Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
၂၀၂၄-၂၀၂၅ ရာသီလိဂ်ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို နှစ်ကျော့ယှဉ် ပြိုင်ရသည့်စနစ်သာ ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း EFL(ပရီးမီးယားလိဂ်မပါဝင်ဘဲ အောက်တန်းလိဂ်များဖြင့် ဖွဲ့စည်းထားသည့် အင်္ဂလိပ်ဘောလုံးလိဂ်) အမှုဆောင်ချုပ် ထရီဗာဘာ့ချ်က အတည်ပြုပြောကြားခဲ့သည်။ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို (၃၆) သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သောကြောင့် ကြားရက်များတွင် ယှဉ်ပြိုင်ရသည့် ပွဲစဉ်အရေအတွက် ပိုများလာမည်ဖြစ်သည်။ ထို့ကြောင့် လိဂ်ဖလားဆီမီးဖိုင်နယ်ကို နှစ်ကျော့ကစားသည့်စနစ် ဖျက်သိမ်းဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ် ခဲ့သော်လည်း EFL နှင့် ပရီးမီးယားလိဂ်တို့အကြား ငွေကြေးခွဲဝေမှုနှင့်ပတ်သက်၍ သဘောတူညီမှုမရသဖြင့် လက်ရှိပုံစံအတိုင်း နှစ်ကျော့သာ ဆက်လက် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းအနေဖြင့် လိဂ်ဖလားဗိုလ်လုပွဲ၌ တတိယအကြိမ် တွေ့ဆုံနေခြင်းဖြစ်ပြီး ယခင်နှစ်ကြိမ်တွင် တစ်ကြိမ်စီ အနိုင်ရထားသည်။ ၎င်းတို့တွေ့ဆုံသည့် ဗိုလ်လုပွဲနှစ်ကြိမ်စလုံး မိနစ် (၉၀)အတွင်း အဖြေထွက်ပေါ်ခဲ့ခြင်း မရှိဘဲ ၂၀၀၅ ပြိုင်ပွဲတွင် မိနစ် ၉၀ အတွင်း (၁-၁) ဂိုးစီသရေ၊ အချိန်ပိုတွင် ချယ်လ်ဆီးအသင်းက (၂-၁) ဂိုး၊ စုစုပေါင်း (၃-၂) ဂိုးဖြင့် အနိုင်ရကာ ၂၀၂၂ ပြိုင်ပွဲတွင် မိနစ် ၉၀ အတွင်း ဂိုးမရှိသရေ၊ ပယ်နယ်တီတွင် လီဗာပူးလ်အသင်းက (၁၁-၁၀) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ ယခုနှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် လီဗာပူးလ်အသင်းက အလေးပေးမှု ၁း၂ ဖြင့် ပိုမိုရေပန်းစားနေပြီး ချယ်လ်ဆီးအသင်းက ၆း၄ သတ်မှတ်ခံထားရသည်။
၂၀၂၂-၂၀၂၃ ရာသီတွင် ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းအဖြစ် ဖလားသုံးလုံးချန်ပီယံ မန်စီးတီးအသင်းကို ကျော်ဖြတ်၍ ရီးယဲလ်မက်ဒရစ်အသင်းက ယူရို (၈၃၁)သန်းဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းစာရင်းကို ကမ္ဘာ့ထိပ်တန်းစာရင်းအင်းကုမ္ပဏီ (၄)ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဗြိတိန်အခြေစိုက် Deloitte ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းသည် ၂၀၂၂-၂၀၂၃ ရာသီ လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုလွဲချော်ခဲ့ပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌သာ ဗိုလ်စွဲခဲ့သော်လည်း အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေအဖြစ် ယူရို (၈၃၁) သန်းရရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီ ဝင်ငွေထက် ယူရို (၁၁၈)သန်း မြင့်တက်လာသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် Deloitte ၏ ဝင်ငွေအကောင်းဆုံးစာရင်းတွင် ၂၀၁၇- ၂၀၁၈ ရာသီနောက်ပိုင်း ထိပ်ဆုံးနေရာသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ပရီးမီးယားလိဂ်၊ FA ဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ဖလားသုံးလုံးအောင်မြင်မှုရရှိခဲ့သည့် မန်စီးတီးအသင်းမှာလည်း စံချိန်တင်အဖြစ် ယူရို (၈၂၆)သန်း ရရှိခဲ့သည်။ သို့သော် ယခင်နှစ် ရာသီဆက်တိုက် ထိပ်ဆုံးနေရာတွင် ဦးဆောင်နိုင်ခဲ့သည့် မန်စီးတီးအသင်းမှာ ယူရို (၅)သန်းအကွာဖြင့် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ၎င်းတို့၏နောက်တွင် PSG အသင်းက ယူရို (၈၀၂) သန်း၊ ဘာစီလိုနာအသင်းက ယူရိုသန်း (၈၀၀)၊ မန်ယူအသင်းက ယူရို (၇၄၆) သန်း၊ ဘိုင်ယန်မြူးနစ်အသင်းက ယူရို (၇၄၄) သန်း၊ လီဗာပူးလ်အသင်းက ယူရို (၆၈၃) သန်း၊ စပါးအသင်းက ယူရို (၆၃၂) သန်း၊ ချယ်လ်ဆီးအသင်းက ယူရို (၅၈၉)…
အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်း ထွက်ပြီးတိုင်း အငြင်းပွားမှုများဖြစ်လာသည်မှာ ထုံးစံပင်ဖြစ်သည်။ မည်သည့်ဇာတ်ကား၊ မည်သည့်သရုပ်ဆောင်က ဆန်ခါတင်ပါသင့်သည်ဟု ပရိသတ်က သူတို့အမြင်ကိုတုံ့ပြန် လေ့ရှိပြီး သူတို့မှန်းချက်အတိုင်းဖြစ်မလာပါက ဝေဖန်ကြသည်။ ထိုသို့ တု့ံပြန်လာသူများထဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်လည်း ပါသည်။ ကမ္ဘာတဝန်းရုံတင်ပြသစဉ်က ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရသည်အထိ အောင်မြင်ခဲ့သည့် Barbie ဇာတ်ကားသည် အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် ဆုရှစ်ဆုလျာထားခံရသည်။သို့သော်ဇာတ်ကား၏ အခရာအကျဆုံး အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒါရိုက်တာဂရတ်တာဂါးဝစ်နှင့် ခေါင်းဆောင် မင်းသမီးမားဂေါ့ရော့ဘီက ဒါရိုက်တာဆုနှင့် အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုတို့ အဆိုပြုမခံရဘဲ ဂါးဝစ်က ဇာတ်ညွှန်းဆု၊ ရော့ဘီက ထုတ်လုပ်သူပရိုဂျူဆာဆုသာ လျာထားခံရသည်။တွဲဖက်မင်းသမီး အမေရိကဖရယ်ရာနှင့် မင်းသားရိုင်ယန်ဂေါ့စလင်းတို့ကမူ ဇာတ်ပို့မင်းသမီး၊မင်းသားဆု လျာထားခံရသည်။ အော်စကာဖြစ်စဉ်နှင့်ပတ်သက်ပြီး X လူမှုကွန်ရက်တွင် တချိန်က သမ္မတကိုယ်စားလှယ်လောင်း၊ အမေရိကန်နိုင်ငံခြားဝန်ကြီးဟောင်း ဟီလာရီကလင်တန်က“ဂရတ်တာ နဲ့ မားဂေ့ါ၊ အော်စကာဆုရုပ်ကြီးကို အိမ်ပြန် မသယ်နိုင်တော့ပေမဲ့ ပရိသတ်သန်းပေါင်း များစွာက သင်တို့ကိုချစ်တယ်။ သင်တို့နှစ်ဦးက ကျေနပ်စရာထက်ကို အများကြီးပိုတယ်”ဟု အားပေးရေးသားခဲ့သည်။ စာအဆုံးတွင် ရေးခဲ့သည့် #Hillary Babie အသုံးက လက်ရှိအွန်လိုင်းတွင် လူသုံးများနေသည်။ ၂၀၂၃ အော်စကာဆုပေးပွဲတွင် ဇာတ်ဆောင်မင်းသမီးဆုရခဲ့သည့် မလေးရှားမင်း သမီးမစ်ရှဲယိုကလည်း လတ်တလောအင်တာဗျူးတစ်ခုတွင် သူ့အမြင်ကိုမျှဝေသွားသည်။ “Barbie ကို အကောင်းဆုံး ဇာတ်ကားဆုရွေးတဲ့အတွက်တော့ ဝမ်းသာပါတယ်။ဒါပေမဲ့ စဉ်းစားကြည့်၊ ဒါရိုက်တာဆုနဲ့ဇာတ်ဆောင် မင်းသမီးဆု စဉ်းစားမခံရဘဲ ဇာတ်ကားဆုက ဆန်ခါတင်ဘယ်လိုပါသွားပါလိမ့်။စိတ်မကောင်းဘူး။အဲဒီကားဟာ လူအကြိုက်ဆုံး ဇာတ်ကားတွေထဲပါတယ် ”ဟု ယိုကဆိုသည်။ ဇာတ်ဆောင်မင်းသမီးဆုကို အမ်မာစတုန်းနှင့် လီလီဂလက်စတုန်းတို့ လျာထားခံရသည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားရန်ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးလက်ဗရော့ဗ်က ဇန်နဝါရီ ၂၄ ရက်တွင် စွပ်စွဲခဲ့သည်။ အမေရိကန်ဦးဆောင်သည့် အဆိုပါ အင်အားစုသည် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း လက်ဗရော့ဗ်က ကုလသမဂ္ဂတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကမူ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေးအတွက်ဖြစ်ပြီး မြောက်ကိုရီးယား၏ မြင့်တက်နေသည့် နျူကလီးယား ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် မဖြစ်မနေ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယားအပေါ် ပိုမိုရန်လိုလာခဲ့သည်ဟုလည်း လက်ဗရော့ဗ်က ပြောကြားခဲ့သည်။ထို့ပြင် ဂျပန်၏ ပြောကြားချက်များမှာလည်း ပိုမိုရန် လိုလာခဲ့ပြီး အမေရိကန်၏ အကူအညီနှင့် အတူ နေတိုးမဟာမိတ်အဖွဲ့၏ အခြေခံအဆောက်အအုံများ တည်ထောင်ရေးနှင့်ပတ်သက်ပြီး အလေးထားပြောဆိုလာခဲ့သည်ဟု လက်ဗရော့ဗ်က ပြောကြားခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ရည်ရွယ်ချက်သည် မြောက်ကိုရီးယားနှင့်စစ်ဖြစ်ရန် ပြင်ဆင်နေကြောင်း သိသာထင်ရှားနေသည်ဟုလည်း ၎င်းကဆိုသည်။ အမေရိကန်နှင့် ၎င်း၏ အာရှမဟာမိတ်များသည် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးအတွက်လည်း ဆွေးနွေးနေပြီး နျူကလီးယားနှင့်ဆက်နွှယ်သည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်ဟု ရုရှားနိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။ ပြီးခဲ့သည့်သီတင်းပတ်က အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် နျူကလီး ယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံကို အင်အားပြသည့်အနေဖြင့် အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စင်းအပါအဝင် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် လက်နက်စမ်းသပ်မှုများကို ပြုလုပ်ခဲ့သဖြင့် ဒေသတွင်းတင်းမာမှုများသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် အမေရိကန်၊ တောင်ကိုရီးယား နှင့်ဂျပန်နိုင်ငံမှ ထိပ်သီးသံတမန်များသည် မြောက်ကိုရီးယားနှင့်…
ပြုပြင်ပြောင်းလဲရေးဝါဒီ နိုင်ငံရေးခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်သည် နိုင်ငံရေးလောကမှ ပိတ်ပင်ခံရနိုင်သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုဆိုင်ရာ အမှုအတွက် အပြစ်မရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ်ရာထူးကို ပြန်လည်အပ်နှင်းခဲ့သည်။ အသက် ၄၃ နှစ်အရွယ် ပီတာသည် တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward (ရှေ့သို့ချီ) ပါတီကို ဦးဆောင်ကာ ယမန်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သော်လည်း ဇူလိုင်လတွင် လွှတ်တော် အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ် ရာထူးအတွက် ရွေးကောက်ခံရန် ကြိုးပမ်းမှုသည်လည်း ပယ်ချခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ပြင်းထန်သော တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ပြောင်းလဲရန်နှင့် စစ်တပ်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုများကို ပြုပြင်ပြောင်းလဲရန် Move Forward ပါတီက တောင်းဆိုခဲ့ခြင်းကြောင့် သြဇာရှိ ရှေးရိုးစွဲဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီးနောက် ၎င်းပါတီသည် အစိုးရဖွဲ့မည့် ညွန့်ပေါင်းအုပ်စုထဲမှ ဖယ်ထုတ်ခံခဲ့ရသည်။ ဇူလိုင် ၁၉ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပီတာသည် မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများပိုင်ဆိုင်ခြင်းကြောင့် လွှတ်တော်အမတ်ဖြစ်ရန် အရည်အချင်းမပြည့်မီခြင်း ရှိမရှိဆိုသည့် အမှုကို လက်ခံမည်ဟုကြေညာခဲ့ပြီး ထိုအတောအတွင်း ပီတာအား လွှတ်တော်မှထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက် မချမီအချိန်အထိ ပီတာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ရမည်ဟု ၎င်းခုံရုံးက ထုတ်ပြန်ခဲ့သည်။ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉၈ အရ သတင်းနှင့် စာနယ်ဇင်း သို့မဟုတ် မီဒီယာလုပ်ငန်းတွင် ရှယ်ယာပိုင်ဆိုင်သည့် အမတ်လောင်းများကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။ ပီတာကမူ…
မြစ်ဆုံအနီး ဧရာဝတီမြစ်ကြောင်း တစ်ဝိုက်တွင် ရွှေတူးခြင်းများမပြုလုပ်ကြရန် တားမြစ်ချက်ဆိုင်းဘုတ်များဒေသခံအချို့ စိုက်ထူကြောင်း သိရသည်။ မြစ်ဆုံအနီး ဧရာဝတီမြစ်ကြောင်း တစ်ဝိုက်ရှိ ကျေးရွာများတွင် ရွှေတူးရန် မြေကွက် ဝယ်သူတွေများလာခြင်းကြောင့် ဒေသခံများ စိုးရိမ်ပြီး တားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နှင့် ကျေးရွာများတွင် လိုက်လံကြေညာမှု ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။ မြစ်ဆုံအနီ ဧရာဝတီမြစ်ဘေးက ၀ိုင်း မော်မြို့နယ် အတွင်းပါဝင်သည့် မလိယန် ကျေးရွာ၊ ခန်းပူကျေးရွာနှင့် အင်ဂန်း ကျေး ရွာများသည်တစ်ဆက်တည်း ကပ်လျက်တည် ရှိသည့် ကျေးရွာများဖြစ်ပြီး ခုရက်ပိုင်း ရွှေ တူးဖို့ရည်ရွယ်ချက်နှင့် လုပ်ငန်းရှင်တချို့မြေ ကွက်ဝယ်ထားပြီး လုပ်ငန်းစရန် ပြင်ဆင်နေ ခြင်းများရှိတာကြောင့် တားမြစ်ရခြင်းဖြစ် ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုပါ သည်။ ယင်းက“မြစ်ကြောင်းထဲမှာက ရွှေတူး တဲ့ နေရာက ကုန်သွားတဲ့ သဘောပေါ့။အခု က ကမ်းဘေးမြေတွေကို ဝယ်နေကြတာ ။တူးတော့မှာ။ဒီဒေသက လဆန်အောင်ဝါ နယ်မြေပဲ။ အစိုးရလည်းရောက်တယ်။ကေအိုင်အေ အစိုးရလည်း လက်လှမ်းမီတယ်။ကြားထဲ ဖြစ်နေတာပေါ့။မတားရင်တူးတော့ မှာ။ မြစ်ကြောင်း တစ်လျှောက်လုံး မြေတွေ ဝယ်နေကြတာ ဗလမင်းထင် တံတားအထိပဲ။အဲနေရာတွေ ရွှေတူးရင် မြစ်က ရွာဘေး ရောက်လာပေါ့” ဟု ဆိုသည်။ ယင်းလှုပ်ရှားမှုကိုတော့ မလိယန်၊ ခန်း ပူ၊ အင်ဂန်း စသည့် ကျေးရွာ သုံးခုက ဒေသခံ များက လှုပ်ရှားခဲ့ကြောင်း သိရပြီး အဓိက ရွှေမတူးရ ဆိုင်းဘုတ်နဲ့ သစ်ပင်တွေစည်း ကမ်းမဲ့ မခုတ်ဖို့၊…
