Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ထိုင်းနိုင်ငံအတွင်းသို့ ကော့သောင်း- ရနောင်း လမ်းမှတစ်ဆင့်တရားမဝင်ဝင် ရောက်ကြသည့် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်းတွင် နေရာခြား၍ ၃၉ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင် နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့ သည် ရနောင်းခရိုင် ကရဘူရီမြို့ ကျော်ပေါရော် ကျေးရွာ ဟင်(န်)ဒမ်ကျေးရွာအနီးတွင် ရပ်ထားသည့် ပစ်ကပ်ကားတစ်စီးအား ဖေ ဖော်ဝါရီလ ၂၀ ရက် နံနက် ၂ နာရီခန့်က သွား ရောက်စစ်ဆေးရာ တရားမဝင် မြန်မာ အလုပ်သမား ရှစ်ဦး (အမျိုးသား လေးဦး၊ အမျိုး သမီး လေးဦး )နှင့် ယာဉ်မောင်းဖြစ်သူ တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရနောင်းခရိုင် ကရဘူရီမြို့ကျော် ပေါရော် ကျေးရွာအုပ်စု ရော်ဘာခြံအနီးတွင် ခြေကျင် လျှောက်နေသူ မြန်မာအလုပ်သမား လေးဦး ကို ထပ်မံတွေ့ရှိဖမ်းဆီးခဲသည်ဟု ထိုင်း ဘက် မှလာသောသတင်းများအရ သိရသည်။ အဆိုပါ မြန်မာလုပ်သား လေးဦးသည် စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းရန် ခြေကျင် ဖြင့် ဝင်ရောက်လာသူများဖြစ်ကြောင်း စစ် ဆေးရေးဂိတ်ကျော်သွားပါက စောင့်နေသည့် ကားဖြင့် ချွန်ဖော်သို့ သွားမည်ဖြစ်ကြောင်း နှင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအား ပါက် ကျန် ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း တပ်မ ၄ က သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။ ထို့နောက် တရားမဝင် နယ်စပ်ဖြတ်…
ဖေဖော်ဝါရီ ၁၂ ရက်အထိ မြန်မာနိုင်ငံ တစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေး မှူးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကုလသမဂ္ဂ ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့ထဲမှ လူဦးရေ ၂ ဒသမ ၄ သန်းနီးပါး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် ဆိုးရွားလာသည့် အခြေအနေများနှင့်အတူ နိုင်ငံအနှံ့အပြား၌ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့ ကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ တိုး လာနေသော်လည်း ဝင်ရောက်ကူညီခွင့်ကန့် သတ်ချက်များရှိနေကြောင်း UNOCHA က ထုတ်ပြန်သည့် အာရှနှင့်ပစိဖိတ်ဒေသ – အ ပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ် (၁၃-၁၉ ဖေဖော်ဝါရီ ၂၀၂၄) တွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အပစ် အခတ်ရပ်စဲထားမှုကြောင့် ၂၀၂၃ နှစ်ကုန် ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစု နေရပ်သို့ ပြန်နိုင်ခဲ့ကြောင်း၊ သို့သော် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်း တိုက် ပွဲများ…
ပြည်သူ့စစ်မှုထမ်းများခေါ်ရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၀ ရက် ထပ်မံအသိပေးရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ”နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ပြီးလျှင် ဦးစားပေးအလိုက် ဝန်ထမ်း ခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေ ဒါတွေသည်လည်း ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနေ့မှာ ရှင်းလင်းပြောကြား လိုတာကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ရန် ယခင်တည်းက ပြသထားခဲ့သည့် ဥပဒေ ဖြစ်သည့်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်းဝန်ထုပ်ဝန်ပိုး မဖြစ်ရန်ဆိုသည့်အကြောင်းနှင့် သတ်မှတ်အပိုင်းအခြား အတွင်း သင့်လျှောက်ပတ်သော အင်အားသာတာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဥ့်လည်း