Author: admin

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်၏ အကြီးဆုံးသမီးဖြစ်သူသည် ဖေဖော်ဝါရီ ၂၆ ရက်က ပါကစ္စတန်အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူသည် ပါကစ္စတန်၏ ပထမဆုံးအမျိုးသမီး ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သည်။ ၎င်း၏ပြိုင်ဘက်များကမူ အာဏာပိုင်များသည် ဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေးမတက်ဘဲ သပိတ်မှောက်ခဲ့သည်။ အသက် ၅၀ အရွယ် မာရီယမ် နာဝပ်ဇ်သည် လွှတ်တော်တွင် ထောက်ခံမဲ ၂၂၀၊ ကန့် ကွက်သူမရှိဘဲ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခံခဲ့ရပြီး ဆွန်နီအစ်တီဟက်ဒ်ကောင်စီက အဆိုပြုသည့် ပြိုင်ဘက်ဖြစ်သူ ရာနာအက်ဖ်တက်ကို အနိုင်ရခဲ့သည်။ ရာနာသည် ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ မဟာမိတ်တစ်ဦးဖြစ်သည်။ ခန်းကိုထောက်ခံသည့် အတိုက်အခံလွှတ်တော်အမတ်များက အမတ်ဦးရေ ၃၇၁ ဦးရှိ ပန်ဂျပ်လွှတ်တော်၏ ဖေဖော်ဝါရီ ၂၆ ရက် အစည်းအဝေးကို တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့သည်။ ထို့နောက် နာဝပ်ဇ်သည် နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ရုပ်သံမှထုတ်လွှင့်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ၎င်းနှင့်အတူ ၎င်း၏မိသားစုဝင်များကိုလည်း မြင်တွေ့ခဲ့ရသည်။ အမျိုးသမီးများနှင့် လူနည်းစုများအတွက် သီးသန့်ဖယ်ထားသည့် လွှတ်တော်အမတ်နေရာအချို့ကို ကြေညာရခြင်းမရှိသေးချိန်တွင် နာဝပ်ဇ်အားရွေးကောက်တင်မြှောက်ခြင်းသည် ပုံမှန်ထက်အချိန်စောနေ သည်ဟု ၎င်း၏ပြိုင်ဘက်ဖြစ်သူ အက်ဖ်တက်က ဝေဖန်ခဲ့သည်။ ၎င်းကို ရွေးကောက်တင်မြှောက်ခြင်းသည် အာဏာရလာချိန်တိုင်း ၎င်း၏ဆွေမျိုးများနှင့် မိတ်ဆွေများကို ထိပ်ပိုင်းရာထူးများအတွက် ရွေးချယ်ခန့်အပ်လေ့ရှိသော ၎င်းမိသားစု၏ ဆွေမျိုးကောင်းစားရေးဝါဒကျင့်သုံး သည့် သာဓကတစ်ခုပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ယခင်က နာဝပ်ဇ်၏ ဝမ်းကွဲမောင်နှမတော်စပ်သည့် ဟမ်ဇာရှာဘတ်ဇ်သည်လည်း ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၎င်းအား မဲပေးခဲ့သူများကိုသာမက မဲမပေးခဲ့သူများ၏…

