ရီးယဲလ်အသင်းသည် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းတွင် ကစားနေသည့် အသင်း၏ကစားသမားဟောင်းများဖြစ်သော ဘရာဇီးလ်ဝါရင့်ကွင်းလယ်လူ ကက်စီမီရို (၃၂ နှစ်)နှင့် ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်း(၃ဝနှစ်)တို့ အား နွေရာသီတွင် ပြန်လည်ခေါ်ယူရန်စဉ်းစားနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
ကက်စီမီရိုနှင့် ဗာရန်းတို့သည် ရီးယဲလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူများဖြစ်ပြီး ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အသင်းအားထိန်းကျောင်းနိုင်ရန်အတွက် ၎င်းတို့နှစ်ဦးကိုပြန်လည်ခေါ်ယူလိုနေခြင်းဖြစ်သည်။
၎င်းတို့ကို ဆော်ဒီကလပ်များကလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။