Author: admin

ချယ်လ်ဆီးအသင်းသည် ဥရောပဘောလုံးလောကတွင် နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရရှိသည့်အသင်းအဖြစ် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်၌ ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို(၁)ဘီလီယံကျော် သုံးစွဲထားခြင်းကြောင့် ငွေသုံးကြမ်းသည့်အသင်းအဖြစ် သတ်မှတ်ခံနေရသော်လည်း နောက်ဆုံး(၁၀)နှစ်အတွင်းတွင် ကစားသမားရောင်းချမှုမှ ငွေအများဆုံးပြန်ရှာနိုင်သည့်အသင်းအဖြစ် ရပ်တည်နေကြောင်း Transfermarkt ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။ Transfermarkt က ၂၀၁၄-၁၅ ရာသီမှ ပြီးခဲ့သည့်နွေရာသီအထိ အပြောင်းအရွှေ့အချက်အလက်များကို အခြေခံကာ ယခုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းသည် နောက်ဆုံး(၁၀)နှစ်အတွင်းတွင် ကစားသမားရောင်းချမှုမှ ယူရို(၁.၃၂) ဘီလီယံ ရရှိခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အဆိုပါ(၁၀)နှစ်အတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို(၂.၃၃)ဘီလီယံ သုံးစွဲခဲ့ပြီး ငွေကြေးအများဆုံးသုံးစွဲသည့်အသင်းအဖြစ်လည်း ဦးဆောင်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် နောက်ဆုံး(၁၀)နှစ်အတွင်း၌ ယူရိုသန်း (၁၀၀)အထက် ပေးချေရသည့် အန်ဇို၊ ကိုင်စီဒို၊ လူကာကူ တို့အပါအဝင် တန်ဖိုးကြီးကစားသမားခေါ်ယူမှုများစွာ ပြုလုပ်ခဲ့သည့်နည်းတူ ဟာဇက်အား ရီးယဲလ်အသင်းထံ ယူ ရို(၁၁၅)သန်းဖြင့် ရောင်းချခြင်းအပါအဝင် တန်ဖိုးကြီးကစားသမားရောင်းချမှုများစွာလည်း ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နှစ်မျိုးစလုံး၌ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ Transfermarkt သည် နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရရှိသည့် ကလပ်အသင်း(၅၀)စာရင်းကို ထုတ်ပြန်ခဲ့ရာ ထိပ်ဆုံး(၁၀) သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများထဲမှ ချယ်လ်ဆီးတစ်သင်းသာ ပါဝင်ခဲ့သည်။ မန်စီးတီးအသင်းက အဆင့်(၁၃)နေရာ၊ လီဗာပူးလ်အသင်းက အဆင့်(၁၅) နေရာသာရရှိခဲ့ပြီး ပရီးမီးယားလိဂ် Big Six စာရင်းဝင် ကျန်အသင်းများ၌ စပါးက အဆင့်(၂၆)နေရာ၊ မန်ယူက အဆင့်(၃၄)နေရာ၊ အာဆင်နယ်က အဆင့်(၄၃)နေရာအထိ ရောက်ရှိခဲ့သည်။ ချယ်လ်ဆီး၏နောက် ဒုတိယနေရာတွင် ဘင်ဖီကာ၊…