လျှောက်သာပျားလည်းဆွဲသာအခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပြီးဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံပြောကြားသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက်တွင် YMBA အသင်းနှင့်တွေ့ဆုံစဉ်ကလည်း ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့်ပတ်သက်၍ နစကဥက္ကဌက သတ်မှတ် အသက်အပိုင်း အခြားအတွင်း သင့်တင့် လျှောက်ပတ်သော အင်အားကိုသာ သတ်မှတ် ကာလအတွင်း တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော် အတွက်၊ ပြည်သူလူထု အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထုတ်ပြန် ထားသည့် ဥပဒေကိုလေ့လာခြင်းမရှိဘဲ…
မန်ယူနောက်ခံလူ လုခ်ရှောသည် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် လအနည်းငယ်ကြာ အနားယူရမည်ဖြစ်ပြီး ယူရိုပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား လုခ်ရှောသည် ဖေဖော်ဝါရီ ၁၈ ရက်က လူတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းမပြီးမီမှာပင် လူစားလဲခဲ့ရသည်။ ၎င်းအနေဖြင့် ကြွက်သားဒဏ်ရာရရှိထားပြီး လအနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ”လုခ်ရှောက ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည်အနားယူရမှာပါ။ ပြင်းထန်မှုအခြေအနေကို နောက်ထပ်စစ်ဆေးမှုလုပ်ဖို့ လိုပါသေးတယ်။ ဒါပေမဲ့ လအနည်းငယ်လောက် ကစားနိုင်မှာမဟုတ်ဘူးလို့ မျှော်မှန်းထားပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ လုခ်ရှောအနေဖြင့် ယခုရာသီ လက်ကျန်ပွဲစဉ်များအပြင် ယူရို-၂၀၂၄ ပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။ ၎င်း၏ဒဏ်ရာမှာ မန်ယူအသင်းအတွက်လည်း ထိုးနှက်ချက်ဖြစ်ပြီး ဘယ်နောက်ခံလူစစ်စစ်မရှိတော့ဘဲ လင်ဒီလော့ဖ်ကို အသုံးပြုရဖွယ်ရှိနေသည်။
ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားက မိမိတို့အနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ရိုးမားအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၄၁)မှတ်ဖြင့် အဆင့် (၆) ၌ ရပ်တည်နေပြီး အဆင့် (၄) မှ အတ္တလန်တာအသင်း(၄၅ မှတ်) နှင့် (၄) မှတ်သာ ကွာဟသည်။ ထို့ကြောင့် ဒီဘားလားက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီဘားလားက ”ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့ မျှော်လင့်ချက်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဂီတာဖေးအသင်းထံ ယခုရာသီကုန်ထိ အငှားချထားသည့် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို စျေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရသည်။ ဂရင်းဝုဒ်(၂၂ နှစ်)သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ကစားခွင့်မရတော့ဘဲ ပြီးခဲ့သည့်နွေက ဂီတာဖေးအသင်းထံ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေခင်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား ခေါ်ယူရန် ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းသည် လာမည့်နွေတွင် ဂရင်းဝုဒ်ကိုရောင်းထုတ်ရန် စီစဉ်နေပြီး အနည်းဆုံး ယူရို သန်း (၄၀) စျေးနှုန်းသတ်မှတ်ထားကြောင်းသိရသည်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း BBC Sport က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဘာပေသည် ရီးယဲလ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိသော (၅)နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အပြီးသတ်စာချုပ်ချုပ်ဆိုခြင်း မရှိသေးကြောင်း သိရသည်။ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG နှင့် ရီးယဲလ်အသင်း ဆုံတွေ့နိုင်ခြင်း မရှိတော့လျှင် ဘာပေ၏အပြောင်းအရွှေ့ကို တရားဝင်ကြေညာဖွယ်ရှိနေသည်ဟု သတင်းများက ရေးသားလျက်ရှိသည်။ အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် သူ၏အနာဂတ်အပြောင်းအရွှေ့ကို မတ်လမကုန်မီ အပြီးသတ်ရန် ဆန္ဒရှိခဲ့ပြီး ဖေဖော်ဝါရီလ(၁၃)ရက်က PSG အသင်း၏ လေ့ကျင့်ရေးမစမီတွင် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် တွေ့ဆုံကာ စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာပြီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ဘာပေအနေဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့တော့မည်ဟု ဖေဖော်ဝါရီလ (၁၅)ရက်က သတင်းများ ထွက်ပေါ်လာခဲ့ပြီး ယခုတစ်ပတ် လီဂူးပွဲစဉ်ဖြစ်သည့် စနေနေ့က နန့်စ်အသင်းနှင့်ပွဲတွင် အရန်ခုံ၌သာ ထားခဲ့သော်လည်း လူစားဝင်လာပြီးနောက် အသင်းအတွက် ပယ်နယ်တီတစ်ဂိုး သွင်းယူပေးခဲ့သည်။ ဘာပေသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့မှုအတွက် လက်မှတ်ထိုးကြေး ယူရို သန်း ၁၅၀ (ပေါင် ၁၂၈ သန်း)နှင့် တစ်နှစ် ယူရို ၁၅ သန်း(ပေါင် ၁၂.၈ သန်း) ရရှိမည်ဖြစ်သည်။ ဘာပေ၏စာချုပ်တွင် ပုံရိပ်မူပိုင်ခွင့် ရာခိုင်နှုန်းနှင့် အခြားအပိုဆုကြေးများလည်း ပါဝင်သည်။ ရီးယဲလ်အသင်းတွင် ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်မှာ အသင်းမှ…
တရုတ်ရုပ်ရှင်မင်းသမီး လျိုယွီရှင်း၏ LA ရှိ နေအိမ်ဖောက်ထွင်းခံလိုက်ရပြီးနောက် တန်ဖိုးကြီးပစ္စည်းများပါသွားကာ တန်ကြေးအားဖြင့် ဒေါ်လာသန်းချီရှိပြီး အိပ်ပင်မအိပ်ရဲတော့ဟု မင်းသမီးက ဖွင့်ဟခဲ့သည်။ လက်ရှိအသက် ၃၅ နှစ်အရွယ် လျိုယီရှင်းသည် ၂၀၁၁ ခုနှစ်က ပြသသည့် Scarlet Heart ရုပ်သံဇာတ်လမ်းတွဲတွင် ခပ်ဆိုးဆိုး တော်ဝင်မင်းသမီး မင်ယွိဇာတ်ရုပ်ဖြင့် လူသိများခဲ့သူဖြစ်သည်။ နေအိမ်အဖောက်ခံလိုက်ရမှုတွင် တန်ဖိုးကြီးပစ္စည်းအားလုံး ပါသွားသည်ကို လျိုက Xiaohongshu လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ ရဲကို အကြောင်းကြားခဲ့သော်လည်း ထွက်ဆိုချက်ယူရုံယူပြီး ပြန်သွားသည်ဟု လျိုကပြောသည်။ “အနှစ်နှစ်အလလ ကြိုးစားစုဆောင်းခဲ့တဲ့ အရာတွေအားလုံး ပါသွားတယ်။ လက်ဝတ်ရတနာတွေရော ၊ လက်ပတ်နာရီတွေရော ၊ လက်ကိုင်အိတ်တွေရော ၊ ငွေသားနဲ့ ပိုက်ဆံကတ်တွေရော အစုံပဲ။ အားလုံးပေါင်းလိုက်ရင် ဒေါ်လာသန်းချီရှိမယ်”ဟု လျိုက အွန်လိုင်းတွင် ရေးတင်ခဲ့သည်။ ၎င်းပို့စ်တွင် အိမ်ဖောက်ထွင်းခံရပြီးနောက် အခြေအနေကိုု မြင်ရသည့် ဓာတ်ပုံလေးပုံလည်း တင်ပေးထားသည်။လျိုသည် အရှုပ်အပွများကို ရှင်းလင်းရင်း ငိုခဲ့ရသည်။ “မိုးနတ်မင်းက ကျွန်မကိုကျီစယ်နေတာ ၊ အစကနေ တဖန်ပြန်စစေချင်တာလို့တောင် ထင်မိတယ်။ဒီတစ်ကြိမ်ပြီးရင်တော့ အေးချမ်း မှုရလောက်ပါရဲ့”ဟု လျိုက ရင်ဖွင့်ရေးသားထားသည်။ လျိုယွီရှင်းသည် အနုပညာခရီးလမ်းတွင်လည်း အဖုအထစ်များစွာ ကြုံခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် သရုပ်ဆောင်စလုပ်ခဲ့ပြီး တရုတ်ဇာတ်လမ်းတွဲများ ၊ ရုပ်ရှင်ကားများတွင် ဇာတ်ပို့နေရာမှသာ အပါများခဲ့သည်။ ၂၀၂၀ ခုနှစ်ကပြသသည့် Eternal Love of Dream ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသမီး ပိုင်ဖုန့်ကျိုဇာတ်ရုပ်ကို သရုပ်ဆောင်ရန် Three Lives Three Worlds,…
မဲမသမာမှု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဖေဖော်ဝါရီ ၂၀ ရက်က ပါကစ္စတန်နိုင်ငံတစ်ဝန်း X ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုများ သုံးရက်ဆက်တိုက် ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲအပေါ် စိုးမိုးခြယ်လှယ်မှုများရှိခဲ့သည်ဟု အကြီးတန်း အစိုးရအရာရှိတစ်ဦးက လူသိရှင်ကြား ဝန်ခံခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းတွင် အဆိုပါလူမှုကွန်ရက် ပြတ်တောက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ဖေဖော်ဝါရီ ၁၇ ရက်(စနေနေ့)ကစပြီး