Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ဒီဇင်ဘာ ၁၉ ရက်က ဂျပန်အစိုးရရှေ့နေများသည် ရန်ပုံငွေအရှုပ်တော်ပုံနှင့် ပတ်သက်၍ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)၏ ရုံးခန်းများကို စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ၎င်းအရှုပ်တော်ပုံနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဖုမိယိုကိရှိဒသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏အစိုးရအဖွဲ့မှ ဝန်ကြီးလေးဦးကို အစားထိုးခန့်အပ်ခဲ့ရသည်။ ပါတီတာဝန်ရှိသူများသည် ယန်းသန်း ၅၀၀ (ဒေါ်လာ ၃ ဒသမ ၄ သန်း)လာဘ်ငွေရယူခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အာဏာရ LDP ပါတီ၏ အကြီးဆုံးအုပ်စု၏ ရုံးခန်းတည်ရှိရာ အဆောက်အအုံတစ်ခုထဲသို့ စုံစမ်းစစ်ဆေးသူများ ဝင်ရောက်လာပုံကို ဂျပန်ရုပ်သံဌာနတစ်ခုဖြစ်သည့် NHK ကထုတ်လွှင့်ပြသခဲ့သည်။ “ပါတီအနေနဲ့ လူထုရဲ့ယုံကြည်မှုကိုပြန် ရဖို့ အရေးတကြီးလုပ်ဆောင်ရမှာဖြစ်တယ်”ဟု ဝန်ကြီးချုပ်ကိရှိဒက သတင်းထောက်များကို ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကိုလည်း ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရမည် ဟု ၎င်းက ဆိုသည်။ LDP ပါတီ၏ ဒုတိယရာထူးအကြီးဆုံးဖြစ်သည့် တိုရှိမိဆု မိုတဲဂိက ယင်းသို့စီးနင်းရှာဖွေမှုများသည် အလွန်စိတ်မကောင်းစရာပင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပါတီအနေဖြင့် စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ကြည့်နေစဉ် အတောအတွင်း လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။ နိုင်ငံရေးရန်ပုံငွေများကို ဥပဒေနှင့်အညီ စာရင်းတင်ပြရန် ပျက်ကွက်မှုနှင့်ပတ်သက်၍ အစိုးရ၏ ထိပ်တန်းပြောခွင့်ရနှင့် ကုန်သွယ်ရေးဝန်ကြီး အပါအဝင်အစိုးရအဖွဲ့ဝင်ဝန်ကြီးလေးဦးကို ဝန်ကြီးချုပ်ကိရှိဒက ပြီးခဲ့သည့် သီတင်းပတ်တွင် ရာထူးမှထုတ်ပယ်ခဲ့သည်။ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုခါဇု မာဆုနို၊ စီးပွားရေးနှင့် စက်မှုဝန်ကြီး ယာဆုတိုရှိ နိရှိမူရ၊ ပြည်ထဲရေးဝန်ကြီး ဂျွန်ဂျိ ဆုဇုခိနှင့် စိုက်ပျိုးရေးဝန်ကြီး အိချိရို မိယာရှိတတို့ ရာထူးမှ အသီးသီးနုတ်ထွက်ခဲ့သည်။ ၎င်းတို့လေးဦးစလုံးသည် ယမန်နှစ်ကလုပ်ကြံခံရခြင်းကြောင့် ကွယ်လွန်သွားသည့်…
အစ္စရေးတိုက်ခိုက်မှုက ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားတစ်ဦး၏ စျာပနပွဲပြု လုပ်သည့်နေရာနှင့်မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံကို ထိမှန်ခဲ့ပြီးနောက် အရပ်သားများကို အစ္စရေးတိုက်ခိုက်မှုမှန်သမျှအား လက်တုံံံ့ပြန်ရလိမ့်မည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် လက်ဘနွန်၏အင်အားကြီး ဟစ်ဇဘိုလာအဖွဲ့က ပြောကြားသည်။ အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်၌ စစ်ပွဲစတင်ဖြစ်ပွားကတည်းက လက်ဘနွန်-အစ္စရေးနယ်စပ်တွင် ဟားမာ့စ်၏ မဟာမိတ်ဟစ်ဇဘိုလာအဖွဲ့နှင့် အစ္စရေးစစ်တပ်တို့ ပုံမှန်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ် ပွားလျက်ရှိသည်။ ဖြစ်ပွားသော ပဋိပက္ခ ပိုမိုကျယ်ပြန့်လာစေမည့် ကိစ္စများကို ဟစ်ဇဘိုလာအဖွဲ့က