အာဆင်နယ်ကွင်းလယ်ကစားသမား ပါတေးသည် လာမည့်နွေရာသီတွင် အသင်းပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရှိရသည်။
ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေး(၃၀ နှစ်)သည် ၂၀၂၀ နွေရာသီတွင် အက်သလက်တီကိုမှ အာဆင်နယ်သို့ ပေါင် (၄၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅) ပွဲသာ ကစားထားရသေးသည်။
အာဆင်နယ်နှင့် ချုပ်ဆိုထားသည့် ပါတေး၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ပါတေးသည် ပြီးခဲ့သည့် ဇန်နဝါရီကတည်းက အသင်းပြောင်းမည်ဟု သတင်းထွက်ခဲ့ပြီး ၎င်းကိုခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရှိရသည်။