Author: admin

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့မှ နမ့်ဆန်မြို့-နမ္မတူမြို့-မန်တုံမြို့သို့ ဆက်သွယ်ထားသည့် ဆက်သွယ်ထားသည့် မိုးတေတံတား ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ဖောက်ခွဲဖျက်ဆီးခံရခြင်းကြောင့် နမ္မတူ၊ နမ့်ဆန်၊ မန်တုန်၊ နမ့်ခမ်းနှင့် မူဆယ်မြို့တို့မှ အဝေးကို စစ်ရှောင်ကြသည့် စစ်ဘေးရှောင်များအတွက် အလုံးစုံအခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်သူများထံမှ သိရသည်။ “နမ္မတူမြို့နယ်နဲ့ သီပေါမြို့နယ် နယ်စပ်ဆိုင်းဘုတ်နားက မိုးတေတံတား မနေ့ညနေက ဖောက်ခွဲ ဖျက်ဆီးခံရတယ်၊ အဝေးကို စစ်ရှောင်ကျတဲ့ နမ္မတူသား နမ့်ဆန်သား မန်တုန်သားတွေ မူဆယ်သား နမ့်ခမ်းသားတွေ လမ်းမှာ အလုံးစုံဒုက္ခတွေ့ရနေရတယ်။ ပြည်ထောင်စုလမ်းမကြီးက တံတားတွေ အားလုံးနိီးပါ ဖျက်ဆီးခံထားရတယ်၊ မြောက်ပိုင်းရဲ့စစ်ရေးအရှိန်ကမြင့်နေတော့ အားလုံးက အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ ဒီတံတားပါထပ်ချိုးခံရတော့ အိမ်ပြန်ချိန်တွေ ပိုဝေးပြီပေါ့၊ မူဆယ်ကနေ မန်းလေးဆင်းလာကျတဲ့ စစ်ရှောင်ခရီးသည်များ ပန်လုံမှာ ပိတ်မိနေကျတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောကြားသည်။ မိုးတေချောင်းတံတားသည် သီပေါ – နမ္မတူ-မန်တုံ- နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ၎င်းတံတားအား မည်သည့်အဖွဲ့အစည်းမှ ဖောက်ခွဲဖျက်ဆီးခဲ့‌သည်ကို Eleven Medai အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံးစမ်းလျက်ရှိပြိး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ထိုတံတားအား ၎င်းတို့ မိုင်းထောင်ဖောက်ခွဲမှု မလုပ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် ထုတ်ပြန်ကြေညာကာ‌‌ ဒေသတွင်း မီဒီယာအချို့ထံ ဖြေကြားထားသည်ကို တွေ့ရသည်။ အဆိုပါတံတားအား‌ ‌မိုးတေရွာဒေသခံများက သစ်များဖြင့် ခင်းကာ ယာယီဖြတ်သန်းသွားလာနိုင်ရန် ပြုလုပ်လျက်ရှိကြောင်း မိုးတွေရွာခံများက ပြောကြားသည်။ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့်…

