Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 7
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

လိဂ်ဖလားဗိုလ်လုပွဲ အချိန်ပိုတွင် ကလေးအသင်းနှင့် ပေါင်ဘီလျံချီသည့်အသင်း ယှဉ်ပြိုင်ခဲ့ရသည်ဟု ဂယ်ရီနဗီးလ်၏ ဝေဖန်ပြောဆိုမှုကို ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနို တုံ့ပြန်

February 27, 20241 Min Read
Share
Facebook Twitter

လိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအချိန်ပိုတွင် ကလေးအသင်းနှင့် ပေါင်ဘီလျံချီသည့်အသင်း ယှဉ်ပြိုင်ခဲ့ရသည်ဟု နာမည်ကြီးဘောလုံးဝေဖန်သူ ဂယ်ရီနဗီးလ်၏ ဝေဖန်ပြောဆိုမှုကို ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းအနေဖြင့် အဓိက ကစားသမားများ ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ ကော်နာဘရက်ဒလေ (၂၀ နှစ်)၊ အဲလိယက် (၂၀ နှစ်)၊ ဂရာဗန်ဘက်ချ် (၂၁ နှစ်) တို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သလို ဒုတိယပိုင်းနှင့် အချိန်ပိုတွင် ဘော်ဘီကလက်ခ် (၁၉ နှစ်)၊ ဂျေဒန်ဒန်းစ် (၁၈ နှစ်)၊ ဂျိမ်းစ်မက်ကွန်နယ်လ် (၁၉ နှစ်)၊ ဂျာရဲလ်ကွမ်ဆာ (၂၁ နှစ်) တို့ကို ထပ်မံထည့်သွင်းကစားစေခဲ့သည်။

သို့ဖြစ်ရာ Sky Sports ရုပ်သံ၏ ဘောလုံးဝေဖန်သူ ဂယ်ရီနဗီးလ်က အချိန်ပိုတွင် ယာဂန်ကလော့ပ်၏ ကလေးအသင်းနှင့် ပေါင်ဘီလျံတန်ဖိုးရှိသော်လည်း ဖိအားများအောက် အမြဲတစေလဲပြိုနေသည့်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရကြောင်း သုံးသပ်ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ပိုချက်တီနိုက ”သူပြောတာကို ကျွန်တော်မကြားလိုက်ပါဘူး။ ဒါပေမဲ့ ဒီနှစ်သင်းရဲ့အသက်ကို နှိုင်းယှဉ်တာဆိုရင် အတူတူပဲလို့ ကျွန်တော်ထင်တယ်။ ဂယ်ရီနဲ့ ကျွန်တော်က ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ဒီလို ပြောတာကို ဘယ်လိုလက်ခံရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့အမြင်ကို ကျွန်တော်လေးစားမှုရှိပါတယ်။ အချိန်ပိုမှာ ဂယ်လာဂါနဲ့ ချီဝဲလ်တို့လို ပြောင်းလဲမှုအနည်းငယ်ကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပြီးဆုံးချိန်အထိ အဲဒီစွမ်းအင်ကို ကျွန်တော်တို့မထိန်းထားနိုင်ခဲ့တာ အမှန်ပါပဲ။ ဒီအခြေအနေကို ဘယ်လိုဖော်ပြရမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကစားသမားတွေအတွက် ဂုဏ်ယူတယ်လို့ ခံစားမိတာ သေချာပါတယ်။ သူတို့က ကြီးကြီးမားမားအားထုတ်ခဲ့ကြတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး လီဗာပူးလ်နဲ့ နှိုင်းယှဉ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်ကလည်း ငယ်ရွယ်တဲ့ကစားသမားတချို့ကို ပွဲပြီးချိန်အထိအသုံးပြုခဲ့လို့ပါ။ အဲဒါကို နှိုင်းယှဉ်လို့မရဘူးဆိုတာ သူသိပါတယ်။ အရာရာကွဲပြားခြားနားတယ်ဆိုတာကို သူသိပါတယ်။ သူအဲဒီလိုပြောတယ်ဆိုရင် မျှတမှုမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ခိုင်ခိုင်မာမာ ရှေ့ဆက်သွားမှာဖြစ်ပြီး ဒီစီမံကိန်းကိုယုံကြည်မှုရှိပါတယ်။ ပြီးတော့ အနာဂတ်မှာ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့” ဟု တုံ့ပြန်ပြောကြားသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ဝင်ဘလေကွင်း၌ကစားရသည့် ပြည်တွင်းဖလားဗိုလ်လုပွဲ ခြောက်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ FA ဖလားနှင့် ၂၀၁၉၊ ၂၀၂၂၊ ၂၀၂၄ လိဂ်ဖလားပြိုင်ပွဲတွင် ရှုံးနိမ့်ထားသလို ပိုချက်တီနိုမှာလည်း အင်္ဂလန်၌ ဆုဖလားရယူခွင့် ထပ်မံလွဲချော်ခဲ့ရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleလူငယ်များဖြင့်ရယူနိုင်ခဲ့သည့် လိဂ်ဖလားမှာ ဘဝတစ်လျှောက် အထူးခြားဆုံးဆုဖလားဖြစ်ကြောင်း ယာဂန်ကလော့ပ် ဆို
Next Article နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် မန္တလေး၊ ပုသိမ်၊ နေပြည်တော်နှင့် ပဲခူးတွင် နေထိုင်သူများပါ အွန်လိုင်းမှ လျှောက်ထားနိုင်ပြီး ဘိုကင်ရပြီးသူများ လဝက၏ UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.