Read More

ရုရှားတပ်ဖွဲ့များသည် မေလကုန်ပိုင်း သို့မဟုတ် နွေရာသီတွင် ယူကရိန်းခုခံကာကွယ်သူများကို ထိုးစစ်အသစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိသည်ဆိုသော်လည်း ယူကရိန်းသည် ကိုယ်ပိုင်စစ်မြေပြင် အစီအမံရှိထားသည်ဟု ဖေဖော်ဝါရီ ၂၅ ရက်တွင် သမ္မတဗို လိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ယူကရိန်း၏အနောက် မဟာမိတ်နိုင်ငံများ စည်းလုံးညီညွတ်မှုရှိနေရေးသည် အရေးကြီးသည်ဟု နှစ်နာရီကြာ သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းခေါင်းဆောင်က ပြောကြားခဲ့ပြီး လောလောလတ်လတ် ရုရှားထိုးစစ်များ လုပ်ဆောင်ခဲ့ပြီးနောက် ရှေ့နှစ်လသည်ခက်ခဲမည်ဟု ခန့်မှန်းခဲ့သည်။ “ရုရှားဟာ နွေရာသီအစပိုင်း ဒါမှမဟုတ် မေလကုန်ပိုင်းလောက်မှာ တန်ပြန်ထိုးစစ်ကို ပြင်ဆင်ပါလိမ့်မယ်။ ထိုးစစ်ကို ပြင်ဆင်နိုင်မယ်ဆိုရင် သူတို့ပြင်ပါလိမ့်မယ်”ဟု ဇယ်လန်းစကီးက ကိယက်ဗ်မြို့တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။ “သူတို့ရဲ့ထိုးစစ်အတွက် ကျွန်တော်တို့ပြင်ဆင်သွားပါမယ်။ အောက်တိုဘာ ၈ ရက်မှာ စတင်ခဲ့တဲ့ သူတို့ရဲ့ထိုးစစ်ဟာဘာရလဒ်မှ ထွက်မလာဘူးလို့ ကျွန်တော်ယုံကြည်ထားပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကတည်းက ယူကရိန်းစစ်သား ၃၁,၀၀၀ ကျဆုံးခဲ့သည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ရာ ယင်းသည် တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးတရားဝင်စာရင်းဖြစ်သည်။ အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် စစ်ရေးနှင့်ဘဏ္ဍာရေးအကူအညီတို့ကို အတည်ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အကူအညီများအတွက် တစ်လအတွင်းဆုံးဖြတ်ချက်ချပေးရန်လို အပ်နေသည်ဟု ဆိုသည်။ ယူကရိန်း စစ်ရေး ကြိုးပမ်းအားထုတ်မှုများသည် အနောက်အုပ်စု၏အထောက်အပံ့ကို အားပြုနေရခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ(အီးယူ)သည် ကတိပေးထားသည့် လက်နက် ကြီးကျည်ဆန်တစ်သန်း၏ ၃၀ ရာခိုင်နှုန်းကိုသာ ပံ့ပိုးပေးထားသည်ဟု ဇယ်လန်းစကီး ကဖြည့်စွက်ပြောသည်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ အက်ဒီဗကာမြို့မှ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ပြီးနောက် ထိုမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားက ဖေဖော်ဝါရီ ၁၇…

Read More

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲကြောင့် ဗန်းမော်အောက်ချောင်းဒေသခံ နှစ်ထောင်ကျော် ဗန်းမော်နှင့် အခြားဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများနှင့် ထွက်ပြေးလာသူများထံက သိရသည်။ စစ်ရှောင်အများစုမှာ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်းနှင့် ဆွေမျိုးများအိမ်တွင် ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်ကြောင်း ကူညီနေသူများက ဆိုသည်။ “ဗန်းမော်ဘက်ပြေးတာက တစ်ထောင်ကျော်မယ်။ အခုထိကြိုပို့လုပ်ငန်းတွေ လုပ်နေရတုန်းပဲ။ မံသာမှာက ၇၀၀ ကျော်မယ်။ ဗန်းမော်ကိုက တစ်ထောင်ကျော်မှာပေါ့။ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအိမ်အများဆုံးပဲ။ ကျေးရွာက ၁၀ ရွာကျော်မယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြေးတော့ လူဦးရေက မမှန်ဘူးပေါ့။ အသေအပျောက်ကြားပေမဲ့ ဒီရွာတွေအထိ ကျွန်တော်တို့က ဝင်လို့မရဘူး” ဟု ဆိုသည်။ KIA၊ PDF၊ AA ပူးပေါင်းအဖွဲ့များက စီခမ်းကြီးကျေးရွာ တပ်မတော်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဘေးရှောင်ခဲ့ရခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာတွင် နေရာအနှံ့မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦးအပါအဝင် အမျိုးသမီးငါးဦး၊ အမျိုးသားသုံးဦး စုစုပေါင်းရှစ်ဦးအထိ သေဆုံးခဲ့ပြီး ဆယ်နှင့်ချီသည့်ဒဏ်ရာရရှိသူများကို ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောကြားသည်။ စီခမ်းကြီးဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာက ပျက်သွားပြီ။ ကျွန်တော့်အိမ်ပါသွားတယ်။ လျှပ်တစ်ပြက် ဝင်စီးတော့ ရွာသားက ရှောင်တိမ်းချိန်ကို မရဘူး။ အင်အားတွေက များတာကို။ အမျိုးတွေထဲကလည်း သေထားခဲ့ကုန်တာပေါ့။ ရွာသားတွေက အားလုံးကို ကြောက်နေတာ။ အခြားရွာတွေလည်း လက်နက်ကိုင်အဖွဲ့တွေဝင်တော့ ပြေးကုန်တာ။ စီခမ်း၊ မက်လင်၊ ခါချဉ်၊ သံတံတား၊ လော်ခိုင်၊ စီကော်၊ မွန်ဆင့်၊ ပန်းသိုင်းပြေးကြတာ။ တချို့လည်း အိမ်စောင့်လောက်တော့ ချန်ထားရတာပေါ့။…