Read More

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများမှ မြေယာများနှင့်စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမှုများပြန်လည်စတင် ၍ လက်ခံရရှိနေကြောင်း မြန်မာ-ဂျပန်သီလ ၀ါဒီပလော့မင့်လီမိတက်မှ သိရသည်။ မြန်မာ-ဂျပန်သီလ ၀ါဒီပလော့မင့်လီမိတက်(MJTD)သည် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်ဝက်အတွက် အသားတင်အမြတ်ငွေဒေါ်လာ နှစ်သန်းရရှိခဲ့ကြောင်း၊ အမြတ်လက်ကျန် ဒေါ်လာ ၅၇ ဒသမ ၄ သန်းနှင့် ငွေနှင့်ငွေ သားညီမျှခြင်းလက်ကျန်များအနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဒေါ်လာ ၄၅ သန်း ပိုင်ဆိုင်ထားသည်။ သီလဝါအထူးစီးပွားရေးဇုန်၏ တည်ငြိမ်သောပတ်ဝန်းကျင်နှင့် အရည်အသွေးမြင့်မားသော အခြေခံအဆောက်အဦများအပြင် အထူးစီးပွားရေးဇုန်၏ အထူးခံစားခွင့်များကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှမြေ ယာများနှင့် စက်ရုံငှားရမ်းခြင်းနှင့်ဆိုင်သော စုံစမ်းမေးမြန်းမှုများ ပြန်လည်စတင်၍ လက်ခံရရှိပြီဖြစ်ကြောင်း၊ အဓိကဝင်ငွေအနေဖြင့် ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများ၊ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေနှင့်လျှပ်စစ်မီးလုပ်ငန်းများမှရရှိခဲ့ကြောင်း၊ ထို့ပြင် MJTD ၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ် လုပ်ရေး(ဆိုလာပရောဂျက်)မှလည်း လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေစီးဆင်းမှုရရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သီလဝါပရောပါတီးဒီဗလော့မန့် (TPD)သည် သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ရှိသည့်လူနေအိမ်ရာနှင့်စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ စျေးကွက်တင်ရောင်းချခြင်းနှင့် နှစ်ရည်ငှားရမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် တည်ထောင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေသော လေးနှစ်တာကာလနှင့်ပတ်သက်သော ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များအိမ်၊ခြံ၊မြေကဏ္ဍစျေးကွက်များ နှေးကွေးကျဆင်းခြင်း၊ ငွေလဲလှယ်နှုန်းမတည်ငြိမ်ခြင်းတို့ ကြောင့် ကုမ္ပဏီ၏ဝင်ငွေကို အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း၊ ယင်းအကျိုးဆက်များကြောင့် စက်တင်ဘာ ၃၀ ရက်တွင်ကုန်ဆုံးသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဝက်အတွက် အရှုံးကျပ် ၂၁၄ သန်းပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေနှစ်အတွင်း နှစ်ရည်မြေငှားရမ်းခြင်းရှိခဲ့ပြီး ၎င်းမြေ ငှားရမ်းမှုဝင်ငွေနှင့်အမြတ်ငွေတို့သည့် လာမည့်နှစ်ကုန်ဘဏ္ဍာရေးရှင်းတမ်းတွင် ကော င်းမွန်သည့်ဘဏ္ဍာရေးအကျိုးအမြတ်များ…

Read More

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Shopping လုပ်ငန်းများလာမည့်ဇန်နဝါရီ ၁ ရက်မှစ၍ နှစ်နှစ်သက်တမ်းရှိသည့် မှတ်ပုံတင်များခွင့်ပြုမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး အများဆုံး ကျပ် ၇၀၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ခွင့်ပြုခဲ့သော မှတ်ပုံတင်များအတွက် သက်တမ်းခြောက်လဖြင့် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Sales လုပ်ငန်းမှတ်ပုံတင်ခြင်း အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင် ခွင့်ပြုမည့်မှတ်ပုံတင်များအား သက်တမ်းနှစ်နှစ်အထိ ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်နှုန်းထားများဖြင့် မှတ်ပုံတင်ကြေးကောက်ခံကြေး ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။ ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းများအတွက် မှတ်ပုံတင်ကြေး ကျပ် ၇၀၀၀၀၊ SME လုပ်ငန်းဆိုင်ရာအသိအမှတ်ပြုထားသည့် အထောက်အထားတစ်ခုခုပါရှိသည့် ကုမ္ပဏီ(သို့)စီးပွားရေးအဖွဲ့အစည်းအတွက် မှတ်ပုံတင်ကြေး ကျပ် ၅၀၀၀၀၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ကျပ် ၃၀၀၀၀ သတ်မှတ်ထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ထုတ်ပြန်ထားသည်။ယင်းအမိန့်အရ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်မှာ မှတ်ပုံတင်လက်မှတ်ရရှိသူသည် ရောင်းချသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရမည်၊ ရောင်းချသောကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အရောင်းပြေစာပေးအပ်ရမည်၊ ရောင်းချသောကုန်စည်သို့မဟုတ် ဝန် ဆောင်မှုနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့်အာမခံချက်များ ပေးအပ်ရမည်၊ ရောင်းချသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအတွက် ကျသင့်တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေးပြည့်မီစေရန်…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူးနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရမည့်အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုနှင့် အကူအညီ ပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ သတင်းအချက်အလက်အပြန် အလှန်ဖလှယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Read More

