Browsing: Health

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ကမ္ဘာတစ်လွှား ကိုဗစ်ဖြစ်ပွားသူ ၇၀၁ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၉၆ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၄၁၄၄၈ ဦး၊ သေဆုံးသူ ၁၉၄၉၅…

ယခုဆောင်းရာသီအတွင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ ကျရောက်နေသည့် COVID-19 နှင့် တုပ်ကွေးရောဂါများကို ကာကွယ်သည့် နောက်ဆုံးပေါ်ကာကွယ်ဆေးများ ထိုးနှံမှုနှုန်း လျော့ကျနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပြည်သူ့ကျန်းမာရေးအရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ မကြာသေးမီသီတင်းပတ်များအတွင်း အမေရိကန်နှင့်…

ပြီးခဲ့သည့်လအတွင်း COVID-19 ကြောင့် လူပေါင်း ၁၀၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထိုရောဂါသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည် ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။ ၂၀၂၃ ခုနှစ်…

ဇမ်ဘီယာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ဖြစ်ပွားခဲ့သည့် ကာလဝမ်းရောဂါကူးစက်မှုများကြောင့် သေဆုံးသူ ၂၂၂ ဦးအထိ မြင့်တက်လာခဲ့ကာ ရော ဂါကူးစက်ခံရသူအရေအတွက် ၅၄၆၂ ဦး အထိရှိလာခဲ့သည်ဟု ဇမ်ဘီယာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် လူ…

နယူးဇီလန်နိုင်ငံကလွဲရင် အမေရိကန်ဟာ ဆေးတွေကို လူထုကြော်ငြာရာမှာ စည်းမျဉ်းစည်းကမ်းတင်းကျပ်လွန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လုပ်ကိုင်နိုင်စွမ်းလည်းရှိကြပါတယ်။ အမေရိကန်ပြည်သူတို့ဟာ သတင်းစာ၊ မဂ္ဂဇင်း၊ အွန်လိုင်းများစွာက ဆေးတစ်ခုရဲ့ကောင်းကျိုးတွေ၊ အာနိသင်တွေအကြောင်း အသေးစိပ်မျက်နှာအပြည့်ရေးထားပြီး ဘေးထွက်ဆိုးကျိုး၊ သုံးစွဲမှုတို့မသင့်တဲ့အခြေအနေ၊ ရှောင်ရန်အကြောင်းတွေကို နောက်စာမျက်နှာစာလုံးအသေးလေးတွေသုံးပြီး နည်းနည်းလေးသာ ရေးသားထားကြောင်း ပြောကြတဲ့…

