Author: admin

လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်းနှင့် လမ်းခွဲမည့် နည်းပြဇာဗီနှင့် ၎င်း၏ နည်းပြအဖွဲ့သည် လက်ကျန်စာချုပ်သက်တမ်းအတွက် လာစာရယူမည်မဟုတ်ကြောင်း သိရသည်။ ၎င်းတို့သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာတွင် ဇာဗီက တစ်နှစ်ယူရို(၈)သန်းနှင့် နည်းပြအဖွဲ့က တစ်နှစ်ယူရို(၄)သန်း ရရှိနေသည်။ ၎င်းတို့က ဘာစီလိုနာအသင်း ဘဏ္ဍာရေးအခက်အခဲရှိနေသည့်အတွက် ယင်းလစာများအား မရယူဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဇာဗီနှင့် နည်းပြအဖွဲ့ လစာမယူရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ယူရို(၁၂)သန်း သက်သာရာရမည်ဖြစ်ကြောင်း သိရသည်။

Read More

အာဆင်နယ်အသင်းနည်းပြ အာတီ တာသည် ရာသီကုန်တွင် ဘာစီလိုနာအသင်း ကို ကိုင်တွယ်ဖွယ်ရှိသည့် သတင်းများကို အတိအလင်း ငြင်းဆန်ခဲ့သော်လည်း နည်းပြသစ် ရေပန်းစားမှု၌ ထိပ်ဆုံးတွင် ဆက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ အာတီတာက ဘာစီလိုနာအသင်း၏ နည်းပြရာထူးအတွက် ရေပန်းစားနေသူများထဲတွင် ပါဝင်နေသည့်အပေါ် ၎င်း၏အမြင်ကို မေးမြန်းခဲ့ရာ အာတီတာက သတင်းအတုများသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ အာတီတာက “မဟုတ်ပါဘူး။ ဒါတွေက လုံးဝကို သတင်းတုတွေသာ ဖြစ်ပါတယ်။ ဒီသတင်းတွေက ဘယ်ကဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာလည်း ကျွန်တော် မသိပါဘူး။ ပြောနိုင်တာကတော့ လုံးဝလုံးဝကို အဖြစ်မှန်နဲ့ မနီးစပ်တဲ့ သတင်းဖြစ်တယ်ဆိုတာနဲ့ ကျွန်တော် ကိုယ်တိုင်လည်း အံ့သြမိတယ်ဆိုတာပါပဲ။ ကျွန်တော်က အခုအချိန်မှာ နေရာမှန်မှာရှိနေပြီး ကျွန်တော့်အတွက် ခံစားမှုကလည်း အရမ်းကောင်းနေပါတယ်။ ဒီအသင်းနဲ့အတူ ခရီးရှည်ကြီးကို လျှောက်လှမ်းသွားဖို့ စဉ်းစားထားပြီး အခုအထိလည်း ဒီခရီးလမ်းကို လျှောက်လှမ်းနေတုန်းပါပဲ။ အသင်းဘုတ်အ ဖွဲ့နဲ့ ကျွန်တော့်အကြားမှာလည်း အရမ်းခိုင်မာတဲ့ ဆက်ဆံရေးလမ်းကြောင်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ အသက် ၄၁ နှစ်သာရှိသေးသည့် အာတီတာသည် ဘာစီလိုနာ၏ လာမာဆီယာအကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး အသင်းကြီးအတွက် မကစားခဲ့ရသော်လည်း ဘာစီလိုနာ B အသင်းအတွက် ၄၂ ပွဲကစားကာ သုံးဂိုး သွင်းယူပေးခဲ့သည်။ ဘာစီလိုနာအသင်း၏ လက်ရှိနည်းပြဖြစ်သူ ဇာဗီက ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုကြေညာပြီးနောက် စပိန်အားကစားမီဒီယာများက အာတီတာကို နည်းပြသစ်ဖြစ်နိုင်ခြေ အရှိဆုံးဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။ နာမည်ကြီးလောင်းကစားကုမ္ပဏီများကလည်း ဘာစီလိုနာနည်းပြသစ် အလေးပေးချက်တွင် အာတီတာကို ထိပ်ဆုံးနေရာ၌ ဆက်ပေးထားကြောင်း…

