Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
အူန်ယွန်းဘာလင်အသင်းနည်းပြ မာရီလူးဝစ်အီတာသည် ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အသက် (၃၂) နှစ်သာရှိသေးသူ အီတာသည် ဇန်နဝါရီ (၂၈) ရက်က အူန်ယွန်းဘာလင်အသင်းနှင့် ဒမ်းစတက်ဒ်အသင်းတို့ပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ပြီးနောက် အဆိုပါမှတ်တမ်း ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အူန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမား ဆာနေး၏မျက်နှာကို နှစ်ကြိမ် တွန်းထိုးခဲ့သောကြောင့် (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရရာ ပထမအသင်း၏ လက်ထောက်နည်းပြဖြစ်သူ အီတာက အစားထိုးတာဝန်ယူကိုင်တွယ်ခွင့် ရခဲ့ခြင်းဖြစ်သည်။ အီတာသည် ဂျာမနီလူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင် ကစားခဲ့ဖူးပြီး ၂၀၀၈ ဥရောပ ယူ-၁၇ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ ချန်ပီယံ၊ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယနှင့် ၂၀၁၀ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့သည်။ အီတာသည် ကစားသမားဘဝတွင် ဘွန်ဒစ်လီဂါချန်ပီယံဆု သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ခဲ့သည်။ အီတာသည် နည်းပြအဖြစ် ဂျာမနီ ယူ-၁၉၊ ယူ-၁၅၊ ယူ-၁၇ အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။
အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက ဘာစီလိုနာအသင်းနည်းပြရာထူးအတွက် ရေပန်းစားနေသူများထဲတွင် ပါဝင်နေသည့်အပေါ် ၎င်း၏အမြင်ကို မေးမြန်းခဲ့ရာ သတင်းအတုများသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။ အာတီတာက ”မဟုတ်ပါဘူး။ ဒါတွေက လုံးဝကို သတင်းအတုတွေသာ ဖြစ်ပါတယ်။ ဒီသတင်းတွေက ဘယ်ကဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာလည်း ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောနိုင်တာကတော့ လုံးဝ လုံးဝကို အဖြစ်မှန်နဲ့ မနီးစပ်တဲ့ သတင်းဖြစ်တယ်ဆိုတာနဲ့ ကျွန်တော် ကိုယ်တိုင်လည်း အံ့သြမိတယ်ဆိုတာပါပဲ။ ကျွန်တော်က အခုအချိန်မှာ နေရာမှန်မှာ ရှိနေပြီး ကျွန်တော့်အတွက် ခံစားမှုကလည်း အရမ်းကောင်းနေပါတယ်။ ဒီအသင်းနဲ့အတူတူ ခရီးရှည်ကြီးကို လျှောက်လှမ်းသွားဖို့ စဉ်းစားထားပြီး အခုအထိလည်း ဒီခရီးလမ်းကို လျှောက်လှမ်းနေတုန်းပါပဲ။ အသင်းဘုတ်အဖွဲ့နဲ့ ကျွန်တော့်အကြားမှာလည်း အရမ်းခိုင်မာတဲ့ ဆက်ဆံရေးလမ်းကြောင်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။
X ဆိုရှယ်မီဒီယာပလက်ဖောင်း(ယခင်တွစ်တာ)ပေါ်တွင် AI ဖြင့်ဖန်တီးထားသည့် အဆိုတော်တေလာဆွစ်၏ အဖော်အချွတ်ဓာတ်ပုံအတုများ လတ်တလောပျံ့နှ့ံလာပြီးနောက်၊ အသုံးပြုသူ User များအား တေလာ ဆွစ်အမည်ဖြင့် ရှာဖွေကြည့်ရှုမှုများမပြုလုပ်နိုင်အောင် X က တားမြစ်လိုက်သည်။ ဇန်နဝါရီ ၂၈ ရက် နေ့လည်ပိုင်းမှ စတင်ကာ X တွင် ဆွစ်အမည်ဖြင့်ရှာဖွေပါက error ဖြစ်နေသည်ဆိုသည့် စာသာပြတော့ပြီး ၎င်းနှင့်ပတ်သက်၍ X ၏တာဝန်ရှိသူတစ်ဦးက ယာယီလုပ်ဆောင်ချက်သာဖြစ်ပြီး ဘေးကင်း လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။ ဆွစ်သည် ၂၀၂၃ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းက