မန္တလေးတိုင်းရှိ မြို့နယ် ၁၃ မြို့နယ်မှ တောင်သူများအား ဆောင်းသီးနှံချေးငွေထုတ်ချေးပေးရန် ကျပ် သန်းပေါင်း ၄၀၀၀ ကျော် ထုတ်ချေးပေးရန်လျာထားပြီး တောင်သူများအား စတင်ထုတ်ချေးပေးနေကာ လက်ရှိအချိန်အထိ ကျပ်သန်း ၁၄၅၂ ဒသမ ၈၀ ကို ထုတ်ချေးပေးထားပြီး ဆက်လက်ထုတ်ချေးနေသည်ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။ “မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများအား ၂၀၁၉ ခုနှစ် ဆောင်းသီးနှံချေးငွေထုတ်ချေးပေးမှုမှာ ၁၉ ဒသမ ၈၂ ဘီလျံသာ ထုတ်ချေးပေးခဲ့ပြီး ၂၀၂ဝခုနှစ် ဆောင်းချေးငွေကို ၂၀ ဒသမ ၀၄၄ ဘီလျံ ထုတ်ချေးပေး ခဲ့ကြောင်း၊ ၂၀၂၂ ဆောင်းချေးငွေကို ၇၅၆ ဒသမ ၆၀ ကျပ်သန်း ထုတ်ချေးခဲ့ကြောင်း၊ ယခုနှစ်တွင် ၂၀၂၃ ဆောင်းသီးနှံချေးငွေကို ကျပ်သန်း ၄၀၀၀ ကျော် လျာထားပြီး ကျပ်သန်း ၂၀၀၀ က ထုတ်ချေးပေးဖို့အတွက် ခွင့်ပြုချက်ရရှိထားပြီး ချေးငွေလိုအပ်ချက်ရှိပါက ထပ်မံ၍ ခွင့်ပြုချက်ရယူသွားမည်” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောကြားသည်။ “ဆောင်းချေးငွေကို တောင်သူတွေ အဆင်ပြေအောင်လို့ ချေးငွေကာလကို နောက်ထပ်တစ်လ ထပ်တိုး ထားပါတယ်။ မန္တလေးတိုင်းဒေသကြီး မြန်မာလယ်ယာဖွံ့ဖြိုး ရေးဘဏ်အနေနဲ့ ယနေ့ ၂၉ရက်နေ့အထိ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာပေါင်း ၁၁၄ ရွာရှိ တောင်သူဦးရေ ၃၂၆၈ ဦးရဲ့ စိုက်ပျိုးဧကပေါင်း ၁၄၁၆၅ ဧက အတွက်ကို ကျပ်သန်းပေါင်း ၁၄၅၂ ဒသမ ၈၀ ကျပ်သန်းကို ထုတ်ချေးပြီးဖြစ်ပါတယ်။…

