ဖူလ်ဟမ်အသင်းမှ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ပါရဲရားက ၎င်းအား ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ကစားပေးရန် ချဉ်းကပ်မှုရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပါရဲရား(၂၈ နှစ်)သည် ဘယ်လ်ဂျီယံနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၁)ပွဲသာ ကစားရသေးသည့်အတွက် ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြ တယ်ဒက်စ်ကိုက ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါရဲရားကမူ ”ကျွန်တော်က ဘရာဇီးလ်၊ ကျွန်တော့်မိသားစုကလည်း ဘရာဇီးလ်ပါ။ ကျွန်တော့်အိပ်မက်က ဘရာဇီးလ်အသင်းအတွက် ကစားဖို့ပါပဲ။ ဘာမှ အပြောင်းအလဲမရှိခဲ့သလို၊ ပြောင်းလဲသွားမှာလည်း မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။