Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, May 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 0 Views

သမ္မတအဖြစ် ပြန်လည်အရွေးခံရမည်ဆိုပါက တရုတ်ကုန်စည်များကို စည်းကြပ်ခွန်များ ထပ်မံကောက်ခံသွားမည်ဟု အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ပြောကြား

February 6, 20241 Min Read
Share
Facebook Twitter

ရီပတ်ဘလီကင် သမ္မတလောင်းဒေါ်နယ်ထရန့်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် ၎င်းရွေးကောက်ခံရမည်ဆိုပါက တရုတ်ကို သွင်းကုန်စည်းကြပ်ခွန်များ ထပ်မံကောက်ခံသွားလိမ့်မည်ဟုပြောကြားခဲ့ပြီး စည်းကြပ်ခွန်ရာခိုင်နှုန်းသည် ၆၀ ရာခိုင်နှုန်းကျော်နိုင် သည်ဟုဆိုသည်။

“ကျွန်တော်တို့ စည်းကြပ်ခွန်ကောက်ရမှာဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီ ၄ ရက်တွင် Fox သတင်းဌာနက ထုတ်လွှင်ခဲ့သော Sunday Morning Futures အစီအစဉ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်ဆိုလိုတာက ကျွန်တော်ဟာ အိုင်အိုဝါပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲကို စံချိန်တင်အနိုင် ရတယ်လို့ ကြေညာခံရတဲ့အခါ စတော့စျေးကွက်ဟာ ရုတ်တရက် စျေးတွေထိုးကျလုနီပါးဖြစ်ခဲ့တာကို ကြည့်လိုက်ပါ။ ပြီးတော့နယူးဟမ့်ရှိုင်းယား ကိုယ်စားလှယ်လောင်းအကြိုရွေးကောက်ပွဲမှာ ကျွန်တော်နိုင်တော့လည်း စတော့စျေးကွက်ဟာဆိုးဆိုးရွားရွားထိုးကျသွားခဲ့ပါတယ်”ဟု ဇန်နဝါရီလအတွင်း အိုင်အိုဝါနှင့် နယူးဟမ့်ရှိုင်းယားပြည်နယ်တို့၌ ပြုလုပ်သည့် ပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲတို့ကို ထရန့်က ရည်ညွှန်းပြောကြားခဲ့သည်။

သမ္မတအဖြစ် ရွေးကောက်ခံရပါ ၎င်းသည် တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၆၀ ရာခိုင်နှုန်း ကောက်ခံရန် စဉ်းစားနေသည်ဟူသောသတင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ထရန့်က “ ၆၀ ရာခိုင်နှုန်း မဟုတ်ပါဘူး။ ၆၀ ရာခိုင်နှုန်းထက်ပိုများမယ့် အနေအထား ဖြစ်လာနိုင်တယ်လို့ပြောတာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထရန့်သည် နိုဝင်ဘာ ၅ ရက် အမေရိကန်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို စိန်ခေါ်ရန် ၎င်း၏ရီပတ်ဘလီကင်ပါတီက ရွေးချယ်မည့်ကိုယ်စားလှယ်လောင်းအဖြစ် ထိပ်ဆုံးကပြေးနေသူဖြစ်သည်။

ထရန့်သည် အမေရိကန်နှင့်တရုတ်တို့ ပြင်းထန်သည့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန် ၂၀၁၈ နှင့် ၂၀၁၉ တို့တွင် ဒေါ်လာဘီလျံရာချီတန်ဖိုးရှိသော တရုတ်ကုန်စည်များကို သွင်းကုန်စည်းကြပ်ခွန်ကောက်ခံခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Article၂၀၁၉ ခုနှစ် ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ပီတာလင်ဂျာရွန်ရတ် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ
Next Article ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့်ပတ်သက်၍ သီးသန့်အစည်းအဝေး ပြုလုပ်မည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.