Read More

ပုဂံခရီးစဉ်ဒေသသို့ ၂၀၂၃ ခုနှစ် ဇန်န ၀ါရီလမှ ဒီဇင်ဘာ ၂၅ ရက်အထိ ခရီးသွား၂ ဒသမ ၃၂ သန်း လာရောက်လည်ပတ်ခဲ့ကြပြီး နှစ်သစ်ကူး ပိတ်ရက်အတွက် ဟိုတယ်၊မိုတယ် နှင့် တည်းခိုရိပ်သာများ ၈၀ ရာခိုင်နှုန်း အခန်း များပြည့်နေကြောင်း စုံစမ်းသိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့ ဃသလငိ -၁၉ ကပ်ရောဂါဖြစ်ခဲ့သည့်၂၀၁၉ ခုနှစ်နောက်ပိုင်းလေးနှစ်အတွင်း ပုဂံခရီးစဉ် ဒေသသို့ ၂၀၂၂ ခုနှစ်က ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ယခု၂၀၂၃ ခုနှစ် ဇန်န ၀ါရီ လမှ ဒီဇင်ဘာ ၂၅ ရက်အထိ လူဦးရေ ၂ ဒသမ ၃၂ သန်း ဝင်ရောက်ခဲ့ပြီး နှစ်အလိုက် နှိင်းယဉ်ကြည့်ပါက ပြီးခဲ့သည့် နှစ်ထက် ယခုနှစ်မှာ ခရီးသွားဘုရားဖူးဧည့်သည် နှစ် ဆ ဝင်ရောက်လာကြောင်း၊ လူဦးရေ တစ် သန်းကျော် ပိုမိုလာရောက်လည်ပတ်ခဲ့ကြ ကြောင်း၊ နှစ်သစ်ကူး ပိတ်ရက်အတွက် လည် ပတ်ရန် ဟိုတယ် မိုတယ် တည်းခိုရိပ်သာများ အခန်းယူထားမှု ၈ဝရာခိုင်နှုန်း ရှိသည်ဟု ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံ ရုံးခွဲ) ထံမှ သိရသည်။ “ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ ခရီးစဉ်ဒေသမှာဆို ဟိုတယ် မိုတယ် တည်းခို ရိပ် သာ ၈၉ လုံးကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ ပုဂံ ခရီးစဉ်…

Read More

မန်စီးတီးအသင်းသည် အက်စတွန်ဗီလာအသင်းမှ အသင်းကွင်းလယ်ကစားသမားဟောင်း ဒူးဂလပ်စ်လူးဝစ်ဇ်အား ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း Manchester Evening News က ဖော်ပြခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဒူးဂလပ်စ်လူးဝစ်ဇ်သည် ၂၀၁၇ ခုနှစ်တွင် ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းမှ မန်စီးတီး အသင်းထံသို့ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် မန်စီးတီးအသင်းတွင် နေရာမရဘဲ ၂၀၁၇ ခုနှစ်မှာပင် မန်စီးတီး အသင်း၏ပိုင်ရှင်များဖြစ်သည့် City Football Group က ပိုင်ဆိုင်သည့် စပိန်ကလပ် ဂျီရိုနာအသင်းထံ နှစ်ရာသီဆက်တိုက် အငှားချခံခဲ့ရသည်။ ယင်းနောက် ၂၀၁၉ ခုနှစ်တွင် မန်စီးတီးအသင်းသည် ဒူးဂလပ်စ်လူးဝစ်ဇ်အား အက်စတွန်ဗီလာအသင်းထံသို့ ယူရို ၁၆ ဒသမ ၈ သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ဒူးဂလပ်စ်လူူးဝစ်ဇ်သည် အက်စတွန်ဗီလာအသင်းတွင် ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၈ ပွဲတွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု ငါးကြိမ်အထိ ပြုလုပ်ထားသည်။ ထို့ကြောင့် ဒူးဂလပ်စ်လူးဝစ်အား ခေါ်ယူရန် အာဆင်နယ်၊ လီဗာပူးလ်တို့အပြင် ဥရောပထိပ်တန်း အသင်းကြီးအချို့က စိတ်ဝင်စားနေကြပြီး ယခုအခါ မန်စီးတီးအသင်းကပါ ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်သည်။ မန်စီးတီးအသင်းသည် လာမည့် ဇန်နဝါရီတွင် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ကွင်းလယ်ကစားသမား ကယ်လ်ဗင်ဖီးလစ်ကို ရောင်းထုတ်ရန်စီစဉ်နေပြီး ၎င်းနေရာတွင် ဒူးဂလပ်စ်လူးဝစ်ဇ်ကို အစားခေါ်ယူလိုနေကြောင်း သိရသည်။ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်သည် လက်ရှိတွင် အက်စတွန်ဗီလာအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားပြီး အက်စတွန်ဗီလာအသင်းက ၎င်းကို ရောင်းချလိုခြင်းမရှိကြောင်း…