Read More

မြန်မာ့လက်ရွေးစင် နောက်ခံကစားသမားဖြစ်သူ စိုးမိုးကျော်သည် ၂၀၂၃- ၂၀၂၄ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် သုံးပတ်ဆက်တိုက် ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ ဖနွမ်းပင်ခရောင်းအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က ယခုရာသီ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်၁၈ အဖြစ် ကီရီဗောင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲတွင် နောက်ခံလူ စိုးမိုးကျော်သည် ဖနွမ်းပင်ခရောင်းအသင်း၏ ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ထောင့်ကန်ဘောမှတစ်ဆင့် အသင်းအတွက် စတုတ္ထမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စိုးမိုးကျော်သည် နောက်ခံကစားသမားတစ်ဦးဖြစ်သော်လည်း ဖနွမ်းပင်ခရောင်းအသင်း နောက်ဆုံးကစားခဲ့သည့် ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ သုံးပတ်ဆက်တိုက် ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စိုးမိုးကျော်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ပွဲစဉ်(၁၇) အဖြစ် ပရေးဗန်အသင်းအား(၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် ဦးဆောင်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ပြေးဝင်ပိတ်သွင်းယူပေးခဲ့သည်။ စိုးမိုးကျော်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က ပွဲစဉ်(၁၆) အဖြစ် တိုက်ဂါးအန်ကောအသင်းအား(၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် အဖွင့်ဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ စိုးမိုးကျော်သည် လက်ရှိတွင် ဖနွမ်းပင်ခရောင်းအသင်း၌ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေသလို ခြေစွမ်းပြကာ ဂိုးများသွင်းယူပေးနေလျက်ရှိကြောင်း သိရသည်။ ကမ္ဘောဒီးယားထိပ်သီးကလပ် ဖနွမ်းပင်ခရောင်းအသင်းသည် မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်ကို ယခုရာသီအစက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဖနွမ်းပင်ခရောင်းအသင်းသည် ၂၀၂၃- ၂၀၂၄ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၈…

Read More

ရိုးမားအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော မော်ရင်ဟိုသည် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ မော်ရင်ဟို(၆၀ နှစ်)သည် ဇန်နဝါရီ(၁၆)ရက်တွင် ရိုးမားအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်တော့မည်ဖြစ်ကြောင်း သတင်းထွက်ခဲ့သည်။ သို့သော် မော်ရင်ဟိုသည် အယ်လ်ရှာဘတ်အသင်း၏ မြင့်မားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ပတ်ဒရိုမိုရာတာက ဖော်ပြခဲ့သလို၊ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုကလည်း မော်ရင်ဟိုသည် အယ်လ်ရှာဘတ်အသင်း၏ နည်းပြ ဖြစ်လာမည်မဟုတ်ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းက မော်ရင်ဟိုသည် အသင်းသစ်ကို အလျင်စလိုရွေးချယ်သွားရန် ဆန္ဒမရှိကြောင်းလည်း Twitter တွင် ရေးသားခဲ့သည်။ သို့သော် Football Italia က မော်ရင်ဟိုသည် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် လာမည့်ရက်သတ္တပတ်အတွင်း ဆွေးနွေးမှုပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ဖော်ပြခဲ့သည်။ မော်ရင်ဟိုသည် အီတလီတွင်သာ ဆက်လက်နေထိုင်သွားလိုသည့်အတွက် နာပိုလီအသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ နာပိုလီအသင်းသည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေချန်ပီယံဆု ရရှိခဲ့ပြီးနောက် နည်းပြ စပယ်လက်တီက အနားယူရန်ဟူသည့် အကြောင်းပြချက်ဖြင့် လမ်းခွဲသွားသည့်အတွက် ပြင်သစ်နည်းပြ ရူဒီဂါစီယာကို ပြောင်းလဲခန့်အပ်ခဲ့ရသည်။ ရိုးမားနည်းပြဟောင်း ရူဒီဂါစီယာလက်ထက်တွင် ရလဒ်များ ကျဆင်းခဲ့သည့်အတွက် ဒီလော်ရန်းတစ်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် ၎င်းအား ရာထူးမှ ထုတ်ပယ်ပြီး လက်ရှိနည်းပြ ဝေါ်လ်တာမက်ဇာရီကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မက်ဇာရီသည် နာပိုလီအသင်းနည်းပြအဖြစ် ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာမူ…