လုပ်ဆောင်ခြင်းမပြုရန် အစ္စရေးကိုရောက်နေသော အမေရိကန်ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့သည်။ လက်ဘနွန်နယ်စပ်မြို့အေတာအယ်ရှာ့၌ ပြုလုပ်နေသော စျာပနအခမ်းအနား ကိုရန်သူပစ်မှတ်ထားခြင်းအား တုံ့ပြန်သည့်အနေဖြင့် မိမိတို့သည် အစ္စရေးနယ်စပ်မြို့ ကာရတ်ရှမိုနာကို ဒုံးကျည်များဖြင့်ပစ်ခတ် ခဲ့သည်ဟုအီရန် ကျောထောက်နောက်ခံပြု အုပ်စုဟစ်ဇဘိုလာက ဒီဇင်ဘာ ၁၈ ရက် ည နေပိုင်းတွင်ပြောကြားခဲ့သည်။ “အရပ်သားတွေကို တိုက်ခိုက်တာမှန်သမျှ လက်တုံ့ပြန်ရပါလိမ့်မယ်”ဟု ဟစ်ဇဘို လာအုပ်စုက ထုတ်ပြန်ခဲ့သည်။ အစ္စရေးသည် အေတာအယ်ရှာ့မြို့တွင် ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမား ဟာဆန်ဆရူး၏ စျာပနသို့လာသူများကို ပစ်မှတ်ထားခဲ့သည်ဟု လက်ဘနွန်အမျိုးသားသတင်းဌာနက ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုသည် စျာပနပြုလုပ်သည့် နေရာနှင့်ပေ ၁၃၀(မီတာ)ပင် မဝေးသော အဆောက်အအုံကို ထိမှန်ခဲ့သည်ဟုဆိုသည်။ အဆောက်အအုံပျက်စီးသွားသည်ဆိုသော်လည်း သေကျေဒဏ်ရာရသူမရှိဟု ဆိုသည်။ အစ္စရေးစစ်တပ်သည် စျာပနတက်ရောက်သူများကို ခြိမ်းခြောက်ရန်ကြိုးစားခြင်းဖြစ်သော်လည်း လာရောက်သူများက စျာပနအခမ်းအနားကို ဆက်လုပ်ခဲ့ကြသည်ဟု လက်ဘနွန်အမျိုးသားသတင်းဌာနက ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုက လူနေထိုင်ခြင်းမရှိသော အဆောက်အအုံ၏ခေါင်မိုးကို ထိမှန်ခဲ့သည်ဟု ယင်းနေရာကို ရောက်သွားသော အေအက်ဖ်ပီသတင်းထောက်က ပြောကြားသည်။ အစ္စရေးဘက်က ယင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီးမကြာမီ ဟစ်ဇဘိုလာကလည်း အစ္စရေး၏ Iron Dome…
ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးရာ တွင်မျှောစနစ်ဖြင့်ဆောင်ရွက်နေပြီး အွန်လိုင်းမှတစ်ဆင့် မျှောစနစ်ထုတ်ယူနိုင်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ဆီသယ်ယာဉ်များ အတွက် လူကိုယ်တိုင်မျှောထုတ်ယူရသည့်စနစ်မှ အွန်လိုင်းဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့အသုံးပြုသွား နိုင်ရေးနှင့် Software စနစ်တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူသုံးစွဲမှုအခြေအနေကို ကြီးကြပ်စောင့်ကြည့်နိုင်ရေး အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စက်သုံးဆီအရောင်းဆိုင်များက အများပြည်သူသို့ ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချိန်အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဆီတင်/ဆီချဆောင်ရွက်ရာတွင် စက်သုံးဆီများ ယိုဖိတ်မှု မရှိစေရေးနှင့် စက်သုံးဆီများကို အရည်အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် သီလ ၀ါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်စခန်းများသို့ သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့သည်။ ယခင်က သီလဝါမှ စက်သုံးဆီများထုတ် ယူရာတွင်သတ်မှတ်ထားသည့် Terminal များတွင် ဆီဆိုင်များက ရရှိသည့် စက်သုံးဆီခွဲတမ်းများ ထုတ်ယူပြီး ပြည်နယ်နှင့်တိုင်းများသို့ သယ်ဆောင်၍ ဆိုင်များတွင် ရောင်းချနေ သည့် ပုံစံဖြစ်ပြီး ယခုတွင်ထုတ်ယူပြီးသည့် စက်သုံးဆီများကို ပြည်နယ်နှင့်တိုင်းများသို့ သယ်ဆောင်ရာတွင် မျှောစနစ်ဖြင့် ထုတ်ပေးသည့်အခြေအနေသို့ ပြောင်းလဲခြင်းဖြစ်သည်။ လတ်တလောတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ တန်းစီဝယ်ယူနေခြင်း အများအပြား ဖြစ်ပေါ်နေကြောင်း၊ မကြာမီ စက်သုံးဆီပြတ်လပ်မည်၊ စျေးတက်မည်ဆိုသောကောလာဟလသတင်းများကြောင့် ပြည်သူများအနေဖြင့်…