Read More

မတ်လအတွင်း ကျပ် ၂၀၀၀၀ တန် ငွေစက္ကူများ ထွက်ရှိမည်ဆိုသည့်သတင်းမှာ သတင်းတု၊ သတင်းမှာဖြစ်ကြောင်း ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက်က အသိပေးချက်ထုတ်ပြန်သည်။ လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ၂၀,၀၀၀/-ကျပ်တန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ ၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန် အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းဖြစ်ပေါ်နေသော သတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသမားများက ဆောင်ရွက်နေခြင်းသာဖြစ်သည်။ နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၀) နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် (၁၅) တို့အရ ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိသည့်အချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေနှင့်ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အပြင် လက်ရှိလည်း အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဖြစ်ပေါ်နေသောသတင်းများသည် ကောလာဟလ သတင်းများသာဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးအပ်သည်။

Read More

ပဲခူးတိုင်း ဒိုက်ဦးမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့တွင် သုံးနှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်နှစ်ဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ “အိမ်မှာတင်ပျောက်တာပါ။ ခလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ်ပေါ်တက်ထမင်းခူးပြီး ဟင်းနွာပေးပြီးစားဖို့ လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ။ ဘယ်လိုနားလည်ရမလဲ” ဟု ကလေးငယ်၏ဖခင်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ အဆိုပါကလေးငယ်အား ဖေဖော်ဝါရီ ၂၆ ရက် နံနက်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။ ကလေးငယ်မှာ စကားပြောနည်းပြီး မိသားစုဓာတ်ပုံတွေ့ရှိပါက မိသားစုဝင်များကို ပြောဆိုတတ်ကြောင်း ကလေးငယ်၏ဖခင်က ရေးသားထားသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်နေ ဦးလှမြိုင်၊ ဒေါ်အိညိုတို့၏ သမီးငယ် အသက်လေးနှစ်အရွယ် မမေဇင်ကျော်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့ပေးလျှင် ဘာအမှုအခင်းမှ မလုပ်ပါဘူး။ ကြောက်လို့ပြန်မပို့ရဲလျှင် နီးစပ်ရာဘုန်းကြီး​​ကျောင်း (သို့) လမ်းတနေရာရာဖြစ်ဖြစ် ပြန်ပေးပို့ပါ။ ပြန်ပို့ပေးသူကို ကျေးဇူးဆပ်ပါမည်။ ကလေးမြို့ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ ကျွန်မ တူမလေး မမေဇင်ကျော် အသက် ၄ နှစ်​ကျော်အရွယ် ပျောက်သွားပါသဖြင့် တွေ့ရှိပါက ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးကြပါရန်။ အနီရောင်ဝမ်းဆက်လေး ဝတ်ထားပါတယ်” ဟု…

