Author: admin

ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ယူရိုသန်း(၂၀၀)ဖြင့် ခေါ်ယူရန် ထိပ်သီးကလပ်(၃)သင်းဖြစ်သည့် လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် PSG အသင်းတို့ အသင့်ရှိနေကြောင်း စပိန်သတင်းစာ Sport က ဖော်ပြခဲ့သည်။ ဗင်နီစီယပ်စ်(၂၃ နှစ်)သည် လက်ရှိအချိန်၌ ရီးယဲလ်အသင်း၏ တိုက်စစ်ပိုင်းကို ဦးဆောင်နေသူဖြစ်ပြီး ၂၀၂၁-၂၂ ရာသီမှစ၍ အသင်း၏ အဓိကတိုက်စစ်ကစားသမားအဖြစ် ရပ်တည်နေခဲ့သူလည်းဖြစ်သည်။ သို့သော် စပိန်ဘောလုံးပရိသတ်များ၏ လူမျိုးရေးခွဲခြား တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် အခြားလိဂ်ပြိုင်ပွဲတစ်ခုသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်နေသည်။ ထို့ကြောင့် အကြောင်းပြချက်အသီးသီးဖြင့် တိုက်စစ်ကစားသမား လိုအပ်ချက်ရှိနေသော ထိပ်သီးကလပ်(၃)သင်းက ၎င်းကို ခေါ်ယူရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ PSG အသင်းသည် ဘာပေကို လာမည့်နွေရာသီတွင် ဆုံးရှုံးရဖွယ်ရှိသည့်အတွက် ဗင်နီစီယပ်စ်ကို ခေါ်ယူလိုခြင်းဖြစ်သလို၊ လီဗာပူးလ်အသင်းကလည်း ဆာလာ၏နေရာ ရေရှည်အစားထိုးရန်အတွက် ဗင်နီစီယပ်စ်ကို ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြောင်းရွှေ့ ကြေးယူရိုသန်း(၂၀၀)အထိ အသုံးပြုရန် အသင့်ရှိနေကြသော်လည်း ရီးယဲလ်အသင်းက ရောင်းထုတ်လိုခြင်းမရှိကြောင်း သိရသည်။

Read More

ဧပြီ ၃ ရက်က ထိုင်ဝမ်တွင် လှုပ်ခတ်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အားအပြင်းဆုံး ငလျင်ဒဏ်ကြောင့် သေဆုံးသူကိုးဦးထက်မနည်းရှိလာပြီး ဒဏ်ရာရသူ ၁,၀၀၀ ကျော် ရှိလာခဲ့ကာ ငလျင်လှုပ်ခတ်ပြီးနောက် မြေ အောက်ဥမင် အဝေးပြေးလမ်းတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးသမားများက အပူတပြင်း ကယ်ထုတ်လျက်ရှိသည်။ အဆိုပါအင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံ၌သာမက ဖိလစ်ပိုင်တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ လူဒါဇင်ပေါင်းများစွာ ဘေးကင်းခဲ့သည်ဟု ယူဆရသော်လည်း ငလျင်ဒဏ်ကြောင့် အကြီးစားမြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် နေရာများသို့ ကယ်ဆယ်ရေးသမားများ မရောက်ရှိနိုင်သေးပေ။ အဆိုပါငလျင်သည် ၂၅ နှစ်အတွင်း ထိုင်ဝမ်၌ လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အားအပြင်းဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားပြီး လာမည့်ရက်များတွင်လည်း ငလျင်များထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးထားသည်။ တင်းကျပ်သည့် ဆောက်လုပ်ရေးစည်း မျဉ်းစည်းကမ်းများနှင့် လူထု၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာကြွယ်ဝမှုတို့ကြောင့် မကြာခဏ ငလျင်လှုပ်လေ့ရှိသည့် ထိုင်ဝမ်ကျွန်းသည် အကြီးစားကပ်ဘေးကြီး တစ်ခုကို တွန်းလှန်နိုင်ခဲ့ပုံရသည်။ “ကျွန်မတို့ တော်တော်လေး ကံကောင်းခဲ့တယ်။ အိမ်ထဲက အလှဆင်ပစ္စည်းတော်တော်များများ ပြုတ်ကျခဲ့ပေမဲ့ လူကိုထိခိုက်မှု မရှိခဲ့ဘူး” ဟု ချန်ဟုအမည်ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းအမျိုးသမီးသည် င လျင်ဒဏ်ကြောင့် လုံးလုံးလျားလျား ပြိုကျလု နီးပါးဖြစ်ခဲ့သည့် ပုံနှိပ်စက်ဂိုဒေါင်အနီးတွင် နေထိုင်သူဖြစ်သည်။ ၎င်းငလျင်သည် ၁၉၉၉ ခုနှစ် စက်တင်ဘာလက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အားအပြင်းဆုံးဖြစ်သည်ဟု ထိုင်ဝမ်မိုးလေဝသ ဗဟိုဦးစီးဌာနလက်အောက်ရှိ မြေငလျင်ဌာန ညွှန်ကြားရေးမှူး…

