Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

နိုင်ငံအချို့က တရုတ်၊ မြန်မာ နှစ်နိုင်ငံကို တစ်ဖက်သတ် အရေးယူမှုလုပ်ဆောင်နေကြောင်းနှင့် နိုင်ငံတကာစာမျက်နှာတွင် ဆက်လက်၍ မြန်မာနိုင်ငံအတွက် အမှန်တရားဘက်မှ ရပ်တည်ပြောဆိုမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သံမှူးကြီး ပြောကြား

January 25, 20242 Mins Read
Share
Facebook Twitter

ရန်ကုန်မြို့ ရှိ  Governor’s Residence မြက်ခင်းပြင်တွင် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ ပြုလုပ်နေစဉ်

နိုင်ငံအချို့က တရုတ်၊ မြန်မာ နှစ်နိုင်ငံကို တစ်ဖက်သတ်အရေးယူမှု လုပ်ဆောင်နေ ကြောင်းနှင့် နိုင်ငံတကာစာမျက်နှာတွင် ဆက်လက်၍ မြန်မာနိုင်ငံအတွက် အမှန်တရား ဘက်မှ ရပ်တည်ပြောဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က ပြောကြားသည်။

ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ  Governor’s Residence မြက်ခင်းပြင်တွင် ကျင်းပသည့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် သံမှူးကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

သံမှူးကြီး Dr. Zheng Zhihong  က   “လက်ရှိမှာ တချို့နိုင်ငံတွေက တရုတ်၊ မြန်မာ နှစ်နိုင်ငံကို တစ်ဖက်သတ် ဒဏ်ခတ်အရေး ယူတာတွေ အလွဲသုံးစားလုပ်ဆောင်နေပါ တယ်။ ဒါတွေက ပင်ကိုသဘာဝအရဆိုရလျှင် ဗိုလ်ကျကြီးစိုးတဲ့လုပ်ရပ်နဲ့ ပါ၀ါနိုင်ငံရေး ပဲဖြစ်ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ သီးသန့်အုပ်စုများဖွဲ့ခြင်းဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါး ရပ်၊ တန်းတူညီမျှဖြစ်ပြီး စနစ်ကျတဲ့ ဗဟုဝင်ရိုး ကမ္ဘာနဲ့ ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အား လုံးပါဝင်တဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေး ရှင်းတို့နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံလုံးက ဒါကြောင့် များစွာဒုက္ခ ရောက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ တွေ့ကြုံနေ ရတဲ့ မျှတမှုမရှိတဲ့ ခံစားရမှုတွေကို တရုတ် နိုင်ငံက တန်းတူခံစားရပြီး နိုင်ငံတကာ စာ မျက်နှာမှာ ဆက်လက်ပြီး မြန်မာနိုင်ငံအတွက် အမှန်တရားဘက်က ရပ်တည်ပြောဆိုပေး သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံ အားပေးကာ မြန်မာနိုင်ငံ အမြန်ဆုံး ပြန်လည် တည်ငြိမ်အေးချမ်းသွားဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ တွင် အရေးပါနိုင်ငံဖြစ်သလို တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ် သည့်အပြင် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက်လည်း အရေးပါအ ဖွဲ့ဝင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ပြီး တရုတ်-မြန်မာ ဆက်ဆံရေး ကလည်း အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်သည့် ခေတ်သစ်ကို ဝင် ရောက်လာကြောင်း၊ လေးနှစ်တာအတွင်း နှစ်နိုင်ငံဆက်ဆံရေးက အဆိုပါအယူအဆ ဦးဆောင်မှုအောက်၌ ကောင်းမွန်စွာ တိုး တက်လာနေကြောင်း၊ မြန်မာနိုင်ငံက မိမိ နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုး တက်မှုလမ်းကြောင်းလျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ပြတ်သားစွာထောက်ခံပြီး မြန်မာနိုင်ငံက တည်ငြိမ်အေးချမ်းမှု ဖော် ဆောင်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ တရားဝင်လုပ်ပိုင်ခွင့်နှင့် နိုင်ငံ ဂုဏ်သိက္ခာကိုကာကွယ်ရန် ကူညီပေးကြောင်း သံမှူးကြီးက ပြောကြားသည်။

