Author: admin

ဇန်နဝါရီ ၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဟာနဲဒါလေဆိပ်တွင် ဂျပန်လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် ဝင်တိုက်မိပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အလျင်အမြန် မီးလောင်ကျွမ်းခဲ့သည့် ခရီးသည်တင် လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့် အမှုထမ်း ၃၇၉ ဦးစလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ဟု ဂျပန်ပို့ဆောင်ရေးဝန်ကြီး တဲဆုအို စိုင်တိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ပိုမိုအရွယ်အစားသေးငယ်သည့် ကမ်းခြေစောင့်တပ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမှုထမ်း ခြောက်ဦးအနက် ငါးဦး သေဆုံးခဲ့သည်ဟု စိုင်တိုက ဆိုသည်။ အဆိုပါလေယာဉ်မှ ကပ္ပတိန်မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ခရီးသည်တင်လေယာဉ်ပေါ်တွင် လိုက်ပါသူအားလုံးကို ဘေးလွတ်ရာသို့ လျင်လျင်မြန်မြန် ကယ်ထုတ်နိုင်ခဲ့သော်လည်း လေယာဉ်တောင်ပံအနီး၊ ပြတင်းပေါက်များဆီမှ ထွက်ပေါ်လာသည့် မီးတောက်များကို ငြိှမ်းသတ်နိုင်ခြင်းမရှိသည့်နောက် မကြာမီတွင် လေယာဉ်တစ်စင်းလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ခရီးသည်တင်လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ပြီးနောက် ပြေးလမ်းပေါ်တွင် သို့မဟုတ် ချဉ်းကပ်လေယာဉ်ပြေးလမ်းပေါ်တွင် တစ်ဖက်လေယာဉ်နှင့် ဝင်တိုက်မိခြင်းဖြစ်သည်ဟု ဂျပန်လေကြောင်းလိုင်း (JAL) က ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

Read More

ဇန်နဝါရီ ၂ ရက်က ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇၂၅၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၀၄၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၇၉၀၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၄၁၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၂၂၈၅၅၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး ပြင်ပစျေးကွက်၌ ပြည်တွင်းရွှေစျေး ကျပ် ၂၈၂၃၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ထို့နောက် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်းကျော် အထိ မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိ မြင့်တက်ခဲ့သည်။

Read More

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အချုပ်ကျနေ သည့် မြန်မာနိုင်ငံသား ၂၅၈ ဦးက မြန်မာနိုင် ငံသို့ ပြန်ပို့ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိ ကြောင်း သိရသည်၊ ဇန်နဝါရီ ၂ ရက်တွင် ထိုင်းနိုင်ငံ ရနောင်း ခရိုင် ရနောင်းမြို့ လဝကအချုပ်ခန်းရှိ နှစ်ထပ် မှ ငါးထပ်အထိ အခန်းများတွင် အချုပ်ကျနေ သည့် မြန်မာနိုင်ငံသား ၂၅၈ ဦးမှာ မြန်မာနိုင် ငံသို့ ပြန်ပို့ပေးရန် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။ အချုပ်ကျနေသည့် မြန်မာနိုင်ငံသားများ မှာ အချုပ်ခန်းအတွင်းပိုင်း တံခါးပိတ်ပြီး ဆန္ဒ ပြတောင်းဆိုနေသည့်အတွက် တာဝန်ရှိသူ များက အချုပ်ခန်းတံခါးကို ဖျက်ခဲ့ရကြောင်း သိရသည်။ အချုပ်ကျနေသည့် မြန်မာနိုင်ငံ သားများတွင် အမျိုးသား ၂၁၀ ဦး၊ အမျိုးသမီး ၄၈ ဦးပါဝင်ပြီး မြန်မာနိုင်ငံဘက်သို့ ချိတ် ဆက်ပေးရန် ကြန့်ကြာနေသည့်အတွက် ဆန္ဒ ပြတောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကလည်း မြန်မာအချုပ် သားများကို လွှဲပြောင်းပေးရန် ကြန့်ကြာနေ သည့်အတွက် ရနောင်းအချုပ်ထောင်တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး မြန်မာတာဝန်ရှိသူများ က သွားရောက်ညှိနှိုင်းကာ ၂၀၀ ဦးခန့် ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။