ရန်ကုန်မြို့ ရှိ Governor’s Residence မြက်ခင်းပြင်တွင် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ ပြုလုပ်နေစဉ် နိုင်ငံအချို့က တရုတ်၊ မြန်မာ နှစ်နိုင်ငံကို တစ်ဖက်သတ်အရေးယူမှု လုပ်ဆောင်နေ ကြောင်းနှင့် နိုင်ငံတကာစာမျက်နှာတွင် ဆက်လက်၍ မြန်မာနိုင်ငံအတွက် အမှန်တရား ဘက်မှ ရပ်တည်ပြောဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က ပြောကြားသည်။ ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ Governor’s Residence မြက်ခင်းပြင်တွင် ကျင်းပသည့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် သံမှူးကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ သံမှူးကြီး Dr. Zheng Zhihong က “လက်ရှိမှာ တချို့နိုင်ငံတွေက တရုတ်၊ မြန်မာ နှစ်နိုင်ငံကို တစ်ဖက်သတ် ဒဏ်ခတ်အရေး ယူတာတွေ အလွဲသုံးစားလုပ်ဆောင်နေပါ တယ်။ ဒါတွေက ပင်ကိုသဘာဝအရဆိုရလျှင် ဗိုလ်ကျကြီးစိုးတဲ့လုပ်ရပ်နဲ့ ပါ၀ါနိုင်ငံရေး ပဲဖြစ်ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ သီးသန့်အုပ်စုများဖွဲ့ခြင်းဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါး ရပ်၊ တန်းတူညီမျှဖြစ်ပြီး စနစ်ကျတဲ့ ဗဟုဝင်ရိုး ကမ္ဘာနဲ့ ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အား လုံးပါဝင်တဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေး ရှင်းတို့နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံလုံးက ဒါကြောင့် များစွာဒုက္ခ ရောက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ တွေ့ကြုံနေ ရတဲ့ မျှတမှုမရှိတဲ့ ခံစားရမှုတွေကို တရုတ် နိုင်ငံက တန်းတူခံစားရပြီး နိုင်ငံတကာ စာ မျက်နှာမှာ ဆက်လက်ပြီး မြန်မာနိုင်ငံအတွက် အမှန်တရားဘက်က ရပ်တည်ပြောဆိုပေး…
တစ်ပတ်အတွင်း ဆန်တန်ချိန် ၂၆၅၁၅ တန်တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းမှ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ ၂၄၀၉၀ တန်အထိ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဆန်တင်ပို့မှုတွင် တန်ချိန် ၂၆၅၁၅ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၁၅ ဒသမ ၀၀၁ သန်းရရှိခဲ့သည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တန်ချိန် ၂၄၀၉၀ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် လွယ်ဂျယ်၊ကံပိုင်တည်နှင့် ကျိုင်းတုံစခန်းတို့မှ တန်ချိန် ၂၄၂၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၂၂၀၄၉ တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၉ ဒသမ ၆၉၆ သန်း ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၃၆၁ သန်းကျော်ရရှိခဲ့ပြီး လအလိုက် တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် ဒေါ်လာသန်း ၉၀ ဖြင့် အများဆုံးရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု မှ ဝင်ငွေရရှိမှုအနေဖြင့် ဧပြီလတွင် ဒေါ်လာ ၃၆ သန်း၊ မေလတွင် ဒေါ်လာ ၄၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၂၈ သန်း၊ဇူလိုင်လတွင် ဒေါ် လာ ၂၆…