Read More

အိုင်ယာလန်နာမည်ကြီး MMA ကစားသမား မက်ဂရီဂေါ်သည် ပြီးခဲ့သည့်စနေနေ့ က ပြုလုပ်ခဲ့သော Day of Reckoning လက်ဝှေ့ပွဲတော်တွင် ပေါ်တူဂီနာမည်ကျော် ဘောလုံးသမား စီရော်နယ်လ်ဒို၊ ဆော်ဒီအကြံပေး တာ့ခ်အလာရှစ်တို့နှင့်အတူ ထိုင်နေ သည့်ပုံကို Instagram တွင် တင်ရှိကာ အရေးပါသောကြေညာချက်များ မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဂရီဂေါ်သည် ရှေ့ဆုံးတွင် စီရော်နယ်လ်ဒိုနှင့် အတူထိုင်ကာ လက်ဝှေ့ပွဲကို ကြည့်ရှုခဲ့ကြပြီး သူ၏စကားများမှုကြောင့် စီရော်နယ်လ်ဒို စိတ်ပျက်နေသည့် ပုံရိပ်များကလည်း လူမှုကွန်ရက်တွင် ပရိသတ်များအတွက် လှောင်ရယ်စရာ ဖြစ်ခဲ့သည်။ ယင်းပွဲတော်တွင် မက်ဂရီဂေါ်ကို သူ၏အနာဂတ်လက်ဝှေ့ပွဲများနှင့် ၀ိတ်တန်းရှစ်ခု ကမ္ဘာ့ချန်ပီယံဟောင်း ပက်ကီယောင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် ထိုးသတ်နိုင်ခြေ ရှိ၊ မရှိကို အင်တာဗျူးတစ်ခု၌ မေးမြန်းခဲ့သည်။ သို့သော် မက်ဂရီဂေါ်က Octagon သို့ပြန်လာရန်အတွက် UFC နှင့် မည်သည့်ဆွေးနွေးမှုမျှ မရှိသေးကြောင်း၊ ပက်ကီယောင်းနှင့်မူ ကနဦးဆွေးနွေးမှု ပြု လုပ်နေကြောင်း တုံ့ပြန်ခဲ့သည်။ မက်ဂရီဂေါ် သည် ၂၀၂၁ ခုနှစ်က ဒပ်စတင်ပိုရီယေးနှင့် UFC264 ပွဲတွင် နောက်ဆုံးထိုးသတ်ခဲ့ပြီး ယင်းပွဲအတွင်း ခြေထောက်ကျိုးမှုကြောင့် ပွဲကို အရှုံးပေးခဲ့ရသည်။ ၎င်းအနေဖြင့် လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်းမှုကို စတင်နေပြီး Octagon သို့ပြန်လာရန် ပြင်ဆင်လျက်ရှိသည်။ လာမည့်နှစ်၌ပြုလုပ်မည့် UFC 300 ပွဲစဉ်တွင် မိုက်ကယ်ချန်ဒလာနှင့် ထိုးသတ်ဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ မက်ဂရီဂေါ်အနေဖြင့် UFC ပွဲ ပြန်လည်ထိုးသတ်ခွင့်မရလျှင် လက်ဝှေ့ပွဲ ထပ်မံထိုးသတ်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း…

