Author: admin

တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိရခြင်းကြောင့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဆိုသူ ဦးကျော်လွင်အား ကော့သောင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၇ ရက်တွင် ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀)နေ ဦးကျော်လွင် သည် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ ပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိရခြင်းများကြောင့် ၎င်းကို ဖေဖော်ဝါရီ ၇ ရက်တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်ဆင့်ထားကြောင်း နစက က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်နှင့် လုပ်ငန်းရှင်အချို့၏ ပိုင်ဆိုင်မှုများ သိမ်ဆည်းခံရပြီးနောက် မြန်မာနိုင်ငံတွင်လည်း သူဌေးကျွန်းဟိုတယ်နှင့် ရွှေဝက်ဝံတံတားအား တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားခံယူထားသူ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် (ထိုင်းအမည် မစ္စတာဖု)အား ဖေဖော်ဝါရီ ၁ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဝရမ်းထုတ်ပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ဦးကျော်လွင်အပါအဝင် လုပ်ငန်းရှင် ၁၈ ဦးသည် အွန်လိုင်းလောင်းကစားမှု၊ လောင်စာဆီတင်ပို့မှုမှ အခွန်လိမ်လည်မှု၊ ငွေမည်းကိစ္စများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး လက်ရှိတွင် လုပ်ငန်းရှင်ခုနစ်ဦးအား ဖမ်းဆီးရမိထားသည်ဟု ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များက တစ်နိုင်ငံလုံးရှိနေရာ ၂၇ ခုအား တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး ထိုင်းဘတ်ငွေဘီလျံနှင့်ချီသည့်ငွေသားများ၊ လက်ဝတ်ရတနာများ၊ ကားများကို သိမ်းဆည်းထားပြီး လက်ရှိတွင် ဦးကျော်လွင် (ခ) မစ္စတာဖုဆိုသူအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း…

Read More

ပင်လယ်ဓားပြများက ဓားစာခံခေါ်ယူသွားသည့် မြန်မာသင်္ဘောသား ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ထုတ်ပြန်သည်။ အာဖရိကတိုက် အနောက်ဘက်ကမ်းရိုးတန်း ပင်လယ်ဓားပြများက ဓားစာခံအဖြစ် ခေါ်ယူသွားခြင်းဖြစ်ပြီး မြန်မာသင်္ဘောသား ရှစ်ဦးအနက် အရာရှိအဆင့်ရှိ သင်္ဘောသားများနှင့် အာဖရိကတိုက်သား သင်္ဘောသားတစ် ဦးလည်း ပါဝင်သည်ဟု သိရသည်။ ပင်လယ်ဓားမြများက သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီးနောက် သင်္ဘောပေါ်မှ မြန်မာအရာရှိအချို့၊ အခြားအဆင့်စုစုပေါင်း ရှစ်ဦးနှင့် အာဖရိကတိုက်သား တစ်ဦးကို လူသားဓားစာခံအဖြစ် ပြန်ပေးဆွဲခဲ့ပြီးနောက် တစ်လခန့်အကြာတွင် သင်္ဘောပိုင်ရှင်နှင့် ပြန်ပေးဆွဲသည့် ပင်လယ်ဓားမြအကြား ကြား‌ဝင်စေ့စပ် ဖျန်ဖြေပေးသည့် ဝန်ဆောင်သူတို့၏ ညှိနှိုင်းမှုအရ မကြာမီရက်အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့ချုပ်က ထုတ်ပြန်ထားပြီး မည်သည့်သင်္ဘောဖြစ်သည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။ ပင်လယ်ဓားမြ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးသော သင်္ဘောပိုင်ရှင်နှင့် ကြားဝင်စေ့စပ်ဖျန်ဖြေပေးသည့် ဝန်ဆောင်မှုလုပ်ငန်းအား မြန်မာသင်္ဘောသားထုကိုယ်စား ဂုဏ်ယူဝမ်းမြောက်အထူးကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ထုတ်ပြန်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းက ဘူဂေးရီးယားနိုင်ငံပိုင် သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရပြီး ယီမင်ကမ်းခြေအနီး အာရေဗျပင်လယ်အတွင်း ခုတ်မောင်းနေစဉ် ဆိုမာလီပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ ပြန်ပေးဆွဲခံရသည့် သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာပြီး ဒီဇင်ဘာ ၄ ရက်တွင် စင်ကာပူနိုင်ငံ၌ ခေတ္တဆိုက်ကပ်ခဲ့ကာ တူရကီနိုင်ငံ ဂမ်လစ်မြို့တွင် နောက်ဆုံးဆိုက်ကပ်မည့် သင်္ဘောဖြစ်သည်။