Read More

နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ခရစ္စဆပ်တန်က မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် နည်းပြနှင့် အသင်းဖော်များအပေါ် လေးစားမှုမရှိသူဟု ဝေဖန်ပြစ်တင်ခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနှင့် ကြာသပတေးညများက အိုင်ယာလန်နိုင်ငံမှ နိုက်ကလပ်တွင် သွားရောက်ပျော်ပါးခဲ့ပြီး နေမကောင်းဟုအကြောင်းပြကာ လေ့ကျင့်မှုပျက်ကွက်ခဲ့သည့်အတွက် နည်းပြတန်ဟက်ဂ်နှင့် ပြဿနာတက်နေသူဖြစ်သည်။ ယင်းအပြုအမူအတွက် တန်ဟက်ဂ်က ၎င်းကို နယူးပို့တ်နှင့်ပွဲ လူစာရင်းမှ ချန်လှပ်ခဲ့သည်။ ခရစ္စဆပ်တန်က ရပ်ရှ်ဖို့ဒ်သည် လက်ရှိအချိန်၌ မန်ယူအသင်း၏ ခြေစွမ်းပြနိုင်သည့် ကစားသမားအချို့ထဲတွင် ပါဝင်နေသော်လည်း ကိုယ့်ကိုယ်ကို ထိ၍မရနိုင်သည့်ကစားသမားဟု ထင်မြင်နေသူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။ “သူက သူ့ကိုယ်သူ ထိလို့မရနိုင်တဲ့ ကစားသမားလို့ ထင်နေတာပါ။ အခုလိုလိမ်လည်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒါကို ထပ်လုပ်တာပါ။ သူက နည်းပြကို လေးစားမှုမရှိသလို၊ အသင်းဖော်တွေကိုလည်း လေးစားမှုမရှိပါဘူး။ သူက တန်ဟက်ဂ်ထက် အသင်းမှာ ကြာရှည်ဆက်ရှိမယ်လို့လည်း ထင်နေပုံရပါတယ်”ဟု ဆိုခဲ့သည်။ သတင်းအချို့ကမူ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်အား တစ်နှစ်လစာ၏ (၁၀)ရာခိုင်နှုန်း ဒဏ်ငွေချမှတ်ကာ အရေးယူခဲ့ကြောင်းနှင့် ရပ်ရှ်ဖို့ဒ်သည် နည်းပြ တန်ဟက်ဂ်နှင့် ဆာဂျင်ရက်ကလစ်ဖ်၏ လက်အောက်မှ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဆာဒေ့ဗ်ဘရေးလ်စ်ဖို့ဒ်တို့ကို တောင်းပန်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