ဘဏ်ဝန်ဆောင်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိခဲ့ဖြင့် FMI အုပ်စု၏ ၂၀၂၃ နှစ်ဝက်အတွက်ဝင်ငွေမှာ ယခင်နှစ်ဝက်ထက် ၄၄ ရာ ခိုင်နှုန်းတိုးတက်ခဲ့ကြောင်း FMI အုပ်စု၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၂၂၉ ဒသမ ၄ ဘီလျံရရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေကျပ် ၁၅၉ ဒသမ ၄ ဘီလျံနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထိုသို့ ဝင်ငွေတိုးတက်ရသည့်အဓိကအကြောင်းအရင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ရိုးမဘဏ်)နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ပန်းလှိုင်ဆေးရုံအုပ်စု)တို့မှ ဝင်ငွေများတိုးမြင့်ရရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ရိုးမဘဏ်မှရရှိသောဝင်ငွေသည် ၂၀၂၂ ခုနှစ် စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၃၀ ဒသမ ၄ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၁၉၀ ဒသမ ၇ ဘီလျံအထိရရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၂ ရာ ခိုင်နှုန်းတိုးတက်ခဲ့ပြီး ကုမ္ပဏီအုပ်စု၏ဝင်ငွေတိုးတက်မှုကို အများဆုံးထောက်ပံ့ပေးနိုင်ခဲ့သည်။ ထိုသို့ ဝင်ငွေတိုးမြင့်လာခြင်း၏အဓိက အကြောင်းအရင်းမှာ ဘဏ်ချေးငွေအမျိုး မျိုးနှင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုမှရရှိသော ဝင်ငွေများတိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။ ပန်းလှိုင်ဆေးရုံအုပ်စုမှဝင်ငွေရရှိမှုမှာလည်း ၂၀၂၂ စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၂၉ ဘီလျံရရှိခဲ့ရာမှ ၂၀၂၃ စက်တင်ဘာဘဏ္ဍာရေးနှစ်ဝက်တွင် ကျပ် ၃၈ ဘီလျံအထိရရှိခဲ့သဖြင့် ရာခိုင်နှုန်းအား ဖြင့် ၃၁ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အဆိုပါဝင်ငွေတိုးမြင့်လာရခြင်းမှာ အဓိကအားဖြင့် ဆေးရုံများ၏ ပင်မဝန်ဆောင်မှုဖြစ်သည့်…
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ ပို့ကုန်အများဆုံး တင်ပို့သည့် ၁၀ နိုင်ငံစာရင်းတွင် ထိုင်း၊တရုတ်၊ဂျပန်၊အိန္ဒိယ၊အမေရိကန်၊ဂျာမနီ၊စပိန်၊ ပိုလန်၊တောင်ကိုရီးယား၊ဗြိတိန်တို့အစဉ် လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ ပို့ကုန်အများဆုံး တင်ပို့သည့် ၁၀ နိုင်ငံစာရင်းတွင် နိုင်ငံအလိုက် ပို့ကုန်တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ဒေါ်လာ ၂၄၇၂ ဒသမ ၈၆၆ သန်း၊တရုတ်နိုင်ငံသို့ ဒေါ်လာ ၁၉၃၁ ဒသမ ၂၃၈ သန်း၊ဂျပန်နိုင်ငံသို့ဒေါ်လာ ၇၈၄ ဒသမ ၇၀၃ သန်း၊ အိ န္ဒိယနိုင်ငံသို့ဒေါ်လာ ၅၇၂ ဒသမ ၁၀၇ သန်း၊ အမေရိကန်နိုင်ငံသို့ဒေါ်လာ ၄၁၂ ဒသမ ၆၇၅ သန်း၊ဂျာမနီနိုင်ငံသို့ဒေါ်လာ ၃၅၆ ဒသမ ၃၀၁ သန်း၊စပိန်နိုင်ငံသို့ဒေါ်လာ ၃၂၁ ဒသမ ၄၁၂ သန်း၊ ပိုလန်နိုင်ငံသို့ဒေါ်လာ ၃၁၆ ဒသမ ၈၀၆ သန်း၊တောင်ကိုရီးယားနိုင်ငံသို့ဒေါ်လာ ၂၆၁ ဒသမ ၄၅၇ သန်း၊ ဗြိတိန် နိုင်ငံသို့ဒေါ်လာ ၂၂၂ ဒသမ ၈၉၀ သန်းတင် ပို့ထားကြောင်း ဖော်ပြထားသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှ တင်သွင်းသည့်အဓိကကုန်စည်ပစ္စည်း ၁၁ မျိုးအနက် စားအုန်းဆီတင်သွင်းမှုဒေါ်လာ ၂၄၅ သန်းကျော်၊ ဓာတ်မြေသြဇာ ၃၂၉ သန်းတင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်…
