လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းသည် တံကောက်ကြောဒဏ်ရာကြောင့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရှိရသည်။
ဆိုဘိုဆလိုင်းသည် ဇန်နဝါရီ (၁)ရက်က နယူးကာဆယ်ကို (၄-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး အသင်း၏ပွဲစဉ် (၄)ပွဲကိုလွဲချော်ခဲ့သည်။
ယင်းနောက် နောဝစ်ချ်၊ ချယ်လ်ဆီးတို့ကို အနိုင်ရသည့်ပွဲများတွင် ပါဝင်ကစားခဲ့သည်။
သို့သော် ချယ်လ်ဆီးနှင့်ပွဲအပြီးတွင် ဒဏ်ရာဟောင်း ပြန်ထိခဲ့ပြီး (၄)ပတ်ခန့် အနားယူရဖွယ်ရှိသည်။
ထို့ကြောင့် ၎င်းအနေဖြင့် ဖေဖော်ဝါရီ (၂၅)ရက်တွင် ချယ်လ်ဆီးနှင့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။