“တရုတ်-မြန်မာ နှစ်နိုင်ငံက Belt and Road မူဘောင်အောက်မှာ စီးပွားကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ အပြန်အလှန်ဆက်သွယ်မှု စတဲ့ကဏ္ဍတွေမှာ အကျိုးတူပူးပေါင်းဆောင် ရွက်မှုတွေ အဆက်မပြတ် တိုးမြင့်လာပြီး နှစ်နိုင်ငံရဲ့ Supply Chain, Value Chain တွေ လည်း တစ်ဆင့်တိုးပေါင်းစပ်လာပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပါအဝင် အာရှ တိုက်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့အတူ ခေတ်မီမှုကို ဖော်ဆောင်သွားဖို့မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့အတူ ခေတ်မီ မှုရလဒ်ကို မျှဝေသွားလိုပြီး ပိုမိုများပြားတဲ့ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု ရလဒ် တွေနဲ့ နှစ်နိုင်ငံပြည်သူများကို အကျိုးပြုသွား လိုပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံက ဘာ သာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့အ ကျိုးပြုလုပ်ငန်း စတာတွေမှာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကလည်း နှစ်နိုင်ငံပြည် သူများ စိတ်နှလုံးချင်းဆက်နွယ်မှုကို တိုးမြှင့် ပေးလိုက်ပါတယ်။ ဆွေမျိုးပေါက်ဖော်ချစ်             ကြည်ရေးသံယောဇဉ်က နှစ်နိုင်ငံအတူ လက်တွဲပြီး ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ခြင်း၊ သဗ္ဗညုစေတီဘုရား ပြုပြင်မွမ်းမံခြင်း၊ ပညာတော်သင် ကျောင်းသားကျောင်းသူများ အ ပြန်အလှန်စေလွှတ်ခြင်းစတဲ့ ကူညီပူးပေါင်း ဆောင်ရွက်မှုတွေကြားမှာ ခေတ်ရဲ့အနှစ်သာ ရသစ်တွေ တိုးလာပါတယ်”ဟု သံမှူးကြီးက ပြောကြားသည်။

ထို့ပြင် မကြာခင်က MNDAA အဖွဲ့က ဘုရားစေတီကို ရိုက်ခွဲခြင်းကြောင့် မြန်မာ ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုမှု နှင့် ဒေါသထွက်မှုတွေ ရှိခဲ့ကြောင်း၊ သံရုံးအ နေဖြင့်လည်း ရှေးဦးစွာ Eleven မီဒီယာမှ တစ်ဆင့် သဘောထားကို ထုတ်ပြန်ပြောကြားခဲ့ကြောင်း သံမှူးကြီးက ပြောကြားသည်။

သံမှူးကြီးက “အဲဒါကတော့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေဟာ လေးစားထိုက် ပါတယ်။ တရုတ်နိုင်ငံက ဘာသာရေး ကိုး ကွယ်ယုံကြည်မှု လွတ်လပ်ခြင်းကို လေးစားပြီး အာမခံတဲ့ မူဝါဒကိုကျင့်သုံးပါတယ်။ အခြား နိုင်ငံများနဲ့အတူ အပြန်အလှန်လေးစားကာ တူညီမှုများရှာကြံပြီး မတူညီမှုများ ထိန်းသိမ်း ထားတဲ့အခြေခံမှာ ဘာသာရေးစတဲ့ ကူးလူး ဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်”ဟု သံမှူးကြီးက ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ကို အမြဲ ကျင့်သုံးနေကြောင်း၊ မကြာသေးခင်က ထိုင် ဝမ်ဒေသတွင် ရွေးကောက်ပွဲရလဒ် ကြေညာ ပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း အမြန်ဆုံးကြေညာချက်ထုတ်ပြန်ပြီး မြန်မာနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒ ကို လိုက်နာကျင့်သုံးကြောင်း၊ ထိုင်ဝမ်ဒေသ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက် ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက် ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သည့် ဆောင်ရွက်ချက်များကို ဆန့် ကျင်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အား ပေးထောက်ခံကြောင်း အလေးထားဖော်ပြခဲ့ ကြောင်း၊ မြန်မာနိုင်ငံက အပြုသဘောဆောင် ပြီး တရားမျှတမှုရှိသော သဘောထားကိုင် စွဲထားခြင်းကို မိမိတို့ အလွန်ချီးကျူးကြောင်း သံမှူးကြီးက ဆိုသည်။

အဆိုပါ တရုတ်-မြန်မာ မီဒီယာတွေ့ဆုံ ပွဲသို့ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင် ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ မြန်မာမီဒီယာများနှင့် မြန်မာနိုင်ငံ အခြေစိုက် တရုတ်မီဒီယာများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleတစ်ပတ်အတွင်း ဆန်တန်ချိန် ၂၆၅၁၅ တန်တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းမှ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တန်ချိန် ၂၄၀၉၀ အထိ တင်ပို့
Next Article မြစ်ဆုံအနီး ဧရာဝတီမြစ်ကြောင်း တစ်ဝိုက်တွင် ရွှေတူးခြင်းများ မပြုလုပ်ရန် တားမြစ်ချက် ဆိုင်းဘုတ်များ ဒေသခံအချို့ စိုက်ထူ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.