ပြီးခဲ့သည့် ၁၂ လအတွင်း အကောင်းဆုံး ရုံတင်ဇာတ်ကားများနှင့် သရုပ်ဆောင်များကို ရွေးချယ်ဂုဏ်ပြုမည့် ယခုနှစ်အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း ဇန်နဝါရီ ၂၃ ရက်က ထွက်လာခဲ့ရာ ဒါရိုက်တာခရစ္စတို ဖာနိုလန် ရိုက်ကူးသည့် Oppenheimer ဇာတ်ကားက ဆု ၁၃ ဆုဖြင့် ရှေ့ဆုံးမှဦးဆောင်နေသည်။ နျူကလီးယားဗုံးတီထွင်သူ ဂျေရောဘတ် အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ယင်းဇာတ်ကားက ရှေ့ဆုပေးပွဲများ၏ရလာဒ်အရ ယခုနှစ်အကောင်းဆုံးဇာတ်ကားဆု ရနိုင်ခြေအများဆုံးဇာတ်ကားဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆု ၊ ဇာတ်ဆောင်မင်းသားဆု၊ဇာတ်ပို့မင်းသားနှင့်မင်းသမီးဆု၊ မှီှငြမ်းဇာတ်ညွှန်းဆု၊ ဝတ်စုံဒီဇိုင်းဆု၊ မိတ်ကပ်နှင့်ဆံပင်အပြင် အဆင်ဆု၊ အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆုများ အပါအဝင် ဆုအများဆုံးလျာထားခံရသည့် ဇာတ်ကားဖြစ်သည်။ အမ်မာစတုန်း၏ Poor Things ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ ဇာတ်ဆောင်မင်းသမီးဆု၊ ဇာတ်ပို့မင်းသားဆု၊ ဒါရိုက်တာဆု၊ မူရင်းတေးသွားဆု၊ ဝတ်စုံဒီဇိုင်းဆု၊ မိတ်ကပ်နှင့်ဆံပင်အပြင်အဆင်ဆု၊ ရုပ် ရှင်တည်းဖြတ်ဆုအပါအဝင် ဆု ၁၁ ဆု လျာထားခံရသည်။ အကောင်းဆုံးဇာတ်ကားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပြင်သစ်ဇာတ်ကား Anatomy of a Fall ၊ ရုံတင်စဉ်ကဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့် Barbie ၊ လီယိုနာဒိုပါဝင်သည့် Killer of the Flower Moon ဇာတ် ကားတို့လည်း ပါဝင်သည်။သို့သော်လီယိုနာဒိုက ဇာတ်ဆောင်မင်းသားဆုအတွက် ဆန်ခါတင်မပါခဲ့ဘဲ တွဲဖက်မင်းသမီး လီလီဂလက်စတုန်းက ဇာတ်ဆောင်မင်းသမီးဆုအတွက် ဆန်ခါတင်ပါသွားသည်။ Barbie က ဇာတ်ပို့မင်းသမီးဆုအပါအဝင် ဆုရှစ်ဆုလျာထား ခံရသည်။သို့သော် ဇာတ်ပို့မင်းသားဆု အလျာခံရသည့် ရိုင်ယန်ဂေါ့စလင်းက ခေါင်းဆောင်မင်းသမီးမား ဂေါ့ရော့ဘီနှင့် ဒါရိုက်တာဂရတ်တာဂါးဝစ်တို့ ဆန်ခါတင်စာရင်းတွင် မပါသည့်အပေါ်…
ဂီတာဖေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် မန်ယူတိုက်စစ်ကစားသမား ဂရင်းဝုဒ်သည် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို တောင်းဆိုထားကြောင်း သတင်းထွက်ပေါ်နေသည်။ အသက် (၂၂) နှစ်အရွယ်ရှိ် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ပြန်လည်ကစားခွင့်မရတော့ဘဲ ပြီးခဲ့သည့်နွေရာသီတွင် ဂီတာဖေးအသင်းထံသို့ တစ်ရာသီအငှားချခံခဲ့ရခြင်းဖြစ်သည်။ ဂရင်းဝုဒ်သည် ယခုရာသီတွင် ဂီတာဖေးအတွက် ခြေစွမ်း ပြနေပြီး ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားသည်။ ထို့ကြောင့် ၎င်းကိုခေါ်ယူရန် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် ဂရင်းဝုဒ်အား ခေါ်ယူရန် ပြီးခဲ့သည့်ဒီဇင်ဘာလကတည်းက စိတ်ဝင်စားနေခြင်း ဖြစ်သည်။ ယခုအခါ The Sun ၏ ဖော်ပြချက်အရ ဂရင်းဝုဒ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန်မှာ ၎င်း၏အိပ်မက်ဖြစ်ပြီး ယင်းအိပ်မက်ဖြစ်မြောက်လာအောင် ကူညီပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။