Read More

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါအွန်လိုင်းမှလျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။ ထိုသို့ လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၆ ရက်အတွက်က စ၍ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများမဟုတ်ပါကဘိုကင်ရသော်လည်း နိုင်ငံကူးလက်မှတ်ကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းသိရသည်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦး နှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း ရုံးဖွင့်ရက်များတွင် နေ့စဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဆက်လက်၍ ဖေဖော်ဝါရီ ၂၆ ရက်ကစ၍ မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲတို့တွင်ဆောင်ရွက်နိုင်မည့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအတွက် KBZPay / MPU Card ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်၊နံနက် ၉ နာရီကစ၍ Online မှ Booking တင်၍ ကြိုတင်ရက်ချိန်းရယူဆောင်ရွက်နိုင်ကြောင်း…

Read More

လိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအချိန်ပိုတွင် ကလေးအသင်းနှင့် ပေါင်ဘီလျံချီသည့်အသင်း ယှဉ်ပြိုင်ခဲ့ရသည်ဟု နာမည်ကြီးဘောလုံးဝေဖန်သူ ဂယ်ရီနဗီးလ်၏ ဝေဖန်ပြောဆိုမှုကို ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းအနေဖြင့် အဓိက ကစားသမားများ ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ ကော်နာဘရက်ဒလေ (၂၀ နှစ်)၊ အဲလိယက် (၂၀ နှစ်)၊ ဂရာဗန်ဘက်ချ် (၂၁ နှစ်) တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သလို ဒုတိယပိုင်းနှင့် အချိန်ပိုတွင် ဘော်ဘီကလက်ခ် (၁၉ နှစ်)၊ ဂျေဒန်ဒန်းစ် (၁၈ နှစ်)၊ ဂျိမ်းစ်မက်ကွန်နယ်လ် (၁၉ နှစ်)၊ ဂျာရဲလ်ကွမ်ဆာ (၂၁ နှစ်) တို့ကို ထပ်မံထည့်သွင်းကစားစေခဲ့သည်။ သို့ဖြစ်ရာ Sky Sports ရုပ်သံ၏ ဘောလုံးဝေဖန်သူ ဂယ်ရီနဗီးလ်က အချိန်ပိုတွင် ယာဂန်ကလော့ပ်၏ ကလေးအသင်းနှင့် ပေါင်ဘီလျံတန်ဖိုးရှိသော်လည်း ဖိအားများအောက် အမြဲတစေလဲပြိုနေသည့်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရကြောင်း သုံးသပ်ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ပိုချက်တီနိုက ”သူပြောတာကို ကျွန်တော်မကြားလိုက်ပါဘူး။ ဒါပေမဲ့ ဒီနှစ်သင်းရဲ့အသက်ကို နှိုင်းယှဉ်တာဆိုရင် အတူတူပဲလို့ ကျွန်တော်ထင်တယ်။ ဂယ်ရီနဲ့ ကျွန်တော်က ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ဒီလို ပြောတာကို ဘယ်လိုလက်ခံရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့အမြင်ကို ကျွန်တော်လေးစားမှုရှိပါတယ်။ အချိန်ပိုမှာ ဂယ်လာဂါနဲ့ ချီဝဲလ်တို့လို ပြောင်းလဲမှုအနည်းငယ်ကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပြီးဆုံးချိန်အထိ အဲဒီစွမ်းအင်ကို ကျွန်တော်တို့မထိန်းထားနိုင်ခဲ့တာ အမှန်ပါပဲ။ ဒီအခြေအနေကို ဘယ်လိုဖော်ပြရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကစားသမားတွေအတွက် ဂုဏ်ယူတယ်လို့ ခံစားမိတာ သေချာပါတယ်။ သူတို့က ကြီးကြီးမားမားအားထုတ်ခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်။…