Read More

လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းသည် တံကောက်ကြောဒဏ်ရာကြောင့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရှိရသည်။ ဆိုဘိုဆလိုင်းသည် ဇန်နဝါရီ (၁)ရက်က နယူးကာဆယ်ကို (၄-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး အသင်း၏ပွဲစဉ် (၄)ပွဲကိုလွဲချော်ခဲ့သည်။ ယင်းနောက် နောဝစ်ချ်၊ ချယ်လ်ဆီးတို့ကို အနိုင်ရသည့်ပွဲများတွင် ပါဝင်ကစားခဲ့သည်။ သို့သော် ချယ်လ်ဆီးနှင့်ပွဲအပြီးတွင် ဒဏ်ရာဟောင်း ပြန်ထိခဲ့ပြီး (၄)ပတ်ခန့် အနားယူရဖွယ်ရှိသည်။ ထို့ကြောင့် ၎င်းအနေဖြင့် ဖေဖော်ဝါရီ (၂၅)ရက်တွင် ချယ်လ်ဆီးနှင့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။

Read More

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် မန်ယူအသင်းမှ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းကို တစ်နှစ် ပေါင်သန်း(၅၀)အထိပေးပြီး ကမ်းလှမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗာရန်း၏စာချုပ်၌ တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည့်အချက် ထည့်သွင်းထားသော်လည်း မန်ယူအသင်းက စာချုပ်သစ် ထပ်မချုပ်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေပြီး လက်ရှိတွင် အပြောင်းအရွှေ့အတွက် အခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိနေသည်။ ဗာရန်းသည် ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးကတည်းက မန်ယူအသင်း၌ တစ်ပတ်လုပ်ခအဖြစ် ပေါင် (၃၄၀၀၀၀) ရရှိနေကာ အသင်း၏လစာအများဆုံးစာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

Read More

အာဆင်နယ်ကွင်းလယ်ကစားသမား ပါတေးသည် လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရှိရသည်။ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေး(၃၀ နှစ်)သည် ၂၀၂၀ နွေရာသီတွင် အက်သလက်တီကိုမှ အာဆင်နယ်သို့ ပေါင် (၄၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅) ပွဲသာ ကစားထားရသေးသည်။ အာဆင်နယ်နှင့် ချုပ်ဆိုထားသည့် ပါတေး၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ပါတေးသည် ပြီးခဲ့သည့် ဇန်နဝါရီကတည်းက အသင်းပြောင်းမည်ဟု သတင်းထွက်ခဲ့ပြီး ၎င်းကိုခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Read More

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းကွင်းလယ်ကစားသမား ဖိုဒန်သည် အသင်းသမိုင်းတွင် နံပါတ် (၁) အကောင်းဆုံးကစားသမားဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်သည် ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၁)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်ထားသည်။ ဂွါဒီယိုလာက ”ဖိုဒန်ဟာ အနာဂတ်မှာ ဒီဘရိုင်းနားနဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ကျော်ပြီး မန်စီးတီးအသင်းသမိုင်းမှာ နံပါတ် (၁) ကစားသမားဖြစ်လာနိုင်ပါတယ်။ ဖိုဒန်ဟာ တစ်ရာသီထက်တစ်ရာသီ အတွေ့အကြုံကြွယ်ဝလာပြီး သူဟာ အသင်းက တခြားကစားသမားတွေကို ဦးဆောင်ပါလိမ့်မယ်”ဟု ချီးကျူးပြောကြားခဲ့သည်။