Read More

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော် ရှိ အီရန်၏ ကောင်စစ်ဝန်ရုံးအား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် အမေရိကန်က ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကြိုတင်အကြောင်းကြားမခံခဲ့ရကြောင်း အမေရိကန်အရာရှိများက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ထိပ်သီးအဖွဲ့ဝင်များအပါအဝင် ဒါဇင်နှင့်ချီသည့် လူများသေဆုံးခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည်ဟု အီရန်က ပြောကြားခဲ့ပြီး အစ္စရေးကမူ ထိုဖြစ်စဉ်အပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ “ဒမတ်စကတ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ မပတ်သက်ခဲ့ပါဘူး”ဟု အမျိုးသား လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အစ္စရေး၏ အဓိက ထောက်ခံသူဖြစ်သည့် အမေရိကန်၏ တာဝန်မကင်းကြောင်း ပြောကြားခဲ့သည့် အီရန်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကားများသည် အဓိပ္ပာယ်မရှိကြောင်း ကာဘီက ပြော ကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လက်ထောက် သတင်းပြန်ကြားရေးအတွင်းရေးမှူး ဆက်ဘရီနာ ဆင်းကလည်း ထိုတိုက်ခိုက်မှုတွင် အမေရိကန်၏ အခန်းကဏ္ဍ မပါဝင်ဘဲ ထိုအကြောင်း အီရန်အား ပုဂ္ဂလိက ဆက်သွယ်ရေးလမ်းကြောင်းများမှ တစ်ဆင့် အမှာစကားပါးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ “အစ္စရေးဟာ ဒမတ်စကတ်မှာ သူတို့ရဲ့ ပစ်မှတ် ဒါမှမဟုတ် သူတို့ရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အကြောင်း မကြားခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုမှာ ကျွန်တော်တို့ တာဝန်မရှိဘူးဆိုတဲ့အကြောင်းကို အီရန်ကို ပုဂ္ဂလိက ဆက်သွယ်ရေးလမ်းကြောင်းတွေက တစ်ဆင့် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ ပြီးပါပြီ”ဟု ဆင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဧပြီ ၁ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦးနှင်…

