Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် မဲဆွယ်လှုပ်ရှားမှုကို စတင်ခဲ့ချိန်တွင် ဇန်နဝါရီ ၅ ရက်က သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို နာဇီဂျာမနီနှင့် နှိုင်းယှဉ်ခဲ့ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့သည်။ အသက် ၈၁ နှစ်အရွယ် ဒီမိုကရက်တစ်ဦးဖြစ်သည့် ဘိုင်ဒင်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အအုံကို ထရန့်အား ထောက်ခံသူများက ဝင်ရောက်စီးနင်းခဲ့သည့် သုံးနှစ်ပြည့်နှစ်ပတ်လည်မတိုင်မီ မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုဝင်ဘာလတွင်ပြုလုပ်မည့် သမ္မတရွေး ကောက်ပွဲ၌ ၎င်း၏ ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိသည့် ထရန့်ကို “အရှုံးသမား” ၊ “စိတ်ပျက်စရာကောင်းသူ”ဟူ၍ သုံးနှုန်းခေါ်ဆိုခဲ့သည်။ “သူ့ရဲ့ စိတ်ဆန္ဒကကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို စွန့်လွှတ်ပြီး အာဏာကို ရယူဖို့ဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ၎င်းအားထောက်ခံသူများကို ပြောကြားခဲ့သည်။ လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုနှင့်ပတ်သက်ပြီး သမ္မတဟောင်းထရန့်သည် သွေးထိုးလှုံ့ဆော်မှုဖြင့် နှစ်ကြိမ်တိုင်တိုင် စွပ်စွဲပြစ်တင်ခံခဲ့ရရုံသာမက သူနှင့်သူ့နောက်လိုက်များသည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီနိုင်ငံရေးအရ အကြမ်းဖက်မှုပြုလုပ်ရန် လက်ခံယုံကြည်ထားဆဲဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ “သူ(ထရန့်)က သူ့ကို ဆန့်ကျင်သူတွေကို အဖျက်သမားတွေလို့ခေါ်တယ်။ အမေရိကန်တွေရဲ့ သွေးထဲကို အဆိပ်ခတ်ခံခဲ့ရတယ်လို့ ပြောခဲ့တယ်။ အဲဒီပြောကြားချက်ဟာ နာဇီဂျာမနီတွေပြောခဲ့ဖူးတဲ့ စကားတွေကို သံ ယောင်လိုက်ပြောကြားနေတာဖြစ်ပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။ ဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဝါရှင်တန် ထူထောင်ခဲ့သည့် Valley Forge တပ်စခန်းအနီးရှိ မောင့်ဂိုမာရီကောင်တီ အသက်မွေးပညာ ကောလိပ်တွင် မဲဆွယ် စည်းရုံးပွဲပြုလုပ်ပြီး မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။…
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၅ ရက် ည ၆ နာရီတွင် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ(၇)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်အစည်းအဝေးတွင် သဘောတူညီထားသည့် ဆုံးဖြတ်ချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အွန်လိုင်းလိမ်လည်မှုများအား နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန် မာသံအမတ်ကြီးတို့နှင့်အတူ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည် ။
၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမည့်နှစ်လည်းဖြစ်သည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ “၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်အထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။ ထို့ပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာ သုံးသပ်ရန်နှင့် ပြန်လည်ကုစားရေး အစီအစဉ်များကို စနစ်တကျရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များလည်း လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နစကက လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏…