Read More

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၁၀၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀၀ တစ်ဆုနှင့် ကျပ်သိန်း ၁၀၀ တစ်ဆုအပါအဝင် ဆုမဲတစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိနေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၄၇ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၈၃၆၂၂ ဆု ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၀၀၄၇ ဆုကို ယနေ့တိုင် တောင်းခံခြင်းမရှိသေးကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါလာရောက်ထုတ်ယူခြင်းမရှိသော ကျပ်သိန်း ၁၀၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ တစ်ဆု၊ ကျပ် ၁၀ သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၁၁ ဆု၊ ကျပ် နှစ်သိန်း ၁၁၁ ဆု၊ ကျပ်တစ်သိန်း ၉၈၆ ဆု၊ ကျပ်ငါးသောင်း ၁၃၂၉ ဆုနှင့် ကျပ်တစ်သောင်းဆု ၇၆၀၂ ဆု စသည့်ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁…

Read More

PSG အသင်းမှ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့်နွေရာသီတွင် ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန်စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဘာပေသည် လက်ရှိအသင်းကို စွန့်ခွာခဲ့ပါက လာလီဂါထိပ်သီး ရီးယဲလ်အသင်းထံ ပြောင်းရွှေ့လိမ့်မည်ဟု အများစုက ယုံကြည်ထားသော်လည်း ယခုအခါ လီဗာပူးလ်အသင်းက ၎င်းကိုခေါ်ယူရန် ပိုမိုရေပန်းစားလာခဲ့သည်။ လီဗာပူးလ်အသင်းသည် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလာအား ဆုံးရှုံးရရန် နီးစပ်နေခြင်းအတွက် ဘာပေကို ခေါ်ယူအစားထိုးရန် စိတ်ဝင်စားနေသလို၊ ပရီးမီးယားလိဂ်၏ ပြိုင်ဆိုင်မှုအရှိန် ပိုမိုပြင်းထန်လာခြင်းကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးအတွက် ငွေကြေးများစွာ သုံးစွဲဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။ ဘာပေ (၂၅ နှစ်)သည် ယခုနောက်ပိုင်းကာလများတွင် အပြောင်းအရွှေ့သတင်းများ မကြာခဏ ထွက်ပေါ်နေသူဖြစ်ပြီး PSG အသင်းနှင့် ချုပ်ဆိုထားသော စာချုပ်မှာလည်း လာမည့်ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ PSG အသင်းက ၎င်းကို သက်တမ်းတိုးနိုင်ခြင်းမရှိသဖြင့် ဘာပေသည် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ခွင့်ရမည်ဖြစ်ပြီး ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြည်ပကလပ်များနှင့် ဆွေးနွေး ခွင့်ရရှိနေပြီဖြစ်ကြောင်း သိရသည်။ ယင်းအတွက် ရီးယဲလ်အသင်းက ၎င်း၏ သဘောထားကို ဇန်နဝါရီလဝက်၌ ပြောကြားရန် တောင်းဆိုထားကြောင်း The Athletic က ဖော်ပြ ခဲ့သည်။

Read More

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄၂ နေရာ ရပ်တည်နေကြောင်း သိရသည်။ သက်ထားသူဇာသည် စက်တင်ဘာလလယ်နောက်ပိုင်းကတည်းက အဆင့် ၄၀ ကျော်အတွင်း တောက်လျှောက် ရပ်တည်နေခြင်းဖြစ်ပြီး အမြင့်ဆုံးရပ်တည်မှုအဖြစ် အဆင့် ၄၀ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ သက်ထားသူဇာသည် လက်ရှိရပ်တည်နေသည့် အဆင့် ၄၂ နေရာတွင် နောက်ဆုံးလေးပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလအတွင်းကျင်းပသည့် တရုတ်မာစတာ ကြက်တောင်ပြိုင်ပွဲပြီးကတည်းက BWF ပြိုင်ပွဲယှဉ်ပြိုင်မှု ရပ်နားထားခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၂၃ ခုနှစ်အတွင်း BWF ပြိုင်ပွဲ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သောကြောင့် ရမှတ်ပိုမိုရရှိကာ အဆင့်ရပ်တည်ချက် မြင့်မားလာခြင်းဖြစ်သည်။