Read More

ပီရူးသမ္မတ ဒိုင်နာဘိုလူအာတေး ဝတ်ထားသည်ကို မြင်ရသော ရိုးလက်စ်နာရီများကို ၎င်း မည်သို့မည်ပုံရရှိခဲ့သလဲဆိုသည့် ကိစ္စအား စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိစဉ် ဧပြီ ၁ ရက်တွင် ဖြစ်ပေါ်လာသော အစိုးရအဖွဲ့အပြောင်းအလဲတွင် ပီရူးဝန်ကြီးခြောက်ဦး နုတ်ထွက်သွားခဲ့သည်။ ပီရူး၌ ရိုးလက်စ်နာရီအရှုပ်တော်ပုံဖြစ်ပွားနေခြင်းနှင့်အတူ ပထမဆုံးနုတ်ထွက်သွားသော ဝန်ကြီးမှာ ပြည်ထဲရေးဝန်ကြီး ဗစ်တာတောရက်စ်ဖြစ်သည်။ ၎င်း၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲများက သမ္မတ၏အိမ်နှင့်ရုံးခန်းတို့ကို စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီးနောက်နှစ်ရက်အကြာတွင် ပြည်ထဲရေးဝန်ကြီး နုတ်ထွက်သွားခြင်းဖြစ်သည်။ ထို့နောက် နာရီပိုင်းအတွင်းတွင် အခြားဝန်ကြီးငါးဦးသည် နုတ်ထွက်သွားခဲ့သည်။ နုတ်ထွက်သွားသောဝန်ကြီးများမှာ အမျိုးသမီးရေးရာ ဝန်ကြီး၊ပညာရေးဝန်ကြီး၊ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး၊ ကုန်ထုတ်လုပ်ရေးဝန်ကြီး၊ ပြည်ပကုန်သွယ်ရေး ဝန်ကြီးတို့ဖြစ်သည်။ အစိုးရအဖွဲ့သည် ဝန်ကြီးများနုတ်ထွက်သွားရသည့် ကိစ္စကို ရှင်းလင်းပြောကြားခြင်းမရှိခဲ့ပေ။ သို့ရာတွင် ဝန်ကြီးချုပ်သစ် ဂူစတာဗိုအက်ဒရီယန်ဇန်နှင့်၎င်း၏ဝန်ကြီးအဖွဲ့တို့ ကွန်ဂရက်တွင် ကျမ်းမကျိန်မီနှစ်ရက်အလို တွင် ဝန်ကြီးခြောက်ဦးနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ကွန်ဂရက်တွင် ဝန်ကြီးချုပ်သစ်ကျမ်းကျိန်မည့်ကိစ္စကို လွန်ခဲ့သောတစ်လတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁ ရက်ညပိုင်းတွင် သမ္မတဘိုလူအာတေးသည် ရာထူးမှထွက်သွားသော ဝန်ကြီးခြောက်ဦးနေရာတွင် အစားထိုးရန် ဝန်ကြီးအသစ်ခြောက်ဦးကို ကျမ်းသစ္စာကျိန်ဆိုစေခဲ့သည်။ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် မိမိနုတ်ထွက်ခဲ့သည်ဟုအစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် တော်ရက်စ်က ပြောကြားခဲ့သည်။ သို့ရာတွင် လွန်ခဲ့သောရက်ပိုင်းက သမ္မတ၏အိမ်ကိုရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုလုပ်ဆောင်ခဲ့သည့်အတွက် အပြစ်ပေးခံရသည့်အနေဖြင့် ပြည်ထဲရေးဝန်ကြီးတော်ရက်စ်ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟုအများစုက ရှုမြင်ထားသည်။ ထို့အပြင်လမ်းပေါ်က ရာဇဝတ်မှုများမြင့်တက်လာခြင်းအတွက် ၎င်းသည် ကွန်ဂရက်တွင် ဖိအားပေးခြင်းခံခဲ့ရသည်။ မိမိ နုတ်ထွက်မည့်ကိစ္စကို သမ္မတဘိုလူအာတေးနှင့်အတူ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တော်ရက်စ်က ပြောကြားခဲ့သည်။ “ကျွန်တော်က သမ္မတကို မေတ္တာရပ်ခံပြီး နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ သမ္မတကလည်း လက်ခံခဲ့ပါတယ်”ဟု တော်ရက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ပီရူးနိုင်ငံရေးသည် ရှုပ်ထွေးသောလောကဖြစ်သည်။ လွန်ခဲ့သော ရှစ်နှစ်အတွင်းတွင်…