Read More

တေလာဆွစ် ဂျက်လေယာဉ်ဖြင့် ခရီးသွားလာမှုများအား ခြေရာခံကာ ဆိုရှယ်မီဒီယာတွင် ဖော်ပြနေသည့် ဖလော်ရီဒါပြည်နယ်မှ ကောလိပ်ကျောင်းသား ဂျက်ဆွီနီဆိုသူအား ဆွစ်၏ရှေ့နေအဖွဲ့က တရားဝင်သတိပေးစာ ပေးပို့ခဲ့သည်။ ဂျက်ဆွီနီက တေလာဆွစ်၏ ရှေ့နေအဖွဲ့ထံမှ သတိပေးစာရထားကြောင်း၊ဆွစ်၏လေ ယာဉ်ခရီးစဉ်များနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် ဖော်ပြနေခြင်းကို ရပ်ရန်စာထဲတွင် တောင်းဆိုထားကြောင်း ဖေဖော်ဝါရီ ၆ရက်တွင် CNN သို့ပြောသည်။၎င်းသည် အနုပညာရှင်များ ၊ ထင်ပေါ်ကျော်ကြားသူများ၏ ဂျက်လေယာဉ်ဖြင့် ခရီးသွားလာမှုများကို စောင့်ကြည့်နေသည့် ဆိုရှယ်မီဒီယာအကောင့်များကို ကိုင်တွယ်နေသူဖြစ်သည်။ ဘီလျံနာအီလွန်မတ်စ် ဂျက်လေယာဉ်ဖြင့် သွားလာမှုများကို ခြေရာခံဖွင့်ချခဲ့သည့် အတွက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတွင် မတ်စ်က ၎င်းနှင့်၎င်းမိသားစု၏ လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟုဆိုကာ ဆွီနီ၏ @ElonJet ဆိုသည့်အကောင့်ကို ဖြုတ်ချလိုက်ရသည်။ နောက်ပိုင်း X လူမှုကွန်ရက်ကို ဆွီနီက ပြန်သုံးခွင့်ရခဲ့သည်။မက်ခ်ဇူကာဘတ်၊ ဘီလ်ဂိတ်စ်နှင့် အခြားနာမည်ကျော်ပုဂ္ဂိုလ်များ၏ သီးသန့်ဂျက်လေယာဉ်ဖြင့် သွားလာမှုများကို ခြေရာခံသည့် အကောင့်များလည်း ၎င်းတွင် ရှိသည်။တင်သည့်ပို့စ်များတွင် ခရီးစဉ်တစ်ခုချင်း၏ ကာဗွန်ထွက်ရှိမှုကိုလည်း ဆွီနီက ခန့်မှန်းဖော်ပြလေ့ရှိသည်။ ပြီးခဲ့သည့်ဒီဇင်ဘာတွင် ဆွီနီထံသို့ ဆွစ်၏ရှေ့နေအဖွဲ့က ပေးပို့ခဲ့သည့် သတိပေးစာတွင် ဆွီနီ၏ အတိအကျဖွင့်ချမှုများက ဆွစ်၏ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဆွစ်သည် ဆယ်ကျော်သက်အရွယ်ကတည်းက ချောင်းမြောင်းနှောင့်ယှှက်သူများ၊ အန္တရာယ်ပေးလိုသူများနှင့် ကြုံခဲ့ရကြောင်း၊ ဆွစ် အိမ်အထိရောက်လာသူအချို့က လက်နက်များပင် ပါကြောင်း၊ဆွစ်၏တည်နေရာအချက် အလက်များကို ဖွင့်ချလိုက်ခြင်းက လူဆိုးများကို လမ်းညွှန်ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း၊ ဆွစ်၏သေရေးရှင်ရေးနှင့် ပတ်သက်နေသည့်အတွက် ဂျက်ဆွီနီဘက်က လုပ်ရပ်ကို မရပ်တန့်ပါက ဥပဒေအရသာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း စာထဲတွင် သတိပေးထားသည်။ ကာဗွန်ထွက်ရှိမှုနှင့်ပတ်သက်ပြီး ဆွစ်ကို…

