Author: admin

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ပြည်နယ် မဟာချိုင်မြို့နယ်ရှိ ဆောက်လုပ်ရေး လုပ် ငန်းခွင်တစ်ခုတွင် တရားမဝင်၊အထောက် အထားမဲ့ အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား၂၄ ဦးသည် ဖေဖော်ဝါရီလ ရရက် က ဖမ်းဆီးခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန် ပြည်နယ်၊ စမွတ်ပရာကန်ပြည်နယ်၊ ပထုံ ဌာနီပြည်နယ်၊ နခေါပထုံပြည်နယ် အပါ အဝင် ပြည်နယ်အများစုရှိ ဆောက်လုပ်ရေး၊ အိမ်တွင်းမှု စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်း များကို ထိုင်းရဲတပ်ဖွဲ့၊ထိုင်းလူဝင်မှု ကြီးကြပ် ရေးအဖွဲ့ဝင်များက တရားမဝင်လုပ်သား ရှိ မရှိ၊ ကလေး လုပ်သား ခိုင်းစေမှု ရှိမရှိ ၊ ထိုင်း ဥပဒေနှင့်အညီ လုပ်သားများ သက်သာ ချောင်ချိမှု ခံစားခွင့် ရှိမရှိ ဆိုတာတွေကို ရှောင် တခင်စစ်ဆေးလျက်ရှိကြောင်း အလုပ် သမားရေးဆောင်ရွက်နေသူ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ “ ယခုလို ရှောင်တခင် ဝင်ရောက်စစ် ဆေးမှုတွေကြောင့် ဒီအလုပ်သမားတွေကို ဖမ်းမိသွားတာပေါ့။မဟာချိုင်လုပ်သားတွေ တင်မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံခရိုင်ဒေသ ၇၇ ခုမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ကို လုပ်နေတဲ့အတွက် ထိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရဆိုရင် ထိုင်းအလယ်ပိုင်းနဲ့ ထိုင်းအရှေ့ပိုင်းပေါ့။ ပတ္တယား၊ရယောင်းတို့ ချွန်ဘူရီတို့ ဒေသတွေမှာဆိုရင် ဖမ်းဆီးခံရ တာ ၁၅၀ လောက်ရှိပြီးတော့ သူတို့ရဲ့အလုပ် ရှင်တွေကိုလည်း တရားရုံးတင်စစ်ဆေးအ ရေးယူထားတာဖြစ်ပါတယ်” ဟု မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြား သည်။ ထိုင်းနိုင်ငံအတွင်း အလုပ်ကောင်း သည်ဟု…

Read More

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ တောင်ပိုင်း တွင် ဖေဖော်ဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ နှစ်ထောင်ကျော်မှာ ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ နေရပ် ပြန်နေကြကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ဆိုပါသည်။ ဖေဖော်ဝါရီ လဆန်း ၆ ရက်နေ့မှစတင် ကာ တပ်မတော်နှင့် KIA, PDF တို့ ကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်း မီဒီယာများတွင် ဖော်ပြ ထားသည်။ အရပ်သားအနည်းဆုံး သုံးဦး ထိခိုက် သေဆုံးခဲ့ပြီး ဝှေခါ၊ ဆပ်ပြာချောင်း၊ ဂျန်ခါ စသည့်ကျေးရွာများမှ လူဦးရေ ငါးထောင်ကျော်မှာ အိုး အိမ်စွန့်ကာ ထွက်ပြေးကြရသည်။ လူဦးရေ နှစ်ထောင်ကျော်မှာ ဖားကန့် မြို့နှင့်အနီးတစ်ဝိုက်ရှိ ဘုန်းတော်ကြီး ကျောင်း နှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံလာခဲ့သည်။ လူဦးရေ ငါးရာကျော် ခိုလှုံနေသည့် မှော်ရှန် ဘုန်းတော်ကြီးကျောင်းမှ ဦးပဏ္ဍိတက “မနေ့ က စပြန်တာ တချို့စခန်းတွေက ဦးဇင်း တို့ ကျောင်းက ဒီနေ့မှ ပြန်တာ။ မြို့ထဲက လူမှုကူညီရေးကားတွေ ၊စေတနာရှင်တွေ အားလုံး ၀ိုင်းကူကြတယ်။ ဘေးအန္တရာယ်တော့ ဖြစ် လာ ရင် ပြန်ရှောင်တိမ်းကြပေါ့ ”ဟု ဆိုသည်။ ဝှေခါကျေးရွာမှ အသက် ၄၀ ကျော် အိမ်ထောင်သည်တစ်ဦးက“ပစ်ခတ်တာတွေ မရှိ တော့လို့ ပြန်ရဲတာပေါ့။ လက်လုပ်လက်စား တွေ၊အိမ်ငှားတွေကတော့ မလာကြသေးဘူး။ကောင်းတဲ့မှော်ဘက် ပြောင်းသွားကြတာပေါ့။ ရွာတော့ မစုံသေးဘူး။…