Read More

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ အွန်လိုင်းရက်ချိန်း အောက်တိုဘာအထိ ပြည့်နေကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် အောက်တိုဘာ ၂၃ ရက်အထိ အွန်လိုင်းရက်ချိန်းများ ပြည့်နေပြီး အခြား သော နေရာများတွင်လည်း အနည်းဆုံးဇွန်လ အထိ ရက်ချိန်းပြည့်နေသည်ကို တွေ့ရသည်။ နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် ဇွန် ၄ ရက်အထိလည်းကောင်း၊ မန္တလေးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင် သြဂုတ် ၂၃ ရက်အထိလည်းကောင်း၊ ပုသိမ်မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တွင် ဇူလိုင် ၁၀ ရက်အထိလည်းကောင်း၊ ပဲခူး မြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သြဂုတ် ၁၄ ရက်အထိလည်းကောင်း ရက်ချိန်း များ ပြည့်နေသည်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၏ ကြေညာချက်အရ သိရ သည်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) တွင် online Booking တင်၍ QR စနစ် ဖြင့် ၂၇၀၀ ဦးနှုန်းဖြင့်လည်းကောင်း၊ နေပြည် တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူး မြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်းလည်း ကောင်း ရုံးဖွင့်ရက်များ၌ နေ့စဉ်လက်ခံဆောင် ရွက်ပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံးက ကြေညာထားကြောင်း သိရသည်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်ပြီး…

Read More

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးခြံစည်းရိုးတွင် ဧပြီ ၄ ရက် နံနက်ပိုင်းအချိန်က အချိန်ကိုက်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ ဧပြီလ ၄ ရက် နံနက် ၈ နာရီအချိန်ခန့်က အဆိုပါ မြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘက်မှ ပေါက်ကွဲသံကြားလိုက်ရကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောကြားသည်။ ၎င်းင်းကဆက်လက်ပြီး ]]လူထိခိုက်မှုမရှိ ပေမယ့် အုပ်ချုပ်ရေးမှူးရုံးအဆောက်အအုံ မျက်နှာကျက်တွေနဲ့ ပြတင်းပေါက်တွေ ထိ ခိုက်ပျက်စီးနေတာမျိုးတွေ့ရတယ်}} ဟု ပြော ကြားသည်။ ထို မုဒုံမြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး တွင် အချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရှာဖွေခြင်းများ လုပ် ဆောင်ခဲ့ကြောင်းလည်း ၎င်းင်းမြို့ခံက ဆိုသည်။ ထို့အပြင် မုဒုံမြို့အဝင်အထွက်နေရာ များရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ် ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ လုံခြုံရေး တင်းကြပ်ထားကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။ မုဒုံမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအပြင် မုဒုံမြို့မရဲစခန်းမှာလည်း မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကလည်း မုဒုံမြို့မရဲစခန်း အနီးတွင် အသေခံဒရုန်းယာဉ်တစ်စီး ပေါက်ကွဲပျက်ကျ မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Read More

Quick loan အမည်ရှိ Application သည် ဗဟိုဘဏ် Logo အား အလွဲသုံးစားပြု၍ ကိုယ်ရေးအချက်အလက်များ၊ ငွေကြေးများကို လိမ်လည်ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။ ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ၊ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများထံသို့ ခွင့်ပြုထုတ်ပေးထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။ အဆိုပါလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့အား ခွင့်ပြုထုတ်ပေးထားသည့်စာရင်းကို https://www.cbm.gov.mm/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ယင်းငွေရေးကြေးရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာလိုင်စင်/ မှတ်ပုံတင်လက်မှတ်တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွင်း၌ တရားဝင်ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။ သို့ရာတွင် Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် ဗဟိုဘဏ်မှ မည်သည့်လုပ်ငန်းလိုင်စင်မှ ရယူထားခြင်းမရှိဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Logo အား အလွဲသုံးစားပြုလုပ်၍ တရားမဝင်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ချေးငွေရယူနိုင်ကြောင်းကြော်ငြာကာ ပြည်သူများ၏အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များနှင့် ငွေကြေးများကို ယင်း Application မှတစ်ဆင့် လိမ်ညာလှည့်ဖြားပြီး ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းတွေ့ရှိရသည်ဟု ဗဟိုဘဏ်က ဆိုသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဤလိမ်ညာလှည့်ဖြားသူများ၏အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြရန်နှင့် အလားတူ မဟုတ်မမှန်သော မသမာမှုလုပ်ငန်းများကို ရှောင်ရှားကြပါရန် တိုက်တွန်းအပ်ပါကြောင်း၊ ဗဟိုဘဏ်သည် ယင်းလိမ်ညာလှည့်ဖြားမှုနှင့် သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က…