Read More

လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၅ ရက်တွင် သီးသန့်အစည်းအဝေးကျင်ပမည်ဟု ဖေဖော်ဝါရီ ၄ ရက်၌ လုံခြုံရေးကောင်စီသတင်း ဝက်ဆိုက်က ဖော်ပြထားသည်။ အသစ်ခန့်အပ်ခံရသော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အလောင်းကွန်းခစ်တီခွန်းနှင့် အရှေ့အလယ် ပိုင်း၊ အာရှ၊ ပစိဖိတ်တို့အတွက် လက်ထောက်အတွင်းရေးမှူးချုပ် မိုဟာမက်ခါလစ်ခီယာရီတို့က အစီရင်ခံတင်ပြသွားမည်ဟု ဖော်ပြထားသည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်သော ဗြိတိန်သည် ခစ်တီခွန်းထံမှ နောက်ဆုံးအခြေအနေကို သိရှိရန် ဖေဖော်ဝါရီ ၅ ရက် လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ ခစ်တီခွန်း သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုရယူခဲ့သော လာအိုနိုင်ငံက ခန့်အပ်ခဲ့သည့် လာအိုသံတမန်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလထဲတွင် အာဆီယံက ချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အထောက်အကူဖြစ်စေရန် လာအိုက ဆောင်ရွက်မည့်အဆင့်များကို ဖေဖော်ဝါရီ ၅ ရက်လုံခြုံရေးကောင်စီ အစည်းအဝေးက ခစ်တီခွန်ထံမှ စိတ်ဝင်တစား နားထောင်ဖွယ်ရှိနေသည်။ ထို့အပြင် ခစ်တီခွန်းသည် ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည့်အကြောင်းကိုလည်း တင်ပြမည်ဟု မျှော်လင့်ရသည်။ နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ခစ်တီခွန်းတို့သည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် အစိုးရ၏ကြိုးပမ်းအားထုတ်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု နစကက သတင်းထုတ်ပြန်ထားသည်။ ခစ်တီခွန်းသည် NCA သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့သော တိုင်းရင်း သားလက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်အချို့ကိုလည်းတွေ့ဆုံခဲ့သည်ဟု မီဒီယာကဖော်ပြခဲ့သည်။ ထို့အပြင် ခစ်တီခွန်းသည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို…