Person of the year အဖြစ် သတ် မှတ်ခံထားရသူဖြစ်သည်။ထွက်ပေါ်လာသည့် AI ပုံအချို့ကို ကြည့်ရှုမှုအကြိမ်ရေ သန်းချီရှိခဲ့သည့်အတွက် တေလာဆွစ်ပရိသတ်များသာမက အမေရိကန်အာဏာပိုင်များကပါ သတိပေးမှုများ ပြုလုပ်လာကြသည်။ ဆွစ်၏ပရိသတ်များက ဆွစ်၏ဓာတ်ပုံအစစ်များနှင့် ဗီဒီယိုအစစ်များကို X တွင် “တေလာဆွစ်ကို ကာကွယ်ကြ” ဆိုသည့်စာနှင့် တင်လာကြသည်။ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအရာရှိ ကရင်းယန်ဖီအယ်က AI ဓာတ်ပုံအတုများထွက်လာခြင်းကို ကြောက်စရာကောင်းသည်ဟုဆိုပြီး ထိုသို့မပျံ့အောင်တားဆီးရမည့်တာဝန်က ဆိုရှယ်မီဒီယာကုမ္ပဏီ များ၏တာဝန်ဖြစ်သည်ဟု သတိပေးလိုက်သည်။ထို့ပြင် AI နည်းပညာအား တလွဲအသုံးချနေမှုကို တိုက်ဖျက်ရန် ဥပဒေလိုသည်ဟုလည်း ၎င်းကပြောသည်။ နယူးယော့ခ်တိုင်းမ်စ်သတင်းအရ X တွင်ပျံ့ခဲ့သည့် ဆွစ်၏ဓာတ်ပုံတစ်ပုံကို ကြည့်ရှုမှုအကြိမ်ရေ ၄၇ သန်းအထိ ရှိခဲ့ပြီး၊ နောက်မှပုံတင်သည့်အကောင့် ရပ်ဆိုင်းခံလိုက်ရသည်။ ၂၀၂၃ ခုနှစ်လေ့လာမှုတစ်ခုအရ AI နည်းပညာထွက်ပေါ်လာမှုကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ဓာတ်ပုံအတုအယောင်များ ဖန်တီးမှုသည် ၅၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။သို့သော်လည်း ထိုသို့ဖန်တီးခြင်းများ…
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရေငုပ်သင်္ဘောတစ်စင်းဆီမှ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်အမျိုးအစားသစ်စမ်းသပ်မှုကို ကြီးကြပ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းသည် မြောက်ကိုရီးယား၏ ရေတပ်အင်အား တည်ဆောက်မှုတွင် အရေးပါသည့် အခိုက်အတန့်ဖြစ်သည်ဟု ကင်က အမွှမ်းတင်ခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် တင်းမာမှုများ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေခိုက် မြောက်ကိုရီးယားသည် ၎င်း၏စစ်ရေးစွမ်းရည်ကို တိုးမြှင့်တည်ဆောက်လျက်ရှိသည်။ မြောက်ကိုရီးယားသည် ယခုနှစ်တွင် ရေအောက်နျူကလီးယားလက်နက်စနစ်နှင့် အခဲလောင်စာသုံး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု အပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုအပေါ် အလွန်ကျေနပ်အားရကြောင်းနှင့် ယင်းသည် အင်အားကြီးရေတပ်တည်ဆောက်မည့် မြောက်ကိုရီးယားစစ်တပ်အား အဆင့်မြှင့်တင်တည်ဆောက်ရေး စီမံ ချက်ဖော်ဆောင်ရာတွင် မဟာဗျူဟာမြောက် အရေးပါမှုဖြစ်ကြောင်း ကင်ကပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ သီးခြားအနေဖြင့် ကင်ဂျုံအွန်သည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြားစစ်သင်္ဘောအသစ်များတည်ဆောက်နေသည့် အခြေအနေနှင့် စပ်လျဉ်း၍အကြံပြုဆွေးနွေးခဲ့ကြောင်း KCNA က ဖော်ပြသည်။ ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူး၊ ထောက်လှမ်းရေးဂြိုဟ်တုနှင့် အခဲလောင်စာသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များအပြင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည်လည်း ၂၀၂၁ ခုနှစ်က အထင်ကရပါတီညီလာခံတစ်ရပ်တွင် ကင်ဂျုံအွန်ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ရေး စီမံချက်တွင် ပါဝင်သည်။ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည် SLCM သည် လေထုထဲတွင် နှစ်နာရီခန့် ပျံသန်းခဲ့သည်ဟု KCNA က ဖော်ပြခဲ့သော်လည်း မည်မျှအကွာအဝေးအထိ ရောက်ရှိခဲ့ကြောင်းနှင့် ပင် လယ်ရေအောက်မှ သို့မဟုတ် ရေပေါ်မှ ပစ်လွှတ်ခဲ့ကြောင်းကို…
အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းအရှေ့ အလယ်ပိုင်းဒေသ၌ ပထမဆုံးအမေရိကန်စစ်သားများသေဆုံးခဲ့သည့်အတွက် အီရန်ကျောထောက်နောက် ခံပြုစစ်သွေးကြွများကို သမ္မတဂျိုးဘိုင်ဒင် အပြစ်တင်လိုက်ခြင်းနှင့်အတူဂျော်ဒန်နိုင်ငံရှိ အခြေစိုက်စခန်းတစ်ခု ဒရုန်ဖြင့်တိုက် ခိုက်ခံရသောကြောင့် အမေရိကန်စစ်သားသုံးဦး သေဆုံးသွားခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့် မိမိတို့မသက်ဆိုင်ဟု အီရန်ကပြောကြားခဲ့ပြီး အီရတ်၊ ဆီးရီးယားတို့၏ နယ်စပ်အနီး ဂျော်ဒန် အရှေ့မြောက်ပိုင်းရှိ ဝေးလံသောနယ်စပ်အခြေစိုက်စခန်းကို တိုက်ခိုက်သည့် စစ်သွေး ကြွအုပ်စုများကို အီရန်က ထောက်ပ့ံသည်ဟု အမေရိကန်နှင့်ဗြိတိန်တို့၏ စွပ်စွဲပြောကြားမှုများကိုလည်း တီဟီရန်က ပယ်ချခဲ့သည်။ “ကျွန်တော်တို့ဟာ ဒီတိုက်ခိုက်မှုနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းနေတုန်းမှာပဲ ဆီးရီးယားနဲ့အီရတ်တို့မှာ လှုပ်ရှားနေတဲ့ အစွန်းရောက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေက ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ”ဟု ဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး မိမိတို့၏ရွေးချယ်မှုပုံစံ၊ မိမိတို့ရွေးချယ်သည့်အချိန်၌ တာဝန်ရှိသူ အားလုံးတာဝန်ခံကြရမည်ဟု ဖော်ပြထားသည်။ ထို့နောက် ဘိုင်ဒင်သည် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများအတွက် တောင်ကာရိုလိုင်းနား ဘုရားကျောင်း ခန်းမဆောင်တွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်ခဲ့ပြီး မိမိတို့ တုံ့ပြန်ရမည်ဟု ပြောကြားခဲ့သည်။ ဂါဇာ၌ စစ်ပွဲဖြစ်ပွားနေခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ အခြေအနေတင်းမာနေခြင်းနှင့်အတူ ယခုတိုက်ခိုက်မှုက အီရန်တိုက်ရိုက်ပါဝင်လာသည့် ပိုမိုကျယ်ပြန့်သော ပဋိပက္ခတစ်ခုဖြစ်လာမည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေသည်။ တိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု မည်သည့်အုပ်စုကမျှ ပြောကြားခြင်းမပြုသော်လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်ကဒေသတွင်း၌ အခြေအနေတင်းမာမှု လျော့သွားအောင်လုပ်ဆောင်ရန် အီရန်ကို ထပ်လောင်းတောင်းဆိုခဲ့သည်။ ကုလသမဂ္ဂကို ရောက်နေသော အီရန်ကိုယ်စားလှယ်များက ယခုတိုက်ခိုက်မှုသည် တီဟီရန်နှင့် မသက်ဆိုင်ဟု အီရန်အစိုးရသတင်းဌာန IRNA ကို ပြောကြားခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆို ခွင့်ရှိသူကလည်း အမေရိကန်နှင့်ဗြိတိန်တို့၏ စွပ်စွဲပြောကြားချက်များကို…