Read More

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က နောက်ဆုံးရရှိခဲ့သည့် လိဂ်ဖလားမှာ လူငယ်ကစားသမားများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် နည်းပြဘဝတစ်လျှောက် အထူးခြားဆုံးဆုဖလားဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ယာဂန်ကလော့ပ်က ”ဒီနေ့ ကျွန်တော်တို့မြင်နေရတာက အရမ်းထူးခြားပါတယ်။ ဒါမျိုးနောက်တစ်ကြိမ် တွေ့ရတော့မှာ မဟုတ်ဘူး။ ဒီလိုအရာတွေက ဘောလုံးမှာ မဖြစ်နိုင်ပါဘူး။ ကလေးတွေနဲ့ ဆုဖလားရယူဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုလုပ်နိုင်မယ်လို့ ကျွန်တော် မသိခဲ့ပါဘူး။ ဒါက ကျွန်တော်ရဖူးသမျှ ဆုဖလားအားလုံးထဲမှာ အထူးခြားဆုံးပဲလို့ အလွယ်တကူပြောလို့ရပါတယ်။ ဒါက လုံးဝထူးခြားပါတယ်။ ဒီလိုဂုဏ်ယူရတဲ့ခံစားချက်မျိုး မကြာခဏရပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ဒီညမှာ ခံစားချက်တွေက ပြင်းထန်နေတယ်။ အဲဒါက ကျွန်တော့်အတွက် ဝင်ဘလေမှာကစားရတဲ့ နောက်ဆုံးပွဲကြောင့် မဟုတ်ပါဘူး။ ဒီကလေးတွေရဲ့ မျက်နှာကို ကြည့်လိုက်ပါ။ ဒီဇာတ်လမ်းကို ဘယ်သူ့မှမေ့ကြမှာ မဟုတ်တော့ဘူး။ အဲဒါက အရမ်းခက်ခဲပါတယ်။ ဒီညမှာ ထိပ်တန်းအသင်းနဲ့ အကယ်ဒမီကစားသမားတွေ ရင်ဆိုင်ရတဲ့ ဇာတ်လမ်းကိုပဲမြင်ရပေမဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့တုန်းပဲ” ဟု ချီးကျူးပြောကြားခဲ့သည်။

Read More

ဖူလ်ဟမ်အသင်းမှ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ပါရဲရားက ၎င်းအား ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ကစားပေးရန် ချဉ်းကပ်မှုရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပါရဲရား(၂၈ နှစ်)သည် ဘယ်လ်ဂျီယံနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၁)ပွဲသာ ကစားရသေးသည့်အတွက် ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြ တယ်ဒက်စ်ကိုက ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပါရဲရားကမူ ”ကျွန်တော်က ဘရာဇီးလ်၊ ကျွန်တော့်မိသားစုကလည်း ဘရာဇီးလ်ပါ။ ကျွန်တော့်အိပ်မက်က ဘရာဇီးလ်အသင်းအတွက် ကစားဖို့ပါပဲ။ ဘာမှ အပြောင်းအလဲမရှိခဲ့သလို၊ ပြောင်းလဲသွားမှာလည်း မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

Read More

ရီးယဲလ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းတွင် ကစားနေသည့် အသင်း၏ကစားသမားဟောင်းများဖြစ်သော ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ကက်စီမီရို (၃၂ နှစ်)နှင့် ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်း(၃ဝနှစ်)တို့ အား နွေရာသီတွင် ပြန်လည်ခေါ်ယူရန်စဉ်းစားနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ ကက်စီမီရိုနှင့် ဗာရန်းတို့သည် ရီးယဲလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူများဖြစ်ပြီး ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အသင်းအားထိန်းကျောင်းနိုင်ရန်အတွက် ၎င်းတို့နှစ်ဦးကိုပြန်လည်ခေါ်ယူလိုနေခြင်းဖြစ်သည်။ ၎င်းတို့ကို ဆော်ဒီကလပ်များကလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။

Read More