တစ်ပတ်အတွင်း ဆန်တန်ချိန် ၂၆၅၁၅ တန်တင်ပို့ခဲ့ပြီး ပင်လယ်ရေကြောင်းမှ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ ၂၄၀၉၀ တန်အထိ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ဆန်တင်ပို့မှုတွင် တန်ချိန် ၂၆၅၁၅ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၁၅ ဒသမ ၀၀၁ သန်းရရှိခဲ့သည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တန်ချိန် ၂၄၀၉၀ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် လွယ်ဂျယ်၊ကံပိုင်တည်နှင့် ကျိုင်းတုံစခန်းတို့မှ တန်ချိန် ၂၄၂၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။
ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၂၂၀၄၉ တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၉ ဒသမ ၆၉၆ သန်း ရှိသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၃၆၁ သန်းကျော်ရရှိခဲ့ပြီး လအလိုက် တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် ဒေါ်လာသန်း ၉၀ ဖြင့် အများဆုံးရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု မှ ဝင်ငွေရရှိမှုအနေဖြင့် ဧပြီလတွင် ဒေါ်လာ ၃၆ သန်း၊ မေလတွင် ဒေါ်လာ ၄၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၂၈ သန်း၊ဇူလိုင်လတွင် ဒေါ် လာ ၂၆ သန်း၊ သြဂုတ်လတွင် ဒေါ်လာ၂၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၄၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၆၃ သန်းနှင့် နိုဝင်ဘာလတွင် ဒေါ်လာ သန်း ၉၀ အထိရရှိထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် ၈၇၆၄၈ တန်၊ မေလ တွင် ၁၁၀၇၀၆ တန်၊ဇွန်လတွင် ၆၂၇၂၅ တန်၊ ဇူလိုင်လတွင် ၅၈၃၃၄ တန်၊ ၊သြဂုတ် လတွင် ၅၉၉၇၁ တန်၊ စက်တင်ဘာလတွင် ၈၄၇၇၃ တန်၊ အောက်တိုဘာလတွင် ၁၁၉၅၂၆ တန်နှင့် နိုဝင်ဘာလတွင် ၁၇၅၉၉၀ တန်အထိ တင်ပို့ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၉၄၃၀၀ ကျော် တင်ပို့ခဲ့ ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၅၉၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှသိရသည်။
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်းပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ဆန်တန်ချိန် ၉၁၇၆၀ ကျော် တင်ပို့ခဲ့ပြီး ဒေါ်လာ ၅၂ ဒသမ ၉၉၂ သန်း ရရှိခဲ့သည်။ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန် တန်ချိန်ရ၄၂၀၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၅၀၀၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၄၀ တင်ပို့ခဲ့သည်။