ပါကစ္စတန်မှာ X အသုံးပြုလို့မရတော့ပါဘူး။ လူထုကဆန္ဒပြမှုတွေ လုပ်ဆောင်ရာမှာ X ကို အသုံးပြုနေလို့ပါပဲ” ဟု ဒစ်ဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူ အူဆာမာ ခီလ်ဂျီက AFP သတင်းဌာနသို့ ပြောကြားသည်။ ဖေဖော်ဝါရီ ၂၀ ရက်အထိ မြို့တော်အစ္စလမ္မာဘတ်နှင့် မြို့ကြီးများဖြစ်သည့် လာဟိုးနှင့် ကရာချိတို့တွင် ၎င်းအက်ပလီကေးရှင်း ဝန်ဆောင်မှုများ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။ ပါကစ္စတန်၏ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကမူ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပေ။ ရွေးကောက်ပွဲ မသမာမှုများ ရှိနေသည်ဆိုသော ဝန်ခံချက်ထွက်ပေါ်လာပြီးနောက် ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ Pakistan Tehreek-e-Insaaf(PTI)ပါတီက နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများပြုလုပ်ရန် တိုက်တွန်းထားပြီး မြို့ပြဧရိယာများတွင် ၎င်းပါတီထောက်ခံသူအချို့လမ်းပေါ်ထွက်ဆန္ဒပြခဲ့သည်။ PTI ပါတီသည် ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုများအပေါ် ကန့်သတ်ပိတ်ပင်သည့် ဖိနှိပ်မှုများကို လနှင့်ချီ အန်တုရင်ဆိုင်ခဲ့ပြီး ပါတီကိုယ်စားလှယ်လောင်းများသည်လည်း တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် PTI ပါတီ ကျောထောက်နောက်ခံပြု ကိုယ်စားလှယ်လောင်းများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အခြားပါတီများထက် အမတ်နေရာ ပိုမိုရရှိခဲ့သည်။
အရေးပါသော မြို့တစ်မြို့ကို လက်လွှတ်ဆုံးရှုံးထားရသော ယူကရိန်းတပ်ဖွဲ့များသည် နှောင့်နှေးနေသော ပြည်ပအကူအညီများကြောင့် ရုရှားနှင့်ထိပ်တိုက်တွေ့သည့် ရှေ့တန်းစစ်မျက်နှာတစ်လျှောက်လုံးတွင် ယခု အခါအလွန်ခက်ခဲ့သော အခြေအနေများကို ရင်ဆိုင်နေရသည်ဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ယူကရိန်းအရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် အရှိန်မြှင့်တင်ထားသော ရုရှားထိုးစစ်ကြောင့် ရုရှားသည်လွန်ခဲ့သော သီတင်းပတ်တွင် အရေးပါသော အက်ဒီဗကာမြို့ကို သိမ်းပိုက်ရရှိခဲ့ရာ ယင်းသည် ၂၀၂၂ ဖေဖော်ဝါရီ ကျူးကျော်မှု၏ ဒုတိယမြောက်နှစ်ပတ်လည်မတိုင်မီ ကြီးကြီးမားမား အားတက်စရာဖြစ်ခဲ့ရသည်။ ခဲယမ်းများနှင့် လက်နက်ကြီးကျည်ဆန်များ အလွန်အမင်းလိုအပ်နေသည်ယူကရိန်း စစ်တပ်က ပြောကြားလျက်ရှိသည်။ ထို့အပြင် အမေရိကန်ဒေါ်လာဘီလျံ ၆၀ ရှိသော အကူအညီများ မရရှိသေးခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ဆိုသည်။ “ရှေ့တန်း နေရာအများအပြားမှာ အခြေအနေဟာ အလွန်ခက်ခဲနေပါတယ်။ ရှေ့တန်းမှာ ရုရှားတပ်တွေဟာ အများဆုံး အရန်တပ်တွေကို စုစည်းထားပါတယ်”ဟု ခါကိဗ်ဒေသရှိ ရှေ့တန်းရောက်တပ်ဖွဲ့များထံ သွား ရောက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ “ရုရှားတပ်တွေဟာ ယူကရိန်းအကူအညီတွေ နှောင့်နှေးနေတာတွေကို အသုံးချနေတာဖြစ်ပါတယ်”ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ လက်နက်ကြီးပြတ်လပ်နေမှုများ၊ ရှေ့တန်း၌ လေကြောင်းရန်ကာကွယ် ရေးနှင့် တာဝေးပစ်လက်နက်များ ပြတ်လပ်နေမှုတို့ကို ၎င်းက အလေးပေးပြောကြားခဲ့သည်။ အရေးတကြီး လိုအပ်နေသော အကူအညီများကိုရီပတ်ဘလီကင်လွှမ်းမိုးထားသော အမေရိကန်ကွန်ဂရက်က အတည်ပြုပေးလိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဇယ်လန်းစကီးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ရပ်နားထားသည့် လွှတ်တော်ကို ပြန်စသည့်အခါ ကွန်ဂရက်က ယူကရိန်းအကူအညီကို အတည်ပြုပေးမည်ဟု ယုံကြည်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒန်းရှမိုင်ဂါက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။…