည်။ ထို့ကြောင့် ပရီးမီးယားလိဂ်တွင် နေရာရနိုင်ဖွယ်မရှိကြောင်း ဝေဖန်မှုများရှိနေသော်လည်း ၎င်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းကို ကိုင်တွယ်ရန် အသင့်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “လူတိုင်းက မစ်ဒယ်ဘရော့အကြောင်းပဲ ပြောကြပါတယ်။ သူက မစ်ဒယ်ဘရော့ကို တန်းဆင်းစေခဲ့သူပေါ့။ ကောင်းပြီ။ တတိယနှစ်မှာ ကျွန်တော်တို့ တန်းဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ပရီးမီးယားလိဂ်မှာ (၃) နှစ် နည်းပြခဲ့ဖူးခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ဒီထက်ပိုပြီး ခြောက်လှန့်နိုင်တဲ့အလုပ်မရှိပါဘူး။ ဒီထက်ပိုမြင့်တဲ့၊ ဒီထက်ပို ဖိအားများတဲ့၊ ဒီထက်ပိုခက်ခဲရှုပ်ထွေးတဲ့ အလုပ်လည်း မရှိပါဘူး”ဟု Sky Sports နှင့် တွေ့ဆုံရာတွင် ဆောက်ဂိတ်က ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် Boxing Day မတိုင်မီ ခရစ္စမတ်နေ့တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးရပ်တည်နိုင်သည့် ယခင် သုံးကြိမ်စလုံး ဗိုလ်စွဲနိုင်ခြင်းမရှိကြောင်း မှတ်တမ်းများက ဖော်ပြခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဖြစ် ပြောင်းလဲပြီးနောက် အမှတ်ပေးချန်ပီယံဖလားကို ၁၉၉၇-၉၈၊ ၂၀၀၁-၀၂၊ ၂၀၀၃- ၀၄ ရာသီများက သုံးကြိမ်တိုင်ဆွတ်ခူးခဲ့သော်လည်း ယင်းရာသီများ၌ ခရစ္စမတ်ကာလတွင် ထိပ်ဆုံးတွင်မရှိခဲ့ကြောင်း သိရ သည်။ အာဆင်နယ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကလည်း ခရစ္စမတ်နေ့အပါအဝင် ရာသီတွင်း ရက်သတ္တပတ်များစွာ ဦးဆောင်ပြီးမှ မန်စီးတီးအသင်း၏ ကျော်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ၂၀၀၂-၀၃ နှင့် ၂၀၀၇-၀၈ ရာသီများတွင် ခရစ္စမတ်နေ့ ၌ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော်လည်း အဆုံးသတ်တွင် မန်ယူအသင်းက ကျော်ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့သည်။ ပရီးမီးယားလိဂ် သက်တမ်း ၃၂ နှစ်အတွင်း ခရစ္စမတ်နေ့တွင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်သည့်အသင်းပေါင်းမှာ ၁၁ သင်းသာ ရှိခဲ့သည်။ ပရီးမီးယားလိဂ်ရာသီများတွင် ခရစ္စမတ်နေ့သည် ပွဲစဉ် ၁၇ နှင့် ၁၉ ကြားတွင် ပုံမှန်ကျရောက်လေ့ရှိသော်လည်း ၂၀၂၀- ၂၁ ရာသီမှာ COVID-19 ကပ်ရောဂါရိုက်ခတ်မှုကြောင့် ရာသီစချိန် နောက်ကျခဲ့ကာ ပြီးခဲ့သည့်ရာသီ၌လည်း ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲကြောင့် လိဂ်ပွဲစဉ်များ ရပ်ဆိုင်းထားခဲ့ရကာ Boxing Day နေ့မှ ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။ အစဉ်အလာအရ ခရစ္စမတ်နေ့တွင် ဦးဆောင်နိုင်သည့် အသင်းမှာ ရာသီကုန် ချန်ပီယံဖြစ်မဖြစ်မှာ ၅၀-၅၀ အနေအထားသာရှိသည်။ ခရစ္စမတ်နေ့၌ ဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်သည့်အသင်းက ရာသီကုန် အမှတ်ပေးချန်ပီယံဖြစ်မှုမှာ ၁၆ ကြိမ်သာ ရှိခဲ့ပြီး ချန်ပီယံဆုနှင့်…
မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် လက်တွဲမည့် တိုက်ခိုက်ရေးအဖွဲ့အစည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ One Championship အဖွဲ့အစည်းအပြင် အခြားအဖွဲ့အစည်း နှစ်ခုနှင့်လည်း ဆွေးနွေးနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ အောင်လအန်ဆန်သည် ကာလရှည်လက်တွဲခဲ့သည့် One Championship နှင့် စာချုပ်သက်တမ်းတိုးရန် ကြန့်ကြာနေသဖြင့် အခြားအဖွဲ့အစည်းများနှင့်ပါ ဆွေးနွေးနေခြင်းဖြစ်သည်။ One Championship အဖွဲ့အစည်းနှင့် အောင်လအန်ဆန်တို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ယခုနှစ်ဝက်မတိုင်မီကတည်းက ကုန်ဆုံးနေပြီဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ယခုနှစ်ကုန်ပိုင်းအထိ သဘောတူညီမှုမရသေးခြင်းဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် အခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသလို ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် သတင်းများအရ One Championship အဖွဲ့အစည်းကလည်း ပြန်လည်သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရသည်။ အောင်လအန်ဆန်သည် နောက်ပိုင်းထိုးသတ်သည့်ပွဲများတွင် နိုင်ပွဲရယူနိုင်သော်လည်း One Championship အဖွဲ့အစည်းအနေဖြင့် အသက်အရွယ်ရလာသည့်အပြင် မြန်မာနိုင်ငံတွင် ပြိုင်ပွဲများကျင်းပနိုင်ရန် လတ်တလောမဖြစ်နိုင်သေးသဖြင့် အောင်လအန်ဆန်ကို စာချုပ်သစ် ချုပ်ဆိုရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်းသိရသည်။ အောင်လအန်ဆန်သည် One Championship အဖွဲ့အစည်းအပြင် PFL (professional Fighters League) ၊ UFC အဖွဲ့အစည်းတို့နှင့်လည်း ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်ကတည်းက One Championship ၌ ထိုးသတ်ခဲ့သူဖြစ်ပြီး (၉)နှစ်ကြာ လက်တွဲခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်အထိ ရပ်တည်နိုင်ခဲ့ပြီး…
အော်စကာဆုရတောင်ကိုရီးယားရုပ် ရှင်ဇာတ်ကား Parasite တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ်ရှိ မင်းသား လီဆန်းဂျွန် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ လီဆန်းဂျွန်၏အေဂျင်စီ Hondu & U Entertainment က မင်းသား လီဆန်းဂျွန် ကို လေးစားသောအားဖြင့် ထင်ကြေးပေးခန့်မှန်းပြောဆိုခြင်းများ၊ မဟုတ်မမှန်သတင်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ပရိသတ်ကို မေတ္တာရပ်ခံထားကာ လီ၏စျာပနကို မိသားစု၊လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနှင့် သိုသိုသိပ်သိပ် ပြုလုပ်သွား မည်ဟု ထုတ်ပြန်ကြေညာထားသည်။ ကိုရီးယားသတင်းများအရ လီသည်သေကြောင်းကြံမည့်ပုံစံမျိုးနှင့် စာတစ်စောင်ချန် ထားခဲ့ပြီး အိမ်မှ ထွက်သွားကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၂ မိနစ် ဝန်းကျင်တွင် သတင်းရခဲ့သည်။ ထို့နောက် မနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် လီကို ဆိုးလ်ရှိ waryong park ဥယျာဉ်အတွင်း ကားတစ်စီးထဲ၌ သတိလစ်လျက်တွေ့ခဲ့ကြ သည်။ကားထဲတွင် မီးသွေးတောင့်တွေ့ခဲ့သည် ဟုလည်း သတင်းများတွင်ဖော်ပြကြသည်။ လီသည် မူးယစ်ဆေးသုံးစွဲမှုသံသယဖြင့် စစ်ဆေးခံထားရသူဖြစ်သည်။ဆိုးလ်ရှိနာမည် ကျော်ဘားတစ်ခုတွင် အလုပ်လုပ်သည့် ဧည့် ကြိုမိန်းကလေးတစ်ဦး၏အိမ်တွင် မူးယစ်ဆေး များ သုံးနေသည်ဆိုသည့် သတင်းကြောင့် ရဲ တပ်ဖွဲ့၏စစ်ဆေးမှုကို သုံးကြိမ်ခံခဲ့ရသည်။ လီကမူ မူးယစ်ဆေးများသုံးမိအောင် ယင်း ဧည့်ကြိုက သူ့ကိုပရိယာယ်ဆင်ခဲ့ပြီး သူ့ကိုယ်သူ ဘာသုံးခဲ့မှန်းမသိဟု ထွက်ဆိုခဲ့သည်။ လီဆန်းဂျွန်သည် နိုဝင်ဘာတွင် ဆေး နှစ်ကြိမ်အစစ်ခံခဲ့ရာ အဖြေ negative…