Read More

မြောက်ကိုရီးယားသည် ဝင်ရိုးစုံ နိုင်ငံတကာအခင်းအကျင်းအသစ်တစ်ခု ထူထောင်ရန် ရုရှားနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က မော်စကိုမြို့တော်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးလက်ဗရော့ဗ်တို့နှင့် အစည်းအဝေးပြုလုပ် ခဲ့ပြီး ပူတင်တင်သည် မြောက်ကိုရီးယားသို့ လာရောက်လိုသည့် ၎င်း၏ဆန္ဒကို ထပ်မံအတည်ပြုခဲ့ကာ ထိုခရီးစဉ်သည် မကြာမီဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့် နှစ်စက်တင်ဘာလက ရုရှားသို့ သွားရောက်ခဲ့ပြီး ပူတင်နှင့်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် ရုရှားနှင့် ဆက်ဆံရေးများမြှင့်တင်ရန် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ကင်သည် သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရမှုကို ချိုးဖျက်ရန်ကြိုးပမ်းနေပြီး အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ထိပ်တိုက်တွေ့နေချိန်တွင် ၎င်း၏ရပ်တည်ချက်ကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းလျက်ရှိသည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သည့် သီးခြားအစီရင်ခံစာတွင် မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုအပေါ် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဝေဖန်ရှုတ်ချခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုသည် မိမိတို့၏ ကာ ကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်သည့် ပုံမှန်လုပ်ဆောင်ချက်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်မှု မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။မြောက်ကိုရီးယားသည် ပြီးခဲ့ သည့်ရက်ပိုင်းကလည်း ရေအောက်တိုက်ခိုက် ရေးလက်နက်စနစ်တစ်ခု စမ်းသပ်ခဲ့သည်။ မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ခြိမ်းခြောက်မှုများ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေဖြင့်…

Read More

၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျီဒါရက်ဖ်နှင့် ခါတွန်ပြည်နယ်များကို အစောပိုင်းကူးစက်ပျံ့နှံ့သည့် ကာလဝမ်းရောဂါသည် နောက်ပိုင်းတွင် အယ်ဂျားဇီးယား၊၀ိှုက်နိုင်း၊ ပင်လယ်နီနှင့် ကက်ဆာလာအပါအဝင်ပြည် နယ်အများအပြားသို့ ကူးစက်ပျံ့နှံ့ခဲ့သည်ဟု သိရသည်။ ယင်းရောဂါသည် ဆူဒန်နိုင်ငံသားသုံးသန်းကျော်ကို ကူးစက်နိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ ကျန်းမာရေးဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဟိုင်သမ်မိုဟာမက်အီဘရာဟင်က ဇန်နဝါရီ ၁၉ ရက်တွင် နိုင်းမြစ်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဆီဒွန်ဒေသရှိ အယ်ဒါမားဒေသအပါအဝင် နေရာသုံးနေရာတွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ ကာလဝမ်းရောဂါ ကုသရေးစင်တာများတွင် ကုသရေးလုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များကို အကောင်အထည်ဖော်လုပ်ဆောင်ရန် ဝန်ကြီးအီဘရာဟင်က ညွှန်ကြားခဲ့ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ အများအပြားကြောင့် ဖြစ်ပေါ်သော ကျန်းမာရေးအန္တရာယ်များကို နားလည်လက်ခံသည်ဟု ပြောကြားခဲ့သည်။ အီဘရာဟင်က ကြိုတင်ပြင်ဆင်မှုနှင့် ကျန်းမာရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုများ လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့ပြီး ဒေသတစ်ဝန်းတွင် ပုံမှန်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေဆိုးစနစ် ဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် အီဘရာဟင်က နိုင်ငံ၏အကြော ဆေးနှင့် ဆေးဝါးထောက်ပံ့မှုများ တည်ငြိမ်မှု ရှိရေး အာမခံပြောကြားခဲ့သည့်အပြင် ကူးစက်ရောဂါ တိုက်ဖျက်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ်များကို ထောက်ပံ့ပေးရန်နှင့် ဆူဒန်တစ်ဝန်း ပြည်သူ့ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးကို ထပ်တလဲလဲ ကတိပြု ပြောကြားခဲ့သည်။ အီဘရာဟင်က ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် ပံ့ပိုးကူညီမှုများဆောင်ရွက်ရန် ပေါင်းစပ်ကြိုးပမ်းမှုများ၏ အရေးပါပုံကို အလေးပေးပြောကြားခဲ့ပြီး ကူးစက်ရောဂါများ အကြောင်းအသိ ပညာပေးမှုများ ဆောင်ရွက်ကာ ကာလဝမ်းရောဂါပျံ့နှံ့မှု လျော့ပါးစေရန် ပတ်ဝန်းကျင်ကျန်းမာရေးစီမံခန့်ခွဲမှု၏ အရေးကြီးသောအခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်းလည်း ပြောကြားခဲ့သည်။ အစားအသောက်များကို ဖုံးအုပ်ထားခြင်း၊ လက်များကို…

Read More

အီသီယိုပီးယားနိုင်ငံအနေနှင့် ဆိုမာလီယာနိုင်ငံမှ ခွဲထွက်ဒေသတစ်ခုဖြစ်သည့် ဆိုမာလီလန်းနှင့် အငြင်းပွားဖွယ် ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းခြင်းမပြုပါက အီသီယိုပီးယားနှင့် ကြားဝင်စေ့စပ်မှုကို လုပ်ဆောင်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ပြောကြားခဲ့သည်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် အီသီယိုပီယားသည် ပင်လယ်ထဲသို့ ဝင်ရောက်ခွင့်ရရှိရန် ဇန်နဝါရီ ၁ ရက်က ဆိုမာလီလန်းနှင့် နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့ပြီးနောက် အာဖရိကဦးချိုဒေသတွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။ အပြန်အလှန်အနေဖြင့် ၁၉၉၁ ခုနှစ်က တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်းကို အီသီယိုပီးယားက တရားဝင် အသိအမှတ်ပြုရမည်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အီသီ ယိုပီးယားအစိုးရက ထိုသတင်းများကို အတည်မပြုခဲ့ပေ။ “အီသီယိုပီးယားအနေနဲ့ ဆိုမာလီလန်းနဲ့ တရားမဝင် နားလည်မှု စာချွန်လွှာကို ့ပြန်လည်မရုတ်သိမ်းဘူးဆိုရင် ကြားဝင်စေ့စပ်မှုတွေပြုလုပ်မှာ မဟုတ်ပါဘူး။ ဆိုမာလီယာရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို ထပ်လောင်းအတည်ပြုရပါတယ်”ဟု ဆိုမာလီယာ နိုင်ငံခြားရေးဝန်ကြီးဌာနက လူ မှုမီဒီယာတွင် ရေးသားခဲ့သည်။ အီသီယိုပီးယားနှင့် ဆိုမာလီယာတို့သည် နယ်မြေပိုင်ဆိုင်မှု ပြဿနာများဖြင့် ဆက်ဆံရေးကတောက် ကဆတ်ဖြစ်ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး ၂၀ ရာစုနှစ်ကုန်ပိုင်းတွင် စစ်ပွဲနှစ်ပွဲဖြစ်ပွားခဲ့သည်။ ဆိုမာလီလန်းအစိုးရကမူ ဆိုမာလီယာသည် လုံခြုံရေးကိစ္စများနှင့် လေပိုင်နက် အသုံးပြုမှုအပါအဝင် ဆိုမာလီလန်းနှင့် ပြုလုပ်ထားသည့် သဘောတူညီချက်အားလုံးတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ကတိဖျက် နေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ဆိုမာလီ ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့က ဆိုမာလီလန်းဒေသ၏ မြို့တော်ဟာဂီဆာ၏ လေ ပိုင်နက်အတွင်းသို့ အီသီယိုပီးယား လေကြောင်းလိုင်းကို ဝင်ရောက်ခွင့် ငြင်းဆိုခဲ့ပြီးနောက် ဆိုမာလီလန်းအ စိုးရ၏ စွပ်စွဲချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။…

Read More

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၉ ဘီလျံ တန်ဖိုးရှိသော မူးယစ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC MYANMAR) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးပြားများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင်(ခ)ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး(ခ)လင်းချေ၊ မောင်ရွှေသိန်း နှင့် နေဇော်လတ် တို့ ရှစ်ဦးအား ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ် တစ်စီး၊ မူးယစ်ဆေးပြား ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိနေအိမ်မှ မစောခင်ကျော်(ခ)စောခင် အား စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆက်လက် စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိတရားခံ သန်းစိုးငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိနေအိမ်မှ မူးယစ်ဆေးပြား ၃ ဒသမ ၉ သိန်းအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၃)၊ ခေမာသီလမ်းသွယ်(၂)ရှိ မူးယစ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးအား လည်းကောင်း…

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ပို့ကုန်ဒေါ်လာ ၁၁၂၁၉ ဒသမ ၁၁၀ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၂၅၂၆ ဒသမ ၂၆၀ သန်းရှိခဲ့ကာ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၃၇၄၅ ဒသမ ၃၇၀ သန်းအထိ ရရှိခဲ့သည်။ ယင်းအနက်သွင်း ကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁၃၀၇ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်မှာယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၇၃ ဘီလျံအထိ ပိုမို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၇…

Read More

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက် တန်းစံပြကျေးရွာတွင် ချယ်ရီပန်းပွဲတော်ဖွင့် ပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ လာရောက်လည်ပတ်သူ များပြားစည်ကားခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျောက် တန်းချယ်ရီပင်လေးများ လှပဝေဆာစွာ ဖူး ပွင့်နေကြပြီး ယခင်နှစ်ကထက် လာရောက် လည်ပတ်သူများပြားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။ ကျောက်တန်းစံပြကျေးရွာကို လူသိ များလာကြပြီး လာရောက်လည်ပတ်သူ များ ပြားလာခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်တန်းစံပြကျေးရွာတွင် ကျင်းပ ပြုလုပ်နေသော ဘောလုံးပွဲ၏ ဗိုလ်လုပွဲကို လည်း ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပပြုလုပ် နေပြီး ဘောလုံးပွဲဆုပေးပွဲနှင့် ချယ်ရီပန်းဖွင့် ပွဲကို ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း ချယ်ရီပန်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။ ကျောက်တန်းစံပြကျေးရွာ ချယ်ရီဖလား ဖွင့်ပွဲကို ဒုတိယကြိမ်မြောက် ကျင်းပခြင်းဖြစ် ကာ ချယ်ရီပန်းပွဲတော် ကျင်းပလာသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ ကျောက်တန်းကျေးရွာရှိ ချယ်ရီပင်တန်း ကို လာရောက် ကြည့်ရှုသူများပြားပြီး ချယ်ရီ ပန်းရောင်စုံများ လှပစွာဖူးပွင့်နေသည်ကို မြင် တွေ့ရသည်။ ယခင်နှစ်က ချယ်ရီပန်းများ စောစီးစွာ ဖူးပွင့်ခဲ့ပြီး၊ ယခုနှစ် ၂၀၂၄ ခုနှစ် တွင် ဖူးပွင့်သည်မှာ အနည်းငယ်နောက်ကျ နိုင်ကြောင်း ကော်မတီဝင် တစ်ဦးက ဆိုသည်။ သို့သော် ကျောက်တန်း ချယ်ရီပင်လေးများ သည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ပထမပတ် အထိ ဆက်လက်ဖူးပွင့်နေမည်ဖြစ်သဖြင့်…

Read More

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုးဒေါ် လာ ၁၆ ဒသမ ၅ ဘီလျံ (၁၆၅၀၀ သန်း)၊ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလျံ(သန်း ၁၆၀၀၀) ဖြင့် ကုန်သွယ်မှုတန်ဖိုးဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံ (သန်း၃၂၅၀၀) ရရှိရန် ရည်မှန်းထား ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် များအရ သိရသည်။ကုန်သွယ်မှုပိုငွေ ဒေါ်လာ သန်း ၅၀၀ ရှိရန်လည်း ခန့်မှန်းထားသည်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလခွဲ အ တွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်သည့်စာရင်းများအရ သိရသည်။၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ပို့ကုန်ဒေါ်လာ ၁၁၂၁၉ ဒသမ ၁၁၀ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၂၅၂၆ ဒသမ ၂၆၀ သန်း ရှိခဲ့ကာ ကုန်သွယ်မှု ပမာဏ ဒေါ်လာ၂၃၇၄၅ ဒသမ ၃၇၀ သန်းအထိ ရရှိခဲ့သည်။ ယင်းအနက် သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁၃၀၇ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန် သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံ ကျော် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ…

Read More