Read More

၂၀၂၃ ခုနှစ်တွင် အနုပညာရှင်များ၏ မင်္ဂလာပွဲကျင်းပမှုများ ပြားခဲ့သည်။ ပရိသတ် ချစ်ခင်အားပေးမှုများပြားသည့် ဝတ်မှုန်ရွှေရည်၊ အိချောပို၊ နီနီခင်ဇော်၊ နေဝင်းအစရှိ သူများ၏ မင်္ဂလာပွဲများ အပြိုင်အဆိုင် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ဖြစ်ခဲ့သည်။ အနုပညာရှင် ဝတ်မှုန်ရွှေရည်မှာ ၎င်း၏ချစ်သူ နိုင်ဖြိုးကျော်နှင့်အတူ မင်္ဂလာပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဝတ်မှုန်ရွှေရည်၏ ချစ်သူသည် သရုပ်ဆောင် မိုးစက်ဝိုင်၏ အစ်ကိုဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် မင်္ဂလာပွဲကို ငါးကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ပရိသတ်များ အားပေးချစ်ခင်နှစ်သက်ခဲ့ကြသည်။ ဝတ်မှုန်ရွှေရည်က ၎င်း၏ချစ်သူနှင့် လက်မှတ်ထိုးပွဲနှင့် မင်္ဂလာဦးဆွမ်းကပ်အလှူကို ဒီဇင်ဘာလအတွင်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦး နိုင်ငံခြားတွင် ရိုက်ထားသည့် Pre-Wedding ပုံများ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သည်။ ယင်းအပြင် သရုပ်ဆောင် အိချောပိုက ချစ်သူဖြစ်သူနှင့် လက်ထပ်ပွဲ ကျင်းပသည့် ပုံရိပ်များကို ဒီဇင်ဘာ ၅ ရက်တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး အဆိုပါ Post အောက်တွင် ပရိသတ်များက ချစ်ခင်အားပေးသည့် Comments များ ရေးသားခဲ့ကြသည်။ Prestige Wedding Planning ဟု အမည်ပေးကာ ပြုလုပ်ခဲ့သည့် အဆိုတော်နီနီခင်ဇော်၏ မင်္ဂလာပွဲမှာလည်း ၂၀၂၃ ခုနှစ်အတွင်း ထင်ရှားခဲ့သည့် မင်္ဂလာပွဲဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Prestige Wedding Planning ဟု အမည်ပေးထားသည့် မင်္ဂလာပွဲကို ကမ်းခြေတွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့၏ မိတ်ဆွေများ တက်ရောက်ခဲ့သည်။ ၁၄ နှစ်ကြာ ချစ်သူအဖြစ် လက်တွဲပြီးနောက် ပြုလုပ်ခဲ့သည့်…

Read More

၂၀၂၃ ခုနှစ်အတွင်း အလှမယ် ရွေးချယ်ရေး Miss ပြိုင်ပွဲများကျင်းပမှု များပြားလာခဲ့သည်။ ထိုသို့များပြားလာခြင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြရာ Miss Grand International 2023 ပြိုင်ပွဲတွင် အလှမယ် နီနီလင်းအိမ်သည် 1 st Runner Up ရရှိသည့်အထိ အောင် မြင်မှုရရှိကာ ပရိသတ်အားပေးမှုလည်း များပြားခဲ့ပြီး ယခုနှစ်အတွက် ထင်ရှားသည့်ဖြစ်ရပ်တစ်ခုဟု ဆိုရ မည်ဖြစ်သည်။ ၁၁ ကြိမ်မြောက် ကျင်းပခဲ့သည့် Miss Grand International 2023 ပြိုင်ပွဲကို ဗီ ယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တွင် အောက်တိုဘာ ၃ ရက်မှ စတင်ကျင်းပခဲ့ပြီး Grand Final ကို အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပ ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ် နီနီလင်းအိမ်သည် Country!s Power of the Year 2023၊ Miss Popular Vote Winner ၊ Miss Grand International Pageant Insider Winner-MGI 2023၊ Global Beauties Miss Photogenic 2023 ဆုများ အသီးသီးရရှိခဲ့သည်။ ထို့ပြင် Best National Costume၊ Best in Swimsuit ဆုတို့တွင်လည်း Top Ten 10 စာရင်းဝင်ခဲ့ပြီး အလှမယ်နီနီလင်းအိမ်သည် Country!s Power of…