Read More

ရီပတ်ဘလီကင် သမ္မတလောင်းဒေါ်နယ်ထရန့်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် ၎င်းရွေးကောက်ခံရမည်ဆိုပါက တရုတ်ကို သွင်းကုန်စည်းကြပ်ခွန်များ ထပ်မံကောက်ခံသွားလိမ့်မည်ဟုပြောကြားခဲ့ပြီး စည်းကြပ်ခွန်ရာခိုင်နှုန်းသည် ၆၀ ရာခိုင်နှုန်းကျော်နိုင် သည်ဟုဆိုသည်။ “ကျွန်တော်တို့ စည်းကြပ်ခွန်ကောက်ရမှာဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီ ၄ ရက်တွင် Fox သတင်းဌာနက ထုတ်လွှင်ခဲ့သော Sunday Morning Futures အစီအစဉ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ကျွန်တော်ဆိုလိုတာက ကျွန်တော်ဟာ အိုင်အိုဝါပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲကို စံချိန်တင်အနိုင် ရတယ်လို့ ကြေညာခံရတဲ့အခါ စတော့စျေးကွက်ဟာ ရုတ်တရက် စျေးတွေထိုးကျလုနီပါးဖြစ်ခဲ့တာကို ကြည့်လိုက်ပါ။ ပြီးတော့နယူးဟမ့်ရှိုင်းယား ကိုယ်စားလှယ်လောင်းအကြိုရွေးကောက်ပွဲမှာ ကျွန်တော်နိုင်တော့လည်း စတော့စျေးကွက်ဟာဆိုးဆိုးရွားရွားထိုးကျသွားခဲ့ပါတယ်”ဟု ဇန်နဝါရီလအတွင်း အိုင်အိုဝါနှင့် နယူးဟမ့်ရှိုင်းယားပြည်နယ်တို့၌ ပြုလုပ်သည့် ပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲတို့ကို ထရန့်က ရည်ညွှန်းပြောကြားခဲ့သည်။ သမ္မတအဖြစ် ရွေးကောက်ခံရပါ ၎င်းသည် တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၆၀ ရာခိုင်နှုန်း ကောက်ခံရန် စဉ်းစားနေသည်ဟူသောသတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ထရန့်က “ ၆၀ ရာခိုင်နှုန်း မဟုတ်ပါဘူး။ ၆၀ ရာခိုင်နှုန်းထက်ပိုများမယ့် အနေအထား ဖြစ်လာနိုင်တယ်လို့ပြောတာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထရန့်သည် နိုဝင်ဘာ ၅ ရက် အမေရိကန်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို စိန်ခေါ်ရန် ၎င်း၏ရီပတ်ဘလီကင်ပါတီက ရွေးချယ်မည့်ကိုယ်စားလှယ်လောင်းအဖြစ် ထိပ်ဆုံးကပြေးနေသူဖြစ်သည်။ ထရန့်သည် အမေရိကန်နှင့်တရုတ်တို့ ပြင်းထန်သည့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန် ၂၀၁၈ နှင့် ၂၀၁၉ တို့တွင် ဒေါ်လာဘီလျံရာချီတန်ဖိုးရှိသော တရုတ်ကုန်စည်များကို သွင်းကုန်စည်းကြပ်ခွန်ကောက်ခံခဲ့သည်။

Read More

၂၀၁၉ ခုနှစ်က ဆန္ဒပြလှုပ်ရှားမှုတစ်ခုတွင် ပါဝင်မှုဖြင့် Move Forward ပါတီ၏ ပြုပြင်ပြောင်းလဲရေးဝါဒီ လွှတ်တော်အမတ်ပီတာလင်ဂျာရွန်ရတ်နှင့် အခြားခုနစ်ဦးတို့သည် ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခံခဲ့ရ ကြောင်း ၎င်းတို့၏ရှေ့နေဖြစ်သူက ဖေဖော်ဝါ ရီ ၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် Move Forward ပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်ခဲ့သည့် ပီတာအတွက် လတ်တလော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့် ငါးနှစ်က လူကြိုက်များသော Move Forward ပါတီ ဦးဆောင်၍ မြို့တော်ဘန်ကောက်တွင် ဧရာမ ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုခဲ့ကြသည်။ ယင်းအမှုအခင်းသည် Future Forward ပါတီ ဖျက်သိမ်းမခံရမီလပိုင်းအလိုက ဘန်ကောက်မြို့ရှိ အဓိက လမ်းဆုံတစ်ခုတွင် ဒီဇင်ဘာ ၁၄ ရက်က မိနစ် ၄၀ ကြာပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲနှင့် ဆက်နွှယ်နေသည်။ ထိုစဉ် က ပီတာသည် Future Forward ပါတီဝင် တစ်ဦးဖြစ်သည်။ အသက် ၄၃ နှစ်အရွယ် ပီတာသည်တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward(ရှေ့သို့ချီ)ပါတီကို ဦးဆောင်ကာ ယမန်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော်လည်း ဇူလိုင်လတွင် လွှတ်တော် အမတ်အဖြစ်မှဆိုင်းငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ခံရန် ကြိုးပမ်းမှုသည်လည်း ပယ်ချခံခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ပြင်းထန်သော တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ပြောင်းလဲရန်နှင့် စစ်တပ်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုများကို ပြုပြင်ပြောင်းလဲရန် Move Forward ပါတီက တောင်းဆိုခဲ့ခြင်းကြောင့် သြဇာရှိ…

Read More