(၁) ကမ္ဘာ့ငွေကြေးဇာတ်ခုံတွင်ကာလရှည်လွှမ်းမိုးခဲ့သော အမေရိကန်ဒေါ်လာအခြေအနေကို အားလုံးစောင့်ကြည့်နေကြသည်။ လေ့လာနေသူများက ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ကမ္ဘာ့နိုင်ငံများ ကိုင်ထားသော အရန်ငွေအမေရိကန် ဒေါ်လာ၏အခြေအနေမှာ အနည်းငယ်ကျဆင်းလာသည်ဟုဆိုသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့( အိုင်အမ်အက်ဖ်) က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရလည်း နိုင်ငံတကာရှိ ဗဟိုဘဏ်များတွင်ထားရှိသော အမေရိကန်ဒေါ်လာ အရန်ငွေအခြေအနေသည် ရှေ့သုံးလတာကာလအတွင်း ၅၉ ဒသမ ၄ ရာခိုင်နှုန်းရှိနေခဲ့ရာမှ ၅၉ ဒသမ ၂ ရာခိုင်နှုန်းသို့ အနည်းငယ်ကျဆင်းလာသည်ကိုတွေ့နေရ၏။ ထိုအခြေအနေသည် ပြီးခဲ့သည့်နှစ် စတုတ္ထ သုံးလပတ်နောက်ပိုင်း အခြေအနေများထဲတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။ (၂) အီးယူ၏ ယူရိုငွေကြေးသည်လည်း အနည်းငယ်ကျဆင်းမှုရှိလာနေသည့်အချိန်တွင် အမေရိကန်ဒေါ်လာသည် ဆိုးဆိုးရွားရွားမဖြစ်သေးဘဲ ကမ္ဘာ့ထိပ်တန်း အရန်ငွေကြေးအဖြစ် ဆက်လည်တည်ရှိနေမည်မှာ သေချာသောအချက်ဖြစ်သည်ဟုဆိုသည်။ ဂျပန်ငွေကြေးယန်း၏ အရန်ငွေသားအချိုးသည် ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ တက်လာခဲ့ပြီး ၎င်း၏နောက်၌ တရုတ်ယွမ်ငွေ၊ ဗြိတိန်ပေါင်စတာလင်၊ ကနေဒါဒေါ်လာနှင့် ဆွစ်ဖရန့်ငွေတို့သည်လည်း အနည်းငယ် အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ ပြောင်းလဲဖြစ်ပေါ်မှုများအကဲခတ်၍ အမေရိကန်ဒေါ်လာ၏ ရပ်တည်မှုအခြေအနေသည် တဖြည်းဖြည်းလျော့ကျလာနေပြီး အချိန်ကာလကြာရှည်လာချိန်တွင် ကမ္ဘာငွေကြေးနယ်ပယ်ထဲ၌ လွှမ်းမိုးနိုင်မှုမှာ အနည်းငယ်လျော့ကျလာနိုင်သည်ဟု ထင်ကြေးပေးမှုများရှိလာသည်။ (၃) ကမ္ဘာသုံးအရန်ငွေပမာဏတွင် အမေရိကန်ဒေါ်လာ၏ ပါဝင်မှုနှင့်ပတ်သက်၍ အနီးဆုံးကာလများကို လေ့လာကြည့်ရာ၌ ၂၀၀၀ ပြည့်နှစ်က ၇၀ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း၌ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၆၀ ရာခိုင်နှုန်းကျော်အထိဖြစ်လာခဲ့သည်။ လွန်ခဲ့သောနှစ်များတွင် ၅၉ ရာခိုင်နှုန်းဝန်းကျင်၌ တဝဲလည်လည်ဖြစ်နေခဲ့၏။ ထိုသို့ အမေရိကန်ဒေါ်လာပါဝင်မှုရာခိုင်နှုန်း တဖြည်းဖြည်းကျဆင်းလာနေချိန်တွင်…
မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဗဟိုလမ်းရှိ ထက်သိင်္ဂီကျော်ရွှေဆိုင်မှာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းကက Phone Massage ဖြင့် ခြိမ်းခြောက် ငွေတောင်းခံရကြောင်း အဆိုပါ ရွှေဆိုင်နှင့် နီးစပ်သူများထံမှ သိရသည်။ Phone Massage တွင် “ညက မင်းတို့ဆိုင်နားကို ဗုံးထောင်ထားတယ်။ သိန်း (၃၀) ပေးရင်မခွဲဘူး။ မပေးရင်ခွဲမယ်။ 09-752631628 ကို Wave Money နဲ့လွှဲလိုက် အခုနော်” ဟု