ရန်ဘီကပူးနှင့်အလီယာဘတ်တို့ ဇနီးမောင်နှံက သမီးဖြစ်သူရာဟာကပူးကို မွေးကတည်းက ကလေးမျက်နှာကို မီဒီယာသို့ချပြခဲ့ခြင်းမရှိဘဲ ယခုခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅ ရက်)တွင်မူ ကပူးမိသားစုနေ့လည်စာစားပွဲသို့ ကလေးကိုခေါ်လာကာ မီဒီယာနှင့်မိတ်ဆက်ပေးခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ပရိသတ်များက ရာဟာသည် ဆုံးပါးသွားပြီဖြစ်သည့်အဘိုးရီရှီ ကပူးနှင့်တူလွန်းသည်ဟု မှတ်ချက်ပေးကြသည်။အလီယာသည် ငယ်ချစ်သရုပ်ဆောင် ရန်ဘီကပူးနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီတွင်လက်ထပ် ခဲ့ပြီးရာဟာကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် မွေးဖွားခဲ့သည်။သို့သော်ကလေးအ သက်တစ်နှစ်ကျော်လာသည်အထိ ရန်ဘီတိ့ု စုံတွဲက ကလေးဓာတ်ပုံများကို ထုတ်ပြခြင်းမရှိ ၊ ပါပါရာဇီများကိုလည်း ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ပေ။ မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ရန်ဘီက သူ့သမီးကိုသူမည်မျှချစ်ကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်တော်အိမ်ကနေ မထွက်ချင်ဘူး။ဒီမနက် လေယာဉ်မထွက်ခင် သမီးနဲ့ မိနစ် ၂၀ နေလိုက်ရတာ အားကိုရှိသွားတာပဲ။ သမီးကိုလွမ်းလို့ သူ့ဓာတ်ပုံတွေပဲ ကြည့်နေမိတယ်။အိမ်မှာဆို အမြဲသမီးဘေးမှာပဲ။ပြီးခဲ့ တဲ့နှစ်ပတ်က သူစပြုံးလာပြီ” ဟုဆိုသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလကုန်ထိ ၁၁ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၅၉၀ ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်ထိ ကုန်သတ္တာတင်သင်္ဘော ၄၅ စင်းဝင်ရောက်ထားကြောင်း သိရသည်။ ယခု ဒီဇင်ဘာလတွင် ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင်ရောက်ရန် လျာထားခြင်းဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့ စံချိန်တင်အကြီးဆုံးကုန်သေတ္တာတင်သင်္ဘော ဆိုက်ကပ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည်။ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာရှိဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခြင်း ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် ရေလမ်းကြောင်းတိုးတက်ကောင်းမွန် ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရေလမ်းကြောင်းကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်သည့် သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှု ပေးလာနိုင်ခဲ့ပြီး ဇွန် ၂၂ ရက် နံနက်က အေးရှားဝေါလ်ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အ ခြေစိုက် SITC Shipping line မှ LOA ၁၈၅.၉၉ မီတာ GRT ၂၉၂၃၁ တန်နှင့် ကုန်သေတ္တာ ၂၆၉၈ TEU တင်ဆောင်နိုင် သည့် MV SITC Zhoming ကုန်သေတ္တာ…
၃၃ ရက်ကြာ ပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပလျက်ရှိပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပခဲ့ကြောင်း သိရသည်။ (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည် ဖြစ်ပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက်၊ ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါ စရိယအဖွဲ့ဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြ ကြောင်း…