Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 7
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

ဆော်ဒီကလပ် အယ်လ်အာလီအသင်းတွင် အဆင်မပြေဖြစ်နေသည့် ဖေမီနိုကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များ စိတ်ဝင်စားနေ

December 30, 20231 Min Read
Share
Facebook Twitter

ဆော်ဒီကလပ် အယ်လ်အာလီအသင်းတွင် အဆင်မပြေဖြစ်နေသည့် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဖေမီနိုအား ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများက စိတ်ဝင်စားနေကြောင်း talkSPORT က ဖော်ပြခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဖေမီနိုသည် ၂၀၂၂ -၂၃ ရာသီကုန်တွင် ရှစ်ရာသီကြာကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လမ်းခွဲကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

ဖေမီနိုသည် အယ်လ်အာလီကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်တွင် ဟက်ထရစ် (သုံးဂိုး) သွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရသည်။ ထို့ပြင် ဖေမီနိုအနေဖြင့် ခြေစွမ်းမပြနိုင်ခြင်းကြောင့် အသင်းအားပေးသူပရိသတ်များ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အယ်လ်အာလီအသင်းသည် ယခုရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၉ အပြီးတွင် ၁၂ ပွဲနိုင်၊ လေးပွဲသရေ၊ သုံးပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် ၄၀ မှတ်ဖြင့် အဆင့်သုံးနေရာ၌ ရပ်တည်နေသော်လည်း အမှတ်ပေးဇယား ထိပ်ဆုံးမှ အယ်လ်ဟီလာအသင်း (၅၃ မှတ်) နှင့် ၁၃ မှတ်အထိ ကွာဟနေသည်။

အယ်လ်အာလီအသင်းခေါင်းဆောင် ဖေမီနိုအနေဖြင့် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲတွင် သုံးဂိုးသာ သွင်းယူနိုင်ထားသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ပြင် ဖေမီနိုကိုယ်တိုင်ကလည်း အယ်လ်အာလီအသင်း၏ နည်းစနစ်များကို သဘောမကျဖြစ်နေပြီး အသင်းနှင့် ၎င်းတို့အကြား အဆင်မပြေမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယင်းအခြေအနေတွင် အယ်လ်အာလီအသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းတိုက်စစ်မှူး ဖေမီနိုကို အငှားချထားရန် စီစဉ်နေကြောင်း သိရသည်။ ထို့ကြောင့် ၎င်းကို ခေါ်ယူရန် နယူးကာဆယ်၊ ရှက်ဖီးယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်အပါအဝင် ပရီးမီး ယားလိဂ်ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

ထို့ပြင် အယ်လ်အာလီအသင်းတွင် အဆင်မပြေဖြစ်နေသည့် ဖေမီနိုအား ခေါ်ယူရန် တူရကီ နှင့် ဘရာဇီးလ်ကလပ်အသင်းများစွာကလည်း စိတ်ဝင်စားနေကြကြောင်း သတင်းများထွက်ပေါ်နေသည်။ အယ်လ်အာလီအသင်းကမူ ဖေမီနိုအား အငှားချမည်ဖြစ်သော်လည်း ၎င်းကို ဆော်ဒီပရိုလိဂ်တွင်သာ ဆက်ရှိနေစေလိုကြောင်း သိရသည်။

လက်ရှိတွင် ဖေမီနိုအား အငှားဖြင့် ခေါ်ယူရန် ဆော်ဒီကလပ်များဖြစ်သည့် အယ်လ်ရှာဘတ်၊ အယ်လ်အစ်တီဖာ၊ အယ်လ်ဖာတက်ချ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ အယ်လ်အစ်တီဖာအသင်းမှာ လီဗာပူးလ်ကစားသမားဟောင်း ဂျရတ်ကိုင်တွယ်နေပြီး ဖေမီနို၏ အသင်းဖော်များဖြစ်သည့် ဟန်ဒါဆန်နှင့် ၀ိုင်နယ်လ်ဒမ်းတို့ ကစားနေကြသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအစ္စရေးက ဆီးရီးယားတောင်ပိုင်းရှိ ပင်မဆီးရီးယားလေကြောင်း ကာကွယ်ရေးအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအစိုးရမီဒီယာ ဖော်ပြ
Next Article ဘရိုက်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲမှ အသင်း၏စွမ်းဆောင်ရည်ကို ဆွန်ဟောင်မင် ဝေဖန်ခဲ့ပြီး ရှုံးပွဲမှ သင်ခန်းစာယူကြရန် အသင်းဖော်များကို တိုက်တွန်း
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.