Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, May 25
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 0 Views

၂၀၁၉ ခုနှစ် ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ပီတာလင်ဂျာရွန်ရတ် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ

February 6, 20241 Min Read
Share
Facebook Twitter

၂၀၁၉ ခုနှစ်က ဆန္ဒပြလှုပ်ရှားမှုတစ်ခုတွင် ပါဝင်မှုဖြင့် Move Forward ပါတီ၏ ပြုပြင်ပြောင်းလဲရေးဝါဒီ လွှတ်တော်အမတ်ပီတာလင်ဂျာရွန်ရတ်နှင့် အခြားခုနစ်ဦးတို့သည် ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခံခဲ့ရ ကြောင်း ၎င်းတို့၏ရှေ့နေဖြစ်သူက ဖေဖော်ဝါ ရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် Move Forward ပါတီ၏ ဝန်ကြီးချုပ်လောင်းဖြစ်ခဲ့သည့် ပီတာအတွက် လတ်တလော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်က လူကြိုက်များသော Move Forward ပါတီ ဦးဆောင်၍ မြို့တော်ဘန်ကောက်တွင် ဧရာမ ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုခဲ့ကြသည်။

ယင်းအမှုအခင်းသည် Future Forward ပါတီ ဖျက်သိမ်းမခံရမီလပိုင်းအလိုက ဘန်ကောက်မြို့ရှိ အဓိက လမ်းဆုံတစ်ခုတွင် ဒီဇင်ဘာ ၁၄ ရက်က မိနစ် ၄၀ ကြာပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲနှင့် ဆက်နွှယ်နေသည်။ ထိုစဉ် က ပီတာသည် Future Forward ပါတီဝင် တစ်ဦးဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် ပီတာသည်တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward(ရှေ့သို့ချီ)ပါတီကို ဦးဆောင်ကာ ယမန်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော်လည်း ဇူလိုင်လတွင် လွှတ်တော် အမတ်အဖြစ်မှဆိုင်းငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ခံရန် ကြိုးပမ်းမှုသည်လည်း ပယ်ချခံခဲ့ရသည်။

ထိုင်းနိုင်ငံ၏ ပြင်းထန်သော တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ပြောင်းလဲရန်နှင့် စစ်တပ်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုများကို ပြုပြင်ပြောင်းလဲရန် Move Forward ပါတီက တောင်းဆိုခဲ့ခြင်းကြောင့် သြဇာရှိ ရှေးရိုးစွဲဝါဒီ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီးနောက် ၎င်းပါတီသည် အစိုးရဖွဲ့မည့်ညွန့်ပေါင်းအုပ်စုထဲမှ ဖယ်ထုတ်ခံခဲ့ရသည်။

ဇန်နဝါရီ ၂၄ ရက်တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပီတာသည် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုဆိုင်ရာအမှုအတွက် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၎င်း၏လွှတ်တော်အမတ်ရာထူးကို ပြန်လည်အပ်နှင်းခဲ့သည်။

လတ်တလော ပီတာနှင့်အတူ ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံရသူများအနက် ယခင် Future Forward ပါတီ ခေါင်းဆောင်ဟောင်း ထာနာသွန်းနှင့် ၎င်း၏အတွင်းရေးမှူးဟောင်းတို့လည်း ပါဝင်သည်။

“အဲဒီဆန္ဒပြမှုဟာ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့သလို အများပိုင်နေရာကိုလည်း ပိတ်ဆို့ထားခဲ့ပြီး ပထုံဝမ်နန်းတော်နဲ့ မီတာ ၁၅၀ အကွာအဝေးအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရုံးတော်က ဆုံးဖြတ်ခဲ့တယ်” ဟု ရှေ့နေဖြစ်သူ ကရစ်ဆာဒန်နုဂျာရက်စ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အစောပိုင်းတွင် ၎င်းတို့ရှစ်ဦးအား ထောင်ဒဏ်ရှစ်လကျခံရန် ကနဦးစီရင်ချက်ချခဲ့သော်လည်း နောက်ပိုင်းတွင် ဆိုင်းငံ့ထောင်ဒဏ်နှစ်နှစ်နှင့် ဒဏ်ငွေအဖြစ် ဘတ် ၂၀,၂၀၀ အဖြစ် လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Move Forward ပါတီအနေဖြင့် တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်မည့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းကို အဆုံးသတ်ရမည်ဖြစ်ကြောင်းနှင့် ယင်းမူဝါဒသည် တရားဝင်မှုမရှိကြောင်း ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်ချခဲ့သည်။

ပါတီ၏ ရွေးကောက်ပွဲမဲဆွယ်ရေး ကတိသည် ဘုရင်စနစ်ကို ဖြုတ်ချရန်ကြိုးပမ်းနေသည့် သဘောသက်ရောက်သည်ဟုလည်း ဖွဲ့စည်းပုံခုံရုံးက အမိန့်ချခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleနှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ပြန်လည်ကျင်းပမည်vvvv
Next Article သမ္မတအဖြစ် ပြန်လည်အရွေးခံရမည်ဆိုပါက တရုတ်ကုန်စည်များကို စည်းကြပ်ခွန်များ ထပ်မံကောက်ခံသွားမည်ဟု အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.