Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက လူမျိုးရေးခွဲခြားမှုပြုလုပ်သည့် ပရိသတ်များ၏အသင်းအား အရှုံးပေးစေသည့်ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် အူဒီးနီးစ် (၂-၃) အေစီမီလန် စီးရီးအေပွဲစဉ်တွင် အေစီမီလန်အသင်း၏ ပြင်သစ်ဂိုးသမား မိုက်မီနွန်နှင့် ရှက်ဖီးဝင်းစ်ဒေး (၁-၂) ကိုဗင်ထရီ ချန်ပီယံရှစ်ပွဲစဉ်တွင် ကိုဗင်ထရီအသင်း၏ ဂျမေကာကွင်းလယ်လူ ကာဆေးပါလ်မာတို့ လူမျိုးရေးခွဲခြားခံခဲ့ရသည်။ လူမျိုးရေးခွဲခြားခံရသည့် မီနွန်အပါအဝင် အေစီမီလန်အသင်းကစားသမားများက ကွင်းအတွင်းမှထွက်ခွာသွားသဖြင့် ပွဲအား ၁၀ မိနစ်ဝန်းကျင် ရပ်နားထားပြီးမှ ပြန်လည်စတင်နိုင်ခဲ့သည်။ ချန်ပီယံရှစ်ပွဲစဉ်တွင်လည်း ပွဲတာဝန်ရှိသူများနှင့် နှစ်ဖက်အသင်းနည်းပြများ ညှိနှိုင်းဆွေးနွေးနေစဉ် မိနစ်အနည်းငယ်ကြာ ပွဲရပ်ထားခဲ့ရသည်။ သို့ဖြစ်ရာ ယင်းဖြစ်ရပ်နှစ်ခုနှင့်ပတ်သက်၍ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက “လူမျိုးရေးခွဲခြားမှုလုပ်တဲ့ ပရိသတ်တွေရဲ့အသင်းကို အလိုအလျောက်အရှုံးပေးရတဲ့ပြစ်ဒဏ်ချမှတ်ဖို့ ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ။ လူမျိုးရေးခွဲခြားသူတွေကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ကမ္ဘာတစ်ဝန်းက အားကစားကွင်းတွေမှာကြည့်ရှုခွင့်ပါ ပိတ်ပင်ရမှာပါ။ စနေနေ့က အူဒီနေနဲ့ ရှက်ဖီးလ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝရွံရှာဖွယ်ဖြစ်သလို လက်ခံနိုင်စရာလည်း လုံးဝမရှိပါဘူး။ ထိခိုက်ခံစားခဲ့ရတဲ့ ကစားသမားတွေအနေနဲ့ ကျွန်တော့်ရဲ့ထောက်ခံမှုအပြည့်အဝရရှိမှာပါ။ FIFA နဲ့ ဘောလုံးလောကဟာ ခွဲခြားဆက်ဆံမှုအားလုံးနဲ့ လူမျိုးရေးခွဲခြားခံရသူ သားကောင်တွေဘက်က ရပ်တည်တဲ့အကြောင်း စည်းလုံးညီညွတ်မှုကို ပြသရပါမယ်။ အားလုံးကို ထပ်ပြီးပြောချင်တာက လူမျိုးရေးခွဲခြားမှုအတွက်၊ ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးမဆိုအတွက် နေရာမရှိဘူးဆိုတာပါပဲ။ အဲဒီအရာက ဘောလုံး ဒါမှမဟုတ် လူအဖွဲ့အစည်းရဲ့ အစိတ်အပိုင်း မဟုတ်ကြောင်း အနာဂတ်မျိုးဆက်သစ်တွေ နားလည်စေဖို့အတွက် စာသင်ကျောင်းတွေရဲ့ ပညာရေးကစပြီး လုပ်ဆောင်ကြဖို့ သက်ဆိုင်သူ အားလုံး အရေးတယူဆောင်ရွက်ရမှာပါ” ဟု လူမှုမီဒီယာ X…
HSBC BWF World Tour Super ပြိုင်ပွဲဖြစ်သော အင်ဒိုနီးရှားမာစတာ ကြက်တောင်ပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် စတင်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် နောက်ဆုံးအဆင့်မှ ယှဉ်ပြိုင်ခွင့်မရဘဲ လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် လက်ရည်စစ်ပွဲတွင် တရုတ်တိုင်ပေကြက်တောင်မယ် ယောင်ယုဆန်နှင့် တွေ့ဆုံခဲ့ပြီး (၂-၁) ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၇ မှတ်ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲငယ်နှင့် တတိယပွဲငယ်တွင် ဆက်တိုက်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဒုတိယပွဲငယ်တွင် ၂၁-၁၃ မှတ်၊ တတိယပွဲငယ်တွင် ၂၁-၁၇ မှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် BWF ပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရာ ရလဒ်မကောင်းသေးဘဲ မလေးရှားအိုးပင်းကြက်တောင်ပြိုင်ပွဲတွင် ပထမအဆင့်၊ အိန္ဒိယအိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ပထမအဆင့်၊ ယခု အင်ဒိုနီးရှားမာစတာ ကြက်တောင်ပြိုင် ပွဲတွင် လက်ရည်စစ်ပွဲအဆင့်တို့မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ကျင်းပမည့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသောကြောင့် BWF က ကျင်းပသည့်ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ်ယှဉ်ပြိုင်လျက်ရှိပြီး ရမှတ်ပိုမိုရရှိစေရန် အဆင့်သတ်မှတ်ချက်မြင့်မားသည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းမှ အီဂျစ်တိုက်စစ်ကစားသမား ဆာလာ၏ ဒဏ်ရာသည့် မူလမျှော်မှန်းထားသည့်အခြေအနေထက် ပိုမိုဆိုးရွားနေကြောင်း အသင်းက သတင်းထုတ်ပြန်ခဲ့သည်။ ဆာလာ၏အေးဂျင့်ဖြစ်သူကလည်း ရာမီအဘားစ်ကလည်း လူမှုကွန်ရက် X တွင် မိုဟာမက်၏ ဒဏ်ရာသည် ပထမဆုံးယူဆထားသည်ထက် ပိုမိုပြင်းထန်နေကြောင်းနှင့် ရက်ပေါင်း ၂၁ ရက်မှ ၂၈ ရက်အကြား အနားယူရနိုင်ကြောင်း ရေးသားခဲ့သည်။ အစောပိုင်းသတင်းများတွင် ဆာလာ၏ဒဏ်ရာကို တံကောက်ကြောဒဏ်ရာအဖြစ်သာ ဖော်ပြခဲ့သော်လည်း လီဗာပူးလ်အသင်းက နောက်ဆုံးထုတ်ပြန်ချက်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားခဲ့သည်။ ဆာလာသည် ဇန်နဝါရီ ၁၈ ရက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် ဂါနာအသင်းနှင့် (၂-၂) ဂိုးစီသရေကျသည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ပထမပိုင်းမပြီးခင်မှာပင် လူစားလဲခဲ့ရပြီး ၎င်းအနေဖြင့် ဝဲဘက်ခြေထောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဆာလာအနေဖြင့် ဇန်နဝါရီ ၂၂ ရက်က ကစားခဲ့သော ကိတ်ဗာဒီအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် (၂-၂)ဂိုးစီ သရေကျခဲ့ပြီး အုပ်စုသုံးပွဲကစား သုံးပွဲစလုံးသရေဖြင့် အုပ်စု ဒုတိယနေရာရကာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ ၎င်းသည် ယင်းပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးမှ လီဗာပူးလ်အသင်းတွင် ကုသမှုခံယူရန် ပြန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ အသင်း၏လေ့ကျင့်ရေးစင်တာ AXA သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဆာလာအား မိခင်ကလပ်တွင် ဆေးကုသမှု ပြန်လည်ခံယူရန် အီဂျစ်ဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီမှု ရယူခဲ့ပြီး လီဗာပူးလ်အသင်းဆေးအဖွဲ့နှင့်အတူ အရေးပေါ်ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ချက်ချင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းဆေးအဖွဲ့သည် ဆာလာအား ကလပ်နှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် အမြန်ဆုံးပြန်လည်ကစားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အထူးသဖြင့် ကျင်းပလျက်ရှိသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းနှင့်…
ဇန်နဝါရီ ၂၃ ရက်က တောင်ထူထပ်သည့် တရုတ်-ကာဂျစ္စတန် နယ်စပ်တစ်လျှောက်တွင် ၇ မဂ္ဂနီကျုရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြော ကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က တရုတ်နိုင်ငံရှင်ကျန်းဒေသ၌ မြေအနက် ၁၃ ကီလိုမီတာတွင် ဗဟိုပြု၍ ဧရာမငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်သည် အက်ဆုမြို့၏ အနောက်ဘက်၊ ကီလိုမီတာ ၁၄၀ ခန့်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ဒေသန္တရ အာဏာပိုင်များသည် ငလျင်ဗဟိုချက်ဒေသဆီသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ထားပြီး အကြီးစား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး မစ်ရှင်အတွက် လူ ၈၀၀ ခန့်ကို အရန်သင့်ပြင်ဆင်ထားသည်ဟု နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒဏ်ရာအသီးသီး ရရှိထားသူ ၄၄ ဦးရှိကြောင်း ကာဂျစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရသူများသည် ကာဂျစ္စတန်၏အကြီးဆုံးမြို့ဖြစ်သည့် အယ်မာတီတွင်ဆေးကုသမှုခံယူနေသည်ဟု ဆို သည်။ ငလျင်လှုပ်ပြီးနောက် နေအိမ်အပြင်ဘက်တွင် ဒေသခံများ စုဝေးနေသည့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာနှင့် ဒေသတွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ အာချီဒေသတွင် ခြောက်ဦးဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟု ရှင်ကျန်းဒေသ အာဏာပိုင်များက လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဝေပိုတွင် ဖော်ပြခဲ့သည်။ ၎င်းဒေသတွင် စုစုပေါင်း အဆောက်အအုံ ၄၇ လုံး ပြိုကျခဲ့ပြီး နောက်ထပ်အဆောက်အအုံ ၇၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ငလျင်ဗဟိုချက်အနီးတွင်ရှိသည့် ဝူရှီ ကျေးလက်ဒေသတွင် လူနေအိမ်နှစ်လုံးနှင့် ခြံမွေးတိရစ္ဆာန်များထားရှိသည့် ရုံနှစ်ရုံ ပြိုကျပျက်စီးခဲ့ကာ ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်ဟု ဆင်ဟွာသတင်းဌာနက…
တရုတ်သမ္မတ ရှီကျင်းပင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် ပြဿနာပတ်လည်ဝိုင်းနေသည့် ဘဏ္ဍာရေးကဏ္ဍကို ပစ်မှတ်ထားလာခဲ့သည်ဟု အကဲခတ်များက ဆိုသည်။ သိုသိုသိပ်သိပ် ဖွဲ့စည်းထားသည့် ဒုံးလက်နက်တပ်ဖွဲ့၊ ကွန်မြူနစ်ပါတီ အထက်တန်းလွှာ၊ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတို့ကို ပစ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် စီးပွားရေးအရှိန်အဟုန်နှေးကွေးနေသည့် ပြဿနာနှင့် ရင်ဆိုင်နေရသော ဘဏ္ဍာရေးကဏ္ဍကိုပါ ထိထိရောက်ရောက် လုပ်ဆောင်လာဖွယ်ရှိသည်။ ၂၀၂၃ ခုနှစ်အတွင်း တရုတ်၏စီးပွားရေးတိုးတက်မှုသည် ဆယ်စုနှစ်သုံးခုကျော်အတွင်း နှစ်အလိုက် အနိမ့်ဆုံးဖြစ်ဖွယ်ရှိကြောင်း သိရသည်။ အိမ်ခြံမြေအကျပ်အတည်း၊စားသုံးမှုဆိုင်ရာ အရှိန်အဟုန်နှေး ကွေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ ဖြစ်ပေါ်နေသည့်ဒဏ်ကို ခံစားနေရခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်က သမ္မတရှီ အာဏာရလာပြီးနောက်ပိုင်း နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အစဉ်တစိုက်လုပ်ဆောင်ခဲ့ပြီး အရာရှိ ၄ ဒသမ ၇ သန်းထက်မနည်းကို ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း ၂၀၂၂ ခုနှစ်တွင် နိုင်ငံပိုင် Global Times သတင်းစာ၏ဖော်ပြချက်အရ သိရသည်။ ယမန်နှစ်တွင် အဆင့်မြင့်အရာရှိများအား လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာန၏ အဆိုအရ သိရသည်။ အိမ်ခြံမြေအကျပ်အတည်း၊ ဒေသန္တရအစိုးရများ၏ ကြွေးမြီမြင့်တက်မှုနှင့် စားသုံးမှုနှုန်း ကာလရှည် ကျဆင်းမှုကြောင့် စီးပွားရေး လည်ပတ်မှုအပေါ် ထိခိုက်မှုဖြစ်ပေါ်နေစဉ် နက်နက်ရှိုင်းရှိုင်း ရှိနေသည့် မသမာမှုများကို အမြစ်ဖြတ်ဖယ်ရှားမည်ဟု သမ္မတရှီက ကတိပြုထားသည်။ ကာလရှည် တည်ရှိခဲ့သည့် နိုင်ငံရေးအစဉ်အလာမှ ခွဲထွက်ကာ ၂၀၂၂ ခုနှစ်တွင် တရုတ်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ဒုတိယမြောက်ဆယ်စုနှစ်တာ ကာလကို…
ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်၏ မိုးပျံပူဖောင်း ခြောက်လုံးကို စံချိန်တင်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် မိုးပျံပူဖောင်းတစ်လုံးသည် ထိုင်ဝမ်ကျွန်းတည့်တည့်ပေါ်မှ ဖြတ်သန်းခဲ့ကာ တရုတ်စစ်လေယာဉ်များနှင့် ရေ တပ်သင်္ဘောများကိုလည်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ မိုးပျံပူဖောင်း ငါးလုံးကို ထိုင်ဝမ်မြောက်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် ကျီလုံမြို့အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိုးပျံပူဖောင်းတစ်လုံးမှာမူ ထိုင်ဝမ်တောင်ပိုင်း ဖျင်တုံဒေသအနီးမှ ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့်မြေပုံတွင် ဖော်ပြထားသည်။ ထိုင်ဝမ်အနီးတွင် တရုတ်၏စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်ထုတ်ပြန်လေ့ရှိသည့် ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန၏အဆိုအရ ဇန်နဝါရီ ၂၁ ရက်က ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၅,၀၀၀ မှ ၁၇,၀၀၀ အတွင်း၌ မိုးပျံပူဖောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ထိုင်ဝမ်အနီး၌ တရုတ်၏ မိုးပျံပူဖောင်းများတွေ့ရှိရမှုကို ပုံမှန်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အရေအတွက်အများဆုံး တွေ့ရှိရခြင်းဖြစ်သည်။ ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ်မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောဆိုထားသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေးအရ တိုးမြှင့်ဖိအားပေးလာခဲ့ပြီး ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများ နေ့စဉ်နီးပါးစေလွှတ်လျက်ရှိသည်။ ယမန်နှစ် ဖေဖော်ဝါရီလက ထိုင်ဝမ်စစ်တပ်သည် ထိုင်ဝမ်လေပိုင်နက်အတွင်း လွင့်မျောနေသည့် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိပြီးနောက် လေကြောင်းအာဏာပိုင်အဖွဲ့အား သတိပေးတပ်လှန်ခဲ့သော်လည်း အဆိုပါမိုးပျံပူဖောင်း မည်သည့်အရပ်မှ ရောက်လာသည်ကို အတည်ပြုပြောဆိုခဲ့ခြင်း မရှိသကဲ့သို့ နေ ရာအတိအကျကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ တရုတ်က ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားသော အာဏာရ ဒီမိုကရက်တစ်…
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိန္ဒိယနိုင်ငံသားက မြန်မာနိုင်ငံသားကို ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်သတ်ဖြတ်ပြီး ထွက်ပြေးနေကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။ ဘန်ကောက်မြို့ Sake Ngam 35/3 ရှိ စီးပွားရေးအဆောက်အအုံတစ်ခုတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည့် မြန်မာနိုင်ငံသား ရုပ်အလောင်းတစ်လောင်းကို တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။ Kham ရဲစခန်းမှ တာဝန်ရှိသူများနှင့် Siriraj ဆေးရုံမှ မှုခင်းစစ်ဆရာဝန်များမှာ အခင်းဖြစ်ရာ အဆောက်အအုံရှိ ဗီရိုထဲ၌ ကိုယ်အင်္ဂါအစိတ်အပိုင်းခြောက်ခု၊ လျှပ်စစ်လွှစက်၊ ဓားနှစ်ချောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ရေချိုးခန်း၊ နံရံနှင့်ကြမ်းပြင်များတွင် သွေးကွက်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ပြစ်မှုကျူးလွန်သူ အိန္ဒိယနိုင်ငံသားမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ အသက် ၂၃ နှစ်အရွယ် အိန္ဒိယလူမျိုး Sundaravel Pragadeesh Kumar ကို