Read More

ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးဓားစာခံများ ပြန်လည်လွတ်မြောက်ရေးတို့အတွက် အဆိုပြုချက်ကို ဟားမာ့စ်ထံပေးပို့လိုက်သည်ဟု ကြားဝင်ဖျန်ဖြေပေးနေသော ကာတာက ဇန်နဝါရီ ၂၉ ရက်တွင်ပြောကြား ခဲ့သည်။ ဂါဇာ၌ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာချိန်တွင် ဂျော်ဒန်၌ အမေရိကန်စစ်သားသုံးဦးသေဆုံးသွားသော တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည်ဟု အစ္စရေး၏အဓိကမဟာမိတ် အမေရိကန်က ပြောကြားခဲ့ပြီးနောက် ပိုမိုကျယ်ပြန့်လာသော ဒေသတွင်း ပဋိပက္ခနှင့်ပတ်သက်၍စိုးရိမ်မှုများ မြင့်တက်လာသည်။ ဂါဇာကမ်းမြောင်ကို အစ္စရေးဗုံးကြဲခြင်းကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် ဂါဇာ၌ နောက်ထပ်လူ ၂၁၅ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ပါလက်စတိုင်းနယ်မြေရှိ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါသေဆုံးသူ ၂၀၀ ကျော်ထဲတွင် မိသားစုတစ်စု၏ မိသားစုဝင် ၂၀ ပါဝင်သည်ဟု ဆိုသည်။ အီဂျစ်၊ ကာတာ၊ အစ္စရေးတာဝန်ရှိသူများသာမက စီအိုင်အေ အကြီးအကဲသည်လည်း ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက် ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်မြို့တော်ပါရီတွင် ဆွေးနွေးခဲ့ကြသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူများနှင့်နီးစပ်သည့် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။ မော့ဆက်ထောက်လှမ်းရေးအဖွဲ့၏အကြီးအကဲနှင့် ရှင်းဘက်လုံခြုံရေးဌာနကအကြီးအကဲတို့ တက်ရောက်ခဲ့သော ပါရီဆွေးနွေးပွဲသည်အပြုသဘောဆောင်သည် ဟု ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် အစ္စရေးက ထုတ်ပြန်ခဲ့သည်။ စီအိုင်အေအကြီးအကဲ ဝီလျှံဘန်းသည် အစ္စရေးနှင့်အီဂျစ်ထောက်လှမ်းရေးအကြီးအကဲများကို တွေ့ဆုံမည့်အပြင်ရက်ပိုင်းအတွင်း ကာတာဝန်ကြီးချုပ်နှင့်လည်းတွေ့ဆုံမည်ဟု လုံခြုံရေးသတင်းအရင်းအမြစ်က ပြောကြားသည်။ ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက်ဘင်အဗ္ဗဒူ ရာမန်အယ်လ်သာနီက ကောင်းမွန်သော တိုးတက်မှုရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများက ဤအဆိုပြုချက်ကို ဟားမာ့စ်ထံလွှဲပြောင်းပေးမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “အလွန်အရေးကြီးပြီး အလွန်အလုပ်ဖြစ်တဲ့…

Read More

အစ္စရေးစစ်တပ်သည် ၎င်း၏တပ်ဖွဲ့အချို့ကို ဂါဇာကမ်းမြောင်မှသည် မငြိမ်မသက် ဖြစ်နေသော လက်ဘနွန်နယ်စပ်သို့ပြောင်းရွှေ့ရန် ပြင်ဆင်နေသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။ တင့်ကားများပါဝင်သည့် အစ္စရေးမြေပြင်တပ်ဖွဲ့များသည် ဟားမာ့စ်၏ဂါဇာ ခေါင်းဆောင် ဟာယာဆင်ဝါ၏ ဇာတိမြို့ခန်းယူနစ်ကို အလေးပေးလျက်ရှိသည်။ ခန်းယူနစ်ရှိ အယ်လ်-အမာလ်ဆေးရုံအနီးတစ်ဝိုက်တွင် ညပိုင်း၌ လက်နက်ကြီး ပစ်ခတ်သံများကို ကြားရသည်ဟု ပါလက်စတိုင်းလခြမ်းနီအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်သားများသည် ဆင်ဝါ၏ရုံးခန်း၊ စစ်ဘက်နေရာများ၊ ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံတစ်ခုတို့ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည် ခန်းယူနစ်ဒေသတွင် မြေပေါ်၊ မြေအောက်တို့၌ တိုက်ခိုက်ရေးသမား ၂,၀၀၀ ကိုရှင်းလင်းခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဆိုသော်လည်း တိုက်ခိုက်ရေးသမားများ သေဆုံးသွားသည့်ဆိုသော အထောက်အထာများကို ထုတ်ပြခြင်းမရှိပေ။ ဂါဇာကို ရောက်နေသော တပ်ဖွဲ့အချို့ကို မြောက်ပိုင်းသို့ ရွှေ့ပြီး၊ ဖြစ်လာမည့်အရာအတွက် ပြင်ဆင်နေသည်ဟု ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် အစ္စရေးကာကွယ်ရေး ဝန်ကြီး ယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။ ၎င်းပြောကြားခဲ့သည့် ဖြစ်လာတော့မည့် အရာဆိုသည်မှာ အစ္စရေး-လက်ဘနွန်နယ်စပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါနယ်စပ်တွင် ဟားမာ့စ်မဟာမိတ်အဖွဲ့ဖြစ်သော ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်လျက်ရှိသည်။ လက်ဘနွန်၏ဟစ်ဇဘိုလာအဖွဲ့ကို အီရန်က ထောက်ပံ့ပေးထားသည်ဟု ဆိုသည်။ အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်ကအစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အလစ် အငိုက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အစ္စရေးတွင်အရပ်သား အများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးကပြောကြားထားပြီး ပြန်ပေးဆွဲခံရသူများထဲက ၁၃၂ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟုဆိုသည်။ ဟားမာ့စ်…