ရေးသားထားကြောင်း သိရသည်။ “ငွေကျပ်သိန်း သုံးဆယ် ကို Wave Money နဲ့ လွှဲပေးပေါ့။ မလွှဲပေးရင် ဗုံးခွဲမယ်ဆိုပြီး ရေးသားထားတဲ့ စာကို Phone Massager ကတဆင့် ပို့လာတာလို့ သိရတယ်” ၎င်းရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားသည်ဟု သိရကြောင်းနှင့် သက်ဆိုင်ရာမှလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း အဆိုပါ ထက်သိင်္ဂီကျော်ရွှေဆိုင် နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီး၊ ဗဟိုလမ်း နှင့် မင်းကြီးတံတားလမ်းထောင့်ရှိ Denko စက်သုံးဆီအရောင်းဆိုင် မန်နေဂျာထံသို့ အမျိုးသားတစ်ဦးက ကျပ်သိန်း (၅၀) ပေးရန် လက်ကိုင်ဖုန်းဖြင့် ခြိမ်းခြောက်ပြောကြားခဲ့သည့်အပြင်၊ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲမည်ဟု Phone Massager မှတဆင့် ခြိမ်းခြောက်စာ ပေးပို့ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံကလွဲရင် အမေရိကန်ဟာ ဆေးတွေကို လူထုကြော်ငြာရာမှာ စည်းမျဉ်းစည်းကမ်းတင်းကျပ်လွန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လုပ်ကိုင်နိုင်စွမ်းလည်းရှိကြပါတယ်။ အမေရိကန်ပြည်သူတို့ဟာ သတင်းစာ၊ မဂ္ဂဇင်း၊ အွန်လိုင်းများစွာက ဆေးတစ်ခုရဲ့ကောင်းကျိုးတွေ၊ အာနိသင်တွေအကြောင်း အသေးစိပ်မျက်နှာအပြည့်ရေးထားပြီး ဘေးထွက်ဆိုးကျိုး၊ သုံးစွဲမှုတို့မသင့်တဲ့အခြေအနေ၊ ရှောင်ရန်အကြောင်းတွေကို နောက်စာမျက်နှာစာလုံးအသေးလေးတွေသုံးပြီး နည်းနည်းလေးသာ ရေးသားထားကြောင်း ပြောကြတဲ့ ဆေးထုတ်လုပ်သူများရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ကျွမ်းဝင်ကြပါတယ်။ ယခုအခါ အမေရိကန်အစားအသောက်နဲ ့ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေအောက်မှာ အပြောင်းအလဲတွေမြင်တွေ့ကြရပါ လိမ့်မယ်။ ၂၀၁၅ ခုနှစ်အစောပိုင်းက ပုံနှိပ်မီဒီဟာတွေမှာ စားသုံးသူတွေသိအောင် ကြော်ငြာကြတဲ့ပုံစံတွေအပေါ် ချမှတ်မယ့်စည်းမျဉ်းသစ်အပေါ် လူထုအမြင်များတောင်းခံခဲ့ကြပါတယ်။ အဆိုပါစည်းမျဉ်းသစ်အရ ဆရာဝန်နဲ့ဆေးဝါးပညာရှင်များလောက်ပဲ နားလည်လောက်တဲ့ စာလုံး၊ ဆေးနဲ့ဆေးပစ္စည်းတွေနဲ ့ဘေးထွက်ဆိုးကျိုးပါဝင်ပါတယ်။ သာမန်လူထု အလွယ်တကူနားလည်နိုင်မယ့်နည်းလမ်းကို အသုံးပြုရေးသားတာ အရေးအကြီးဆုံးဆေးရဲ့ဘေးထွက်ဆိုးကျိုးနဲ့ရှောင်ရှားဖို့အတွက်များ ဖော်ပြဖို့တိုက်တွန်းထားပါတယ်။ နေ့စဉ်သုံးစကားနဲ့ရေးသားထားတဲ့ဆေးအကြောင်းအကျဉ်းချုပ်မှာ ဆေးရဲ့ကောင်းကျိုးဆိုးကျိုး၊ သုံးစွဲပုံများ အမေးအဖြေပုံစံနဲ့ရေးသားနိုင်သလိုဇယားနဲ့လည်း ဖော်ပြနိုင်ပါတယ်။ ဆေးရောင်းချသူများဟာ ဆေးကြော်ငြာရာမှာ စာသိပ်မတတ်တဲ့ ဗန်းစကားများပါ ထည့်သွင်းသုံးစွဲဖို့လည်း တိုက်တွန်းထားပါတယ်။ စာလုံးများကိုလည်း ဖတ်လို့ရလောက်တဲ့အထိကြီးကြီးမားမားရေးသားဖို့ တောင်းဆိုထားပါတယ်။ အရေးကြီးဆုံးအချက်က လိုဂိုဒီဇိုင်းများအရောင်များထည့်သွင်းသုံးစွဲပြီး ထင်ရှားအောင်လုပ်ဖို့ သတ်မှတ်ထားပါတယ်။ လူထုရဲ့တုံ့ပြန်မှုက အဆိုပါစည်းမျဉ်းများကို လက်တွေ့အသုံးချရာမှာ ဖြစ်ပေါ်လာနိုင်တဲ့စိန်ခေါ်မှုတွေကို အလေးထားတုံ့ပြန်ကြတာတွေ့ရပါတယ်။ ဘယ်လိုစကားလုံးက ရိုးရှင်းလွယ်ကူတယ်ဆိုတာကို သတ်မှတ်ဖို့ ပညာရှင်တို့နဲ့ ဈေးသည်အကြား ညှိနိူင်းကာ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့အခြေခံအကျဆုံးအချက်ဖြစ်တဲ့ ဆရာဝန်ညွှန်ကြားစာပါမှ ဝယ်လို့ရမယ့် ဆေးနဲ့ ဆရာဝန်ညွှန်ကြားစာမလို စိတ်ကြိုက်ဝယ်ယူခွင့်ပြုထားတဲ့ ဆေးများအဖြစ်ခွဲခြားထားမှုဖြစ်ပြီး သူတို့အတွက် စည်းမျဉ်းစည်းကမ်းတွေက ရာစုနှစ်တစ်ဝက်လောက်ကျင့်သုံးခဲ့ပြီဖြစ်တယ်။ ၁၉၃၈ ခုနှစ်အစားအသောက်ဆေးဝါးနဲ့ အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေ ထွက်ရှိပြီးနောက်မှာ ဆေးဝါးတွေကို ဆရာဝန်ဆေးညွှန်းစာပါမှဝယ်လို့ရမယ့်ဆေးနဲ ့ဆေးညွှန်စာမလိုဘဲ ဝယ်ယူခွင့်ပြုတဲ့ဆေးအဖြစ်ခွဲခြားခဲ့ကြပြီး စားသုံးသူတွေဟာ ဆေးညွှန်းစာမလိုတဲ့ဆေးများအကြောင်းကို…
အယ်နီညိုရာသီဥတုဖောက်ပြန်မှုနဲ့အတူဆောင်းဝင်တာနောက်ကျခဲ့ပြီးဇန်နဝါရီလဆန်းကစလို့အေးလာပါပြီ။ဆောင်းတွင်းမှာအများစုကမဖြစ်မနေကြုံတွေ့ကြရတာကအသားပတ်တာပဲဖြစ်တယ်။ခန္ဓာကိုယ်တစ်ခုလုံးကအရေပြားပေါ်မှာလက်သည်းနဲ့ကုတ်လိုက်ချိန်၊အဖြူစင်းတွေဖြစ်နေတတ်ပြီး၊အရေပြားကတင်းတင်းကျပ်ခံစားရကာ၊အထိခိုက်မခံပဲဖြစ်နေတာမျိုးဖြစ်တယ်။ရာသီဥတုရဲ့ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတယ်ဆိုပေမယ့်သေချာဂရုမစိုက်ဘူးဆိုရင်တော့အမည်းကွက်နဲ့အမာရွတ်တွေထင်ကျန်နေတာ၊အသားအရည်ပျက်စီးတတ်ပါတယ်။နောက်တစ်ခုဖြစ်တတ်တာကခြေဖဝါးလက်ဖဝါးတွေမှာအရေပြားအဖတ်လေးတွေကွာတက်ပါတယ်။ခြေဖဝါးနဲ့လက်ဖဝါးတွေမှာအဆီထွက်သူတွေပိုပြီးအသားကွာတတ်ပါတယ်။အသားမကွာဘူးဆိုရင်လည်းခြေဖဝါးနဲ့လက်ဖဝါးမှာချွေးနဲ့အဆီတွေအချိန်တိုင်းထွက်နေတတ်ပါတယ်။မျက်နှာလိမ်းအရည်ဆိုရင်မိတ်ကပ်လိမ်းချိန်မှာမိတ်ကပ်သားကဆွဲလို့မကောင်းပဲအကွက်တွေဖြစ်နေတတ်ပါသေးတယ်။နှုတ်ခမ်းသားတွေခြောက်သွေ့ကွဲအက်တာ၊မျက်နှာတစ်ပြင်လုံးတင်းကျပ်ကျပ်ခံစားနေရတာစတဲ့ပြဿနာတွေကဆောင်းတွင်းကာလမှာအဖြစ်များပါတယ်။ သတိပြုဖို့ကဆောင်းတွင်းမှာကိုယ်သုံးနေကျဆံပင်ပျော့ဆေးတွေအစားအရေပြားနဲ့လိုက်ဖက်မှုရှိတဲ့ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေကိုပြောင်းသုံးပေးသင့်ပါတယ်။ရေကိုလည်းခပ်နွေးနွေးသုံးပေးပြီးပူတဲ့ရေကိုရှောင်သင့်ပါတယ်။ခေါင်းမလျှော်ခင်၊ဆီတစ်မျိုးနဲ့ပုံမှန်နှိပ်နယ်ပေးသင့်ပါတယ်။ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေသုံးတဲ့အခါရေစင်အောင်ဆေးကြောပေးဖို့မမေ့သင့်ပါဘူး။ ဆောင်းတွင်းမှာဆံသားခြောက်သွေ့တတ်ပါတယ်။မိန်းကလေးအများစုဟာဆောင်းတွင်းမှဆံသားခြောက်သွေ့တာနဲ့ဗောက်ထတာကိုကြုံတွေ့ကြရတတ်ပါတယ်။ဒါကဆောင်းတွင်းမှာတိုက်ခိုက်တဲ့လေနဲ့ပတ်ဝန်းကျင်လေထုညစ်ညမ်းတဲ့အခြေအနေတွေကြောင့်ဖြစ်တယ်။ဒါကိုကျန်းမာရေးမကောင်းတာကြောင့်ဆံသားပျက်စီးတယ်လို့မထင်သင့်ပါဘူး။ပြန်လည်ပြုပြင်ပြီးကောင်းမွန်စေမယ့်နည်းလမ်းတွေရှိပါတယ်။ဆံပင်သားပြန်လည်ကောင်းမွန်လာစေဖို့အိမ်မှာပြုလုပ်နိုင်တဲ့ပေါင်းတင်နည်းလမ်းတွေလည်းရှိပါတယ်။ ဆောင်းတွင်းအသားကွဲအက်ခြင်းဖြစ်တတ်ပါတယ်။အသားပတ်ရာကနေဂရုမစိုက်မိပဲအချိန်တွေကြာတဲ့အခါမှာတော့အသားကွဲအက်တာမျိုးဖြစ်လာပါတယ်။အသားကွဲအက်တာကြောင့်သက်သောင့်သက်သာရှိတာမျိုး၊ခံရခက်တာမျိုးနဲ့နာကျင်တာမျိုးတွေဖြစ်တတ်ပါတယ်။အရေပြားကွဲအက်ပြီးသွေးထွက်တာမျိုးတွေမဖြစ်ဖို့ရောဂါပိုးဝင်ရောက်တာမျိုးတွေမဖြစ်ဖို့လည်းဂရုစိုက်ရပါမယ်။အသားကွဲအက်မှုမဖြစ်စေဖို့၊အဓိကပြုလုပ်သင့်တာကတော့အရေပြားခြောက်သွေ့ကတည်းကပြန်လည်ပြုပြင်သင့်ပါတယ်။ ဆံသားကျန်းမာစေဖို့ထောပတ်သီးနဲ့မေရွန်းနိစ်သုံးသင့်ပါတယ်။အရသာရှိတဲ့အစားအစာဖြစ်ပြီးကျန်းမာရေးနဲ့ညီညွတ်သလိုအသားအတွက်လည်းပေါင်းတင်ပစ္စည်းအဖြစ်အသုံးပြုလို့ရနိုင်တဲ့ထောပတ်သီးနဲ့မေရွန်းနိစ်ရောပြီးဆံသားကျန်းမာအောင်ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုလို့ရပါတယ်။ခွက်တစ်ခွက်ထဲမှာထောပတ်သီးတစ်ဝက်မေရွန်းနိစ်တစ်ဇွန်း၊ကြက်ဥနှစ်လုံးစတာတွေကိုရောမွှေပြီး၊ဆံပင်ဦးရေပြားကနေအဖျားအထိတစ်လွှာချင်းနှံ့အောင်လိမ်းပေးသင့်တယ်။ခေါင်းတစ်ခုလုံးနှံ့သွားပြီဆိုရင်ရေချိုးဦးထုပ်ဆောင်ပြီးနှပ်ထားလိုက်သင့်တယ်။ရေနွေးငွေပေးပြီးပေါင်းပေးနိုင်ရင်ပိုကောင်းပါတယ်။အချိန်(၂၅)မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချကာပုံမှန်အတိုင်းခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်သင့်ပါတယ်။ အသားအက်ကွဲမှုမှသက်သာစေဖို့ထောပတ်သီး၊ငှက်ပျောသီးနဲ့သင်္ဘောသီးတွေကအစိုဓာတ်(ရေဓာတ်)ပြန်ရဖို့လိမ်းပေးရမှာဖြစ်တယ်။ထောပတ်သီး၊ငှက်ပျောသီး၊သင်္ဘောသီးတွေကိုဆတူရောပြီးပျစ်နေအောင်မွှေကာအရေပြားကွဲအက်နေတဲ့အပေါ်ကို(၁၅)မိနစ်လောက်လိမ်းထားပြီးရေနွေးနွေးနဲ့ဆေးချသင့်တယ်။အရေပြားခြောက်သွေ့ပြီးယားယံတာကြောင့်လက်သည်းနဲ့ကုတ်ခြစ်မိလို့ဖြစ်လာတဲ့ထိခိုက်မှုတွေကိုလည်းသက်သာစေပါတယ်။ ဆံသားခြောက်သွေ့မှုကင်းစေဖို့သံလွင်ဆီသုံးနိုင်ပါတယ်။သံလွင်ဆီကဆံသားနဲ့ပတ်သက်တဲ့ပြဿနာတော်များများကိုဖြေရှင်းနိုင်ပါတယ်။ဆံသားကိုရေဓာတ်ရရှိပြီး၊ခြောက်သွေ့မှုလည်းကင်းစေပါတယ်။သန်လွင်ဆီကိုနှစ်မိနစ်လောက်မီးအေးအေးနဲ့အပူပေးပြီးအခန်းပူချိန်ထဲမှာပဲအအေးခံထားကာ၊ယင်းကိစ္စသုံးသွားတဲ့သံလွင်ဆီကိုဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းလိုက်ပြီးခေါင်းဆောင်းစွပ်ကာ၊တစ်ညလောက်အိပ်သင့်ပါတယ်။မနက်မိုးလင်းမှလျှော်နေကြခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်လိုက်ရင်ဆံသားစိုလာနိုင်ပါတယ်။ အမာရွတ်ကင်းဖို့ပျားရည်သုံးသင့်ပါတယ်။အရေပြားပေါ်မှာကုတ်ခြစ်ရာတွေနဲ့အက်ကွဲမှုတွေကြောင့်ဖြစ်ပေါ်တတ်တဲ့အမာရွတ်ထင်မှုတွေကိုသက်သာစေဖို့အတွက်ပျားရည်ကအကောင်းဆုံးပဲဖြစ်ပါတယ်။ကြက်ဥအနှစ်တစ်လုံး၊နို့မှုန့်နှစ်ဇွန်းနဲ့ပျားရည်တစ်ဇွန်းတို့ကိုရောပြီး၊အရေပြားပေါ်မှာလိမ်းပေးသင့်တယ်။(၁၅)မိနစ်လောက်ကြာချိန်မှာရေဆေးသင့်ပါတယ်။အရေပြားမှာရေဓာတ်ရရှိပြီး၊နူးညံ့ပျော့ပြောင်းလာစေဖို့ဆောင်းတွင်းတစ်တွင်းလုံးပြုလုပ်ပေးနိုင်ပါတယ်။ ဆံသားချောမွေ့စေဖို့ပျားရည်နဲ့ကြက်ဥသုံးနိုင်ပါတယ်။ဆံသားခြောက်သွေ့ပျက်စီးနေတယ်ဆိုရင်အကောင်းဆုံးပြန်လည်ပြုပြင်နိုင်တဲ့နည်းလမ်းပဲဖြစ်တယ်။ကြက်ဥကိုအနှစ်ပါရောထည့်မယ်ဆိုရင်ဆံသားကိုပိုပြီးချောမွေ့ပျော့ပျောင်းစေပါလိမ့်မယ်။ကြက်ဥနှစ်လုံးနဲ့ပျားရည်ခွက်တစ်ဝက်ကိုရောလိုက်ပြီးဆံပင်အရင်းကနေအဖျားအထိနှံ့အောင်လိမ်းလိုက်ကာမိနစ်(၃၀)ကြာပေါင်းထားသင့်တယ်။ဆံပင်ကိုပေါင်းထားချိန်မှာဦးရေပြားကိုလည်းဖြည်းဖြည်းချင်းနှိပ်နယ်ပေးသင့်ပါတယ်။မိနစ်(၃၀)ပြည်တော့မှခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်သင့်ပါတယ်။ ခြောက်သွေ့မှုသက်သာစေတဲ့အစားအစာစားသင့်ပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြည့်အဝပါတဲ့အစားအစာကိုစားသုံးပေးပါမှဆောင်းတွင်းမှာအသားအရေကိုအကောင်းဆုံးထိန်းထားနိုင်ပါတယ်။ရေများများသောက်သင့်ပါတယ်။အသင့်အမြန်စားစနပ်များရှောင်သင့်ပါတယ်။ချိုပြီးအရည်ရွှမ်းတဲ့အသီးများစားသင့်တယ်။လိမ္မော်သီးလို၊အသီမျိုးတွေကဗီတာမင်စီကြွယ်ဝပြီးအဖျားရောဂါတွေနဲ့ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့နာမကျန်းဖြစ်တာတွေကိုသက်သာစေပါတယ်။အေးလွန်းတဲ့ဖျော်ရည်တွေနို့အေးနဲ့ရေခဲရေတွေလျော့သောက်သင့်ပါတယ်။ ဗောက်ပျောက်စေချင်ရင်ချင်း(ဂျင်း)ဗောက်ပျောက်ဆေးသုံးသင့်ပါတယ်။ချင်း(ဂျင်း)ကိုဗောက်ပျောက်စေတဲ့ဆံပင်ပေါင်းတင်ပစ္စည်းအဖြစ်သုံးနိုင်ပါတယ်။မီးဖိုထဲမှာအလွယ်တကူရှာနိုင်တဲ့ပစ္စည်းပဲဖြစ်တယ်။ချင်း(ဂျင်း)ကိုကြိတ်ချေပြီးအနှစ်ပြုလုပ်ကာ၊အရည်စစ်ထုတ်သင့်တယ်။ချင်း(ဂျင်း)လက်ဖက်ရည်ဇွန်းနဲ့(၂)ဇွန်း၊သံပုရာရည်(၂)ဇွန်း၊သံလွင်ဆီ(၁)ဇွန်းကိုရောပြီးဦးရေပြားပေါ်မှာသုတ်လိမ်းကာ(၄၅)မိနစ်ထားပြီးရေဆေးချသင့်တယ်။ ဆောင်းရာသီမှာအအေးဓာတ်ကြောင့်အရေပြားမထိခိုက်စေဖို့ကိုအသုံးပြုနေကျဆပ်ပြာတွေကိုပြောင်းလဲဖို့လိုပါတယ်။သုံးနေကျရေချိုးဆပ်ပြာကပြင်းတာကြောင့်ပြင်ပကရာသီဥတုကဆိုးရွားလာချိန်မှာကိုယ့်အရေပြားကိုပိုပြီးထိခိုက်စေနိုင်တဲ့အတွက်အပျော့စားရေချိုးဆပ်ပြာပြောင်းသုံးသင့်ပါတယ်။ ရေပူအသုံးပြုတာကိုရပ်ဖို့လိုပါတယ်။ရေအေးဖြစ်စေ၊ကြက်သီးနွေးရေဖြစ်စေ၊အသုံးပြုပြီးရေချိုးဖို့လိုပါတယ်။အပူကအရေပြားကိုပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ဆောင်းရာသီမို့ရေပူသုံးပြီးရေမချိုးသင့်ပါဘူး။ အရေပြားကိုပွတ်တိုက်ကြေးချွတ်ဖို့အတွက်အသုံးပြုတဲ့အဝတ်တွေနဲ့ကြေးတွန်းဖတ်တွေကိုနေ့စဉ်အသုံးမပြုသင့်ဘူး။တစ်ပတ်တကြိမ်လောက်ပဲသုံးသင့်တယ်။အရေပြားပိုမိုထိခိုက်လွယ်လာစေနိုင်တာကြောင့်ပဲဖြစ်တယ်။ ရေချိုးပြီးချိန်မှာကိုအသုံးပြုနေကျလိုးရှင်းအစားရေဓာတ်ပါဝင်တဲ့လိုးရှင်းကိုမဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ရေချိုးပြီးလို့ရေသုတ်ချိန်မှာအတင်းပွတ်တိုက်တာမျိုးမလုပ်သင့်ပါဘူး။ ရေချိုးဇလုံမှာအုန်းဆီထည့်ပြီးရေစိမ်ချိုးတာကြောင့်အရေပြားကရေဓာတ်ပိုရစေပါတယ်။ အစေ့အဆန်တွေများများစားသင့်တယ်။ဆောင်းတွင်းမှာဖြစ်တဲ့အသားအရည်ခြောက်သွေ့တာကိုကာကွယ်ပေးနိုင်ပါတယ်။ အရက်နဲ့အရက်ပါတဲ့ဖျော်ရည်သောက်တာကြောင့်လည်းအရေပြားထိခိုက်မှုပိုဆိုးစေတယ်။အရက်ရှောင်ဖို့လိုအပ်ပါတယ်။ ကျပ်လွန်းတဲ့အဝတ်အစားတွေကိုဆောင်းတွင်းအချိန်မှာရှောင်ဖို့လိုပါတယ်။ကျပ်လွန်းတဲ့အဝတ်အစားနဲ့ခြောက်သွေ့တဲ့အရေပြားပိုဆိုးစေတယ်။ ။