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ ဝဲကလိတံတားညီနောင်ထိပ်တွင် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ထော်လာဂျီယာဉ်တစ်စီးပေါ်မှ ဘိန်းစာရွက်အစို ပိဿာ ၁၂၀ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လုံခြုံရေးရဲတပ်ဖွဲ့က ဘိန်းစာရွက်များ သယ်ဆောင်လာကြောင်း သတင်းအရ အဆိုပါ ဝဲကလိတံတားညီနောင်ထိပ် စခန်းကြီးကျေးရွာဘက်တွင် စောင့်ဆိုင်းနေစဉ် သံဖြူဇရပ်မြို့ဘက်သို့ ထွန်းဇော်ဆိုသူ မောင်းနှင်လာပြီး အောင်သန်းဝင်းဆိုသူ လိုက်ပါလာသည့် ထော်လာဂျီယာဉ်အား တားဆီးစစ်ဆေးစဉ် ထော်လာဂျီယာဉ်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ငွေ ဆိုသူမှာလည်း ရောက်ရှိလာသည့်အတွက် ၎င်းတို့သုံးဦးအား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ “ထော်လာဂျီယာဉ်ပေါ်ကိုတက်ပြီး စစ်ဆေးရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တဲ့အခါမှာ ရော်ဘာထင်းချောင်းတွေအောက်မှာ တစ်အိတ်ကို ဘိန်းစာရွက်အစို ၅၀ ကျပ်သားထုပ် ၂၀ ထုပ်ပါ အဝါရောင်ဆာလာအိတ် ၁၂ လုံး၊ စုစုပေါင်းအလေးချိန် ပိဿ ၁၂၀ ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဘိန်းစာရွက်များနှင့်အတူ ဖမ်းဆီးရမိသူသုံးဦးအား သံဖြူဇရပ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ဒေါ်လာ ၉ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံခြားငွေကြေး စျေးကွက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ဘတ်သန်း ၅၀ ထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ် သန်း ၅၀ ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်းထပ်မံရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂…
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆားကွင်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဆားတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။ သံဖြူဇရပ်မြို့နယ်အတွင်း ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ မိုးရွာသွန်းမှုများရှိခဲ့သည့်အပြင် နေရောင်လည်းမရကြောင်း ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင်လည်း မိုးရွာသွန်းမှုများရှိကြောင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးဖြစ်သူ နိုင်ဟုက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “ထိခိုက်ပျက်စီးမှုအနေနဲ့က မိုးကသည်းသည်းမရွာတော့ ကွင်းတွေ ပျက်စီးတာမျိုးတော့မရှိဘူး။ ဒါပေမဲ့ ဆားက နေရောင်ခြည်လည်းမရ၊ ဆားကွင်းတွေကလည်း စိုကုန်တော့ ကွင်းထဲက ဆားတွေလည်း အရည်ပျော်ကုန်တယ်။ အဲဒီတော့ ဆားအထွက်နောက်ကျသွားမယ်။ လတ်တလောမှာ ဆားမထွက်တော့တဲ့အတွက်ကြောင့် အလုပ်သမားစရိတ်နဲ့ စက်သုံးဆီစရိတ်တွေက လျော့လို့မရတော့ ဆားက ရက်သတ္တတစ်ပတ်လောက် မထွက်ဘူးဆိုရင် ကုန်ကျစရိတ်ကို ကိုယ့်အိတ်ထဲကနေ စိုက်ရတယ်။ အဲဒီတော့ ကုန်ကျစရိတ်တွေ ပိုများသွားတာပေါ့ဗျာ” ဟု ပြောကြားသည်။ လတ်တလောတွင် ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၁၇၀ ဝန်းကျင် ပေါက်စျေးရှိသော်လည်း ဆားတောင်သူများထံတွင် ဆားလက်ကျန်မရှိတော့သည့်အတွက် ဆားကြမ်းအရောင်းအဝယ်စျေးကွက် အေးနေကြောင်းလည်း ဆားတောင်သူများက ဆိုသည်။ “ပုံမှန်ရာသီဆိုရင် အခုအချိန်က ဆားအထွက်ကောင်းတဲ့အချိန်ပဲ။ ဒါပေမဲ့ ဒီရက်ပိုင်း မိုးထိတော့ ဆားတွေရော ဆားကွင်းတွေပါ အကုန်ပျက်စီးကုန်တယ်။ ဒီနေ့လည်း နေရောင်က မရသေးဘူး။ မိုးမရွာတော့မှဘဲ ဆားကွင်းတွေ ပြန်ပြုပြင်ရတော့မယ်” ဟု သံ ဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “မိုးရွာလို့ ဆားကွင်းတွေ၊ ဆားတွေပျက်စီးသွားတော့ ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ အဲဒီအပြင်ကို ဆားကလည်း မထွက်ဘူး။…