Read More

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဘရိုက်တန်အသင်းအား (၂-၄) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး ယင်းရှုံးပွဲမှ သင်ခန်းစာယူကြရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက် (ကြာပတေးနေ့)က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ၌ စပါးအသင်းသည် အဝေးကွင်းတွင် ဘရိုက်တန်အသင်းကို (၂-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ စပါးအသင်းသည် အဆိုပါပွဲစဉ်တွင် ဘရိုက်တန်အသင်းကို (၀-၄) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် ဗီလစ်ဇ်နှင့် ပွဲချိန် ၈၅ မိနစ်တွင် ဘင်ဒေးဗီးစ်တို့၏ သွင်းဂိုးများကြောင့် ချေပဂိုးနှစ်ဂိုး ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ ဆွန်ဟောင်မင်က ၎င်းတို့အသင်းအနေဖြင့် ရည်မှန်းထားသည့်အတိုင်း မကစားနိုင်ခဲ့ကြောင်းနှင့် အသင်း၏စွမ်းဆောင်ရည်မှာ ဆိုးရွားလွန်းကြောင်း ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွန်ဟောင်မင်က “ရာသီအစက ကျွန်တော်တို့ ရည်မှန်းထားတာနဲ့ အခုဖြစ် နေတာတွေက လွဲနေပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ အရင်က စွမ်းဆောင်ခဲ့သလိုမျိုး ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာတွေ အမှားလုပ်ခဲ့တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကစားနေရတဲ့ အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့အနေနဲ့ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးပြီး အပြစ်တင်နေလို့ မရပါဘူး”ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဆွန်ဟောင်မင်က အသင်းကစားသမားများအနေဖြင့် ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ၎င်းတို့အသင်းအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်ကြောင်းလည်း ပြောကြားသည်။ “ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တိုင်းမှာ ဘရိုက်တန်အသင်းကို ကစားခဲ့တဲ့ ပွဲချိန်နောက်ဆုံး ၁၅ မိနစ်ကအတိုင်း ကစားနိုင်ဖို့ လိုပါတယ်။ အဲဒီလို မကစားနိုင်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ရလဒ်ကောင်းတွေ…

Read More

ဆော်ဒီကလပ် အယ်လ်အာလီအသင်းတွင် အဆင်မပြေဖြစ်နေသည့် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဖေမီနိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများက စိတ်ဝင်စားနေကြောင်း talkSPORT က ဖော်ပြခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဖေမီနိုသည် ၂၀၂၂ -၂၃ ရာသီကုန်တွင် ရှစ်ရာသီကြာကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လမ်းခွဲကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ဖေမီနိုသည် အယ်လ်အာလီကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်တွင် ဟက်ထရစ် (သုံးဂိုး) သွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရသည်။ ထို့ပြင် ဖေမီနိုအနေဖြင့် ခြေစွမ်းမပြနိုင်ခြင်းကြောင့် အသင်းအားပေးသူပရိသတ်များ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။ အယ်လ်အာလီအသင်းသည် ယခုရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၉ အပြီးတွင် ၁၂ ပွဲနိုင်၊ လေးပွဲသရေ၊ သုံးပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် ၄၀ မှတ်ဖြင့် အဆင့်သုံးနေရာ၌ ရပ်တည်နေသော်လည်း အမှတ်ပေးဇယား ထိပ်ဆုံးမှ အယ်လ်ဟီလာအသင်း (၅၃ မှတ်) နှင့် ၁၃ မှတ်အထိ ကွာဟနေသည်။ အယ်လ်အာလီအသင်းခေါင်းဆောင် ဖေမီနိုအနေဖြင့် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲတွင် သုံးဂိုးသာ သွင်းယူနိုင်ထားသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ပြင် ဖေမီနိုကိုယ်တိုင်ကလည်း အယ်လ်အာလီအသင်း၏ နည်းစနစ်များကို သဘောမကျဖြစ်နေပြီး အသင်းနှင့် ၎င်းတို့အကြား အဆင်မပြေမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ယင်းအခြေအနေတွင် အယ်လ်အာလီအသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းတိုက်စစ်မှူး ဖေမီနိုကို အငှားချထားရန် စီစဉ်နေကြောင်း သိရသည်။ ထို့ကြောင့်…

Read More