Read More

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင် လက်နက်ကိုင်ဆောင်သည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာ ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား ပစ္စတိုသေနတ် လေးလက်၊ ၎င်းကျည်အိမ် ခုနစ်ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိ ထိုင်းနိုင်ငံသား နှစ်ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းတို့ဖြစ်ပြီး ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။ အလားတူ ဖမ်းဆီးရမိ မြန်မာနိုင်ငံသား ငါးဦးမှာ ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်းနှင့် ညီနပ်တို့ဖြစ်ပြီး ၎င်းတို့အနက် ကျော်အေးထွန်း(ခ)ကျော်ထွန်းအေးသည် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Read More

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဇန်နဝါရီလကုန်ပိုင်းတွင် နယ်စုံမှ ထွက်ရှိသည့် ကြက်သွန်သစ်များ ဝင်ရောက်လာပြီး အမြင့်ဆုံးတစ်ပိဿာ ကျပ် ၁၇၀၀ အထိ ပေါက်စျေးရှိကြောင်း သိရသည်။ ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ယောချောင်းဒေသထွက် ကြက်သွန်များအပြင် ရေနံချောင်း၊ ဆိပ်ဖြူနှင့် ဆင်ဖြူကျွန်းနယ်များမှ ထွက်ရှိသည့် ကြက်သွန်များပါ ဝင်ရောက်လာကြောင်း သိရသည်။ ပခုက္ကူကြက်သွန်နီစျေးကွက်သို့ ပိဿာချိန်ခြောက်သောင်းကျော် ဝင်ရောက်သည့် ဇန်နဝါရီ ၃၀ ရက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၇၀၀-၁၀၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၁၁၀၀-၁၄၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၁၅၀၀ – ၁၇၀၀ ပေါက်စျေးရှိကြောင်း သိရသည်။ “နယ်စုံဝင်တယ်။ စျေးသာလို့ လာရောင်းတာ။ အရည်အသွေးအလိုက် စျေးကွာတယ်။ ရေနံချောင်းဘက်ကလာတဲ့ ကြက်သွန်ဆို အမြင့်ဆုံး တစ်ပိဿာကို ၁၃၂၅ ကျပ်။ ဆိပ်ဖြူတို့ ဆင်ဖြူကျွန်းတို့ဘက်က အရည်အသွေးကောင်းတော့ တစ်ပိဿာကို ၁၇၀၀ အထိရတယ်။ ယောစကတော့ ထိပ်စတစ်ပိဿာ ၁၅၀၀ စျေး။ အဝယ်စုံတော့ ဝင်သမျှလေး ရောင်းရပါတယ်” ဟု ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ တတိယပတ်တွင် မိုးကြက်သွန်သစ်တစ်ပိဿာ ကျပ် ၂၀၀၀ အထိ ပေါက်စျေးရှိခဲ့ပြီး ယခုဇန်နဝါရီလကုန်ပိုင်းတွင် ဝယ်လက်များ လျော့ကျသွားခြင်းကြောင့် စျေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။ လက်ရှိဖြစ်ပေါ်နေသည့် စျေးနှုန်းများအရ တောင်သူများ အကျိုးအမြတ်နည်းပါးနိုင်သော်လည်း ယခင်နှစ်များထက် ပိုမိုလုပ်ကိုင်နိုင်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ရောင်းဝယ်ခဲ့သည့် မိုးကြက်သွန်သစ်မှာ ပေါ်စတွင် စျေးနှုန်းကျဆင်းခဲ့သော်လည်း နောက်ပိုင်းဝယ် လက်များပြားချိန်တွင် စျေးနှုန်းမြင့်တက်ခဲ့ပြီး…

