ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက် တန်းစံပြကျေးရွာတွင် ချယ်ရီပန်းပွဲတော်ဖွင့် ပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ လာရောက်လည်ပတ်သူ များပြားစည်ကားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျောက် တန်းချယ်ရီပင်လေးများ လှပဝေဆာစွာ ဖူး ပွင့်နေကြပြီး ယခင်နှစ်ကထက် လာရောက် လည်ပတ်သူများပြားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။ ကျောက်တန်းစံပြကျေးရွာကို လူသိ များလာကြပြီး လာရောက်လည်ပတ်သူ များ ပြားလာခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်တန်းစံပြကျေးရွာတွင် ကျင်းပ ပြုလုပ်နေသော ဘောလုံးပွဲ၏ ဗိုလ်လုပွဲကို လည်း ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပပြုလုပ် နေပြီး ဘောလုံးပွဲဆုပေးပွဲနှင့် ချယ်ရီပန်းဖွင့် ပွဲကို ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း ချယ်ရီပန်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
ကျောက်တန်းစံပြကျေးရွာ ချယ်ရီဖလား ဖွင့်ပွဲကို ဒုတိယကြိမ်မြောက် ကျင်းပခြင်းဖြစ် ကာ ချယ်ရီပန်းပွဲတော် ကျင်းပလာသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
ကျောက်တန်းကျေးရွာရှိ ချယ်ရီပင်တန်း ကို လာရောက် ကြည့်ရှုသူများပြားပြီး ချယ်ရီ ပန်းရောင်စုံများ လှပစွာဖူးပွင့်နေသည်ကို မြင် တွေ့ရသည်။ ယခင်နှစ်က ချယ်ရီပန်းများ စောစီးစွာ ဖူးပွင့်ခဲ့ပြီး၊ ယခုနှစ် ၂၀၂၄ ခုနှစ် တွင် ဖူးပွင့်သည်မှာ အနည်းငယ်နောက်ကျ နိုင်ကြောင်း ကော်မတီဝင် တစ်ဦးက ဆိုသည်။
သို့သော် ကျောက်တန်း ချယ်ရီပင်လေးများ သည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ပထမပတ် အထိ ဆက်လက်ဖူးပွင့်နေမည်ဖြစ်သဖြင့် ချယ် ရီပန်းလေးများကို သွားရောက်ကြည့်ရှုနိုင် ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ကျောက်တန်း ချယ်ရီပင်တန်း ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ကျေး ရွာသန့်ရှင်းသာယာလှပစေရန် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကာ အထူးသဖြင့် ဒေသမျိုးဖြစ်သော ချယ်ရီပန်းပင်များကို လမ်းတစ်လျှောက် စီ တန်းစိုက်ပျိုးထားခြင်းဖြစ်သည်။
နိုင်ငံခြားမျိုးများဖြစ်သော ရောင်စုံမျိုးကွဲ ချယ်ရီပန်းပင်လေးများကို ထပ်မံစိုက်ပျိုးထား ပြီး ဖူးပွင့်နိုင်ရန် အချိန်ယူရဦးမည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ချယ်ရီပန်းပွဲတော် ကျင်းပ သည်မှာ လေးငါးနှစ်ခန့်ရှိပြီ ဖြစ်ကာ ယမန်နှစ် က စည်ကားစွာ စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့နှစ်များက ကိုဗစ်ကပ်ရောဂါ အခြေအနေ ကြောင့် အကျဉ်းရုံးသာ ပြုလုပ်ရကြောင်း သိ ရသည်။
ကျောက်တန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသင်းပေါင်း ၃၀ ကျော် ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးပွဲကို ဇန်န ၀ါရီ ၂၁ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ချယ် ရီပွဲတော်ဖွင့်ပွဲနှင့် ပူးတွဲကျင်းပခဲ့ခြင်းဖြစ် ကြာင်း ပွဲကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။
ချယ်ရီပန်းပွဲတော်သို့ လာရောက်သော ဧည့်ပရိသတ်များအနေဖြင့် ချယ်ရီပန်းပွင့်များ မခူးရန်၊ ချယ်ရီပန်းအကိုင်းများ မချိုးကြပါရန် အသိပေး တိုက်တွန်းထားကြောင်း သိရသည်။
တောင်ကြီးမြို့တွင်လည်း ချယ်ရီပန်းများ လှိုင်လှိုင်ဖူးပွင့်နေကြပြီဖြစ်ကာ ပန်းမခူးကြဘဲ ထိန်းသိမ်းကြပါရန် ချယ်ရီပန်းချစ်သူများ အသင်းက တိုက်တွန်းထားသည်။