မြစ်ဆုံအနီး ဧရာဝတီမြစ်ကြောင်း တစ်ဝိုက်တွင် ရွှေတူးခြင်းများမပြုလုပ်ကြရန် တားမြစ်ချက်ဆိုင်းဘုတ်များဒေသခံအချို့ စိုက်ထူကြောင်း သိရသည်။
မြစ်ဆုံအနီး ဧရာဝတီမြစ်ကြောင်း တစ်ဝိုက်ရှိ ကျေးရွာများတွင် ရွှေတူးရန် မြေကွက် ဝယ်သူတွေများလာခြင်းကြောင့် ဒေသခံများ စိုးရိမ်ပြီး တားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နှင့် ကျေးရွာများတွင် လိုက်လံကြေညာမှု ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
မြစ်ဆုံအနီ ဧရာဝတီမြစ်ဘေးက ၀ိုင်း မော်မြို့နယ် အတွင်းပါဝင်သည့် မလိယန် ကျေးရွာ၊ ခန်းပူကျေးရွာနှင့် အင်ဂန်း ကျေး ရွာများသည်တစ်ဆက်တည်း ကပ်လျက်တည် ရှိသည့် ကျေးရွာများဖြစ်ပြီး ခုရက်ပိုင်း ရွှေ တူးဖို့ရည်ရွယ်ချက်နှင့် လုပ်ငန်းရှင်တချို့မြေ ကွက်ဝယ်ထားပြီး လုပ်ငန်းစရန် ပြင်ဆင်နေ ခြင်းများရှိတာကြောင့် တားမြစ်ရခြင်းဖြစ် ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုပါ သည်။
ယင်းက“မြစ်ကြောင်းထဲမှာက ရွှေတူး တဲ့ နေရာက ကုန်သွားတဲ့ သဘောပေါ့။အခု က ကမ်းဘေးမြေတွေကို ဝယ်နေကြတာ ။တူးတော့မှာ။ဒီဒေသက လဆန်အောင်ဝါ နယ်မြေပဲ။ အစိုးရလည်းရောက်တယ်။ကေအိုင်အေ အစိုးရလည်း လက်လှမ်းမီတယ်။ကြားထဲ ဖြစ်နေတာပေါ့။မတားရင်တူးတော့ မှာ။ မြစ်ကြောင်း တစ်လျှောက်လုံး မြေတွေ ဝယ်နေကြတာ ဗလမင်းထင် တံတားအထိပဲ။အဲနေရာတွေ ရွှေတူးရင် မြစ်က ရွာဘေး ရောက်လာပေါ့” ဟု ဆိုသည်။
ယင်းလှုပ်ရှားမှုကိုတော့ မလိယန်၊ ခန်း ပူ၊ အင်ဂန်း စသည့် ကျေးရွာ သုံးခုက ဒေသခံ များက လှုပ်ရှားခဲ့ကြောင်း သိရပြီး အဓိက ရွှေမတူးရ ဆိုင်းဘုတ်နဲ့ သစ်ပင်တွေစည်း ကမ်းမဲ့ မခုတ်ဖို့၊ ဒေသမြေယာကိုကာ ကွယ် ကြဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်း ကာကွယ်ဖို့ စတဲ့ အချက်တွေပါဝင်တဲ့ ဆိုင်း ဘုတ်တွေကို ကျေးရွာထဲရှိ ချောင်း နားတွေမှာ သာမက သစ်ပင်ကြီးတွေနဲ့ မြစ်ကမ်းဘေး တစ်လျှောက်မှာ လိုက်လံကပ်ခဲ့ကြောင်း သိရ သည်။
“ကျွန်မတို့ကမြစ်ရေလည်းသောက်မရ၊ ငါးတွေလည်း ရှားလာလို့ ဖမ်းမရ။ဖောင်စီးရင် ရေငတ်နေကြရတာ”ဟု အင်ဂန်း ရွာသူတစ်ဦး က ဆိုသည်။