Read More

အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် မြဝတီဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၌ ယာဉ်သွားလာရန် ခက်ခဲလာ၍ ယာဉ်သွားလာခွင့် ဇန်နဝါရီ ၂၉ ရက်က ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တွင်း တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရာ၌ သွားလာနေသည့် မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်အား ယာဉ်သွားလာခွင့် ရပ်ဆိုင်းခဲ့ခြင်းကြောင့် မြဝတီနယ်စပ်သို့လာသော ခရီးသွားကားများ၊ ကုန်စည်ပို့ဆောင်ရေးကားများမှာ ထို့ကော်ကိုးလမ်းမှ သွားလာခဲ့ကြကြောင်း သိရသည်။ ယခုအခါ ရာသီဥတုဖောက်ပြန်ကာ အချိန်ခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ယာဉ်များ သွားလာရခက်ခဲခြင်း၊ တိမ်းမှောက်ခြင်း စသည့်အန္တရာယ်များလွန်းသည့်အတွက် မော်တော်ယာဉ်သွားလာခွင့် ယာယီပိတ်လိုက်ကြောင်း ယာဉ်ငယ်မောင်းသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “မြို့ထဲမှာ မိုးသိပ်မရွာပေမဲ့ တောင်ပေါ်မိုးတွေ အရမ်းရွာနေတယ်၊ ကားတွေ သွားမရတော့ဘူး၊ ယခင်ဖုန်ထူတာကနေ ယခုဘွတ်ဖြစ်နေပြီ​လေ၊ ခုတော့တောင်ခြေဂိတ်က စပြီးပိတ်ထားတယ်၊ ပေးမသွားတော့ဘူး၊ ကျွန်တော်တို့ကတော့ မြဝတီကို ပြန်လှည့်လာပါတယ်၊ တချို့ကားတွေကလည်း တောင်ခြေမှာ စောင့်ဆိုင်းနေကြပါတယ်” ဟု မြဝတီ-မော်လမြိုင်ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်ခြင်းများရှိနေ၍ မြေသားလမ်းဖြစ်သော ထို့ကော်ကိုး ဒေါနတောင်ကျော်လမ်း၌ မည်မျှကြာကြာ သွားလာမရဘဲ ဖြစ်နေမည်ကို မခန့်မှန်းနိုင်ကြောင်း အဆိုပါယာဉ်ငယ်မောင်းသူက ဖြည့်စွက်ပြောကြားခဲ့သည်။

Read More

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မန်ယူအသင်း၏ဘတ်စ်ကားအား ပုလင်းဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ဒီဇင်ဘာ (၁၇)ရက်နေ့က လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရန် အန်ဖီးလ်ကွင်းသို့ ဘတ်စ်ကားဖြင့် ထွက်ခွာခဲ့ရာတွင် ကွင်းအပြင်ဘက်တွင် စုရုံးနေသော အိမ်ရှင်ပရိသတ်များထဲမှ တစ်ဦးက ဖန်ပုလင်းဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းအတွက် ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် အသက်(၂၃)နှစ်အရွယ် ပရိသတ်တစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ”ဒီဇင်ဘာ(၂၃)ရက် အန်ဖီးလ်ကွင်းမှာ မန်ယူအသင်းရဲ့ဘတ်စ်ကား ထိခိုက်ပျက်စီးခဲ့ခြင်းအတွက် သံသယဖြစ်ဖွယ် အသက်(၂၃)နှစ်အရွယ် လူတစ်ဦးကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ ဖြစ်စဉ်က အန်ဖီးလ်လမ်းပေါ် Tia ဟိုတယ်နားမှာ ဖြစ်ပွားခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ အဲဗာတန်ဧရိယာမှာနေတဲ့ လူတစ်ယောက်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်”ဟု ပြောကြားခဲ့သည်။ အန်ဖီးလ်ကွင်းအပြင်ဘက်၌ ဘတ်စ်ကားအား တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များကို မန်ယူအသင်းသာမက မန်စီးတီးနှင့် ရီးယဲလ်အသင်းတို့လည်း ကြုံတွေ့ခဲ့ဖူးပြီး မန်စီးတီးအသင်းက နှစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Read More

လီဗာပူးလ်အသင်းခေါင်းဆောင် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က နည်းပြ ယာဂန်ကလော့ပ် မရှိတော့ပါက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိမည်လားဆိုသည်ကို မသိသေးကြောင်း ပြောကြားခဲ့သည်။ ယာဂန်ကလော့ပ်သည် လာမည့်ရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဟု တရားဝင်ကြေညာထားခြင်းကြောင့် အနာဂတ်နှင့်ပတ်သက်၍ အသင်းခေါင်းဆောင် ဗန်ဒိုက်၏ သဘောထားကို မီဒီယာများက မေးမြန်းခဲ့ရာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗန်ဒိုက်(၃၂ နှစ်) သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လီဗာပူးလ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းနေချိန်တွင် ယာဂန်ကလော့ပ်၏ လမ်းခွဲသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယာဂန်ကလော့ပ် ထွက်ခွာသွားပြီးနောက် အသင်း၏ ခေတ်သစ်တစ်ခု၌ ဆက်ရှိမည်လားဟု မေးမြန်းခဲ့ရာ ဗန်ဒိုက်က ”တကယ်ကောင်းတဲ့မေးခွန်းပါပဲ။ ဒါပေမဲ့ ကျွန်တော် မသိသေးပါဘူး။ ကလပ်အသင်းက လုပ်စရာတွေ အများကြီးရှိလာမှာပါ။ နည်းပြနေရာတစ်ခုတည်းတင်မဟုတ်ဘဲ နည်းပြတစ်ဖွဲ့လုံးအတွက် အစားထိုးမှုလုပ်ရမှာပါ။ ဒါကြောင့် အပြောင်းအလဲတွေ အများကြီးဖြစ်လာမှာပါ။ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကျွန်တော် အရမ်းသိချင်ပါတယ်။ ဒါပေမဲ့ အဲဒါက ယာဂန်ကလော့ပ်ခေတ် အဆုံးသတ်ချိန်မှာမှ ဖြစ်လာမှာပါ။ ကျွန်တော်က လက်ရှိခေတ်မှာ ရှိနေသေးတာကြောင့် အဲဒီအကြောင်း မပြောချင်ပါဘူး။ ကျွန်တော်တို့အားလုံး အိပ်မက်မက်ထားတဲ့ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီနောက်မှာ ကလပ်အသင်းက အနာဂတ်အတွက် ဘယ်လိုရည်ရွယ်ထားလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရမှာပါ”ဟု ပြောကြားခဲ့သည်။ ဗန်ဒိုက်က အပြောင်းအလဲများမှာ ရာသီကုန်မှသာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး လက်ရှိအချိန်၌ ယာဂန်ကလော့ပ် လမ်းခွဲတော့မည်ဟု ကြေညာခဲ့သော်လည်း အသင်း၏ စိတ်ဓာတ်ပိုင်းမှာ အပြောင်းအလဲမရှိကြောင်း၊ အာရုံစူးစိုက်မှုအပြည့်ဖြင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Read More