ယခုသီတင်းပတ်အစောပိုင်းက အမေရိကန်၏ လေကြောင်းကာကွယ်ရေးစနစ်ကို အသုံးပြုပြီးပစ်ချခဲ့သည်ဟု ယူကရိန်းက ကြေညာခဲ့သည့် ရုရှား၏ ဟိုက်ပါဆိုးနစ် ဒုံးကျည်အမျိုးအစား Kinzhal ပဲ့ထိန်းဒုံးကျည်တစ်စင်း၏ ဓာတ်ပုံများကို ယူကရိန်းက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။ ယူကရိန်း၏ အရေးပေါ်ဝန်ဆောင်မှုဌာနက ၎င်း၏ Telegram ချန်နယ်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများထဲတွင် မြေပြင်ပေါ်မှ ဒုံးကျည်အစိတ်အပိုင်းများကို ကရိန်းကားတစ်စင်းဖြင့် ဆွဲထုတ်နေပုံများကို ပြသခဲ့သည်။ ယူကရိန်းတွင် အင်ဂျင်နီယာများက ရန်သူတို့၏ ဟိုက်ပါဆိုးနစ်အမျိုးအစား Kinzhal ဒုံးကျည်ထိပ်ဖူးကို အသက်မဲ့အောင်ပြုလုပ်ခဲ့ကြောင်း ယူကရိန်းအရေးပေါ် ဝန်ဆောင်မှုဌာနက ပြောကြားခဲ့သည်။ ထိုပြောကြားချက်များနှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာနက ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ယူကရိန်းသည် နိုင်ငံတစ်ဝန်း လူခြောက်ဦးသေဆုံးခဲ့သည့် ယူကရိန်းမြို့များအပေါ် ရုရှား၏ ကြီးမားသည့် တိုက်ခိုက်မှုများအတွင်း Kinzhal ဒုံးကျည် ၁၀ စင်းကို ပစ်ချခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်က ပြောကြားခဲ့သည်။ အသံထက် ၁၀ ဆ ပိုမိုမြန်ဆန်သည့် Kinzhal ဒုံးကျည်များ၏ အမြန်နှုန်းကြောင့် ထိုဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် မဖြစ်နိုင်ကြောင်း ပူတင်က ပြောကြားထားသည်။ ရုရှားသည် အလွန်တန်ဖိုးကြီးပြီး ခုခံအားကောင်းသည့် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အဆိုပါ ဒုံးကျည်ထိပ်ဖူးများကို သီးသန့်သိမ်းဆည်းထားကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယူကရိန်းကမူ အမေရိကန်၏ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်သည် ရုရှား၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် အလွန်အရေးကြီးသည့် လက်နက်စနစ်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းသည် ရုရှားနှင့် နှစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကိုနိုင်ငံအချို့က ငြီးငွေ့လာနိုင်ခြေရှိသည့် အခြေအနေကို…
မာလာဝီနိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကာလဝမ်းရောဂါ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရန်ပုံငွေလိုငွေပြမှုကို ကာမိစေရန် အမေရိကန်ဒေါ်လာ ၆ သန်းခန့်လိုအပ်ကြောင်း မာလာဝီ ကျန်းမာရေးဝန်ကြီး ခွမ်ဘီဇီ ကန်ဒိုဒိုချီပွန်ဒါက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ မာလာဝီ၏ ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး နောက်ဆုံးရအခြေအနေကို ထုတ်ပြန်ချိန်တွင် ချီပွန်ဒါက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံအတွင်း ကာလဝမ်းရောဂါကူးစက်မှုသည် လျော့ ကျနေသော်လည်း စိတ်အေးလက်အေးနေနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ ကာလဝမ်းရောဂါ အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် စုစုပေါင်းအသုံးစရိတ်သည် ဒေါ်လာ ၁၈ ဒသမ ၂၃ သန်းဖြစ်ကြောင်း၊ သို့သော် ဒေါ်လာ ၁၂ ဒသမ ၂၇ သန်းသာ ရရှိထားဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ပုံငွေကွာဟချက် ဒေါ်လာ ၅ ဒသမ ၉၆ သန်းရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ မာလာဝီနိုင်ငံအတွက် ကာလဝမ်းရောဂါကို ထိန်းချုပ်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အထောက်အပံ့များကို ရရှိနိုင်စေရန်အတွက် အဆိုပါရန်ပုံငွေကွာဟချက်ကို ဖြေရှင်းရာတွင် ကူညီပေးရန် ချီပွန်ဒါက မိတ်ဖက်အဖွဲ့ အစည်းများကို အကူအညီတောင်းခံခဲ့သည်။ မာလာဝီနိုင်ငံတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ကာလဝမ်းရောဂါကို အမျိုးသား ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမဟုတ်တော့ကြောင်း ကြေညာခဲ့ပြီးချိန်ကတည်းက ရောဂါကူးစက်မှုများကျဆင်းခဲ့ပြီး သေဆုံးသူအနည်းငယ်သာရှိကြောင်း ချီပွန်ဒါက ဆိုသည်။ လက်ရှိ ကာလဝမ်းရောဂါဖြစ်ပွားမှု အခြေအနေသည် ၂၀၂၂ ခုနှစ်က အခြေအနေနှင့် နှိုင်းယှဉ်ပါက အများကြီး သာလွန်ကောင်း မွန်မှုရှိကြောင်း ၎င်းက ဆိုသည်။ ကာလဝမ်းရောဂါ ကာကွယ်တားဆီးရေးအတွက်…
တရုတ်နှင့် သံတမန်လမ်းကြောင်းမှဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားဆဲဖြစ်ပြီး တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု မျှော် လင့်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်တွင် မကြာမီက အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ပူးတွဲကင်းလှည့်လည်မှုများသည် တာဝန်မဲ့ပြီး ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုမှတ်ချက် စကားထွက်ပေါ်လာခြင်းဖြစ်သည်။ “အမေရိကန်နဲ့ ပူးတွဲကင်းလှည်လည်မှုတွေ၊ အနာဂတ်မှာ တခြားမဟာမိတ်နိုင်ငံတွေနဲ့ အတူတကွ ပြုလုပ်ဖွယ်ရှိတဲ့ လုပ်ဆောင်မှုတွေဟာ စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပေးဖို့ မိမိတို့ရဲ့ အပြန်အလှန် ကတိကဝတ်ပြုမှုကို ပြသခြင်းဖြစ် တယ်” ဟု ဖိလစ်ပိုင် အမျိုးသားလုံခြုံရေး အကြံပေး အက်ဒွါဒိုအနိုက ပြောကြားခဲ့သည်။ မနီလာမြို့ရှိ တရုတ်သံရုံးကမူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ၏ ပြောကြားချက်ကို ပြန်လည်ပြောဆိုကာ အနို၏ မှတ်ချက်စကားနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို တုံ့ပြန်ခဲ့သည်။ မကြာသေးမီက တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်လည်မှုများ လုပ်ဆောင်စဉ်အတွင်း ဖိလစ်ပိုင်နှင့် အမေရိကန်သင်္ဘောများကို တရုတ်ရေတပ်သင်္ဘောနှစ်စင်းက ထပ်ကြပ်မကွာ လိုက်လံစောင့်ကြည့်ခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။ နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်ရေတပ်မှ စစ်သင်္ဘောလေးစင်းနှင့် အမေရိကန်စစ်တပ်၏ အင်ဒို-ပစိဖိတ် စစ်ရေယာဉ်စုမှ လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်ကားလ်ဗင်ဆန် အပါအဝင် စစ်သင်္ဘောလေးစင်း ပါဝင်ခဲ့သည်။ ပူးတွဲကင်းလှည့်လည်မှုများ သည် ဇန်နဝါရီ ၄ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ ဇန်နဝါရီ ၅ ရက်တွင် အမေရိကန်စစ်သင်္ဘောများသည် မနီလာမြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားခဲ့သည်။…