Read More

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမို၏ ခြေထောက်တွင် ကြွက်နို့သဏ္ဍာန်ထွက်လာသဖြင့် ဆင်ကျွမ်းကျင်ဆရာဝန်များနှင့် စစ်ဆေး စောင့်ရှောက်ပေးနေကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်မှုအရ သိရသည်။ အသက် ၇၁ နှစ်ရှိပြီဖြစ်သည့် ဆင်မကြီးမိုမိုသည် အသက်အရွယ်ကြီးရင့်လာမှု၏နောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် သက်ကြီးဆင်များတွင် ဖြစ်လေ့ဖြစ်ထရှိ‌သော ခြေသည်းအထက်ပိုင်းတွင် ကြွက်နို့သဏ္ဍာန် ထွက်ပေါ်လာကြောင်းသိရသည်။ ထို့ကြောင့် ၎င်းအခြေအနေကို ဆင်ကျွမ်းကျင်သူ ပညာရှင်များဖြစ်သည့် ဒေါက်တာခင်မောင်ဝင်း (ဆင်ဖြူတော်ဥယျာဉ်) နှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒု-လက်ထောက် အထွေထွေမန်‌နေဂျာ ဒေါက်တာဇော်မင်းဦးတို့ကို ပင့်ဖိတ်၍ အကြံဉာဏ်တောင်းခံခဲ့ပြီး လိုအပ်သည်များကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အင်းစိန်ရောဂါရှာဖွေရေးဌာနမှ ကျွမ်းကျင်ပညာရှင် ဒေါက်တာဝင်းမြင့်နှင့် လိုအပ်‌သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်မှုအရ သိရသည်။ ဆင်မကြီးမိုမိုသည် အသက်ကြီးလာသည်နှင့်အမျှ ၎င်း၏မူရင်းသဘာဝအတိုင်း အစာကို အမျိုးမျိုးရွေးချယ် စားသောက်တတ်ပြီး နေ့စဉ်နှင့်အမျှ အစာကို ပြောင်းလဲစားသောက်တတ်ကြောင်း၊ ဆင်မကြီးမိုမိုအတွက် လိုအပ်သော ဖြည့်စွက်စာများ‌နှင့် ကြိုက်နှစ်သက်သည့် အစာကိုပိုမိုကျွေးခြင်း၊ ညဘက် အိပ်ချိန်တွင် သက်တောင့်သက်သာ ဖြစ်စေရန် သဲပေါ်မှာ အိပ်စက်စေခြင်းများကို ဆောင်ရွက်၍ အနီးကပ်ကျွေးမွေး ပြုစုစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမိုကို ၁၉၆၁ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ဦးခွန်စန္ဒက လှူဒါန်းခဲ့ရာ လှူဒါန်းစဉ်က အသက် (၇) နှစ်ခန့်ရှိပြီး ယခုတွင် အသက် (၇၁) နှစ်အရွယ် ရှိပြီဖြစ်သည်။