အယ်နီညိုရာသီဥတုဖောက်ပြန်မှုနဲ့အတူဆောင်းဝင်တာနောက်ကျခဲ့ပြီးဇန်နဝါရီလဆန်းကစလို့အေးလာပါပြီ။ဆောင်းတွင်းမှာအများစုကမဖြစ်မနေကြုံတွေ့ကြရတာကအသားပတ်တာပဲဖြစ်တယ်။ခန္ဓာကိုယ်တစ်ခုလုံးကအရေပြားပေါ်မှာလက်သည်းနဲ့ကုတ်လိုက်ချိန်၊အဖြူစင်းတွေဖြစ်နေတတ်ပြီး၊အရေပြားကတင်းတင်းကျပ်ခံစားရကာ၊အထိခိုက်မခံပဲဖြစ်နေတာမျိုးဖြစ်တယ်။ရာသီဥတုရဲ့ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတယ်ဆိုပေမယ့်သေချာဂရုမစိုက်ဘူးဆိုရင်တော့အမည်းကွက်နဲ့အမာရွတ်တွေထင်ကျန်နေတာ၊အသားအရည်ပျက်စီးတတ်ပါတယ်။နောက်တစ်ခုဖြစ်တတ်တာကခြေဖဝါးလက်ဖဝါးတွေမှာအရေပြားအဖတ်လေးတွေကွာတက်ပါတယ်။ခြေဖဝါးနဲ့လက်ဖဝါးတွေမှာအဆီထွက်သူတွေပိုပြီးအသားကွာတတ်ပါတယ်။အသားမကွာဘူးဆိုရင်လည်းခြေဖဝါးနဲ့လက်ဖဝါးမှာချွေးနဲ့အဆီတွေအချိန်တိုင်းထွက်နေတတ်ပါတယ်။မျက်နှာလိမ်းအရည်ဆိုရင်မိတ်ကပ်လိမ်းချိန်မှာမိတ်ကပ်သားကဆွဲလို့မကောင်းပဲအကွက်တွေဖြစ်နေတတ်ပါသေးတယ်။နှုတ်ခမ်းသားတွေခြောက်သွေ့ကွဲအက်တာ၊မျက်နှာတစ်ပြင်လုံးတင်းကျပ်ကျပ်ခံစားနေရတာစတဲ့ပြဿနာတွေကဆောင်းတွင်းကာလမှာအဖြစ်များပါတယ်။ သတိပြုဖို့ကဆောင်းတွင်းမှာကိုယ်သုံးနေကျဆံပင်ပျော့ဆေးတွေအစားအရေပြားနဲ့လိုက်ဖက်မှုရှိတဲ့ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေကိုပြောင်းသုံးပေးသင့်ပါတယ်။ရေကိုလည်းခပ်နွေးနွေးသုံးပေးပြီးပူတဲ့ရေကိုရှောင်သင့်ပါတယ်။ခေါင်းမလျှော်ခင်၊ဆီတစ်မျိုးနဲ့ပုံမှန်နှိပ်နယ်ပေးသင့်ပါတယ်။ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေသုံးတဲ့အခါရေစင်အောင်ဆေးကြောပေးဖို့မမေ့သင့်ပါဘူး။ ဆောင်းတွင်းမှာဆံသားခြောက်သွေ့တတ်ပါတယ်။မိန်းကလေးအများစုဟာဆောင်းတွင်းမှဆံသားခြောက်သွေ့တာနဲ့ဗောက်ထတာကိုကြုံတွေ့ကြရတတ်ပါတယ်။ဒါကဆောင်းတွင်းမှာတိုက်ခိုက်တဲ့လေနဲ့ပတ်ဝန်းကျင်လေထုညစ်ညမ်းတဲ့အခြေအနေတွေကြောင့်ဖြစ်တယ်။ဒါကိုကျန်းမာရေးမကောင်းတာကြောင့်ဆံသားပျက်စီးတယ်လို့မထင်သင့်ပါဘူး။ပြန်လည်ပြုပြင်ပြီးကောင်းမွန်စေမယ့်နည်းလမ်းတွေရှိပါတယ်။ဆံပင်သားပြန်လည်ကောင်းမွန်လာစေဖို့အိမ်မှာပြုလုပ်နိုင်တဲ့ပေါင်းတင်နည်းလမ်းတွေလည်းရှိပါတယ်။ ဆောင်းတွင်းအသားကွဲအက်ခြင်းဖြစ်တတ်ပါတယ်။အသားပတ်ရာကနေဂရုမစိုက်မိပဲအချိန်တွေကြာတဲ့အခါမှာတော့အသားကွဲအက်တာမျိုးဖြစ်လာပါတယ်။အသားကွဲအက်တာကြောင့်သက်သောင့်သက်သာရှိတာမျိုး၊ခံရခက်တာမျိုးနဲ့နာကျင်တာမျိုးတွေဖြစ်တတ်ပါတယ်။အရေပြားကွဲအက်ပြီးသွေးထွက်တာမျိုးတွေမဖြစ်ဖို့ရောဂါပိုးဝင်ရောက်တာမျိုးတွေမဖြစ်ဖို့လည်းဂရုစိုက်ရပါမယ်။အသားကွဲအက်မှုမဖြစ်စေဖို့၊အဓိကပြုလုပ်သင့်တာကတော့အရေပြားခြောက်သွေ့ကတည်းကပြန်လည်ပြုပြင်သင့်ပါတယ်။ ဆံသားကျန်းမာစေဖို့ထောပတ်သီးနဲ့မေရွန်းနိစ်သုံးသင့်ပါတယ်။အရသာရှိတဲ့အစားအစာဖြစ်ပြီးကျန်းမာရေးနဲ့ညီညွတ်သလိုအသားအတွက်လည်းပေါင်းတင်ပစ္စည်းအဖြစ်အသုံးပြုလို့ရနိုင်တဲ့ထောပတ်သီးနဲ့မေရွန်းနိစ်ရောပြီးဆံသားကျန်းမာအောင်ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုလို့ရပါတယ်။ခွက်တစ်ခွက်ထဲမှာထောပတ်သီးတစ်ဝက်မေရွန်းနိစ်တစ်ဇွန်း၊ကြက်ဥနှစ်လုံးစတာတွေကိုရောမွှေပြီး၊ဆံပင်ဦးရေပြားကနေအဖျားအထိတစ်လွှာချင်းနှံ့အောင်လိမ်းပေးသင့်တယ်။ခေါင်းတစ်ခုလုံးနှံ့သွားပြီဆိုရင်ရေချိုးဦးထုပ်ဆောင်ပြီးနှပ်ထားလိုက်သင့်တယ်။ရေနွေးငွေပေးပြီးပေါင်းပေးနိုင်ရင်ပိုကောင်းပါတယ်။အချိန်(၂၅)မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချကာပုံမှန်အတိုင်းခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်သင့်ပါတယ်။ အသားအက်ကွဲမှုမှသက်သာစေဖို့ထောပတ်သီး၊ငှက်ပျောသီးနဲ့သင်္ဘောသီးတွေကအစိုဓာတ်(ရေဓာတ်)ပြန်ရဖို့လိမ်းပေးရမှာဖြစ်တယ်။ထောပတ်သီး၊ငှက်ပျောသီး၊သင်္ဘောသီးတွေကိုဆတူရောပြီးပျစ်နေအောင်မွှေကာအရေပြားကွဲအက်နေတဲ့အပေါ်ကို(၁၅)မိနစ်လောက်လိမ်းထားပြီးရေနွေးနွေးနဲ့ဆေးချသင့်တယ်။အရေပြားခြောက်သွေ့ပြီးယားယံတာကြောင့်လက်သည်းနဲ့ကုတ်ခြစ်မိလို့ဖြစ်လာတဲ့ထိခိုက်မှုတွေကိုလည်းသက်သာစေပါတယ်။ ဆံသားခြောက်သွေ့မှုကင်းစေဖို့သံလွင်ဆီသုံးနိုင်ပါတယ်။သံလွင်ဆီကဆံသားနဲ့ပတ်သက်တဲ့ပြဿနာတော်များများကိုဖြေရှင်းနိုင်ပါတယ်။ဆံသားကိုရေဓာတ်ရရှိပြီး၊ခြောက်သွေ့မှုလည်းကင်းစေပါတယ်။သန်လွင်ဆီကိုနှစ်မိနစ်လောက်မီးအေးအေးနဲ့အပူပေးပြီးအခန်းပူချိန်ထဲမှာပဲအအေးခံထားကာ၊ယင်းကိစ္စသုံးသွားတဲ့သံလွင်ဆီကိုဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းလိုက်ပြီးခေါင်းဆောင်းစွပ်ကာ၊တစ်ညလောက်အိပ်သင့်ပါတယ်။မနက်မိုးလင်းမှလျှော်နေကြခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်လိုက်ရင်ဆံသားစိုလာနိုင်ပါတယ်။ …

မာလာဝီနိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကာလဝမ်းရောဂါ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရန်ပုံငွေလိုငွေပြမှုကို ကာမိစေရန် အမေရိကန်ဒေါ်လာ ၆ သန်းခန့်လိုအပ်ကြောင်း မာလာဝီ ကျန်းမာရေးဝန်ကြီး ခွမ်ဘီဇီ ကန်ဒိုဒိုချီပွန်ဒါက ဇန်နဝါရီ…

ကမ္ဘာကျန်းမာရေးအဖွဲ့(WHO) က ဆဲလ်ဖုန်း(Cellphone) များကို ဦးနှောက်ကင်ဆာရောဂါ ဖြစ်ပွါးနိုင်တဲ့ကင်ဆာ(Carcinogen)တစ်မျိုးအဖြစ်သတ်မှတ်ထားရာနည်းလမ်း(၈)သွယ်နဲ့ကိုယ့်ရဲ့ဆဲလ်ဖုန်းဆုံးစွဲမှုပိုမိုဘေးကင်းစေသင့်တယ်။ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)ကဆဲလ်ဖုန်းကိုအသုံးပြုခြင်းဟာဦးနှောက်ကင်ဆာဖြစ်ပွါးစေတယ်လို့ဖော်ပြထားလို့ ကိုယ်ကဖုန်းခေါ်ဖို့နှစ်ခါစဉ်းစားသင့်ပါတယ်။ လူများအတွက်မရှိမဖြစ်အသုံးပြုနေရတဲ့ပစ္စည်းတစ်ခုကိုဦးနှောက်ကင်ဆာနဲ့ဆက်နွယ်နေတယ်လို့သိရှိရခြင်းမှာစိုးရိမ်ထိတ်လန့်ဖွယ်ရာပဲဖြစ်တယ်။ဆဲလ်ဖုန်းများအသုံးပြုရမှုကိုစွဲလန်းနေသူများဟာကျန်းမာရေးဆိုးကျိုးကိုလျော့ချနိုင်ဖို့လုပ်ဆောင်နိုင်တဲ့အရာများစွာရှိပါတယ်။ ကင်ဆာရောဂါနဲ့ဆက်နွယ်နိုင်တဲ့အကြောင်းရင်းများအားလုံးဟာဆဲလ်ဖုန်းများကထုတ်လွှတ်တဲ့လျှပ်စစ်သံလိုက်လှိုင်း(Electric Magnetic Radiation)တွေကြောင့်သာ ဖြစ်တယ်။ ကိုယ်ကအဆိုပါလှိုင်းတွေနဲ့ထိတွေ့မှုကိုလျော့ချလိုက်ရင်၊ကင်ဆာရောဂါနဲ့ဆက်နွယ်မှုကိုလည်းလျော့ချနိုင်မှာပဲဖြစ်တယ်။ (၁)နားကြပ်အသုံးပြုကာစကားပြောသင့်ပါတယ်။နားကြပ်များဟာဆဲလ်ဖုန်းတွေထက်လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှတ်မှုပိုမိုနည်းပါတယ်။ဒါပြင်နားကြပ်အသုံပြုခြင်းကဖုန်းဟာဦးခေါင်းနဲ့ကပ်မနေတော့ဘူး။လှိုင်းလွှတ်တဲ့ရင်းမြစ်နေရာမှဝေးလေလေ၊ထိခိုက်မှုနည်းပါးလေလေဖြစ်တယ်။ (၂)ဖြစ်နိုင်ရင်၊စာတိုပို့စနစ်နဲ့ပြောဆိုသင့်ပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများအဖွဲ့(EWG_Environtal workingGroup)ရဲ့ပြောကြားချက်အရဆဲလ်ဖုန်းဟာစကားပြောစဉ်ထက်၊စာတိုရိုက်ပို့နေ့ချိန်မှာစွမ်းအင်ကိုပိုမိုနည်းပါးစွာအသုံးပြုတယ်။သည်လိုနည်းနဲ့လျှပ်စစ်သံလိုက်လှိုင်းများကိုလည်းပိုမိုနည်းပါးစွာထုတ်လွှတ်တယ်။စာတိုပို့ပါကဖုန်းကိုဦးနှောက်နားဆီကပ်စရာလည်းမလိုတော့လို့လှိုင်းထုတ်လွှတ်ရာရင်းမြစ်နဲ့လည်းဝေးစေပါတယ်။ (၃)ဆဲလ်ဖုန်းကိုတိုတိုသာပြောရတဲ့စကားတွေအတွက်သုံးသင့်ပါတယ်။ဆဲလ်ဖုန်းကိုကိုယ့်ရဲ့ညီ၊ညီမနဲ့အပြန်အလှန်အချိန်ကြာမြင့်စွာစကားစမြည်ပြောဆိုမှုများအတွက်မသုံးသင့်ပါဘူး။ဆဲလ်ဖုန်းနဲ့ပြောဆိုသူများအတွက်မသုံးသင့်ပါဘူး။ဆဲလ်ဖုန်းနဲ့အသုံးပြုချိန်ပြောဆိုတဲ့အချိန်ကိုတိုနိုင်သမျှတိုအောင်ပြောသင့်တယ်။စကားစမြည်ပြောဆိုမယ့်အခါရောက်ရင်ကြိုးဖုန်းကိုအသုံးပြုသင့်ပါတယ်။ (၄)ဆဲလ်ဖုန်းများရဲ့အချက်ပြ(signal )တုံးလေးများကိုစောင့်ကြည့်သင့်ပါတယ်။လိုင်းမကောင်းလို့ကြိုးစားပြောဆိုနေရရင်ဖုန်းခေါ်ဆိုမှုကိုရပ်တန့်ပြီး၊လိုင်းပြန်ကောင်းတဲ့အခါမှထပ်မံခေါ်ဆိုသင့်ပါတယ်။ကိုယ့်ရဲ့ဆဲလ်ဖုန်းမှာအချက်ပြတုံး(Signal)များလျော့နည်းနေတဲ့အခါဖုန်းကပိုမိုအလုပ်လုပ်ရလိုလျှပ်စစ်သံလိုက်လှိုင်းများပိုမိုထုတ်လွှတ်ပါတယ်။ (၅)တတ်နိုင်သမျှဖုန်းကိုနားနဲ့ကပ်မထားသင့်ပါဘူး။ကျန်းမာရေးဝက်ဆိုက်(Health…

ဆူဒန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကျန်းမာရေးအကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အရေးတကြီးလုပ်ဆောင်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြော ကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငွေကြေးအကူအညီများကို မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။ ဆူဒန်တွင် တိုက်ပွဲများကြောင့် ဒေသဆိုင်ရာ ကျန်းမာရေး အဆောက်အအုံအများစုသည် လည်ပတ်နိုင်ခြင်းမရှိကြောင်းWHO အကြီးအကဲ တက်ဒရိုအာဒါနွန်…

ကွန်ဂိုနိုင်ငံတွင် ၎င်း၏အကြီးမားဆုံး mpox ရောဂါကူးစက်မှုများကို ရင်ဆိုင်နေရချိန်တွင် လိင်တူစုံမက်သည့် အမျိုးသားများကို ခွဲခြားနှိမ့်ချဆက်ဆံမှုသည် ထိုရောဂါကူးစက်မှုအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။ ယခင်က မျောက်ကျောက်ရောဂါဟုလူသိများခဲ့သည့် mpox ရောဂါသည် ကွန်ဂိုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ပထမဆုံးအကြိမ် ကူးစက်ပျံ့နှံ့ခဲ့သည်ဟု…