လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က နောက်ဆုံးရရှိခဲ့သည့် လိဂ်ဖလားမှာ လူငယ်ကစားသမားများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် နည်းပြဘဝတစ်လျှောက် အထူးခြားဆုံးဆုဖလားဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ယာဂန်ကလော့ပ်က ”ဒီနေ့ ကျွန်တော်တို့မြင်နေရတာက အရမ်းထူးခြားပါတယ်။ ဒါမျိုးနောက်တစ်ကြိမ် တွေ့ရတော့မှာ မဟုတ်ဘူး။ ဒီလိုအရာတွေက ဘောလုံးမှာ မဖြစ်နိုင်ပါဘူး။ ကလေးတွေနဲ့ ဆုဖလားရယူဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုလုပ်နိုင်မယ်လို့ ကျွန်တော် မသိခဲ့ပါဘူး။ ဒါက ကျွန်တော်ရဖူးသမျှ ဆုဖလားအားလုံးထဲမှာ အထူးခြားဆုံးပဲလို့ အလွယ်တကူပြောလို့ရပါတယ်။ ဒါက လုံးဝထူးခြားပါတယ်။ ဒီလိုဂုဏ်ယူရတဲ့ခံစားချက်မျိုး မကြာခဏရပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ဒီညမှာ ခံစားချက်တွေက ပြင်းထန်နေတယ်။ အဲဒါက ကျွန်တော့်အတွက် ဝင်ဘလေမှာကစားရတဲ့ နောက်ဆုံးပွဲကြောင့် မဟုတ်ပါဘူး။ ဒီကလေးတွေရဲ့ မျက်နှာကို ကြည့်လိုက်ပါ။ ဒီဇာတ်လမ်းကို ဘယ်သူ့မှမေ့ကြမှာ မဟုတ်တော့ဘူး။ အဲဒါက အရမ်းခက်ခဲပါတယ်။ ဒီညမှာ ထိပ်တန်းအသင်းနဲ့ အကယ်ဒမီကစားသမားတွေ ရင်ဆိုင်ရတဲ့ ဇာတ်လမ်းကိုပဲမြင်ရပေမဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့တုန်းပဲ” ဟု ချီးကျူးပြောကြားခဲ့သည်။