Read More

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖျူရီနှင့် ဟဲဗီးဝိတ်ချန်ပီယံ ပေါင်းစည်းပွဲ ရွှေ့ဆိုင်းခဲ့သည့်အတွက် မိသားစုနှင့် ပြန်လည်ဆုံစည်းရသဖြင့် ပျော်ရွှင်မိကြောင်း IBF ၊ WBA (Super) နှင့် WBO ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဖြစ်သူ အိုလက်ဇန္ဒားအူဆိုက်က ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ် ပေါင်းစည်းပွဲကို ဖေဖော်ဝါရီ (၁၇)ရက်၌ ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့၌ကျင်းပရန် စီစဉ်ထားသော်လည်း တိုင်ဆန်ဖျူရီမှာ လေ့ကျင့်မှုပြုလုပ်စဉ် ဒဏ်ရာရရှိသွားသဖြင့် မေလ (၁၈)ရက်သို့ ရွှေ့ ဆိုင်းခဲ့ရခြင်းဖြစ်သည်။ တိုင်ဆန်ဖျူရီ သည် ဖေဖော်ဝါရီ(၂)ရက်က လေ့ ကျင့်မှုပြုလုပ်စဉ် ညာဘက်မျက်လုံး အပေါ်ဘက်နှင့် မျက်ခုံးအောက်ဘက်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပြန်ချုပ် ၍ ကုသမှုပြုလုပ်ခဲ့ရကြောင်း သိရသည်။ အူဆိုက်က “ဒီအရာတွေ ဖြစ်လာပေမဲ့လည်း ကျွန်တော် ပျော်နေတုန်းပါ။ ဒါက ဘဝပါပဲ။ ကျွန်တော် အရမ်းပျော်နေတယ်ဆိုတာက အခု ယူကရိန်းကို ပြန်ရမှာမို့လို့ပါ။ ဇနီး၊ သမီးနှစ်ယောက်နဲ့ တွေ့ဆုံရမယ်။ ပြီးရင် ဘုရားကျောင်းသွားပြီး ဆုမွန်ကောင်းတောင်းကြမယ်။ အနည်းငယ် အနားယူပြီး လေ့ကျင့်ရေးစခန်းကို ကျွန်တော် ပြန်လာမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ အူဆိုက်၏ဇနီး သည် ဇန်နဝါရီလ(၂၈)ရက်က ဒုတိယသမီးကို မွေးဖွားခဲ့သည်။

Read More

ဘောလုံးပွဲစဉ်များတွင် အပြာကတ်စမ်းသပ်အသုံးပြုမည့်စနစ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ အလက်ဇန္ဒားဆယ်ဖာရင်က လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ဘောလုံးကစားနည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) အနေဖြင့် လာမည့်ရာသီတွင် အပြာကတ်စနစ်စမ်းသပ် အသုံးပြုမည့်အစီအစဉ်ကို ဗြိတိန်အခြေစိုက် The Telegraph သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ အနီကတ်ပြသရန် မထိုက်တန်သည့် ပြစ်ဒဏ်ကျူးလွန်မှု၊ တိုက်စစ်ကစားခြင်းကို ရပ်တန့်ရန်ရည်ရွယ်သည့် ပြစ်ဒဏ်ကျူးလွန်မှု၊ ဒိုင်လူကြီးများအပေါ် စောဒကတက်မှု စသည့် ဖြစ်ရပ်များတွင် အပြာကတ်ပြသမည်ဖြစ်ပြီး အဆိုပါကစားသမားမှာ ကွင်းအတွင်းမှ ၁၀ မိနစ် ထုတ်ပယ်ခံရမည်ဖြစ်သည်။ အပြာကတ် နှစ်ကြိမ် ပြသခံရသည့် ကစားသမားမှာ အနီကတ်ပြထုတ်ပယ်ခံရမည်ဖြစ်ပြီး အပြာကတ် တစ်ကြိမ်၊ အဝါကတ်တစ်ကြိမ် ပြသခံရပါက ဆက်လက်ကစားခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ အပြာကတ်စနစ် စမ်းသပ်အသုံးပြုမည့် အခြေအနေနှင့်ပတ်သက်၍ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က “အဲဒါက ဘောလုံးကစားတာ မဟုတ်တော့ပါဘူး” ဟု ဝေဖန်ပြောကြားခဲ့သည်။ ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကလည်း အပြာကတ်စနစ်ကို ထိပ်တန်းအဆင့် ပြိုင်ပွဲများတွင် အသုံးပြုဦးမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ထိပ်တန်းအဆင့်ပြိုင်ပွဲများ၌ အပြာကတ်ဟုခေါ်ဆိုသည့်စနစ် အသုံးပြုမည့်သတင်းများမှာ မှားယွင်းကြောင်းနှင့် ယင်းစနစ်အသုံးပြုရန် အချိန်မတန်သေးကြောင်း၊ အဆိုပါစမ်းသပ်မှုကို အောက်ခြေအဆင့်ပြိုင်ပွဲများ၌သာ ကန့်သတ်ချက်ဖြင့် အကောင်အထည်ဖော်သင့်ကြောင်း၊ မတ် ၂ ရက်ကျင်းပမည့် IFAB နှစ် ပတ်လည်အထွေထွေအစည်းအဝေးတွင် FIFA အနေဖြင့် ယင်းကဲ့သို့ ဆောင်ရွက်သင့်သည့်ဘက်မှ ရပ်တည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ The Telegraph ၏ ဖော်ပြမှုအရ…

Read More

လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က လီဗာပူးလ်အသင်းအနေဖြင့် နည်းပြ ကလော့ပ်ထွက်ခွာသွားပါက အသင်း၏အဓိကကစားသမားများဖြစ်သည့် ဆာလာ နှင့် အာနိုးလ်တို့ကို ဆုံးရှုံးရနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းကို ရှစ်နှစ်ကျော်ကြာ ကိုင်တွယ်ထားသည့် နည်းပြ ကလော့ပ်သည် အသင်းကိုဆက်လက်ကိုင်တွယ်ရန် အင်အားမရှိတော့သဖြင့် ယခုရာသီကုန်တွင် အသင်းနည်းပြရာထူးမှထွက်ခွာမည်ဖြစ်ကြောင်း ဇန်နဝါရီလကုန်ပိုင်းတွင် အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။ ကလော့ပ် ယင်းသို့ကြေညာပြီးနောက် ၎င်းထွက်ခွာသွားပါက လီဗာပူးလ်အသင်းအနေဖြင့် အသင်း၏ထိပ်တန်းကစားသမားများကို ဆုံးရှုံးရနိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။ သို့သော် ကလော့ပ်က ယင်းသုံးသပ်မှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး ကစားသမားများအနေဖြင့် လီဗာပူးလ်အသင်းကို ချစ်မြတ်နိုးမှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။ ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့သော်လည်း အသင်းနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကမူ နည်းပြသစ်လက်ထက်တွင် လီဗာပူးလ်အသင်း ရလဒ်မကောင်းပါက အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျော်သာ ကျန်ရှိတော့သည့် ဆာလာနှင့် အာနိုးလ်ကို ဆုံးရှုံးရနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။ ဂလင်းဂျွန်ဆင်က “အသင်းနဲ့ စာချုပ်သက်တမ်းအနည်းငယ်ကျန်တော့တဲ့ သူတွေကို လီဗာပူးလ် စာချုပ်သစ်ချုပ်ထားနိုင်ဖို့လိုပါတယ်။ တကယ်လို့ နည်းပြသစ်လက်ထက်မှာ ရာသီအစကတည်းက ရလဒ်ဆိုးခဲ့မယ်ဆိုရင် ကစားသမားတွေကို အသင်းမှာဆက်ထိန်းဖို့ ခက်ခဲသွားမှာပါ။ ဆာလာနဲ့ အာနိုးလ်တို့ကို လိုချင်တဲ့အသင်းတွေ အများကြီးပါ။ သူတို့ရဲ့ စာချုပ်ကလည်း တစ်နှစ်ပဲကျန်တော့လို့ စိုးရိမ်စရာပါပဲ”ဟု ပြောကြားခဲ့သည်။

Read More

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ၎င်း၏အနာဂတ်ကို ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ၂၀၂၄-၂၅ UEFA Nations League ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားပြီးနောက် ထုတ်ဖော်ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ၂၀၂၂-၂၃ UEFA Nations League ပြိုင်ပွဲ၏ League (A) တွင် အုပ်စုအောက်ဆုံးနေရာသာ ရပ်တည်နိုင်ခဲ့သဖြင့် လာမည့် ၂၀၂၄-၂၅ ပြိုင်ပွဲတွင် League (B) သို့ တန်းဆင်းယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆောက်ဂိတ်သည် ၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို ကိုင်တွယ်နေခြင်းဖြစ်ပြီး လက်ရှိစာချုပ်မှာ ယခုနှစ် ဒီဇင်ဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။ စာချုပ်ကိစ္စမေးမြန်းမှုအပေါ် ဆောက်ဂိတ်က “နွေရာသီမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ အဲဒါက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ကိုယ်တိုင်သိပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုစံနှုန်းက ဘာလဲဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီနောက်မှာ တခြားဘာကိုမှ မတွေးထားပါဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက အင်္ဂလန်အတွက် ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ လိုအပ်ပြီး လူတိုင်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့လည်း လိုပါတယ်။ ပြိုင်ပွဲမတိုင်ခင် ဆုံးဖြတ်ချက်ချရမယ့် အနေအထားတော့မရှိပါဘူး။ ပြိုင်ပွဲမတိုင်ခင် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်က ဘယ်လမ်းကိုသွားသည်ဖြစ်စေ အဲဒါက စွမ်းဆောင်ရည်အပေါ် ထိခိုက်နိုင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

Read More

ကာလရှည် ဆောင်ရွက်နေခဲ့သည်မှာကြာပြီဖြစ်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒပြုပြင်ပြောင်းလဲရေး ပါဝင်သော နှစ်ပါတီသဘောတူထားသော ဥပဒေကြမ်းကို ရီပတ်ဘလီကင်တို့က ပိတ်ဆို့ခဲ့ပြီးနောက် ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်တို့အတွက် ထောက်ပံ့ကူညီမှုများပါဝင်သော အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၃၄ ဘီလျံ ဥပဒေကြမ်းကိစ္စသည် ဖေဖော်ဝါရီ ၈ ရက်တွင် ရှေ့ဆက်ဆွေးနွေးသည့် ကိစ္စဖြစ်လာသည်။ အထက်လွှတ်တော်အမတ်များသည် လုပ်ထုံးလုပ်နည်းဆိုင်ရာအဆိုတစ်ရက်ကို ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၃၂ မဲဖြင့် ထောက်ခံခဲ့ကြရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရေးအတွက် ထောက်ခံမဲ ၆၀ လိုအပ်သည်ဟူသော အတားအဆီးကို ကျော်လွန်ခဲ့သည်။ ဖေဖော်ဝါရီ ၇ ရက်တွင် ယင်းဥပဒေကြမ်းကို ပိတ်ဆို့ခဲ့သော ရီပတ်ဘလီကင်အမတ်များထဲက အမတ် ၁၇ ဦးက ထောက်ခံပေးခဲ့သည်။ “ဒါဟာ ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ ဒီဥပဒေကြမ်းဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ယူကရိန်းနဲ့ အစ္စရေးတို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအတွက်၊ ဂါဇာက အပြစ်မဲ့အရပ်သားတွေအတွက်၊ ထိုင်ဝမ်အတွက် အရေးကြီးပါတယ်” ဟု မဲခွဲခဲ့ပြီးနောက် ဆီးနိတ်လူများစုခေါင်းဆောင်ချက်ရှူးမားက ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။ အဖွဲ့ဝင် ၁၀၀ ရှိသော ဆီးနိတ်က ဥပဒေကို အဆုံးသတ်အတည်ပြုမည့်အချိန်ကို ချက်ချင်း ဖော်ပြထားခြင်းမရှိသော်လည်း လိုအပ်မည်ဆိုပါက သီတင်းပတ်ကုန်နှစ်ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု မျှော်လင့်ထားကြောင်း ဆီးနိတ်အမတ်အချို့က ပြောကြားခဲ့သည်။ “ဒီဥပဒေကြမ်းကို အတည်ပြုပြီးတဲ့အထိ ကျွန်တော်တို့ အလုပ်ဆက်လက်လုပ်သွားကြမှာဖြစ်ပါတယ်” ဟု ရှူးမားက ပြောကြားခဲ့သည်။ ယူကရိန်းထောက်ပံ့ငွေဘီလျံ ၆၀ နှင့် အခြားသောအမျိုးသားလုံခြုံရေးကိစ္စများကို တင်းကျပ်သည့် နယ်စပ်လုံခြုံရေးအစီအမံသစ်များဖြင့် အပေးအယူလုပ်ထားသည့် နှစ်ပါတီ ဆီးနိတ်သဘောတူညီချက်ကို ရီပတ်ဘလီကင်များက…

Read More

စားနပ်ရိက္ခာပြတ်လပ်နေသောကြောင့် ဂါဇာမြောက်ပိုင်းနှင့်အလယ်ပိုင်းတို့ရှိ အနည်းဆုံးပြည်သူ ၃၀၀,၀၀၀ ၏ အသက်များသည် အန္တရာယ်ကြုံနေရသည်ဟု ဖေဖော်ဝါရီ ၈ ရက်တွင် ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီ(UNRWA)က သတိပေးခဲ့သည်။ အေဂျင်စီက ဂါဇာကို ရိက္ခာများ နောက်ဆုံးပေးပို့ခဲ့ချိန်သည် လွန်ခဲ့သော သီတင်းနှစ်ပတ်ကျော် ဇန်နဝါရီ ၂၃ ရက်တွင် ဖြစ်သည်ဟု UNRWA အထွေထွေကော်မရှင်နာဖီးလစ်လာဇာရီနီကပြောကြားခဲ့သည်။ လူသားချင်းစာနာမှုအကူအညီများပေးနေသည့် အခြားသော အေဂျင်စီများကလည်း ဂါဇာကို ရိက္ခာများပို့ပေးရန်အတား အဆီးများရှိနေသည်ဟု ဆိုသည်။ “နှစ်စပိုင်းကစလို့ မြောက်ပိုင်းအတွက် ကျွန်တော်တို့ အကူအညီမစ်ရှင်တစ်ဝက်ရဲ့ မေတ္တာရပ်ခံမှုတွေဟာ ငြင်းပယ်ခံရပါတယ်”ဟု လာဇာရီနီက လူမှုမီဒီယာ X တွင်ဖော်ပြခဲ့သည်။ “ပြည်သူတွေ အငတ်ဘေးကျရောက်အံ့ဆဲအနေအထားဖြစ်နေတဲ့ဂါဇာမြောက်ပိုင်းမှာ ငတ်ပြတ်တာ၊ဆာလောင်တာတို့ နက်နက်ရှိုင်းရှိုင်းဖြစ်နေတယ်ဆိုတာကို ကုလသမဂ္ဂကသိနေပါတယ်”ဟု ၎င်းက ဖော်ပြခဲ့သည်။ “မြောက်ပိုင်းမှာနေတဲ့ ဒေသခံပြည်သူ ၃၀၀,၀၀၀ ဟာ အသက်ဆက်ဖို့ ကျွန်တော်တို့ရဲ့ အကူအညီတွေကို မှီခိုနေကြရတာဖြစ်ပါတယ်”ဟု လာဇာရီနီက ဖော်ပြခဲ့သည်။ အစ္စရေးသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူများအားလိုက် လံနှိမ်နင်းနေသောကြောင့် ဂါဇာမြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင်နေထိုင်သော ပြည်သူများတောင်ပိုင်းကိုရွေ့ကြရန် အစ္စရေးက ညွှန်ကြားခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားသည်။ ဂါဇာ၏ခန့်မှန်းခြေပြည်သူ ၂ ဒသမ ၄ သန်းကျော်သည် ယခုအခါ ဂါဇာတောင်ပိုင်းရှိ ရာဖာတွင် ပြည့်ကျပ်နေသည်။ သို့ရာတွင် အများစုသည်အလယ်ပိုင်းရှိ ၀ါဒီဂါဇာနှင့် မြောက်ပိုင်းတို့တွင် နေထိုင်လျက်ရှိသည်။ ဂါဇာကမ်းမြောင်သည် ငတ်မွတ်မှုနှင့် မျှော်လင့်ချက်ပျက်သုဉ်းသည့် မြေရိုင်းအဖြစ် ပြောင်းလဲသွားပြီဟု ဂါဇာရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုအေဂျင်စီ OCHA ၏အကြီးအကဲ ဂျော်ဂျီယိုပတ်ထရိုပူးလော့စ်က ပြော ကြားခဲ့သည်။ အန်ဂျီအိုအဖွဲ့များသည်…

Read More

၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ မြန်မာနိုင်ငံမှ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးသူ တရုတ်နိုင်ငံသား ၄၈၈၀၃ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀၆၁၉ ဦးရှိဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော် ၀ါရီ ၈ ရက်အထိ တရုတ်နိုင်ငံသား ၄၈၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား ၂၀ ဦးနှင့် လာအိုနိုင်ငံသား ၁၈ ဦးတို့အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀၆၁၉ ဦးကို စိစစ်ဖော်ထုတ်၍ ဥပဒေနှင့်အညီလိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More