လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်းနှင့် လမ်းခွဲမည့် နည်းပြဇာဗီနှင့် ၎င်း၏ နည်းပြအဖွဲ့သည် လက်ကျန်စာချုပ်သက်တမ်းအတွက် လာစာရယူမည်မဟုတ်ကြောင်း သိရသည်။
၎င်းတို့သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာတွင် ဇာဗီက တစ်နှစ်ယူရို(၈)သန်းနှင့် နည်းပြအဖွဲ့က တစ်နှစ်ယူရို(၄)သန်း ရရှိနေသည်။
၎င်းတို့က ဘာစီလိုနာအသင်း ဘဏ္ဍာရေးအခက်အခဲရှိနေသည့်အတွက် ယင်းလစာများအား မရယူဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဇာဗီနှင့် နည်းပြအဖွဲ့ လစာမယူရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ယူရို(၁၂)သန်း သက်သာရာရမည်ဖြစ်ကြောင်း သိရသည်။