Squid Game:The Challenge အစီအစဉ်တွင် ပါဝင်သူများက Neflix ကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။ ဆေးဘက်ဆိုင်ရာ လျစ်လျူရှုမှုနှင့် အခြားပြဿနာရပ်များကြောင့် ယင်းအစီအစဉ်တွင် ပါဝင်သူများက Netflix နှင့်အစီအစဉ်ဖန်တီးသူများ ကို တရားစွဲဆိုရန် စဉ်းစားသုံးသပ်လျက်ရှိကြသည်။ ထိခိုက်ဒဏ်ရာရရှိမှုများအပါအဝင် ထွက်ဆိုချက်များကို အာရုံစိုက်လုပ်ဆောင်နေသည့် ဗြိတိန်တ ရားရေးကုမ္ပဏီ Express Solicitiors က Squid Game:The Challenge အစီအစဉ်တွင်ပါဝင်သော က စားသမားနှစ်ဦးကို ကိုယ်စားပြုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူများက မလှုပ်ရှားဘဲ အအေးဒဏ်ကို အချိန်ကြာမြင့်စွာ တောင့်ခံနေရသည့် ရလဒ်အဖြစ် ဆိုးရွားသော ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများကို သတိပြုမိခဲ့ကြခြင်းမရှိဟု အခိုင်အ မာပြောကြားခဲ့သည်။ မူရင်း Squid Game ဇာတ်လမ်းတွဲသည် ရိုက်ကူးနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာပြဿနာရပ်များအတွက် ဝေဖန်မှုများရင်ဆိုင်ခဲ့ရပြီးနောက် ယင်းဇာတ်လမ်းတွဲကို မှီငြမ်းထားသော ရသစုံအစီအစဉ်တွင်လည်း အမည်မဖော်လိုသည့် ပါဝင်သူနှစ်ဦးသည် အေးခဲနေသည့် အခြေအနေများတွင် ရိုက်ကူးနေစဉ်အတွင်း ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်းနှင့် အာရုံကြောဆိုင်ရာပြဿနာရပ်များ ခံစားခဲ့ရသည်ဟု ဆိုသည်။ ယင်းထိခိုက်မှုများသည် အစီအစဉ်၏ ပထမဆုံးဂိမ်းဖြစ်သော Red Light၊ Grenn Light ကစားချိန်တွင် ကြုံတွေ့ခံစားခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။Netflix က ကစားသမား ၄၅၆ ဦးသည် ဆေးဘက်ဆိုင် ရာအကူအညီယူခဲ့ရကြောင်း ဝန်ခံထားသော်လည်း ပြင်းဒဏ်ထိခိုက်မှုများရှိသည်ဟူသည့် ပြောကြားချက်ကို မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။
ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်အတွက်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် မန်စီးတီးအသင်းက ထိပ်ဆုံးတွင် ရပ်တည်နေသလို အချက်အလက်ကုမ္ပဏီတစ်ခုဖြစ်သည့် Nielsen’s Gracenote ၏ တွက်ချက်မှုအရလည်း မန်စီးတီးအသင်းက ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်လျက်ရှိသည်။ မန်စီးတီးအသင်း၏ ယခုနှစ် ချန်ပီယံလိဂ်အတွက် ဗိုလ်စွဲနိုင်ခြေမှာ ဥရောပထိ်ပ်တန်းအသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် စသည့် အသင်းကြီးများထက် အပြတ်အသတ် အသာရနေပြီး ဗိုလ်စွဲရန်အတွက် ဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ (၃၀) ရာခိုင်နှုန်းအထိ ရှိနေသည်။ မန်စီးတီးအသင်း၏နောက် ဒုတိယနေရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက (၁၈) ရာခိုင်နှုန်းဖြင့် ရပ်တည်နေပြီး တတိယနေရာတွင်မူ ဘိုင်ယန်မြူးနစ်အသင်းက (၁၅) ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိသည်။ ၎င်းတို့၏နောက်တွင် အစဉ်လိုက်အားဖြင့် အာဆင်နယ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ PSG၊ အက်သလက်တီကိုမက်ဒရစ်၊ ဒေါ့မွန် စသည့်အသင်းများက ရပ်တည်နေကြသည်။ ဆိုစီဒက်၊ PSV၊ ပေါ်တို၊ လာဇီယိုနှင့် ကိုပင်ဟေဂင်အသင်းတို့၏ ဗိုလ်စွဲရန်ရေပန်းစားမှှုမှာ (၁) ရာခိုင်နှုန်းစီသာရှိကြောင်း သိရသည်။