Read More

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းတိုက်စစ်မှူး ဟာလန်းအပေါ် မန်ယူဂန္ထဝင် ရွိုင်ကင်း ပြောဆိုခဲ့သည့်မှတ်ချက်အား သဘောမတူကြောင်း ပြောကြားခဲ့သည်။ မန်စီးတီး (၀-၀) အာဆင်နယ်ပွဲအပြီးတွင် ရွိုင်ကင်းက ဟာလန်းသည် League Two ကစားသမားအဆင့်သာရှိသည်ဟု ဝေဖန်ခဲ့သည်။ ယင်းဝေဖန်မှုနှင့်ပတ်သက်ပြီး ဂွါဒီယိုလာက ”ရွိုင်ကင်းရဲ့မှတ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။ ဒါဟာ ကျွန်တော်က ရွိုင်ကင်းကို League Two ဒါမှမဟုတ် League Three နည်းပြအဆင့်ပဲ ရှိတယ်လို့ပြောသလိုပါပဲ။ ဒါကမဟုတ်ဘူးလေ”ဟုဆိုခဲ့သည်။

Read More

ဘာစီလိုနာအသင်းနည်းပြ ဇာဗီသည် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ဇာဗီသည် ယခုရာသီတွင် ဘာစီလိုနာအသင်း ရလဒ်များ ဆိုးရွားနေချိန်ဖြစ်သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ယခုရာသီကုန်တွင်အသင်း မှထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့သူဖြစ်သည်။ သို့သော် ဘာစီလိုနာအသင်းသည် ယင်းနောက်ပိုင်းတွင် ရလဒ်များ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အသင်းဘုတ်အဖွဲ့ဝင်များကလည်း ဇာဗီကို အသင်းတွင် ဆက်နေရန်ဆန္ဒရှိနေကြောင်း သိရသည်။ ထို့ပြင် ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာနှင့် အသင်းအားကစားဒါရိုက်တာ ဒေကိုတို့ကလည်း ဇာဗီကို အသင်းတွင် ဆက်နေစေလိုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ကြသည်။ ထို့ကြောင့် ဇာဗီသည် ၎င်း၏ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖွယ်ရှိနေပြီး ထိပ်တန်းကစားသမားများခေါ်ယူပေးရန် တောင်းဆိုဖွယ်ရှိကြောင်း သိရှိရသည်။

Read More

အာဆင်နယ်တိုက်စစ်ကစားသမား ဂျေးဇူးက အသင်းကိုကူညီရန်အတွက် မိမိအနေဖြင့် နေရာစုံတွင် ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။ ဂျေးဇူးသည် မန်စီးတီး (၀-၀) အာဆင်နယ်ပွဲတွင် တောင်ပံထွက်ကစားခဲ့ရပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျေးဇူးက ”ကျွန်တော်ကတော့ အသင်းကို ကူညီဖို့အတွက် အရာအားလုံးကို ကျွန်တော် လုပ်ဆောင်နေပါတယ်။ အသင်းအတွက် အကူအညီဖြစ်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဘယ်နေရာမှာပဲ ကစားရ ကစားရ ကိစ္စမရှိပါဘူး။ ကျွန်တော့်အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ တောင်ပံထွက်ကစားပြီး အခွင့်အရေးအချို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုကစားရတာက အသင်းအတွက် အကူအညီဖြစ်တယ်လို့လည်း ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

Read More