မိုးမိတ်မြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်သည်။ KIA၊ TNLA နှင့် PDF အဖွဲ့များသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများနှင့် အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်မှစ၍ မိုးမိတ်မြို့ လုံခြုံရေးစခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့်ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ ယင်းသို့ လုပ်ဆောင်လျက်ရှိသည့် KIA၊ TNLA နှင့် PDF အဖွဲ့များအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းစစ်ဆင်ရေး(Counter- Terrorism Operation)ကို စစ်ကူ၊ စစ်ကြောင်းများ၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူများဖြင့် ဆောင်ရွက်ခဲ့ရာ ယင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ(၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုးမိတ်မြို့အား ဇန်နဝါရီ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိုးမိတ်မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။ KIA၊ TNLA နှင့် PDF အဖွဲ့များသည် မိုးမိတ်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဆေးရုံများ၊ စာသင်ကျောင်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍…
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် နှင့် ရွှေသံလွင်မီဒီယာတို့ပူးပေါင်း၍ ပထမအကြိမ် ၂၀၂၄ SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရွှေ ထွဋ်တင်အားကစားရုံတွင် ဇန်နဝါရီ ၂၁ ရက် မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် အမျိုးသား သုံးယောက်တွဲ၊ အမျိုးသား လေးယောက်တွဲနှင့် အမျိုးသမီး သုံးယောက်တွဲဟူ၍ အမျိုးအစား သုံးမျိုးထည့်သွင်းကျင်းပခဲ့ရာ အမျိုးသားပြိုင်ပွဲများတွင် လိပ်သုံးကောင်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် APPLE အသင်းတို့ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးသင်းနှစ်အုပ်စုခွဲကာ ပထမအဆင့်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လိပ်သုံးကောင်အသင်းက USL အသင်းကို(၁၃-၁၅၊ ၁၅-၉၊ ၁၅-၁၃) ဖြင့်လည်းကောင်း၊ ခေတ်ကျောင်းသားအသင်းက ရွှေကျောင်းသားအသင်းကို(၁၅-၁၁၊ ၁၁-၁၅၊ ၁၅-၉) ဖြင့် လည်းကောင်း အနိုင်ရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် လိပ်သုံးကောင်အသင်းက ခေတ်ကျောင်းသားအသင်းကို(၁၅-၈၊ ၁၆-၁၇၊ ၁၇-၁၄) ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးသင်းနှစ်အုပ်စု ခွဲကာ ပထမအဆင့်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လိပ်သုံးကောင်အသင်းက ကိုပိုင်အသင်းကို(၁၆-၁၇၊ ၁၅-၁၀၊ ၁၇-၁၆) ဖြင့်လည်းကောင်း၊ ကျောင်းဆရာအသင်းက USL အသင်းကို(၁၅-၁၀၊ ၁၇-၁၅) ဖြင့်လည်းကောင်း အနိုင်ရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် လိပ်သုံးကောင်အသင်းက ကျောင်းဆရာအသင်းကို(၁၃-၁၅၊ ၁၅-၁၂၊ ၁၅-၉) ဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲကို အသင်းလေးသင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး…