Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ရုရှားနိုင်ငံတွင် လူသိများထင်ရှားသည့် အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီသေဆုံးမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏အပေါင်းပါများတွင် တာဝန်ရှိသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ နာဗာညီသည် အာတိတ်ဒေသရှိ အကျဉ်းထောင်ထဲတွင် ဖေဖော်ဝါရီ ၁၆ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးရသည့် အကြောင်းရင်းအတိအကျကို မသိရသော်လည်း ပူတင်နှင့် အပေါင်းပါများ၏ အမှားဖြစ်သည်ဟု ဘိုင်ဒင်က အပြစ်တင်ခဲ့သည်။ “နာဗာညီ သေဆုံးမှုအတွက် ပူတင်မှာ တာဝန်ရှိတာ အမှန်ပါပဲ” ဟု ဘိုင်ဒင်က အိမ် ဖြူတော်မှ ထုတ်လွှင့်သည့် ရုပ်သံမှတ်ချက် တွင် ပြောကြားခဲ့သည်။ ယူကရိန်းကို ကျူးကျော်မှု၊ ပြိုင်ဘက်များ အပေါ် ပြုမူဆက်ဆံမှုများနှင့်ပတ်သက်ပြီး ပူတင်ကို အာဏာရှင်ဟု တံဆိပ်ကပ်ခဲ့သည့် ဘိုင်ဒင်က သူ့အနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ရ မည်ဆိုခြင်းကို ရွေးချယ်စရာများကို စဉ်းစား နေကြောင်း ပြောကြားခဲ့သော်လည်း အသေး စိတ် ဖော်ပြခဲ့ခြင်းမရှိပေ။ ၂၀၂၁ ခုနှစ်က ဘိုင်ဒင်သည် ဆွစ်ဇာ လန်တွင် ပူတင် နှင့်တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နာဗာညီသေဆုံး ခဲ့မည်ဆို ပါက မည်သည့်အရာများ ဆက်ဖြစ်လိမ့်မည် ဆိုခြင်းကို မေးမြန်းခံရချိန်က ရုရှား အနေဖြင့် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရ လိမ့်မည်ဟု ပူတင်ကို ပြောခဲ့ကြောင်း ဘိုင်ဒင် က ဖြေကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဘိုင်ဒင်က နာဗာညီ၏ စွမ်းဆောင်မှုများကို ချီးကျူးဂုဏ် ပြုခဲ့ပြီး နာဗာညီ၏ ဇနီးနှင့်…
ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အ လိုက်၊လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကပြောကြားသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၄) ကို ဖေဖော်ဝါရီ ၁၆ ရက်က နေပြည် တော်တွင်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး တွင် ကာကွယ်ရေးဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ် ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဝင် များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေ ပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ များဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌတိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ များအနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းမှုကိုလည်း အ မြန်လျာထားတင်ပြရန် လိုအပ်ပါကြောင်း၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန်များနှင့်နည်းဥပဒေ(မူကြမ်း)တို့ ကိုလည်း ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေထား ပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေး တွင်ဖြစ် စေ၊ သီးခြားဖြစ်စေ အကြံပြုချက်များ၊ ဖြည့် စွက်သင့်သည့်အချက်များကို တင်ပြပေး စေ လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်း ကျင့်သုံးသည့်နိုင်ငံအချို့၏ဖွဲ့စည်းဆောင် ရွက်မှုများကိုလည်း လေ့လာနိုင်ရန် ဖြန့်ဝေ ထားပြီးဖြစ်ကြောင်း၊ လက်ရှိ…
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် (200 – K) ထရန်စဖော်မာပုံးများမှ မိန်းကြိုးများဖြတ်ကာ ခိုးယူခံရမှုများရှိနေ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ ဇန်နဝါရီလအတွင်းက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ ဇွဲကလာကျေးရွာအုပ်စု၊ မုသင်ကျေးရွာအုပ်စုများတွင်း (200 – K) ထရန်စဖော်မာပုံးများမှ မိန်းကြိုးများ ဖြတ်ကာခိုးယူခံရမှုများရှိခဲ့ကြောင်း ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။ ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက “ လျှပ်စစ်မီး ရဖို့အတွက် ကျေးရွာမီးလင်းရေး ကော်မတီတွေဖွဲ့ပြီး လုပ်ထားကြရတာ။ ဖေဖေါ်ဝါရီလဆန်းပိုင်းက ကျနောတို့ရွာက မိန်းကြိုးတွေ ဖြတ်ခိုးခံရတယ်။ တန်ဖိုးအားဖြင့် ကြေးကြိုးတွေဆိုတော့ ကျပ် (၇၅) သိန်းဖိုးလောက်ရှိတယ်။ အခုပြန်ပြင်တော့ ကျေးရွာနေပြည်သူတွေကဘဲ စုပေါင်းပြီး မိန်းကြိုးတွေဝယ်ရတယ်။ အခုက ကြေးကြိုးတွတော့ မဝယ်နိုင်လို့ သတ္တုကြိုးတွေနဲ့ဘဲ ပြန်တပ်ထားရတယ်” ဟု ပြောကြားသည်။ လက်ရှိအချိန်အထိ မိန်းကြိုးများ ဖြတ်ခိုးခံရမှု ကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီး နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်ငန်းရှင်တစ်ဦးကို ကင်မရွန်းနိုင်ငံသား နှစ်ဦးက သတ်ဖြတ်ပြီး ဘတ်ငွေငါးသန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးနေသည်ဟု ဘန်ကောက်ပိုစ့် သတင်းတွင် ဖော်ပြသည်။ အသတ်ခံရသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်မှာ အသက် ၅၀ အရွယ်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆူခွန်ဝစ်လမ်းမပေါ်ရှိ ကွန်ဒိုတိုက်ခန်း ၂၃ လွှာမှာ နေထိုင်သူ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။ အသတ်ခံရသူမှာ မည်သူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ထားခြင်းမရှိဘဲ မျက်နှာ၊ နားနှင့် ဦးခေါင်းတွင် သွေးထွက်ဒဏ်ရာ များဖြင့် နေအိမ်တွင် လဲကျသေဆုံးနေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ နေလယ်ပိုင်းတွင် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်းဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး သံသယရှိသူ ကင်မရွန်းနိုင်ငံ သား နှစ်ဦးမှာ ဘတ်ငွေငါးသန်းကို ယူဆောင်ပြီး ဗုဒ္ဓဟူးနေ့မှာပင် ဒွန်မောင်း လေဆိပ်မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ထွက်ပြေးသွား ခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) နှင့် ပူးပေါင်းဖမ်းဆီးရန် စီစဉ်နေသည်ဟု သတင်းတွင်ဖော်ပြသည်။ လူသတ်မှုကျူးလွန်သည်ဟု သံသယရှိသူနှစ်ဦး မှာ“ဂျွန်”နှင့် “ဝီလျံ”ဟု ခေါ်ဆိုသည့်အသက် ၃၀ ကျော်အရွယ် ကင်မရွန်း နိုင်ငံသားများဖြစ်ကြောင်း၊ အသတ်ခံရသူ မြန်မာလုပ်ငန်းရှင်၏ မွေးစားမိခင် ထွက်ဆိုချက်အရ သူမအား မေ့မြောရန် ၎င်းတို့က လည်ပင်းညှစ်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ့်တွင် ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ကွန်ဒိုတိုက်ခန်းတွင်တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာမှတ်တမ်းကို စစ်ဆေးရာတွင် အခင်းဖြစ်မတိုင်မီ အင်္ဂါနေ့…
မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက လက်ဝှေ့ပွဲထိုးသတ်ရန် ကမ်းလှမ်းမှုရှိသော်လည်း နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန်သာ အာရုံစိုက်ထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ၀ိန်းရွန်နီ (၃၈ နှစ်) သည် ဇန်နဝါရီလအတွင်း ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည်။ ၎င်းအား လက်ဝှေ့ပွဲထိုးသတ်ရန် Misffits Boxing ပရိုမိုးရှင်းကုမ္ပဏီက ဆက်သွယ်ကမ်းလှမ်း၍ ဆွေး နွေးလျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ Misffits Boxing ပရိုမိုးရှင်းကုမ္ပဏီမှာ YouTuber အဖြစ်မှ ပရော်ဖက်ရှင် နယ်လက်ဝှေ့သမားအဖြစ် ပြောင်းလဲထိုးသတ်နေသည့် KSI က တည်ထောင်ထားခြင်း ဖြစ်ပြီး YouTuber ၊ NFL ကစားသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ ရက်ပ်ပါ၊ Social Media Influencerများ၏ လက်ဝှေ့ပွဲများကို စီစဉ်ကျင်းပလျက်ရှိသည်။ လက်ဝှေ့ထိုးသတ်မည့်အစီအစဉ်နှင့် ပတ်သက်၍ ဂယ်ရီနဗီးလ်၊ ရွိုင်ကင်း၊ ကာရေဂါတို့နှင့်ပြုလုပ်သည့် Podcast တွင် ၀ိန်းရွန်နီက “အဲဒီလိုဖြစ်မလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ သူတို့ဘက်က ဆက်သွယ်မေးမြန်းတာတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က လက်ဝှေ့ထိုးချင်တာ မဟုတ်ပါဘူး။ စီမံခန့်ခွဲမှု နယ်ပယ်ထဲပြန်ဝင်ဖို့ အာရုံစိုက်ထားချင်ပါတယ်။ ကမ်းလှမ်းမှုတချို့တော့ ရှိပါတယ်။ Misffits နဲ့ ဆွေးနွေးတဲ့ သတင်းတွေအားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ကျွန်တော်က စီမံခန့်ခွဲမှုနယ်ပယ်ထဲ ပြန်ဝင်ဖို့ပဲ အာရုံစိုက်ထားတယ်ဆိုတာ သိစေချင်ပါတယ်။ အဲဒါကိုပဲ ကျွန်တော်အာရုံစိုက်နေတယ်” ဟု ပြောကြားခဲ့သည်။
ရိုးမားအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် နာမည်ကျော် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲမည့်အသင်းများကို ခန့်မှန်းပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိ မော်ရင်ဟို သည် ဇန်နဝါရီ ၁၆ ရက်တွင် ရိုးမားအသင်း နည်းပြရာထူးမှ အံ့အားသင့်ဖွယ် ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ မော်ရင်ဟိုသည် မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်၏ FIVE YouTube Channel တွင် ပါဝင်ခဲ့ပြီး ၎င်း၏အနာဂတ်အစီအစဉ်၊ မန်ယူအသင်းတွင် ကိုင်တွယ်စဉ်က ရုန်းကန်ခဲ့ရသည့်အကြောင်းများနှင့် ရွှေရောင်မျိုးဆက်ခေတ်က အင်္ဂလန်အသင်းတွင် သူအကြိုက်ဆုံးကွင်းလယ်ကစားသမားကို ပြောကြားခဲ့သည်။ ထို့ပြင် မော်ရင်ဟိုသည် ဖာဒီနန်နှင့် တွေ့ဆုံမှုတွင် ယခုရာသီ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲမည့် အသင်းများကိုလည်း ခန့်မှန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုက “ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီး (ချန်ပီယံလိဂ် လက်ရှိချန်ပီယံ) သို့မဟုတ် ရီးယဲလ်မက်ဒရစ်အသင်း ဗိုလ်စွဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ နှစ်သင်းကိုကျော်ပြီး ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တခြားအသင်းတစ်သင်းသင်းက ဗိုလ်စွဲခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းအံ့သြရပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ဗိုလ်ပြန်စွဲစေချင်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအတွက်နဲ့ အန်ဆယ်လော့တီအတွက်ပေါ့။ ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ ကလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ အခြေအနေရှိပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုရင်တော့ ချန်ပီယံဆုကို မန်စီးတီးနဲ့ လီဗာပူးလ်တို့ထဲက တစ်သင်းသင်းရမယ်ထင်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်တို့ထဲက တစ်သင်းသင်း ဗိုလ်စွဲမှာပါ”ဟု ပြောကြားခဲ့သည်။ ထို့ပြင် မော်ရင်ဟိုက သူ၏နည်းပြဘဝ သက်တမ်းတစ်လျှောက်တွင် ရိုးမားအသင်း…
ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီကုန်တွင် PSG အသင်းမှ ထွက်ခွာမည့် အမ်ဘာပေကို အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း စပိန်သတင်းစာ AS က ဖော်ပြခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေက ယခုရာသီကုန်တွင် ထွက်ခွာတော့မည်ဟု PSG အသင်းအား အသိပေးပြောကြားထားပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းများထွက်ပေါ်လာခဲ့သည်။ အမ်ဘာပေနှင့် PSG အသင်း၏ စာချုပ်မှာ ၂၀၂၄ ခုနှစ် ဇွန်လတွင်ကုန်ဆုံးမည်ဖြစ်ရာ ၎င်းအားခေါ်ယူ မည့်အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရမည်ဖြစ်သည်။ အမ်ဘာပေမှာ ရီးယဲလ်အသင်း ကာလရှည်ပစ်မှတ်ထားနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းအတွက် ကစားခွင့်ရလိုကြောင်း ငယ်စဉ်ကတည်းက ပြောကြားထားဖူးသည်။ ရီးယဲလ်အသင်းအနေဖြင့် အပြောင်းအရွှေ့အသုံးစရိတ် ကန့်သတ်ချက်အရ အမ်ဘာပေကို တစ်နှစ်လစာ ယူရိုသန်း ၅၀ ဖြင့် ကမ်းလှမ်း၍ ၂၀၃၀ ပြည့်နှစ်အထိ ကာလရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်ထားသည်။ ရီးယဲလ်အသင်းကမ်းလှမ်းမည့် ယူရိုသန်း ၅၀ မှာ PSG အသင်း၌ ယခု ရရှိနေသည့် ယူရို ၇၂ သန်းထက် လျော့နည်းသော်လည်း ပုံရိပ်အသုံးပြု ခွင့်၊ Ballon d’Or ၊ ရွှေဖိနပ်ဆုစသည့် တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် ထူးချွန်ဆုများအပေါ်မူတည်၍ အပိုဆုကြေးအမျိုးမျိုးဖြင့် ထပ်မံကမ်းလှမ်းမည်ဖြစ်သည်။ ထို့ပြင် ၂၀၃၀ အထိ ကာလရှည်ချုပ်ဆိုမည့် စာချုပ်သက်တမ်းအရ အမ်ဘာပေ၏စာချုပ်မှာ ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း AS သတင်းစာက ဖော်ပြသည်။ အမ်ဘာပေသည် PSG အသင်းနှင့် ပထမအကြိမ်စာချုပ်ကုန်ဆုံး…
မက္ကဆီကိုလက်ဝှေ့ အကျော်အမော် ကာနီလိုအယ်လ်ဗာရက်ဇ်သည် မေလ(၄)ရက်၌ ထိုးသတ်မည့် စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲတွင် ပြိုင်ဘက်အဖြစ် အမေရိကန်လက်ဝှေ့သမားနှင့်သာ ရင်ဆိုင်ထိုးသတ်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကာနီလိုသည် WBA (Super) ၊ WBC ၊ IBF နှင့် WBO စူပါမစ်ဒယ်ဝိတ်တန်း အငြင်းပွားဖွယ်မရှိ လက်ရှိ ချန်ပီယံဖြစ်ပြီး မေလ (၄)ရက်တွင် ချန်ပီယံကာကွယ်ပွဲထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ကာနီလို ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့်စာရင်းတွင် ဂျာမောလ်ချာလို၊ တဲရန့်ခရောဖို့ဒ်၊ ဒေးဗစ်ဘယ်နာဗီဒက်ဇ်နှင့် ဟာမီမွန်ဂီယာစသည့် လက်ဝှေ့ သမားများထဲမှ တစ်ဦးဖြစ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းလက်ဝှေ့သမားများထဲမှ ဂျာမောလ်ချာလိုနှင့် မွန်ဂီယာတို့က အနီးစပ်ဆုံးဖြစ်ခဲ့ပြီး ယခု ကာနီလို၏ပြောဆိုချက်အရ မက္ကဆီကိုလက်ဝှေ့သမား မွန်ဂီယာမှာ ဖြစ်နိုင်ခြေနည်းပါးသွားခဲ့ကာ ဂျာမောလ်ချာလိုနှင့်သာ ထိုးသတ်ရန် ရာခိုင်နှုန်းပိုများလာခဲ့သည်။ ကာနီလို သည် Box Azteca နှင့်တွေ့ဆုံမှုတွင် တစ်နိုင်ငံတည်းသား မက္ကဆီကိုလက်ဝှေ့သမားများနှင့် ထိုးသတ်မည်မဟုတ်ကြောင်း ဖွင့်ဟခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှင့်သာ ထိုးသတ်ဖွယ်ရှိသည်ဟု ယူဆခဲ့သည်။ ကာနီလို သည် ၂၀၂၃ စက်တင်ဘာလက ဂျာမောလ်ချာလို၏အမြွာညီအစ်ကို ဂျာမဲလ်ချာလိုနှင့် နောက်ဆုံးထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။
မြောက်ကိုရီးယားသည် ထိပ်တိုက်ရင် ဆိုင်တွေ့သည့် လုပ်ရပ်များလုပ်ဆောင်ခဲ့ပြီး အမေရိကန်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ငြင်းဆိုခဲ့သည့်တိုက် ချက်ချင်းစစ်ပွဲဆင်နွှဲမည့် လက္ခဏာများကို အမေရိကန်က မတွေ့ ရသေးကြောင်း အမေရိကန်ထိပ်သီးမူဝါဒ ချမှတ်သူတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် စွန့်စားလုပ်ဆောင်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အခြိမ်းအခြောက်အဟန့်အတားကို မြှင့်တင်သွားရန် လုပ်ဆောင်သွားမည်ဖြစ်သော်လည်း မကြာသေးမီက သိသာထင်ရှားသည့် အပြောင်းအလဲမျိုးမတွေ့ခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြောက်ကိုရီးယားအရေး ကိုင်တွယ်ရသည့် ထိပ်သီးအရာရှိတစ်ဦးဖြစ်သူ ဂျွန်ပါ့ခ်က ပြောကြားခဲ့သည်။ “အခြေခံအားဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲခဲ့တယ်လို့ ကျွန်မ မထင်ပါဘူး။ အခုအချိန်မှာ စစ်ပွဲဖြစ်ကာနီး ဒါမှမဟုတ် တိုက်ခိုက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်မယ့် အခြေအနေတွေကိုလည်း မတွေ့ရပါဘူး”ဟု ဂျွန်က ပြောကြားခဲ့သည်။ “အခုချိန်က စစ်ဖြစ်ရမယ့်အချိန်မဟုတ်ဘူးလို့ ကင်က ဆုံးဖြတ်ထားပြီး ဆွေးနွေးမှုတွေနဲ့ သံတမန်ဆက်ဆံရေးတွေ ပြုလုပ်ဖို့ဆန္ဒရှိနေတယ်ဆိုတာ ရှင်းနေပါတယ်။ သူတို့ဟာ အမေရိကန်နဲ့ မဆွေးနွေးဘူးဆိုရင်တောင်မှ ရုရှားနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတာ ထင်ရှားနေပါတယ်”ဟု ဂျွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ အဓိကရန်သူဖြစ်ကြောင်းကြေညာခဲ့ပြီး၊ နှစ်နိုင်ငံပြန်လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများကို ပိတ်သိမ်းကာ ၎င်း၏နယ်နိမိတ်ကို ၀ ဒသမ ၀၀၁ မီလီမီတာမျှပင် ထိပါးခံရမည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားသည် မကြာသေးမီက ရေအောက်နျူကလီးယား လက်နက်စနစ်တစ်ခု၊ လောင်စာတောင့်သုံး ဟိုက်ပါဆိုးနစ် ဒုံးကျည်တစ်စင်းနှင့် ခရုဇ်ဒုံးကျည်များအပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင်ခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းကလည်း…
အစ္စရေးအစိုးရသည် အစ္စရေးနှင့်ဂါဇာ ကမ်းမြောင်၏ဒေသများတွင် အီလွန်မက်စ်၏ စတားလင့်ခ် ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုရန် အတည်ပြုလိုက်သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် အစ္စရေး ဆက်သွယ်ရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။ သဘောတူညီချက်အရ စတားလင့်ခ်သည် ဂါဇာတောင်ဘက်ဖျားရှိ ရာဖာမြို့တွင် ယူအေအီးက ဖွင့်လှစ်ထားသော ယာယီဆေးရုံကို အင်တာနက် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး အစ္စရေး၏ သဘောတူညီချက်ဖြင့် အဝိုင်းခံထားရသော ဂါဇာတွင် အင်တာနက် ဆက်သွယ်ရေးကို တိုးချဲ့ပေးသွားမည်ဖြစ် သည်။ ကမ္ဘာပတ်လမ်း၏ အနိမ့်ပိုင်းနေရာတွင် လှည့်ပတ်နေသော ဂြိုဟ်တုများဖြင့် အင်တာ နက်ဝန်ဆောင်မှုပေးနေသော စတားလင့်ခ်သည် ဝေလံသောနေရာများသို့မဟုတ် သာမန်ဆက်သွယ်ရေး တာဝါတိုင် မရှိသည့် နေရာများတွင် အင်တာနက်ပေးနိုင်သည်။ “ကွန်ရက်နှေးကွေးမှုနည်းပြီး မြန်နှုန်းမြင့် ဆက်သွယ်ရေးဖြစ်တဲ့ စတားလင့်ခ်ဟာ ဆေးရုံအချင်းချင်း ဗီဒီယိုအစည်းအဝေးလုပ်တာ၊ အဝေးကနေ အချိန်နဲ့တပြေးညီ ရောဂါ ရှာဖွေတာတွေ လုပ်လို့ရစေပါလိမ့်မယ် ” ဟု အစ္စရေးဆက်သွယ်ရေးဝန်ကြီး ရှလိုမိုခါဟီက ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အားထားရသည့် မြန်နှုန်းမြင့်အင်တာနက်သည် အချိန်နှင့်တပြေးညီ ဗီဒီယိုဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းမှတစ်ဆင့် လူ့အသက်ကယ်နိုင်သော ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုများကို လုပ်ဆောင်စေနိုင်လိမ့်မည်ဟု ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ အက်ဖရာအယ်လ်ဟာမီလီ က ပြောကြားခဲ့ပြီး သဘောတူညီချက်ကို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။ အချိန်လေးလ ကျော်ကြာမြင့်နေပြီ ဖြစ်သောစစ်ပွဲကြောင့် ဂါဇာ၏ ဆေးရုံများသည် မနိုင်မနင်းဖြစ်လျက်ရှိပြီး စစ်ဖြစ်နေသည့် ကာလအတွင်း လူ ၆၈,၂၉၂ ဦး ဒဏ်ရာရခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ…