Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 10
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

ပြည်ပပို့ကုန်မြှင့်တင်ရေး လျာထားချက်ထက် ကျော်လွန်ပါ့မလား

January 21, 20244 Mins Read
Share
Facebook Twitter

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ ၏ ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်တန်ဖိုးဒေါ် လာ ၁၆ ဒသမ ၅ ဘီလျံ (၁၆၅၀၀ သန်း)၊ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၆ ဘီလျံ(သန်း ၁၆၀၀၀) ဖြင့် ကုန်သွယ်မှုတန်ဖိုးဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံ (သန်း၃၂၅၀၀) ရရှိရန် ရည်မှန်းထား ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက် များအရ သိရသည်။

ကုန်သွယ်မှုပိုငွေ ဒေါ်လာ သန်း ၅၀၀ ရှိရန်လည်း ခန့်မှန်းထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလခွဲ အ တွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ပို့ကုန်ဒေါ်လာ ၁၁၂၁၉  ဒသမ ၁၁၀  သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၂၅၂၆ ဒသမ ၂၆၀ သန်း ရှိခဲ့ကာ  ကုန်သွယ်မှု ပမာဏ ဒေါ်လာ၂၃၇၄၅ ဒသမ ၃၇၀ သန်းအထိ ရရှိခဲ့သည်။ ယင်းအနက် သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁၃၀၇ သန်းကျော်ဖြစ်ပေါ်ခဲ့ပြီး ကုန် သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၃၀၇ ဘီလျံ ကျော် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန် သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီလျံ ရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀  ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မှာ ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ် မှုဒေါ်လာ ၃ဒသမ ၅၇၃ ဘီလျံအထိ ပိုမို ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများ သို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်း သည့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်း ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ သို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန် ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက် ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက် များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလအ တွင်း နိုင်ငံ၏ ပို့ကုန်အမည်အုပ်စု ခုနစ်ခုအ နက် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ နိုင်ငံ ခြား ဝင်ငွေ ဒုတိယအများဆုံးရရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်း ဒေါ်လာ ၁၇၁၅၄ ဒသမ ၄ သန်းရှိသည့်အနက် လယ် ယာထွက်ကုန်အနေဖြင့် ဒေါ်လာ ၂၉၈၆ ဒသမ ၉၈ သန်း ရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ ကုန်တန်ဖိုးဒေါ်လာ ၁၆၆၂၀ ဒသမ ၁၈ သန်း တွင် လယ်ယာထွက်ကုန်အနေဖြင့် ဒေါ်လာ ၃၉၉၉ ဒသမ ၀၂ သန်းရှိသည်။  လယ်ယာထွက် ကုန်ပါဝင်မှုမှာ ရာခိုင်နှုန်းအားဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၇ ရာခိုင်နှုန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင်  ရာခိုင်နှုန်း ၂၀၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်း၊ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်း၊ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၄ ရာခိုင်နှုန်း ရှိခဲ့ သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဒီဇင်ဘာ ၁ ရက်အထိ ပို့ကုန်တင်ပို့မှုစုစု ပေါင်း ဒေါ်လာ ၉၆၂၇ ဒသမ ၇၉ သန်းတွင် လယ်ယာထွက်ပစ္စည်း ဒေါ်လာ ၂၀၃၅ ဒသမ ၇၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၂၁ သန်း၊ ရေထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၄၄၄ ဒသမ ၃၅ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၈၂ ဒသမ ၅၉ သန်း၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၄၄ ဒသမ ၇၉ သန်း၊ စက် မှုကုန်ချောပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၆၁၈၅ ဒသမ ၂၃ သန်းနှင့် အခြားပစ္စည်းများ တင်ပို့ မှုမှ ဒေါ်လာ ၇၂၉ ဒသမ ၈၄ သန်း ပါဝင်ခဲ့ သည်။

လယ်ယာထွက်ကုန်များအနက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် လက်ရှိဘဏ္ဍာနှစ်  ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ တန်ချိန် ရာခိုင်နှုန်း ၂၀ ကျော် လျော့ကျခဲ့သည်။

ပဲအမျိုးမျိုးတင်ပို့မှုအနေဖြင့် လက်ရှိ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ တန်ချိန်အားဖြင့် ၁၀၅၉၃၈၁ ဒသမ ၈၁ တန် တင်ပို့မှုမှဒေါ်လာ၈၉၅ ဒသမ ၄၁ သန်းရရှိခဲ့ သည်။ ယခင်နှစ်ကာလတူက တန်ချိန်အား ဖြင့် ၁၀၉၀၃၀၃ ဒသမ ၃၆ တန်တင်ပို့မှုမှ ဒေါ် လာ ၈၅၇ ဒသမ ၁၉ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာ နှစ် ဒီဇင်ဘာ ၁ ရက်အထိမှာ ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် သုံးရာခိုင် နှုန်းနီးပါး လျော့ကျခဲ့သော်လည်း တန်ဖိုးအား ဖြင့် လေးရာခိုင်နှုန်းကျော် ပိုမိုရရှိခဲ့သည်။

ပြောင်းတင်ပို့မှုအနေဖြင့် လက်ရှိ ဘဏ္ဍာ နှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ တန် ချိန်အားဖြင့် ၉၀၃၆၉၈ ဒသမ ၅၆ တန် တင် ပို့မှုမှ ဒေါ်လာ၂၇၁ ဒသမ ၃၂ သန်းရရှိခဲ့သည်။ ယ ခင်နှစ်ကာလတူက တန်ချိန်အားဖြင့် ၁၂၁၃၁၀၄ ဒသမ၆၉ တန်တင်ပို့မှုမှ ဒေါ် လာ ၃၇၂  ဒသမ ၅၆ သန်းရရှိခဲ့သည်။ အဆို ပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိမှာ ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် ၂၅ ရာခိုင် နှုန်းကျော် တန်ဖိုးအားဖြင့် ၂၇ ရာခိုင်နှုန်း ကျော် လျော့ကျခဲ့သည်။

အလားတူ ရေထွက်ပစ္စည်းရောင်းချမှုအ ခြေအနေကို လေ့လာကြည့်ပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါး လုပ်ငန်းဦးစီးဌာန၏ ကိန်းဂဏန်းအချက်အ လက်များအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ငါး တန်ချိန် ၃၈၅၀၉ ဒသမ ၃၉ တင်ပို့မှုမှ ဒေါ်လာ ၄၅ ဒသမ ၃၇ သန်း၊ ပုစွန်တန်ချိန် ၁၁၇၇ ဒသမ ၀၈ တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၉၉ သန်းနှင့် အခြားရေထွက်ပစ္စည်းများမှ တန် ဖိုးဒေါ်လာ ၂၄ ဒသမ ၀၉ သန်း ရရှိခဲ့သည်။

ယခင်နှစ်ကာလတူဖြစ်သည့်၂၀၂၂-၂၃ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ငါးတင်ပို့မှုတွင် တန်ချိန်အားဖြင့် ၅၉၄၆ ဒသမ ၁၃ တန်၊ တန် ဖိုးအားဖြင့် ဒေါ်လာ ၁၀ ဒသမ ၂၃ သန်း ပိုမို တင်ပို့ခဲ့ပြီး ပုစွန်မှာ တန်ချိန်အားဖြင့် ၂၂ ဒသမ ၄၈ တန်နှင့် တန်ဖိုးဒေါ်လာ သုည ဒသမ ၅၆ သန်းလျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက် လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) ပို့ ကုန်တင်ပို့မှုသည် ၄၆ ရာခိုင်နှုန်း၊ သွင်းကုန် တင်သွင်းမှုသည် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပို့ကုန် သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်း လျက်ရှိသည်။ ယခင်ဘဏ္ဍာနှစ် ပထမခြောက် လပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း ဒေါ် လာတစ်ဘီလျံခန့် လျော့နည်းလျက်ရှိသည်။ 

ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရော် ဘာ၊ ချုပ်ပြီးအထည်တို့၏ ပို့ကုန်တင်ပို့မှု  လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း နှင့် တရားမဝင် ကုန်သွယ်မှုတို့ကြောင့်ဖြစ် ကြောင်းလည်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပို့ကုန် တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံ (သန်း ၁၆၅၀၀) ရရှိရန် မျှော်မှန်းထားသည်။ သို့ သော်လည်း လက်ရှိဘဏ္ဍာနှစ် ကိုးလကျော် အတွင်း ပို့ကုန်တန်ဖိုးဒေါ်လာ ၁၁ ဒသမ ၂၁၉  ဘီလျံ (၁၁၂၁၉ ဒသမ ၁၁၀ သန်း) သာ ရရှိသေးသဖြင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် သုံးလ သာ ကျန်တော့သည့်အချိန်တွင် လျာထား ချက် ပြည့်မီရန် ဒေါ်လာ ငါးဘီလျံကျော် လိုအပ်လျက်ရှိသည်။ 

ထို့ပြင် လက်ရှိဘဏ္ဍာနှစ် ဇန် နဝါရီ ၁၂ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်မှုမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ် လာ ၁ ဒသမ ၈၈ ဘီလျံကျော် (ဒေါ်လာ ၁၈၈၈ ဒသမ ၄၇၁ သန်း) လျော့ကျနေသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ပို့ကုန်တိုးမြှင့်ရေးအတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပို့ကုန်လုပ် ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးကို နံနက် ပိုင်းတွင်လည်းကောင်း၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့် ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် လည်းကောင်း ပြုလုပ်ခဲ့ရာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ၁၄၀ ဦးခန့် တက် ရောက်ဆွေးနွေးခဲ့ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အမှာစကား ပြောကြားရာတွင် “လုပ်ငန်း ရှင်များအနေဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ဆန်၊ ပဲအမျိုးမျိုး အပါအဝင် အခြားသော ပို့ကုန် ပစ္စည်းများကို ပို့ကုန်မြှင့်တင်ရေး လျာထား ချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင် ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပို့ကုန်တင်ပို့ရာတွင် ပို့ကုန်လုပ်ငန်းရှင်များ အတွက် ထိုက်သင့်သော အကျိုးရှိရန် လိုအပ် သလို ပြည်တွင်းစားသုံးမှုဖူလုံရန်လည်း ချိန် ဆ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပို့ကုန် တင်ပို့မှုနှင့် စပ်လျဉ်း၍ အခက်အခဲများရှိလျှင် လည်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း” ပြောကြားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပုဂံမြို့၏ ယခင်က ပြာသိုပွဲဟု လူသိများသော အာနန္ဒာမြတ်စွာဘုရားကြီး၏ (၉၃၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
Next Article ဟိုပုံးမြို့နယ် ကျောက်တန်းစံပြကျေးရွာတွင် ကျင်းပသည့် ချယ်ရီပန်းပွဲတော်ဖွင့်ပွဲသို့ လာရောက်လည်ပတ်သူ များပြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.