လီဗာပူးလ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ကစားခဲ့သည့်ပွဲအပြီးတွင် လီဗာပူးလ်အသင်း၏အသင်းခေါင်းဆောင် ဗန်ဒိုက်က ယခုပွဲတွင် အသင်းတစ်သင်းတည်းကသာ နိုင်ပွဲအတွက် ကစားခဲ့သည်ဆိုသည့် ဝေဖန်မှုကို ပြုလုပ်ခဲ့ရာ မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားနှင့် ရုပ်သံသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ရွိုင်ကင်းက ဗန်ဒိုက်အား မောက်မာနေသူတစ်ဦးအဖြစ် ဝေဖန်ခဲ့ပြီး ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ လီဗာပူးလ်အသင်းနှင့် မန်ယူအသင်းတို့ ကစားခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းက ပွဲချိန်တစ်လျှောက်လုံးနီးပါး စိတ်ကြိုက်ဖိကစားခဲ့ပြီး စုစုပေါင်း ဂိုးကန်သွင်းခွင့်အရေအတွက် (၃၄) ကြိမ်အထိ ရရှိခဲ့သည်။ သို့ရာတွင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ဂိုးပေါက်ကန်သွင်းခွင့်အများဆုံးဖြင့် နိုင်ပွဲမရသည့်အသင်းများစာရင်းတွင် ထိပ်တန်းနေရာ၌ပင် ရပ်တည်နိုင်ခဲ့သည်။ ယင်းပွဲအပြီးတွင် ဗန်ဒိုက်က ”ကျွန်တော့်အမြင်ကိုပြောရရင် ဒီပွဲမှာတော့ နိုင်ပွဲရဖို့အတွက် ကစားချင်တဲ့အသင်းက တစ်သင်းတည်းသာ ရှိခဲ့ပါတယ်။ ပွဲပြီးအခြေအနေကို ကြည့်လိုက်ရင် ကျွန်တော်တို့အသင်းက ရခဲ့တဲ့တစ်မှတ်အတွက် အရမ်းစိတ်ပျက်နေခဲ့ချိန်မှာ သူတို့အသင်းကတော့ သရေတစ်မှတ်ရခဲ့တဲ့အတွက် အကြီးအကျယ် အောင်ပွဲခံနေခဲ့ပါတယ်”ဟု ဆိုကာ မန်ယူအသင်းကို လှောင်ပြောင်ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် ရွိုင်ကင်းက ဗန်ဒိုက်ကို မောက်မာနေသူတစ်ဦးအဖြစ် ပြန်လည်ဝေဖန်ခဲ့ခြင်းဖြစ်သလို ဗန်ဒိုက်နှင့် လီဗာပူးလ်အသင်းကို အထိနာစေမည့် တိုက်ခိုက်မှုများလည်း ပြန်လည်ပြုလုပ်ခဲ့သည်။ ရွိုင်ကင်းက ”သူ့အနေနဲ့ သူကစားနေတဲ့ ကလပ်အသင်းအကြောင်းကိုလည်း သိဖို့လိုပါတယ်။ သူကစားနေတဲ့အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နှစ် (၃၀) ကျော်သမိုင်းမှာ ချန်ပီယံဆုဖလားကို တစ်ကြိမ်သာရဖူးတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်က ဒီစကားကို ပြောခဲ့တာက တော်တော်လေး မောက်မာလွန်းပါတယ်”ဟု ဆိုခဲ့ခြင်းဖြစ်သည်။
အစ္စရေးကို အမေရိကန်၏ ထောက်ခံမှုသည် ခိုင်ခိုင်မာမာရှိနေမည်ဖြစ်သော်လည်း ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းသားများ ထပ်မံသေဆုံးခြင်းနှင့် ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အစ္စရေးသည် အရပ်သားများကို အကာအကွယ်ပေးရန် ပိုမိုလုပ်ဆောင်ရမည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့သည်။ အစ္စရေးခရီးစဉ်အတွင်း လွိုက်အော်စတင်က “ဟားမာ့စ်ဟာ တယူသန်အုပ်စုဖြစ်ပါတယ်။ ဂါဇာကနေ အစ္စရေးကို ဘယ်တော့မှ ထပ်မံတိုက်ခိုက်နိုင်တော့မယ့် အုပ်စုမဟုတ်တော့ပါဘူး”ဟု