လူသတ်သမားအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသားမှာ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအတွက် အလုပ်ရှာဖွေပေးသူဖြစ်ပြီး ဝန်ဆောင်ခအတွက် ဘတ် ၁၅၀၀၀၊ စာရွက်စာတမ်းအတွက် ဘတ် ၇၀၀၀ ရယူသလို မြန်မာလူမျိုးများကိုလည်း အိမ်ငှားထားကြောင်း သိရသည်။ ရုပ်အလောင်းကို စတွေ့ခဲ့သည့် မြန်မာအလုပ်သမားကိုမြအေးက Kumar သည် လူခြောက်ယောက်နေထိုင်ရန် အခန်းကိုငှားထားကြောင်း၊ ကိုမြအေးက အလုပ်ရှာရန် သူငယ်ချင်းငါးယောက်အား လာခေါ်သည့်အချိန်တွင် ကိုစိုင်းကြည်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ပြောကြားသည်ဟု သိရသည်။ ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအိန္ဒိယနိုင်ငံသား Kumar ဆိုသူမှာ အခင်းဖြစ်သည့်ရက်တွင် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ ထွက်ခွာသွားသည်ဟုစုံစမ်းရရှိထားကြောင်း၊ Kumar ကို…
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကျပ် ၃၀ ဘီလျံခန့်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို နှစ်တန် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC MYANMAR) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ နိုင်ဦးမောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ်ဖာများနှင့် ဘီယာဖာများ၏အောက်၌ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀၀ ကီလို(၂)တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်းအား ရပ်စောက်တိုးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ၊ ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိအိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က သတင်းထုတ်ပြန်သည်။
မန္တလေးမြို့တွင် လူငယ်လေးဦးမှ ငှားရမ်းနေထိုင်သည့်အိမ်ရှင်၏ လေးနှစ်အရွယ်ကလေးအား ပြန်ပေးဆွဲမှု ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပြည်ကြီးတံခွန်မြိုနယ်၊ (ဂ)ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့မှ အိမ်ရှင်၏ ကလေးအား ခိုးယူခဲ့ပြီး ငွေကျပ်သိန်းငါးရာဖြင့် ပြန်လည်ရွေးယူရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လေးဦးသည် အိမ်ငှားရမ်းနေထိုင်မှု နှစ်လပြည့်သောအခါ အိမ်ရှင်မှ ဆက်လက်နေထိုင်ခွင့်မပြုတော့ဘဲ အခြားနေရာသို့ ပြောင်းရွှေ့ပေးရန် သတ်မှတ်အချိန်ပေးခဲ့သည့်နောက်ရက်တွင် အိမ်ရှင်၏ကလေးကို ခိုးယူထွက်ပြေးခဲ့ကြကြောင်း၊ ထို့နောက်ကလေးကို သိန်းငါးရာဖြင့်လာရွေးရန် အမရပူရမြို့နယ်ရှိ ဆောက်လုပ်ဆဲ ကျောက်စိမ်းဥယျာဉ်တိုက်တန်းသို့ ချိန်းဆိုခဲ့သလို လာရောက်မရွေးယူပါက သတ်ပစ်မည်ဟု စာပို့ခဲ့ကြောင်း သိရသည်။ အဆိုပါနေရာသို့ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး ကလေးခိုးယူသူများအား ဖမ်းဆီးနိုင်ခဲ့ကာ ကလေးမှာ ထိခိုက်အန္တရာယ်မရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူခုနစ်သိန်းခွဲကျော်ရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည့် ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းချုပ်တွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲနှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း ၄၆၂၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၌ လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ၇၅၁၆၆၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။