Read More

၂၀၂၃ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာမှု၊ ရုပ်သံဇာတ်လမ်းတွဲ များပြားလာမှုနှင့်အတူ ပရိသတ်အားပေးမှု ပြန်လည်များပြားလာခဲ့သည့်နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်းတွင် ယခင်နှစ်များထက် ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာခဲ့ပြီး ထိုသို့ များပြားလာမှုနှင့်အတူ ရန်ကုန် မြို့အတွင်းရှိ ရုပ်ရှင်ရုံများတွင် လူများပြန်လည်စည်ကားလာသည်ကို တွေ့ မြင်ရသည်။ ကိုဗစ်ရောဂါကပ်ဘေးနှင့်အတူ မြန်မာ့ရုပ်ရှင်လောကမှာလည်း ငြိမ်သက်နေခဲ့ပြီး ယင်းနောက် ၂၀၂၃ ခုနှစ်တွင် ရုပ်ရှင်ရုံများ၌ ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာခဲ့သည်။ ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာခြင်းနှင့်အတူ အနုပညာရှင်နှင့် သရုပ်ဆောင်များလည်း ပရိ သတ်များ၏ မြင်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားအများစုသည် ဟာသရုပ် ရှင်ဇာတ်ကားများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟာသဇာတ်ကားအများစုတွင် သရုပ်ဆောင် မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ မေရာဆွန်ဆွန်နှင့် ရိုက်ကူးထားသည့် “သရွီး” ဟာ သရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးများထဲတွင် သရုပ်ဆောင် ပိုင်တံခွန် ပါဝင်သည့် “ကံကောင်း”ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်များအကြားအထူး ရေပန်းစားခဲ့သည့် ရုံတင်ဇာတ်ကားဖြစ်ခဲ့သည်။ “ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခွေးလေးတစ်ကောင်နှင့် ဘုန်းကြီးတစ်ပါးတို့ကြားမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်ကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ ဇာတ်ကားမှာ အိန္ဒိယနိုင်ငံမှ ဇာတ်ကားတစ်ကားနှင့် ဆင်တူနေသည်ဆိုသည့် ဝေဖန်မှုများရှိခဲ့သလို ပရိသတ်များအကြား ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် လွန်ခဲ့သည့်နှစ်များမှ ပရိသတ်များ၏ မြင်ကွင်းရှေ့တွင် ပျောက်ကွယ်နေသည့် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၏ “ပိတောက်က တဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကို တစ်ဖန်ပြန်လည် ရုံတင်ပြသခဲ့သည်။…

Read More

ကမ္ဘာ့ဆန်စပါးစျေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန်အရောင်းအဝယ်မြင့်မားနေပြီး နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ဆန်ပိုလျှံမှု တန်ချိန်သုံးသန်းကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိတွင် တန်ဖိုးဒေါ်လာ ၂၅၄ သန်းကျော်ရှိသည်။ ယခုအပတ်တွင် လယ်ယာထွက်ဆန်၊ ဆန်ကွဲ၊ နှမ်း၊ ဖရဲ၊ သခွား၊ တစ်သျှူးငှက်‌ပျော သစ်သီးဝလံများ၊ ရော်ဘာ၊ ကော်ဖီစသည့် နှစ်ရှည်သီးနှံထွက်ကုန်များ၊ သွပ်၊ ကြေးနီသတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော CMP ချုပ်ပြီး အထည်တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ထက် ဒေါ်လာ ၃၃ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။ ယခုရက်သတ္တပတ်တွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၃၂ သန်းရရှိပြီး ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ တရုတ်၊ စပိန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယ်သာလန်အပါအဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံသို့ ၅၇၆၅၉ တန်နှင့် နယ်စပ်မှ လွယ်ဂျယ်၊ ကံပိုင်တည်၊ ကျိုင်းတုံစခန်းများမှ ၃၉၆၀ တန် တင်ပို့ခဲ့သည်။ ကမ္ဘာ့ဆန်စပါးစျေးကွက်၌ အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ဆန် ရောင်းလိုအား/ဝယ်လိုအား မြင့်မားမှုများ ဖြစ်ပေါ်လာပြီး ဆန်တင်ပို့/ ဆန်တင်သွင်းနိုင်ငံများ၏ နိုင်ငံအလိုက် အစီအမံများ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ မိုးစပါး၊ နွေစပါးထွက်ရှိမှုမှာ ညီမျှကာ ဆန်တန်ချိန် ၁၃ သန်းရှိပြီး ပြည်တွင်းစားသုံးမှုမှာ ဆန်တန်ချိန်…

Read More