ပြောကြားခဲ့သည်။ ငတ်မွတ်မှုနှင့် ခိုကိုးရာမဲ့တိုးလာခြင်းတို့သာမက အစ္စရေးဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာ၌ အရပ်သား သေဆုံးမှုများတိုးလာခြင်းကို ပြည်ပအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ စိုးရိမ်မှု မြင့် တက်နေချိန်တွင် လွိုက်အော်စတင်သည် အစ္စရေးနိုင်ငံကို ရောက်ရှိနေခြင်းဖြစ်သည်။ အစ္စရေးသည် ဂါဇာ၌ စစ်ဆင်ရေးနောက်တစ်ဆင့်သို့ တဖြည်းဖြည်းကူးပြောင်းသွားမည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းသို့စစ်ဆင်ရေး အပြောင်းအလဲကြောင့် ဒေသခံပြည်သူများသည် ဂါဇာကမ်းမြောင်၏ မြောက်ပိုင်းကို ပထမဆုံး ပြန်လာနိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။ “မကြာမီ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်မှာ မတူညီတဲ့ဧရိယာတွေကို ခွဲခြားနိုင်တော့မယ်လို့ ပြောနိုင်ပါတယ်”ဟု တဲလ်အဗစ်မြို့တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့်ပူးတွဲပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့မစ်ရှင်ပြီးမြောက်အောင်မြင်တဲ့ နေရာတိုင်းမှာ ကျွန်တော်တို့ဟာ နောက်တစ်ဆင့်ကို တဖြည်းဖြည်း ကူးပြောင်းနိုင်တော့မှာဖြစ်ပြီး ဒေသခံပြည်သူတွေ ပြန်လာနိုင်ဖို့ စတင်လုပ်ဆောင်နိုင်ပါ တော့မယ်”ဟု ဂါးလန့်ကပြောကြားခဲ့သည်။ သဘောမှာ တောင်ပိုင်းထက်မြောက်ပိုင်းတွင် မြန်မြန် အောင်မြင်နိုင်သည့်သဘောဖြစ် သည်ဟု ၎င်းက ပြောကြားသည်။ မိမိသည် အစ္စရေးစစ်ဆင်ရေးအတွက် အချိန်ဇယားသို့မဟုတ် သက်တမ်းကို သတ်မှတ်ပေးရန် အစ္စရေးနိုင်ငံကို ရောက်ရှိလာခြင်းမဟုတ်ဟု…
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သို့ ဒီဇင်ဘာ ၁၇ ရက်က နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်တွင်းစက်သုံးဆီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန် စက်ရုံကို မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ ထိုသို့သွားရောက်ရာတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်တို့က စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်လုပ်ငန်းများ၊ စက်ရုံလည်ပတ်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ထူထောင်ထားပြီးဖြစ်သည့် အရင်းအမြစ်များကိုအခြေခံ၍ နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးအတွက် ဆောင်ရွက်နေမှု အစီအမံများ၊ နိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများမှ ရေနံထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်နေမှုနှင့် အဆင့်မြှင့်တင် ပြုပြင်မွမ်းမံနိုင်မှုအခြေအနေများ၊ ကုန်ကြမ်းရရှိနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် အခြားဖြည့်ဆည်းပေးရန် လိုအပ်သည်များကို မေးမြန်းဆွေးနွေးပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းပါက ကုန်ကျမည့်ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) ကို မူလအခြေအနေအတိုင်း ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦး ဆောင်ရွက်ရန်လိုပြီး နောက်ပိုင်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ စက်ရုံဝင်းအတွင်းရှိ…